Logo:Goethe-Institut Claim:Sprache. Kultur. Deutschland.

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ သတင်းလွှာ

Goethe-Institut Myanmar



Deutsch | English | မြန်မာ

ယဉ်ကျေးမှု

Academy of Care banner

©Goethe-Institut Myanmar

Academy of Care

Academy of Care သည် ၂၀၂၂ ခုနှစ်က စတင်ခဲ့သော ထင်ဟပ်မျှဝေတွဲလက်တွေအစီအစဉ် (Program of Care) မှဖြစ်ပေါ်လာပါသည်။ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ နောက်ပိုင်း၌ Academy of Care ကို မိတ်ဆက်ပေးရ၍ ဝမ်းသာပီတိဖြစ်ရပါသည်။ Academy of Care သည် နည်းပြဆရာကို လေ့ကျင့်သင်ကြားပေးသည့် စွမ်းရည်တည်ဆောက်မှု အစီအစဉ်သစ်တစ်ရပ်ဖြစ်ပြီး၊ တီထွင်ဖန်တီးမှုပါသောဖော်ထုတ်တင်ပြမှုပုံစံတို့မှနေ၍ တစ်ဦးချင်းတစ်ယောက်ချင်းစီတိုင်းကို စွမ်းရည်မြှင့်တင်ပေးလျှက်၊ နောင်လာမည့် နှစ်နှစ်တာကာလအတွင်း စိတ်ကျန်းမာရေးကိစ္စရပ်များ၊ စိတ်ဒဏ်ရာကိစ္စရပ်များကို လုပ်ကိုင်ဆောင်ရွက်တတ်စေရန်အတွက် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။
Science Film Festival 2023

©Goethe-Institut Myanmar

ဖျော်ဖြေမှုမှသည်အသိပညာသို့

သိပ္ပံရုပ်ရှင်ပွဲတော် (၂၀၂၃)

ဂျာမန်ဘာသာစကားသင်ကြားရေးနှင့်ယဉ်ကျေးမှုဌာနမှ နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိသော သိပ္ပံရုပ်ရှင်ပွဲတော်ကို (၁၂)ကြိမ်မြောက်အဖြစ် မြန်မာနိုင်ငံတွင် မကြာခင်ကျင်းပမည်ဖြစ်ပါသည်။ သိပ္ပံရုပ်ရှင်ပွဲတော်မြန်မာကို (၂၀၂၃)ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်မှ နို၀င်ဘာလ (၃၀)ရက်အတွင်း ယခင်နှစ်နှင့်မတူဘဲ Hybrid ပုံစံဖြင့် ကျင်းပသွားမည်ဖြစ်သည်။ ကျောင်းသူကျောင်းသား၊ ကလေး၊ လူငယ်များအနေဖြင့် ရုပ်ရှင်ပြသခြင်းများကို အောက်တိုဘာလ (၂၇)ရက်မှ နို၀င်ဘာ (၁၂)ရက်အတွင်း ဂျာမန်ဘာသာစကားသင်ကြား‌ရေးနှင့်ယဥ်ကျေးမှုဌာန၏ ပွဲခန်းမတွင် ပွဲကျင်းပရေးအဖွဲ့နှင့်ချိတ်ဆက်ကာ အခမဲ့လာရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး၊ လာရောက်ကြည့်ရှုရန်အဆင်မပြေသည့် ကျောင်းသူ၊ကျောင်းသားများ၊ လူငယ်များအနေဖြင့် နို၀င်ဘာလ (၃)ရက်မှ ပွဲတော်ပြီးဆုံးသည်အထိ အွန်လိုင်းမှ စာရင်းပေးသွင်းကာ မိမိအဆင်ပြေရာနှင့်အွန်လိုင်းရရှိသည့် မည်သည့်နေရာမှမဆို ပါ၀င်ကြည့်ရှုနိုင်အောင် စီစဥ်‌ပေးထားမည်ဖြစ်ပါသည်။ 
Exhibitions schedule

