Logo:Goethe-Institut Claim:Sprache. Kultur. Deutschland.

၂၀၂၂ ခုနှစ်၊ သြဂုတ်လ သတင်းလွှာ

Goethe-Institut Myanmar



Deutsch | English | မြန်မာ

ယဉ်ကျေးမှု

Stress Management Sessions - An Introduction to YES!+ Workshop

©Goethe-Institut Myanmar/TheOoThazin

ထင်ဟပ်မျှ၀ေ တွဲလက်တွေ (ဒုတိယပိုင်း)

Stress Management Sessions – An Introduction to YES!+ Workshop

"Stress Management Sessions - An Introduction to YES!+ Workshop" ကို အိန္ဒိယသံရုံးရဲ့ "Swami Vivekananda Cultural Center" နဲ့ အတူပူးပေါင်းစီစဉ်ပြီး ကျင်းပပြုလုပ်သွားတော့မှာဖြစ်ကြောင်း သတင်းပါးလိုပါတယ်။ ဒီအစီအစဉ်ဟာ Goethe-Institut မြန်မာကနေဦးဆောင်ပြုလုပ်ခဲ့တဲ့ ထင်ဟပ်မျှ၀ေ၊ တွဲလက်တွေအစီအစဉ်ရဲ့ စတုတ္ထမြောက်အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ဖြစ်ပါတယ်။

ဘ၀ကိုအကောင်းဆုံးနေထိုင်ဖြတ်သန်းဖို့အတွက်ဆိုရင် ကျွန်ုပ်တို့ရဲ့စွမ်းအင်တွေကိုမြှင့်တင်ဖို့၊ ရှိထားပြီးသားစွမ်းအင်တွေကို ထိန်းထားဖို့နဲ့ ကျွန်ုပ်တို့ဘ၀ရဲ့အချိန်တွေကို ကောင်းစွာစီမံခန့်ခွဲဖို့လိုအပ်ပါတယ်။ ဘ၀ကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် နေထိုင်ရှင်သန်ရင်း ဘယ်လိုအကျိုးရှိရှိနဲ့ စွမ်းအင်ပြည့်ဖြတ်သန်းရမယ်ဆိုတာကို ဒီအလုပ်ရုံဆွေးနွေးပွဲကနေ ပြသပေးသွားမှာဖြစ်ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲကာလအတွင်း စွမ်းအင်မြှင့်တင်ပေးမယ့် အသက်ရှူနည်းစနစ်တွေ၊ ယောဂလုပ်ငန်းစဉ်တွေ၊ တရားထိုင်ခြင်းနဲ့ ၊ နေ့စဉ်ကြုံတွေ့နေရတဲ့စိတ်ဖိအားတွေကိုကိုင်တွယ်ဖြေရှင်းဖို့ လွယ်ကူတဲ့နည်းလမ်းအချို့ကို လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ ဘာတွေလေ့လာသင်ယူနိုင်မလဲ -
- “Yogic Coffee” အသက်ရှူနည်းလမ်းနဲ့ စိတ်ဖိစီးမှုတွေကိုလျှော့ချနိုင်စေဖို့
- အကြောက်တရားနဲ့ စိုးရိမ်စိတ်တွေကို ‘စိတ်ရဲ့လားရာသုံးရပ်အဖြစ်’ ထဲထဲ၀င်၀င်ကိုင်တွယ်နိုင်စေဖို့
- လက်တွေ့ပြသပေးမှုနဲ့အတူ ၁၅ မိနစ်စာတရားထိုင်ရင်း ပစ္စုပ္ပန်ကိုသုံးသပ်နိုင်စေဖို့
- “Art of living” ရဲ့ကမ္ဘာ့အသိအမှတ်ပြုအသက်ရှူနည်းစနစ် “Sudarshan Kriya™” ကိုစတင်မိတ်ဆက်လေ့လာနိုင်စေဖို့
- အချိန်တိုအတွင်းမှာလက်တွေ့ကျကျနည်းလမ်းပြမှုတွေနဲ့ စိတ်ဖိစီးမှုတွေကိုအ၀ေးကိုဖယ်ထုတ်နိုင်စေဖို့

