Logo:Goethe-Institut Claim:Sprache. Kultur. Deutschland.

၂၀၂၄ ခုနှစ်၊ ဧပြီလ သတင်းလွှာ

Goethe-Institut Myanmar



Deutsch | English | မြန်မာ

 „သဘာ၀နဲ့ သဟဇာတ - Article Writing Challenge“

©Goethe-Institut Myanmar

"သဘာ၀နဲ့ သဟဇာတ - Article Writing Challenge"

သင်ကိုယ်တိုင်က ကိုယ့်ရဲ့အတွေးအမြင်တွေနဲ့ လူတွေကို အသိပညာဗဟုသုတတွေကို စာပေကတစ်ဆင့် မျှဝေချင်သူလား?

ဒါဆိုရင်တော့ ဒီပြိုင်ပွဲလေးက သင့်အတွက် ဖြစ်ပါတယ်နော်။ ဒီပြိုင်ပွဲလေးကတော့ (၂၀၂၄) ခုနှစ်၊ မတ်လ (၁၅) ရက်နေ့၊ Prevent Plastics နဲ့ Goethe-Institut Myanmar ရဲ့ Go Green Goethe Initiative တို့မှ ပြုလုပ်တဲ့ "သဘာ၀နဲ့ သဟဇာတ" ဆိုတဲ့ ပွဲလေးကနေ ခွဲထွက်လာတာဖြစ်ပါတယ်။ ဒီ Challenge မှာ ပါ၀င်ချင်သူတွေကတော့ "သဘာ၀နဲ့ သဟဇာတ" ခေါင်းစဉ်အောက်ကနေ မိမိနှစ်သက်ရာအကြောင်းအရာကို မြန်မာဘာသာ ဆောင်းပါးလေးရေးပြီး ပါ၀င်ရမှာဖြစ်ပါတယ်။ ဒီပွဲမှာ ပါ၀င်လျှောက်ထားသူတိုင်းကိုလည်း Prevent Plastics ရဲ့ Tote Bag လေးကို မေတ္တာလက်ဆောင်အနေနဲ့ ပြန်လည်ပေးအပ်သွားမှာပါ။

Challenge မှာ
ပထမဆု ဆုငွေ (၃၀၀.၀၀၀ ကျပ်)
ဒုတိယဆုကို ဆုငွေ ( ၂၀၀.၀၀၀ ကျပ် )
တတိယဆုကိုတော့ ဆုငွေ( ၁၀၀.၀၀၀ ကျပ်) ကို ပေးအပ်မှာဖြစ်ပါတယ်။

ဒါဆိုရင်တော့ ဒီပြိုင်ပွဲလေးမှာပါ၀င်ချင်တယ်ဆိုရင် ယနေ့ မတ်လ (၂၆) နေ့မှ စတင်၍ ဧပြီလ (၂) ရက်နေ့အထိ လျှောက်ထားလို့ရပါတယ်နော်။ ကိုယ်ကစိတ်အားထက်သန်လို့ ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ချင်တယ်...ဒါပေမဲ့ သဘာ၀ပတ်၀န်းကျင်အကြောင်းကို ထဲထဲ၀င်၀င်မသိလို့ ဘယ်လိုရေးရမလဲဆိုတာမသိဘူးဆိုရင်တော့ စိတ်မပူနဲ့နော်။ လျှောက်လွှာပိတ်ပြီးနောက် ဧပြီလ (၃) ရက်နေ့မှာ Environmental Sharing Session လေး စီစဉ်ပေးမှာဖြစ်ပါတယ်။ Sharing Session အပြီးမှစတင်၍ မိမိစိတ်ကူးစိတ်သန်းကောင်းများကို လက်တွေ့အကောင်အထည်ဖော်ပြီး ဧပြီလ (၈)ရက်နေ့မှာတော့ Submit လုပ်ရမယ့်ရက်လေးဖြစ်ပါတယ်။

ဒါဆိုရင်တော့ ဒီပွဲလေးမှာ ပါ၀င်ဖို့ အောက်ပါ Link မှတစ်ဆင့် လျှောက်ထားလိုက်တော့နော်။