©Goethe-Institut Myanmar

ကြေငြာချက်

ပြပွဲပြုလုပ်ကျင်းပမည့်ရက်များ

‚Expanded Curatorial Practice and Exhibition Making’ သင်တန်းအစီအစဉ်မှာ တက်ရောက်ခဲ့ကြတဲ့ သင်တန်းသားများဟာ အဖွဲ့လေးဖွဲ့အဖြစ်နဲ့ အသီးသီးထွက်ပေါ်လာပြီး သက်ဆိုင်ရာ အနုပညာပြပွဲစီမံကိန်းတွေကို စတင်အကောင်အထည်ဖော်နေကြပြီဖြစ်ပါတယ်။ သက်ဆိုင်ရာ အဖွဲ့တစ်ဖွဲ့စီရဲ့ ပြပွဲတွေကို ရန်ကုန်မြို့က ပြခန်း ၄ နေရာမှာ အစီအစဉ်လိုက် ပြသသွားမှာ ဖြစ်ပါတယ်။ အဖွဲ့တိုင်းဟာ မတူညီတဲ့ ချဉ်းကပ်မှုပုံစံတွေနဲ့ သူတို့ရဲ့ အနုပညာပြပွဲစီမံကိန်းတွေကို ပုံဖော်သွားမှာဖြစ်ပါတယ်။ အသစ်ဖြစ်ပြီးမတူညီတဲ့ အနုပညာပြပွဲတွေကို မကြာခင်မှာ ကြည့်ရှုခံစားခွင့်ရတော့မှာပါ။

သင်တန်းအစီအစဉ်မှာ ပါ၀င်ခဲ့သူတွေ စီစဉ်ပြုလုပ်သွားမယ့် ပြပွဲအစီအစဉ်တွေကို နို၀င်ဘာလနဲ့ ဒီဇင်ဘာလအတွင်းမှာ ပြုလုပ်ကျင်းပသွားမှာ ဖြစ်လို့ လာရောက်ကြည့်ရှုဖို့ အားလုံးကို ဒီနေရာမှ ဖိတ်ခေါ်လိုက်ရပါတယ်။ ပွဲတစ်ခုချင်းစီရဲ့ အစီအစဉ်နဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း Goethe-Institut မြန်မာရဲ့ ၀က်ဘ်ဆိုက်နဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ အချိန်နဲ့ တစ်ပြေးညီ ထပ်မံဖော်ပြသွားမှာ ဖြစ်ပါတယ်။ လာမယ့် နို၀င်ဘာနဲ့ ဒီဇင်ဘာလတွေမှာ ပြပွဲတွေသွားကြည့်ဖို့ ပြင်ဆင်ထားရင်း ကျွန်ုပ်တို့နဲ့အတူ အနုပညာဖန်တီးမှုတွေကိုခံစားမျှ၀ေနိုင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

Ivy Gallery: နို၀င်ဘာလ ၂၄ ရက်မှ ၂၆ ရက်နေ့ အထိ
Neutral Art Gallery: ဒီဇင်ဘာလ ၁ ရက်မှ ၃ ရက်နေ့ အထိ
Art Corner Gallery: ဒီဇင်ဘာလ ၉ ရက်မှ ၁၁ ရက်နေ့ အထိ
Ahnanda Art Gallery: ဒီဇင်ဘာလ ၁၅ ရက်မှ ၁၇ ရက်နေ့ အထိ
 
MPA event

©Goethe-Institut Myanmar/MPA

မြန်မာနိုင်ငံ၏မော်ကွန်းဓါတ်ပုံများနှင့်ဇာတ်လမ်းများ၏အမြင်ပိုင်းဆိုင်ရာသမိုင်းကြောင်း

မြန်မာ့ဓါတ်ပုံမော်ကွန်းနှင့်တွေ့ဆုံခြင်းစကားဝိုင်း

စိတ်ဝင်စားဖွယ်မြန်မာ့ဓါတ်ပုံမော်ကွန်း၏ ယခင်၊ ယခုနှင့် အနာဂါတ် လုပ်ဆောင်ချက်များမှ အတိတ်ကဖြစ်ရပ်များ၊ ဇာတ်လမ်းများ၊ ဓါတ်ပုံများကို စကားဝိုင်းနှင့်အတူတင်ဆက်ပြသသွားမည့်အစီစဥ်အတွက်ဖိတ်ကြားအပ်ပါသည်။ 
မြန်မာ့ဓါတ်ပုံမော်ကွန်း၏တည်ထောင်သူ Lukas Birk နှင့် အနုပညာအကြံပေး ရီတာခင် တို့မှမော်ကွန်းဓါတ်ပုံများအားအသုံးပြုထားသည့်အနုပညာပစ္စည်းများကိုလဲ ရွေးချယ်ပြသသွားရန်ရှိပါသည်။

