Logo:Goethe-Institut Claim:Sprache. Kultur. Deutschland.

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ သတင်းလွှာ

Goethe-Institut Myanmar



Deutsch | English | မြန်မာ

ယဉ်ကျေးမှု

Expanded Curatorial Practice & Exhibition Making Training

©Goethe-Institut Myanmar

Open Call

Expanded Curatorial Practice & Exhibition Making Training

Goethe-Institut မြန်မာမှ အနုပညာပြပွဲစီမံခန့်ခွဲမှုဆိုင်ရာအလေ့အကျင့်ကိုချဲ့ထွင်နိုင်ရန် သင်တန်းတစ်ရပ်ကို စီစဉ်ပို့ချသွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏အနုပညာအခင်းအကျင်းတွင် ပြပွဲစီမံခန့်ခွဲမှုဆိုင်ရာပညာရှင်များ တိုးပွားလာစေရန်ရည်ရွယ်၍ ယခုသင်တန်းအစီအစဉ်ကို စတင်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင်းသာမက အမြို့မြို့ အနယ်နယ်မှ​စိတ်ပါ၀င်စားသူ မည်သူမဆို လျှောက်ထားနိုင်ပါသည်။ အဓိကပို့ချမှုများကို documenta Institut မှ Prof. Dr. Mi You မှ ဦးဆောင်သွားမည်ဖြစ်ပြီး ထပ်ထိုးသင်တန်းတိုများ၊ စကား၀ိုင်းဆွေးနွေးခြင်းများလည်းပါရှိပါသည်။  
 
Program of Care - Dance Movement Therapy

©Goethe-Institut Myanmar / TheeOoThazin

ထင်ဟပ်မျှ၀ေ တွဲလက်တွေ (ဒုတိယပိုင်း)

“Dance Movement Therapy Workshop”

ထင်ဟပ်မျှ၀ေ တွဲလက်တွေ အစီအစဉ်ရဲ့ ထပ်မံပြုလုပ်မယ့်အလုပ်ရုံဆွေးနွေးပွဲကို “Dance Movement Therapy Workshop” လို့ အမည်ပေးထားပြီး အိန္ဒိယသံရုံး၏ Swami Vivekananda Cultural Centre နှင့်ပူးပေါင်းကာ စီစဉ်ကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်။
ဒီအလုပ်ရုံဆွေးနွေးပွဲက အကမှတစ်ဆင့် နူးညံ့သိမ်မွေ့သော ကိုယ်လက်လှုပ်ရှားမှုရဲ့အကျိူးကျေးဇူးများဖြင့် ကျန်းမာပျော်ရွှင်မှုများကို တိုးတက်စေရန်ရည်ရွယ်ပါတယ်။ အကတွေရယ်၊ ခန္ဓာကိုယ်လှုပ်ရှားမှုတွေရယ်ကတစ်ဆင့် ဒီအလုပ်ရုံဆွေးနွေးပွဲက စကားလုံးတွေမလိုပဲ ဖန်တီးမှုကောင်းတဲ့ထုတ်ဖော်မှုတွေ၊ ခန္ဓာကိုယ်ရဲ့အနေအထားလှုပ်ရှားမှုတွေကို ပိုမိုသိမြင်လာဖို့ အားပေးသွားမှာဖြစ်ပြီး၊ ထိုမှတစ်ဆင့် စိတ်ပင်ပန်းမှုတွေ၊ ခန္ဓာကိုယ်တောင့်တင်းနေမှုတွေကို အချိတ်အဆက်ညီညီ ခန္ဓာကိုယ်ကနေလျှော့ချနိုင်မှာပဲဖြစ်ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲက အကဖျော်ဖြေပွဲများအတွက် လေ့ကျင့်လုပ်ဆောင်နေတာမျိုးမဟုတ်ပဲ သက်တောင့်သက်သာရှိစေဖို့ရန်နဲ့ စိတ်အပန်းပြေစေဖို့ရန်ရည်ရွယ်ခြင်းဖြစ်တဲ့အတွက် အကကြိုတင်လေ့ကျင့်သင်တန်းများ တက်ရောက်ထားဖို့ မလိုပါ။ ဒီအလုပ်ရုံဆွေးနွေးပွဲကို အိန္ဒိယသံရုံးမှ အကဆရာမဖြစ်တဲ့ Miss. Lalan Desai မှ ဦးဆောင်ပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။