ယခုအလုပ်ရုံဆွေးနွေးပွဲကို အိန္ဒိယသံရုံး (ရန်ကုန်)က နည်းပြဆရာဖြစ်သူ Mr. Ritam Khan ကဦးဆောင်သွားမှာဖြစ်ပါတယ်။ အခမဲ့ပို့ချပေးမယ့်အလုပ်ရုံဆွေးနွေးပွဲဖြစ်ပြီး အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်းတက်ရောက်နိုင်ပါတယ်။ အောက်ဖော်ပြပါ link မှတစ်ဆင့် စာရင်းသွင်းလျှောက်ထားနိုင်ပြီး၊ လူဦးရေအကန့်အသတ်ဖြင့်သာ လက်ခံသွားမည်ဖြစ်ကြောင်း သတိပြုစေလိုပါတယ်။
Mindfulness and Expressive Art for Children & Youth (Part 2)

©Goethe-Institut Myanmar/TheeOoThazin

ထင်ဟပ်မျှ၀ေ တွဲလက်တွေ (ဒုတိယပိုင်း)

Mindfulness and Expressive Art for Children & Youth (Part 2)

ကလေးများနဲ့လူငယ်များကို ဒီအစီအစဉ်လေးကနေကြိုဆိုပါတယ်။ ထင်ဟပ်မျှ၀ေ၊ တွဲလက်၀ေအစီအစဉ်ရဲ့ ပဉ္စမမြောက်အပိုင်းလေးဖြစ်တဲ့ "Mindfulness and Expressive Art for Children & Youth (Part 2)" ကို မကြာခင်ကျင်းပပြုလုပ်မှာပဲဖြစ်ပါတယ်။

ဒီအစီအစဉ်လေးကတော့ စိတ်တည်ငြိမ်စေမယ့်နည်းလမ်းလေးတွေကို မတူညီတဲ့လေ့ကျင့်ခန်းလေးတွေနဲ့ လုပ်ဆောင်ကြမယ်၊ ကလေးများနဲ့ဆယ်ကျော်သက်လေးတွေရဲ့ စိတ်ထဲက၊ နေ့စဉ်ဘဝထဲကတင်းကြပ်မှုတွေ၊ စိတ်ပူပန်မှုတွေကို ဖြေလျော့နိုင်စေဖို့ အထောက်အကူပြုမယ့်ထုတ်ဖော်ပြသမှုတွေကို ဖန်တီးနိုင်ဖို့ရည်ရွယ်ပါတယ်။ ဒါ့အပြင် မိမိရဲ့အတွေးတွေ၊ စိတ်ခံစားချက်တွေနဲ့အပြုအမူတွေကို ပိုမိုခံစားနားလည်တတ်လာမှာပဲဖြစ်ပါတယ်။ အနုပညာကြားခံနယ်မှတစ်ဆင့် အရာ၀တ္ထုများကိုပုံဖော်ခြင်းဖြင့် သူတို့ရဲ့အတွင်းစိတ်မှာဖြစ်ပေါ်နေတဲ့အရာတွေကို ထင်ဟပ်သိမြင်လာခြင်း၊ စိတ်တည်ငြိမ်လာခြင်းတို့အပြင် မိမိကိုယ်ကိုဘယ်လိုဂရုစိုက်ရမလဲဆိုတာနဲ့ ပြသနာတစ်စုံတစ်ရာရှိလာရင်ဘယ်လိုဖြေရှင်းရမလဲဆိုတာ ပိုမိုသိမြင်လာမှာပဲဖြစ်ပါတယ်။

ကလေးများအတွက် အသက်အရွယ်အလိုက် အုပ်စု (၂) စု ခွဲထားပြီး၊ တက်ရောက်လိုသည့် ရက် (၁) ရက်ကိုသာ ရွေးချယ်စာရင်းပေးသွင်းရမှာပဲဖြစ်ပါတယ်။ ဝင်ကြေးအခမဲ့ဖြစ်ပြီး၊ လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ -   
အမည်၊ အသက်၊ ဖုန်းနံပါတ်၊ အီးမေးလ်၊ ဝါသနာနှင့် ယခုအစီအစဉ်မျိုးတွင် ပါဝင်တက်ရောက်ဖူးခြင်းရှိ/မရှိကို စာကြည့်တိုက်ဖွင့်ချိန်အတွင်း ၀၁ ၉၃၇၆၁၆၀ (လိုင်းခွဲနံပါတ် ၃၀၁/၃၀၂) မှတစ်ဆင့်ဖြစ်စေ၊ biblio-yangon@goethe.de မှတစ်ဆင့်ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါပြီ။    