နေ့ရက် - နိုဝင်ဘာလ ၂၅ ရက်၊ ၂၀၂၃။
နေရာ - Goethe-Institut Myanmar ပွဲခန်းမ

 
Sundowner Musical Gathering

©Goethe-Institut Myanmar

Sundowner Musical Gathering

မိုးလေကင်းလွတ်လို့ ပွင်းလင်းရာသီ တဖန်ပြန်လည်ရောက်ရှိလာပါပြီ။ ကျွန်ုပ်တို့ရဲ့ နေဝင်ဆည်းဆာ ဂီတညနေခင်းလေးပြန်လာပါတော့မယ်။ Goethe Café Yangon မှာ ဂီတတင်ဆက်မှုတစ်ခုနဲ့အတူ စိတ်လက်ကြည်သာညနေခင်းတစ်ခုကို ခံစားကြည့်ပါ။ လာရောက်ပြီး ဂီတကိုနားဆင်ခံစားဖို့ဖိတ်ခေါ်ပါတယ်။ ဝင်ကြေးအခမဲ့။
အသေးစိတ်သိရဖို့ ကျွန်ုပ်တို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ စောင့်ကြည့်ပေးပါ။

ဘာသာစကား

German Language Class at Goethe-Institut Myanmar

©Goethe-Institut Myanmar

နိုဝင်ဘာလ

ဂျာမန်ဘာသာစကားသင်တန်းများ

Goethe-Institut မြန်မာတွင် ဂျာမန်စကားကိုစနစ်တကျစတင်သင်ယူပါ။ ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများကို ဥရောပဘာသာစကားဆိုင်ရာစံချိန်စံနှုန်းမူဘောင် (GER) နှင့်အညီ အဆင့်ခြောက်ဆင့်အပေါ်တွင်အခြေခံထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏သင်တန်းများသည် နိုင်ငံတကာစံချိန်စံနှုန်းနှင့်တိုင်းတာနှိုင်းယှဥ်နိုင်ပါသည်။ Goethe-Institut မြန်မာက နိုဝင်ဘာလအတွက် ဂျာမန်ဘာသာစကားသင်တန်းများဖွင့်လှစ်လျှက်ရှိပါသည်။ စာရင်းပေးသွင်းရမည့်ကာလမှာ ၂၅၊၁၀၊၂၀၂၃ မှ ၁၀၊၁၁၊၂၀၂၃ အထိဖြစ်ပြီး စုံစမ်းမေးမြန်းလိုသည်များရှိပါက info.language.mmr@goethe.de မှတဆင့် အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။
Goethe-Zertifikat Prüfungen

©Goethe-Institut Myanmar

နိုဝင်ဘာလ

Goethe-Zertifikat စာမေးပွဲများ

သင့်ရဲ့ဂျာမန်ဘာသာစကားအရည်အသွေးကိုသက်သေပြရန် ကမ္ဘာတဝှမ်းကအသိအမှတ်ပြုသောအောင်လက်မှတ်တစ်ခုလိုအပ်နေပါသလား။ Goethe-Institut ၏ဘာသာစကားအောင်လက်မှတ်သည် ဂျာမန်ဘာသာစကားစွမ်းရည်ကိုမှတ်ကျောက်တင်ရန် ကမ္ဘာတဝှမ်းကအသိမှတ်ပြုသည့်အောင်လက်မှတ်ဖြစ်ပါသည်။ Goethe-Institut မြန်မာက နိုဝင်ဘာလအတွက် Goethe-Zertifikat စာမေးပွဲများကိုကျင်းပမည်ဖြစ်ပါသည်။ စာရင်းသွင်းကာလမှာ ၂၅၊၁၀၊၂၀၂၃ မှ ၁၀၊၁၁၊၂၀၂၃ ဖြစ်သည့်အတွက် ယခုပဲအချိန်စာရင်းကိုကြည့်ပြီး info.language.mmr@goethe.de ကိုအီးမေးလ်ပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။