အသက် ၁၆ နှစ်မှ ၄၀ ကြား မည်သူမဆို ဒီအလုပ်ရုံဆွေးနွေးပွဲကို ပါ၀င်တက်ရောက်နိုင်ပါတယ်။ အုပ်စု (A) နဲ့ အုပ်စု (B) ဆိုပြီး နှစ်စု ခွဲထားပြီး၊ ၊ ၀င်ကြေးအခမဲ့ ဖြစ်ပါတယ်။ Group B session သည် မကြာမီအချိန်တွင် ကျင်းပမှာဖြစ်လို့ စာရင်းပေးသွင်းခြင်းတယ်ဆိုရင်တော့ အောက်ပါ Link မှ တဆင့် ဖောင်ဖြည့်ပြီး စာရင်းသွင်းနိုင်ပါတယ်။ လူဦးရေကန့်သတ်ချက်ရှိတာကြောင့် တက်ရောက်လိုသူများအနေနဲ့ အမြန်စာရင်းပေးထားဖို့ကိုလည်း တိုက်တွန်းပါရစေ။
https://forms.gle/7zrdrSeiKepgTsMHA 
နေ့ရက် - ဇူလိုင် ၁၁ နှင့် ၁၈၊ ၂၀၂၃ (အင်္ဂါနေ့)
 

ဘာသာစကား

Learn German at Goethe-Institut Myanmar

©Goethe-Institut Myanmar

ဇူလိုင်လ

ဂျာမန်ဘာသာစကားသင်တန်းများ

Goethe-Institut မြန်မာတွင် ဂျာမန်စကားကိုစနစ်တကျစတင်သင်ယူပါ။ ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများကို ဥရောပဘာသာစကားဆိုင်ရာစံချိန်စံနှုန်းမူဘောင် (GER) နှင့်အညီ အဆင့်ခြောက်ဆင့်အပေါ်တွင်အခြေခံထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏သင်တန်းများသည်  နိုင်ငံတကာစံချိန်စံနှုန်းနှင့်တိုင်းတာနှိုင်းယှဥ်နိုင်ပါသည်။ Goethe-Institut မြန်မာက ဇူလိုင်လအတွက် ဂျာမန်ဘာသာစကားသင်တန်းများဖွင့်လှစ်လျှက်ရှိပါသည်။ စာရင်းပေးသွင်းရမည့်ကာလမှာ ၂၈၊၆၊၂၀၂၃ မှ ၁၀၊၇၊၂၀၂၃ အထိဖြစ်ပြီး စုံစမ်းမေးမြန်းလိုသည်များရှိပါက info.language.mmr@goethe.de မှတဆင့် အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။
 
Goethe-Zertifikat Exam in July

©Goethe-Institut Myanmar

ဇူလိုင်လ

Goethe-Zertifikat စာမေးပွဲများ

သင့်ရဲ့ဂျာမန်ဘာသာစကားအရည်အသွေးကိုသက်သေပြရန် ကမ္ဘာတဝှမ်းကအသိအမှတ်ပြုသောအောင်လက်မှတ်တစ်ခုလိုအပ်နေပါသလား။ Goethe-Institut ၏ဘာသာစကားအောင်လက်မှတ်သည် ဂျာမန်ဘာသာစကားစွမ်းရည်ကိုမှတ်ကျောက်တင်ရန် ကမ္ဘာတဝှမ်းကအသိမှတ်ပြုသည့်အောင်လက်မှတ်ဖြစ်ပါသည်။ Goethe-Institut မြန်မာက ဇူလိုင်လအတွက် Goethe-Zertifikat စာမေးပွဲများကိုကျင်းပမည်ဖြစ်ပါသည်။ စာရင်းသွင်းကာလမှာ ၃၊၇၊၂၀၂၃ မှ ၁၇၊၇၊၂၀၂၃ ဖြစ်သည့်အတွက် ယခုပဲအချိန်စာရင်းကိုကြည့်ပြီး info.language.mmr@goethe.de ကိုအီးမေးလ်ပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။