သင်ယူမှုအသစ်တွေ၊ ဆန်းသစ်တီထွင်မှုတွေ၊ ပျော်ရွှင်စရာကောင်းတဲ့လေ့ကျင့်ခန်းတွေပါ၀င်တဲ့ဒီအစီအစဉ်လေးကို တက်ရောက်ဖို့ပြင်ဆင်လိုက်တော့နော်။
နေ့ရက်။  ။၂၆.၀၈.၂၀၂၃ (စနေနေ့)  
               ၀၂.၀၉.၂၀၂၃ (စနေနေ့)  
အချိန်။  ။၁၀ နာရီ မှ ၁၂ နာရီအထိ -  အသက် (၆) နှစ်မှ (၁၀) နှစ် အထိ  
             ၂ နာရီ မှ ၄ နာရီအထိ - အသက် (၁၁) နှစ် မှ (၁၄) နှစ် အထိ 
 
Expanded Curatorial Practice & Exhibition Making Training

©Goethe-Institut Myanmar

Expanded Curatorial Practice & Exhibition Making Training

Expanded Curatorial Practice & Exhibition Making training program အတွက်သင်တန်းသားခေါ်ယူခြင်းကို ဇူလိုင်လ (၂၄) ရက်နေ့မှာစာရင်းပိတ်ခဲ့ပြီး စိတ်ပါ၀င်စားသူများစွာလျှောက်ထားခဲ့ကြပါတယ်။ များပြားလှတဲ့လျှောက်လွှာများထဲမှ (၁၆) ဦးကိုရွေးချယ်ပြီး သင်တန်းတက်ရောက်ခွင့်နဲ့အဖွဲ့လိုက်ပြပွဲစီမံကိန်းများဖော်ဆောင်ရန်အတွက် ဆုငွေပေးအပ်ခြင်းတို့ကို ပြုလုပ်သွားမှာဖြစ်ပါတယ်။

အလုပ်ခေါ်စာ

IT & Auditorium Assistant

©Goethe-Institut Myanmar

IT & Auditorium Assistant

Goethe-Institut မြန်မာက IT & Auditorium Assistant ရာထူးလစ်လပ်နေရာအတွက် စက်တင်ဘာလ ၁၅ ရက်၊ ၂၀၂၃ မှစတင်တာဝန်ထမ်းဆောင်ရန် (တစ်ပတ်လျှင် နာရီ ၄၀) အချိန်ပြည့်ဝန်ထမ်းရှာဖွေနေပါသည်။ ကနဦးတွင် တစ်နှစ်သက်တမ်းအတွက်ဖြစ်ပြီး စာချုပ်သက်တမ်းတိုးနိုင်ပါသည်။

ဘာသာစကား

Learn German at Goethe-Institut Myanmar

©Goethe-Institut Myanmar

သြဂုတ်လ

ဂျာမန်ဘာသာစကားသင်တန်းများ

Goethe-Institut မြန်မာတွင် ဂျာမန်စကားကိုစနစ်တကျစတင်သင်ယူပါ။ ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများကို ဥရောပဘာသာစကားဆိုင်ရာစံချိန်စံနှုန်းမူဘောင် (GER) နှင့်အညီ အဆင့်ခြောက်ဆင့်အပေါ်တွင်အခြေခံထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏သင်တန်းများသည်  နိုင်ငံတကာစံချိန်စံနှုန်းနှင့်တိုင်းတာနှိုင်းယှဥ်နိုင်ပါသည်။ Goethe-Institut မြန်မာက သြဂုတ်လအတွက် ဂျာမန်ဘာသာစကားသင်တန်းများဖွင့်လှစ်လျှက်ရှိပါသည်။ စာရင်းပေးသွင်းရမည့်ကာလမှာ ၃၁၊၇၊၂၀၂၃ မှ ၁၂၊၈၊၂၀၂၃ အထိဖြစ်ပြီး စုံစမ်းမေးမြန်းလိုသည်များရှိပါက info.language.mmr@goethe.de မှတဆင့် အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။
 
Goethe-Zertifikat Exams

©Goethe-Institut Myanmar

သြဂုတ်လ

Goethe-Zertifikat စာမေးပွဲများ

သင့်ရဲ့ဂျာမန်ဘာသာစကားအရည်အသွေးကိုသက်သေပြရန် ကမ္ဘာတဝှမ်းကအသိအမှတ်ပြုသောအောင်လက်မှတ်တစ်ခုလိုအပ်နေပါသလား။ Goethe-Institut ၏ဘာသာစကားအောင်လက်မှတ်သည် ဂျာမန်ဘာသာစကားစွမ်းရည်ကိုမှတ်ကျောက်တင်ရန် ကမ္ဘာတဝှမ်းကအသိမှတ်ပြုသည့်အောင်လက်မှတ်ဖြစ်ပါသည်။ Goethe-Institut မြန်မာက သြဂုတ်လအတွက် Goethe-Zertifikat စာမေးပွဲများကိုကျင်းပမည်ဖြစ်ပါသည်။ စာရင်းသွင်းကာလမှာ ၂၊၈၊၂၀၂၃ မှ ၁၅၊၈၊၂၀၂၃ ဖြစ်သည့်အတွက် ယခုပဲအချိန်စာရင်းကိုကြည့်ပြီး info.language.mmr@goethe.de ကိုအီးမေးလ်ပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။