စာကြည့်တိုက်

New Media Onleihe 11/23

©Goethe-Institut Myanmar

ONLEIHE: ဂျာမန်အွန်လိုင်းစာကြည့်တိုက်

Onleihe တွင် အသစ်ရောက်ရှိလာသော မီဒီယာများ

Kristine Bilkau၊ Sherko Fatah၊ Elena Fischer၊ Sabine Gruber၊ Wladimir Kaminer နှင့် Tijan Sila တို့ရဲ့ လက်ရာများအပါအ၀င် အခြားသောမီဒီယာအသစ်များ ကျွန်ုပ်တို့ရဲ့ ဂျာမန်အွန်လိုင်းစာကြည့်တိုက် “ONLEIHE” တွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သတင်းကောင်းလေး ပေးချင်ပါတယ်။ အခုပဲ ကျွန်ုပ်တို့ရဲ့ “ONLEIHE” မှာ အခမဲ့ငှားရမ်းဖတ်ရှုလိုက်ပါ။
 
C1 new arrivals

©Goethe-Institut Myanmar

"New arrivals for C1 learners (DaF C1)”

စာကြည့်တိုက်မှာ ဂျာမန်ဘာသာစကားလေ့လာနေသူများ (C1 အဆင့်) အတွက် စာအုပ်အသစ်များစွာရောက်ရှိနေတယ်ဆိုတဲ့အကြောင်းလေး သတင်းကောင်းပေးပါရစေ။ 
အသစ်ရောက်ရှိနေတဲ့စာအုပ်လေးတွေက ဘယ်လိုအမျိုးအစားတွေဖြစ်မလဲ ကြည့်လိုက်ရအောင်! စာအုပ်အသစ်တွေကို စာအုပ်စင်မှာ အလွယ်တကူရှာဖွေနိုင်ဖို့ NEU! ဆိုတဲ့ Tag လေးတွေကပ်ပေးထားတာမို့ မြန်မြန်ဆန်ဆန်နဲ့ လွယ်လွယ်ကူကူ တွေ့နိုင်မှာပဲဖြစ်ပါတယ်။ ဘယ်လိုစာအုပ်တွေငှားရမလဲ မသိဖြစ်နေရင်တော့ ကျွန်ုပ်တို့ရဲ့ စာကြည့်တိုက်မှူးတွေက သင့်လိုအပ်ချက်အတိုင်းကူညီပေးဖို့ အဆင်သင့်ရှိနေပါတယ်။ 
သင့်ရဲ့ဘာသာစကား လေ့လာမှုစွမ်းရည်တွေ တိုးတက်လာဖို့ ကျွန်ုပ်တို့ရဲ့ အသစ်ရောက်စာအုပ်တွေက ကူညီပေးမှာပါ။ ဒါကြောင့်မို့ စာကြည့်တိုက်မှာ ဆုံကြမယ်နော်! 
 
Lernberatung Nov

©Goethe-Institut Myanmar

Empowering Your Learning Journey:

The “LEARNING ADVISORY” Program at the Library

သင့်ရဲ့ ဘာသာစကားစွမ်းရည်ကို မြှင့်တင်ဖို့နဲ့ ဂျာမန်ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်တဲ့ အဆင့်ခရီးလမ်းကို စတင်ဖို့ စိတ်အားထက်သန်နေပါသလား? ကျွန်ုပ်တို့ စာကြည့်တိုက်မှာ ပြုလုပ်နေကြမြဲဖြစ်တဲ့ ''Learning Advisory Program'' က သင့်သင်ယူမှုခရီးစဉ်မှာ သင့်အား လမ်းညွှန်ကူညီပေးဖို့ အဆင်သင့်ရှိနေပါတယ်။ ဒီအစီအစဉ်လေးမှာ ဆရာ၊ ဆရာမများက သင့်ရဲ့ မေးခွန်းတိုင်းအတွက် အချိန်ပေးပြီး၊ သင့်ရဲ့ သင်ယူမှုခရီးစဉ်မှာ ကြုံတွေ့ရမယ့် အခက်အခဲတွေကို ကူညီပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အခမဲ့ဖြစ်ပြီး၊ ဘယ် level မဆို ပါ၀င်နိုင်ဖို့ ရည်ရွယ်ပါတယ်။

ဒီအစီအစဉ်လေးမှာ မပါ၀င်ဖူးသေးတဲ့သူတွေလည်း သင့်ရဲ့ မေးခွန်းလေးတွေရှိရင် အခုပဲ စာရင်းပေးသွင်းနိုင်ပါပြီ- biblio-yangon@goethe.de
 