စာကြည့်တိုက်

Junk Modelling Activity - Children & Youth Program

©Goethe-Institut Myanmar

ကလေးများနဲ့ လူငယ်များအတွက် အစီအစဉ်

“JUNK MODELLING” ACTIVITY

စာကြည့်တိုက်ရှိ ကလေးနှင့်လူငယ်အစီအစဉ်မှ ကြိုဆိုပါတယ်!
သင့်ရဲ့ကလေးများအတွက် စိတ်လှုပ်ရှားဖွယ်ရာ activity တစ်ခုကို သင်ရှာဖွေနေပါသလား? ဒီလိုဆိုရင်တော့ ထပ်ရှာနေဖို့ မလိုတော့ပါဘူး။ မကြာခင်မှာ ပြုလုပ်သွားမယ့် “Junk Modelling” activity မှာတော့ အသက် ၆ နှစ်မှ ၁၃ နှစ်ကြားအရွယ်ရှိ ကလေးများ ပါ၀င်နိုင်မှာဖြစ်ပြီး၊ သူတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ စိတ်ကူးစိတ်သန်းများကို လက်တွေ့အကောင်အထည်ဖော်နိုင်ကြမှာ ဖြစ်ပါတယ်။  
ဒီ activity လေးမှာ ကလေးများက နေ့စဉ်အိမ်သုံးအမှိုက်များ ဖြစ်တဲ့ တစ်ရှူးဘူးခွံ၊ တစ်ရှူးလိပ်အခွံ၊ ကတ်ထူပြား အစရှိသည်တို့ကို အံ့သြဖွယ်ပြန်လည်အသုံးပြုနိုင်သောအရာများအဖြစ်သို့ ပြောင်းလဲနည်းကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်ုပ်တို့မှ ကလေးများကို recycle ပြန်လည်လုပ်လို့ရတဲ့ အိမ်သုံးပစ္စည်းတွေကနေတစ်ဆင့် art & craft လေးတွေကို ပြုလုပ်ပုံ ပြုလုပ်နည်းတွေနဲ့ စိတ်ကူးစိတ်သန်းတွေ ရရှိလာအောင် ပြောပြလမ်းညွှန်သွားမှာပဲ ဖြစ်ပါတယ်။
ဝင်ကြေးအခမဲ့ဖြစ်ပြီး၊ လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ အမည်၊ အသက်၊ ဖုန်းနံပါတ်နဲ့ အီးမေးလ်ကို စာကြည့်တိုက်ဖွင့်ချိန်အတွင်း ၀၁ ၉၃၇၆၁၆၀ (လိုင်းခွဲနံပါတ် ၃၀၁/၃၀၂) မှ တစ်ဆင့်ဖြစ်စေ၊ biblio-yangon@goethe.de မှတစ်ဆင့် ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါပြီ။ 
ဆန်းသစ်တီထွင်မှု၊ စူးစမ်းရှာဖွေမှု၊ ပျော်ရွှင်စရာများစွာဖြင့် ပြည့်နှက်နေတဲ့ ဒီနေ့လေးကို ပါ၀င်ဖို့ အဆင်သင့် ဖြစ်နေပြီလား။
Leseclub July