စာကြည့်တိုက်

Leseclub August

©Goethe-Institut Myanmar

“READING CLUB” Program

သင့်ရဲ့ ဘာသာစကားစွမ်းရည်ကို မြှင့်တင်ဖို့ ပေါ့ပေါ့ပါးပါးနဲ့ လေ့လာလို့ ရမယ့်နည်းလမ်းကို သင်ရှာဖွေနေပါသလား? ဒါဆိုရင်တော့ ကျွန်ုပ်တို့ရဲ့ စာဖတ်အသင်းအဖွဲ့လေးက သင့်အတွက် ရှိနေပါတယ်။ ဝေါဟာရအသစ်တွေကို လေ့လာနိုင်မယ့် ဒီအစီအစဉ်လေးမှာ ပါ၀င်ပြီး သူငယ်ချင်းများနဲ့အတူ ပျော်ရွှင်စွာ များပြားလှတဲ့ Easy Readers စာအုပ်မျိုးစုံကို လေ့လာဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။

အားလုံးစိတ်၀င်တစားပါ၀င်ကြတဲ့ စာဖတ်အသင်းအဖွဲ့လေးကို ဒီတစ်ခေါက်မှာလည်း နှစ်ကြိမ်တွေ့ဆုံရမယ့် အစီအစဉ်ကို ပြုလုပ်ပေးသွားမှာပဲ ဖြစ်ပြီး၊ Goethe-Institut Myanmar မှ အတွေ့အကြုံရှိဆရာ/ ဆရာမတစ်ဦးမှ ဦးဆောင်မှာ ဖြစ်ပါတယ်။ ပထမနေ့မှာ စာကိုအလှည့်လိုက် ဖတ်ဆိုကြပြီး၊ မိမိအထင်အမြင်တွေကို မြန်မာလိုရော ဂျာမန်ဘာသာနဲ့ပါ ဖလှယ်ကြမှာ ဖြစ်ပါတယ်။ ဒုတိယနေ့မှာတော့ ပြန်လည်တွေ့ဆုံကြပြီး၊ အရင်ရှေ့နှစ်ပတ်က ဖတ်ခဲ့တဲ့ စာအုပ်လေးရဲ့ စိတ်၀င်စားဖို့ကောင်းတဲ့ အပိုင်းဆက်လေးတွေကို ဆက်လက်ဖတ်ရှုကာ ဆွေးနွေးကြမှာပဲ ဖြစ်ပါတယ်။

လူဦးရေကန့်သတ်ထားတာကြောင့် စာကြည့်တိုက်ဖွင့်ချိန်အတွင်း ၀၁ ၉၃၇၆၁၆၀ (လိုင်းခွဲနံပါတ် ၃၀၁/ ၃၀၂) မှတစ်ဆင့် ဖြစ်စေ၊ biblio-yangon@goethe.de မှတစ်ဆင့်ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါပြီ။ 
 
Lernberatung August

©Goethe-Institut Myanmar

“LEARNING ADVISORY” Program

သင့်ရဲ့ ဂျာမန်စာလေ့လာမှုနဲ့ ပတ်သက်ပြီး သင်ယူမှုဆိုင်ရာ အထောက်အကူဖြစ်စေမယ့် အရင်းအမြစ်တွေ? သင့်အတွက် သင့်တော်မယ့် ဘယ်လိုစာအုပ်ကောင်းတွေ ဖတ်ရှုသင့်လဲ? ဘယ်လိုလေ့လာသင့်လဲ? အားနည်းတဲ့ အပိုင်းအတွက် ဘယ်လိုလေ့ကျင့်သင့်လဲ - ဥပမာအားဖြင့် သဒ္ဒါလေ့လာရမှာ ခက်ခဲရှုပ်ထွေး၊ မမှတ်မိဖြစ်နေပါသလား? အစရှိတဲ့ သိလိုသမျှမေးခွန်းတွေကို မေးမြန်းလို့ရမယ့် အစီအစဉ်ကောင်းလေးတစ်ခု။
 