LeseClub Nov

©Goethe-Institut Myanmar

“READING CLUB” Program

သင့်ရဲ့ ဘာသာစကားစွမ်းရည်ကို မြှင့်တင်ဖို့ ပေါ့ပေါ့ပါးပါးနဲ့ လေ့လာလို့ ရမယ့်နည်းလမ်းကို သင်ရှာဖွေနေပါသလား? ဒါဆိုရင်တော့ ကျွန်ုပ်တို့ရဲ့ စာဖတ်အသင်းအဖွဲ့လေးက သင့်အတွက် ရှိနေပါတယ်။ ဝေါဟာရအသစ်တွေကို လေ့လာနိုင်မယ့် ဒီအစီအစဉ်လေးမှာ ပါ၀င်ပြီး သူငယ်ချင်းများနဲ့အတူ ပျော်ရွှင်စွာ များပြားလှတဲ့ Easy Readers စာအုပ်မျိုးစုံကို လေ့လာဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။

အားလုံးစိတ်၀င်တစားပါ၀င်ကြတဲ့ စာဖတ်အသင်းအဖွဲ့လေးကို ဒီတစ်ခေါက်မှာလည်း နှစ်ကြိမ်တွေ့ဆုံရမယ့် အစီအစဉ်ကို ပြုလုပ်ပေးသွားမှာပဲ ဖြစ်ပြီး၊ Goethe-Institut Myanmar မှ အတွေ့အကြုံရှိဆရာ/ ဆရာမတစ်ဦးမှ ဦးဆောင်မှာ ဖြစ်ပါတယ်။ ပထမနေ့မှာ စာကိုအလှည့်လိုက် ဖတ်ဆိုကြပြီး၊ မိမိအထင်အမြင်တွေကို မြန်မာလိုရော ဂျာမန်ဘာသာနဲ့ပါ ဖလှယ်ကြမှာ ဖြစ်ပါတယ်။ ဒုတိယနေ့မှာတော့ ပြန်လည်တွေ့ဆုံကြပြီး၊ အရင်ရှေ့နှစ်ပတ်က ဖတ်ခဲ့တဲ့ စာအုပ်လေးရဲ့ စိတ်၀င်စားဖို့ကောင်းတဲ့ အပိုင်းဆက်လေးတွေကို ဆက်လက်ဖတ်ရှုကာ ဆွေးနွေးကြမှာပဲ ဖြစ်ပါတယ်။

လူဦးရေကန့်သတ်ထားတာကြောင့် စာကြည့်တိုက်ဖွင့်ချိန်အတွင်း ၀၁ ၉၃၇၆၁၆၀ (လိုင်းခွဲနံပါတ် ၃၀၁/ ၃၀၂) မှတစ်ဆင့် ဖြစ်စေ၊ biblio-yangon@goethe.de မှတစ်ဆင့်ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါပြီ။ 
 
Board Game Friday Nov

©Goethe-Institut Myanmar

“BOARD GAME FRIDAY!”

ဒီလမှာတော့ အားလုံးကစားရတာကြိုက်နှစ်သက်ကြတဲ့ “Die Insel der Präpositionen” Board Game လေးကို ကစားမှာပဲ ဖြစ်ပါတယ်။ “vor, hinter, neben, auf, unter, zwischen, über, in” အစရှိတဲ့ Preposition လေးတွေကို ဘယ်နေရာတွေမှာ ဘယ်စကားလုံးလေးတွေ သုံးရမလဲဆိုတာ လေ့လာချင်တယ်ဆိုရင်တော့ ဒီဂိမ်းလေးက သင့်အတွက်ပါပဲ။

A1 level ရှိရုံနဲ့ ဒီဂိမ်းလေးကို လာရောက်ကစားနိုင်တာဖြစ်လို့ ပါ၀င်ချင်တယ်ဆိုရင်တော့ စာကြည့်တိုက်ဖွင့်ချိန်အတွင်း ၀၁ ၉၃၇၆၁၆၀ (လိုင်းခွဲနံပါတ် ၃၀၁/ ၃၀၂) (သို့) စာကြည့်တိုက်အီးမေးလ် biblio-yangon@goethe.de သို့ အီးမေးလ်ပေးပို့ပြီး အမြန်ဆုံးစာရင်းပေးသွင်းလိုက်တော့နော်။

သူငယ်ချင်းတွေနဲ့အတူ Board Game လေး ကစားရင်း German Preposition လေးတွေကို လေ့လာလိုက်ရအောင်နော်!
 

ဆက်သွယ်ရန်

Goethe-Institut မြန်မာ
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း +95 1 9376160
info-yangon@goethe.de