©Goethe-Institut Myanmar

ဇူလိုင်လ

“READING CLUB” Program

သင့်ရဲ့ဘာသာစကားစွမ်းရည်ကိုမြှင့်တင်ဖို့ ပေါ့ပေါ့ပါးပါးနဲ့လေ့လာလို့ရမယ့်နည်းလမ်းကို သင်ရှာဖွေနေပါသလား? ဒါဆိုရင်တော့ ကျွန်ုပ်တို့ရဲ့စာဖတ်အသင်းအဖွဲ့လေးက သင့်အတွက်ရှိနေပါတယ်။ ဝေါဟာရအသစ်တွေကိုလေ့လာနိုင်မယ့် ဒီအစီအစဉ်လေးမှာပါ၀င်ပြီး သူငယ်ချင်းများနဲ့အတူပျော်ရွှင်စွာ များပြားလှတဲ့ Easy Readers စာအုပ်မျိုးစုံကိုလေ့လာဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။
အားလုံးစိတ်၀င်တစားပါ၀င်ကြတဲ့ စာဖတ်အသင်းအဖွဲ့လေးကို ဒီတစ်ခေါက်မှာလည်း နှစ်ကြိမ်တွေ့ဆုံရမယ့်အစီအစဉ်ကို ပြုလုပ်ပေးသွားမှာပဲဖြစ်ပြီး၊ Goethe-Institut Myanmar မှအတွေ့အကြုံရှိဆရာ/ ဆရာမတစ်ဦးမှ ဦးဆောင်မှာဖြစ်ပါတယ်။ ပထမနေ့မှာ စာကိုအလှည့်လိုက်ဖတ်ဆိုကြပြီး၊ မိမိအထင်အမြင်တွေကို မြန်မာလိုရော ဂျာမန်ဘာသာနဲ့ပါ ဖလှယ်ကြမှာဖြစ်ပါတယ်။ ဒုတိယနေ့မှာတော့ပြန်လည်တွေ့ဆုံကြပြီး၊ အရင်ရှေ့နှစ်ပတ်က ဖတ်ခဲ့တဲ့စာအုပ်လေးရဲ့ စိတ်၀င်စားဖို့ကောင်းတဲ့ အပိုင်းဆက်လေးတွေကိုဆက်လက်ဖတ်ရှုကာ ဆွေးနွေးကြမှာပဲဖြစ်ပါတယ်။
လူဦးရေကန့်သတ်ထားတာကြောင့် စာကြည့်တိုက်ဖွင့်ချိန်အတွင်း ၀၁ ၉၃၇၆၁၆၀ (လိုင်းခွဲနံပါတ် ၃၀၁/ ၃၀၂) မှတစ်ဆင့် ဖြစ်စေ၊ biblio-yangon@goethe.de မှတစ်ဆင့်ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါပြီ။ 
 
Lernberatung July

©Goethe-Institut Myanmar

“LEARNING ADVISORY” Program

သင့်ရဲ့ဂျာမန်စာလေ့လာမှုနဲ့ပတ်သက်ပြီး သင်ယူမှုဆိုင်ရာအထောက်အကူဖြစ်စေမယ့် အရင်းအမြစ်တွေ? သင့်အတွက် သင့်တော်မယ့် ဘယ်လိုစာအုပ်ကောင်းတွေဖတ်ရှုသင့်လဲ? ဘယ်လိုလေ့လာသင့်လဲ? အားနည်းတဲ့အပိုင်းအတွက် ဘယ်လိုလေ့ကျင့်သင့်လဲ - ဥပမာအားဖြင့် သဒ္ဒါလေ့လာရမှာခက်ခဲရှုပ်ထွေး၊ မမှတ်မိဖြစ်နေပါသလား? အစရှိတဲ့ သိလိုသမျှမေးခွန်းတွေကို မေးမြန်းလို့ရမယ့်အစီအစဉ်ကောင်းလေးတစ်ခု။
„Lernberatung“ လို့အမည်ရတဲ့ Learning Advisory အစီအစဉ်လေးမှာ ဆရာ၊ ဆရာမတစ်ဦးကနေ အခက်အခဲတွေကို ကူညီဖြေရှင်းပေး၊ လွယ်ကူရှင်းလင်းတဲ့နည်းလမ်းကောင်းတွေကို အကြံဉာဏ်ပေးသွားမှာပဲဖြစ်ပါတယ်။ 
သင့်ရဲ့ ဂျာမန်စာလေ့လာသင်ယူမှုနဲ့ပတ်သက်ပြီး အခမဲ့ မေးမြန်းလို့ရမယ့် ကျွန်ုပ်တို့ရဲ့ Learning Advisory အစီအစဉ်ကို အခုပဲ စာရင်းပေးသွင်းပြီး၊ ပါ၀င်လိုက်ပါ။
Board Game Friday July