„Lernberatung“ လို့အမည်ရတဲ့ Learning Advisory အစီအစဉ်လေးမှာ ဆရာ၊ ဆရာမတစ်ဦးကနေ အခက်အခဲတွေကို ကူညီဖြေရှင်းပေး၊ လွယ်ကူရှင်းလင်းတဲ့ နည်းလမ်းကောင်းတွေကို အကြံဉာဏ်ပေးသွားမှာပဲ ဖြစ်ပါတယ်။ 
 
သင့်ရဲ့ ဂျာမန်စာလေ့လာသင်ယူမှုနဲ့ ပတ်သက်ပြီး အခမဲ့ မေးမြန်းလို့ရမယ့် ကျွန်ုပ်တို့ရဲ့ Learning Advisory အစီအစဉ်ကို အခုပဲ စာရင်းပေးသွင်းပြီး၊ ပါ၀င်လိုက်ပါ။
Board Game Friday August

©Goethe-Institut Myanmar

BOARD GAME FRIDAY!

လစဉ်ကျင်းပနေကျဖြစ်တဲ့ “Board Game Friday“ လေးမှာ ဒီလမှာတော့ ထူးထူးခြားခြားအနေနဲ့ စာကြည့်တိုက်မှာရှိတဲ့ Board Game တွေကို ကစားရမှာမဟုတ်ပဲ မိမိကြိုက်နှစ်သက်ရာ Board Game တွေကို ယူလာပြီး သူငယ်ချင်းတွေနဲ့အတူတူ ပျော်ပျော်ပါးပါး ကစားလို့ရမှာပဲ ဖြစ်ပါတယ်။

လူဦးရေကိုတော့ (၁၀) ဦးအထိ သတ်မှတ်ထားပြီး၊ လာရောက်ကစားချင်တယ်ဆိုရင်တော့ biblio-yangon@goethe.de သို့ အီးမေးလ်ပေးပို့ခြင်း (သို့) စာကြည့်တိုက်ဖွင့်ချိန်အတွင်း ၀၁ ၉၃၇၆၁၆၀ (လိုင်းခွဲနံပါတ် ၃၀၁/ ၃၀၂) သို့ ဖုန်းခေါ်ဆိုပြီး စာရင်းပေးသွင်းနိုင်ပါတယ်။

ကိုယ့်မှာ ထူးထူးခြားခြားဂိမ်းလေးတွေ၊ ကစားလို့ကောင်းလို့ သူငယ်ချင်းတွေကို မျှ၀ေချင်တဲ့ ဂိမ်းလေးတွေရှိရင်လည်း ယူလာခဲ့နော်။ 
Kiste Book Series

©Goethe-Institut Myanmar

Kiste Book Series available at the Library

စာရေးဆရာ Patrick Wirbeleit ရဲ့ Kiste Book Series ကြိုက်နှစ်သက်သူများ၊ အတွဲသစ်များကို စောင့်မျှော်နေသူများအတွက် သတင်းကောင်းလေး...  

စာကြည့်တိုက်မှာ နောက်ထပ်စိတ်၀င်စားဖွယ် ဇာတ်လမ်းလေးတွေကို ဖတ်ရှုရမယ့် Kiste Book Series အသစ်များဖြစ်တဲ့ Mattis နဲ့ Kiste တို့ရဲ့  Abendteure im Ferienlager နွေရာသီစခန်းတွင်းစွန့်စားခန်းနဲ့ Mathemagie သင်္ချာဘာသာရပ်တို့ကို စတင်ငှားရမ်းလို့ရပြီဖြစ်တာမို့ အခုပဲလာရောက်ငှားရမ်းလိုက်တော့နော်။  

Kiste Book Series မဖတ်ဖူးသေးသူများအတွက်လည်း ပျော်ရွှင်စရာကောင်းတဲ့ Mattis နဲ့ Kiste တို့ရဲ့ ဇာတ်လမ်းလေးတွေကို ဖတ်ကြည့်ဖို့ အကြံပြုပါတယ်။ Mattis နဲ့ Kiste တို့ရဲ့ နောက်ထပ်ပျော်ရွှင်ဖွယ် ဇာတ်လမ်းအသစ်လေးတွေကို ရင်ခုန်ဖွယ် ဖတ်ရှုလိုက်ရအောင်နော်။   

ဆက်သွယ်ရန်

Goethe-Institut မြန်မာ
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း +95 1 9376160
info-yangon@goethe.de