စာကြည့်တိုက်ကို စိတ်ပါဝင်စားသူ မည်သူမဆို လာရောက်နိုင်ပြီး၊ ၀င်ကြေး အခမဲ့ဖြစ်ပါတယ်။ စာကြည့်တိုက်အတွင်းက မီဒီယာများကို အသုံးပြုမှုအတွက်ကလည်း အခမဲ့ပဲ ဖြစ်ပါတယ်။ မီဒီယာတွေကို ငှားရမ်းဖို့အတွက်တော့ စာကြည့်တိုက်အသင်းဝင်ကတ်ပြား လိုအပ်ပါတယ်။
မြန်မာနိုင်ငံသားများအတွက် အသင်း၀င်ကြေးက တစ်နှစ်လုံးစာအတွက် ခြောက်သောင်းကျပ် (၆၀,၀၀၀) ဖြစ်ပြီး၊ နိုင်ငံခြားသားအသင်း၀င်များအတွက်တော့ တစ်သိန်းနှစ်သောင်းကျပ် (၁၂၀,၀၀၀) ဖြစ်ပါတယ်။ Goethe-Institut မှာ ဂျာမန်ဘာသာစကားသင်ကြားနေသူ သင်တန်းသူ၊ သင်တန်းသားများအတွက်တော့ သင်တန်းကာလအတွင်းမှာ အသင်းဝင်ကြေး အခမဲ့ ဖြစ်ပါတယ်။
စာကြည့်တိုက်အသင်းဝင်ကတ်ပြုလုပ်ဖို့အတွက် သင့်ရဲ့ မှတ်ပုံတင်၊ Passport (သို့မဟုတ်) သက်တမ်းရှိသော ကျောင်းသားကတ် တစ်ခုခုကို ယူဆောင်လာရပါမယ်။
တစ်ကြိမ်ငှားလျှင် မီဒီယာငါးမျိုးအထိ ငှားရမ်းနိုင်ပါတယ်။ တစ်ကြိမ်လျှင် အများဆုံး စာအုပ်သုံးအုပ်နှင့် စီဒီ (သို့မဟုတ်) ဒီဗွီဒီ နှစ်ချပ် ငှားရမ်းနိုင်ပါတယ်။
စာကြည့်တိုက်အသင်း၀င်ဖြစ်ဖို့အတွက် အွန်လိုင်းကနေ စာရင်းပေးသွင်းရန် လိုအပ်ပါတယ်။ အသင်း၀င်ဖြစ်ဖို့အတွက် အရေးအကြီးဆုံး အချက်အလက်များကို ဖြည့်စွက်ပြီး၊ သင့်အီးမေးလ်လိပ်စာကို အတည်ပြုနိုင်ဖို့
ဤလျှောက်လွှာကို ဖြည့်စွက်ရပါမယ်။ စာကြည့်တိုက်ကို လာရောက်ပြီး ကျွန်ုပ်တို့ရဲ့ ဒစ်ဂျစ်တယ် စာကြည့်တိုက်ကတ်
BibToGo ကို ရယူလိုက်ပါ။ ကျွန်ုပ်တို့စာကြည့်တိုက်အဖွဲ့သားများက သင်စာကြည့်တိုက်သို့ လာရောက်တဲ့အခါ အသေးစိတ်အချက်အလက် များကို ရှင်းပြဖို့ အဆင်သင့်ရှိနေပါတယ်။