©Goethe-Institut Myanmar

“BOARD GAME FRIDAY!”

စာကြည့်တိုက်မှာ လစဉ်ကျင်းပနေတဲ့ သူငယ်ချင်းများနဲ့အတူဂိမ်းကစားရင်း ဂျာမန်စာလေ့လာလို့ရတဲ့ ကျွန်ုပ်တို့ရဲ့  „Board Game Friday” လေးမှာပါ၀င်လိုက်ပါ! ဒီတစ်ခေါက်မှာတော့ မိမိကျရာကတ်ပေါ်မူတည်ပြီး မေးခွန်းလေးတွေပျော်ပျော်ပါးပါး အလှည့်ကျမေးကြရင်း အဖြေများရှာဖွေဖြေဆိုကာ ဂျာမန်၀ေါ်ဟာရစကားလုံးလေးတွေကို သင်ယူနိုင်ရုံသာမကပဲ Wer, Was, Welche, Wie, Wo, Wann အစရှိတဲ့ မေးခွန်းစကားလုံးတွေကိုသုံးပြီး မေးခွန်းတည်ဆောက်ကာ စနစ်တကျနဲ့ မှန်မှန်ကန်ကန် မေးနိုင်မှာပဲ ဖြစ်ပါတယ်။
ကဲ ကစားဖို့ အဆင်သင့်ဖြစ်နေပြီလား?
အခုပဲ “Fragen und Antworten” လို့ အမည်ရတဲ့ Board Game လေးမှာပါ၀င်လိုက်ရအောင်။ စာရင်းပေးသွင်းရန် >>> စာကြည့်တိုက်ဖွင့်ချိန်အတွင်း ၀၁ ၉၃၇၆၁၆၀ (လိုင်းခွဲနံပါတ် ၃၀၁/ ၃၀၂) (သို့) biblio-yangon@goethe.de
New arrivals - comic books July

©Goethe-Institut Myanmar

အသစ်ရောက်ရှိလာသည့် ရုပ်ပြကာတွန်းစာအုပ်များ

ဂျာမန်ဘာသာစကားနဲ့ရေးသားထားတဲ့ စိတ်ဝင်စားဖွယ်ရုပ်ပြကာတွန်းစာအုပ်အသစ်တွေကိုဖတ်ရှုဖို့ အဆင်သင့်ဖြစ်နေပြီလား ?  
အသက်အရွယ်မရွေး စာဖတ်သူများအားလုံးကြိုက်နှစ်သက်စေမယ့် စာအုပ်အသစ်တွေများစွာ စာကြည့်တိုက်မှာလာရောက်ငှားရမ်းလို့ရနေပြီဖြစ်ကြောင်း သတင်းကောင်းလေးပေးပါရစေ။  
ဘယ်လိုစာအုပ်သစ်တွေက သင့်ကိုစောင့်မျှော်နေမလဲဆိုတာကို အခုပဲလာကြည့်လိုက်တော့နော်။  
Happy reading! 
 

ဆက်သွယ်ရန်

Goethe-Institut မြန်မာ
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း +95 9 954296160
info-yangon@goethe.de