ယဉ်ကျေးမှု

Talking Types

©Goethe-Institut Myanmar

"Talking Types" - ဆုံရပ်

ဖောင့် ဒီဇိုင်နာများနှင့် ဖောင့် ဒီဇိုင်းကို စိတ်ဝင်စားသူများ တွေ့ဆုံကြသည့်နေရာတစ်ခု၊ Type Design၊ Typography နဲ့ ပက်သက်သမျှတွေကို ဆွေးနွေးကြမယ့် ဆုံရပ်တစ်ခုဖြစ်တဲ့ “Talking Types” နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လူကြိုက်များတဲ့ မြန်မာဖောင့်များစွာကို ဖန်တီးနေပြီး၊ ဖောင့်၊ Type design နှင့် ဖေစ့်ဘွတ်တွင် ဆွေးနွေးမျှဝေလေ့ရှိတဲ့ မြန်မာဖောင့်ဒီဇိုင်နာများ ဦးဆောင်ပါဝင်ပါတယ်။ ဆုံရပ်ကို လစဥ် ဒုတိယပတ် စနေနေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Talking Types ကို မြန်မာဖောင့် ဒီဇိုင်နာများနှင့် ဂျာမနီဖောင့် ဒီဇိုင်နာတစ်ဦးတို့ တွေ့ဆုံရင်း Type ဒီဇိုင်း၊ Typography များအကြောင်း မျှဝေဆွေးနွေးကြရန် တစ်လတစ်ခါ ဆုံကြမည့် စိတ်ကူးမှတဆင့် ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ Talking Types ဆုံရပ်ကို Type ဒီဇိုင်း၊ Typography ကို စိတ်ဝင်စားသူများအချင်းချင်း အပြန်အလှန် သင်ယူနိုင်ရန်၊ ပူးပေါင်းဆောင်ရွက်ရန်၊ တီထွင်ဖန်တီးမှုများ ပိုမိုလုပ်ဆောင်နိုင်ကြရန် နှင့် ပရော်ဖက်ရှင်နယ်တိုးတက်မှုများအတွက် အထောက်ကူဖြစ်စေရန် ရည်ရွယ်ထားပါတယ်။ Type ဒီဇိုင်းဆိုသည်မှာ (ဖောင့်များအဖြစ် သိကြသော) ညီညာသော အသွင်အပြင်ရှိသည့် စာလုံးပုံစံများကို ဖန်တီးသည့် အနုပညာနှင့် ဖြစ်စဥ်ကို ဆိုလိုပါတယ်။ Type ဒီဇိုင်နာများမှာ ထိုကဲ့သို့ ဖောင့်များကို လှပသော၊ အလွယ်တကူ ကောင်းမွန်စွာ ဖတ်နိုင်အောင် ဒီဇိုင်းအတက်ပညာဖြင့် ဖန်တီးနိုင်ကြသည့် ကျွမ်းကျင်ပညာရှင်များဖြစ်ပါတယ်။ 

Goethe-Institut Myanmar အနေဖြင့် Talking Types ဆုံရပ်ရဲ့ ပထမဆုံးခြေလှမ်းကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။ ဆုံရပ်အတွက် နေရာ၊ round table နှင့် လိုအပ်သော အထောက်ပံ့များကို ပံ့ပိုးသွားမှာဖြစ်ပါတယ်။ တပြိုင်တည်းတွင် Goethe-Institut Myanmar မှာ ယခုကဲ့သို့ အစုဖွဲ့များ၊ ကျွမ်းကျင်သူများအတွက် round table discussion အကြောင်း မိတ်ဆက်ပေးချင်ပါတယ်။ round table discussion မှာ စကားရည်လုပွဲ၊ presentation တင်ပြခြင်းများနှင့်မတူပဲ ပါဝင်သူတိုင်းမှာ စားပွဲဝိုင်းပုံစံထိုင်ရကာ မည်သူမဆို တူညီလွတ်လပ်စွာ ပါဝင်ဆွေးနွေးခွင့်ကို ပေးသော စကားဝိုင်းပုံစံဖြစ်ပါတယ်။ round table discussion ကို စကားစမြည်ပြောခြင်း၊ အကြံဉာဏ်များဖလှယ်ခြင်း၊ အတူတကွလုပ်ဆောင်ကြရန် ဆွေးနွေးတိုင်ပင်ခြင်း၊ အဖြေရှာခြင်းတို့အတွက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Goethe-Institut Myanmar မှ round table discussion ပရိုဂမ်များ ပြုလုပ်သွားရန် စီစဥ်လျှက်ရှိပါတယ်။

ပထမဆုံး Talking Types ဆုံရပ် အသေးစိတ်
ရက်စွဲ- ဧပြီလ 6 ရက် 2024 ခုနှစ်
အချိန်- 2:00 PM - 4:00 PM
နေရာ- Goethe-Institut Myanmar

Type ဒီဇိုင်းနှင့် Typography ကို စိတ်ဝင်စားပြီး Talking Types တွင် ပါဝင်ဖို့ စိတ်ဝင်စားပါက yannaing.oo@goethe.de သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Materials of Life

©Goethe-Institut Myanmar

Materials of Life

လက်ရှိ Goethe-Institut Myanmar တွင် ပြုလုပ်နေတဲ့ ကျွန်တော်တို့ရဲ့  "Materials of Life" ပရိုဂရမ် အကြောင်း အသိပေး ဝေမျှပေးချင်ပါတယ်။ ကျွန်တော်တို့ရဲ့  အလုပ်ရုံဆွေးနွေးပွဲများတွင်ပါဝင်ရန် လျှောက်ထားသူများအနက်မှ အနုပညာရှင် ခုနစ်ဦးကို ရွေးချယ်ခဲ့ပါတယ်။

အဆိုပါ အစီအစဉ်ကို "သဘာဝဆေးရောင်စုံနည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ" ဖြင့် မတ်လ (၂၀)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့မှ လက်မှုပညာရှင်ဖြင့် ဦးစွာ စတင်ခဲ့ပါတယ်။ ဤအလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်သူများသည် ရိုးရာရောင်ခြယ်ပစ္စည်းများ ထုတ်ယူခြင်းနည်းလမ်းများကို စူးစမ်းလေ့လာခဲ့ကြပြီး အမျိုးမျိုးသော အနုပညာနည်းပညာများကို လေ့လာခဲ့ကြရာ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို နားလည်သဘောပေါက်လာစေခဲ့ပါတယ်။ မတ်လ နောက်ဆုံးအပတ်မှာတော့ အင်းလေးမြို့မှ ပညာရှင်တို့၏ လမ်းညွှန်မှုဖြင့် ဝါးလက်မှုပညာကို  အနုစိတ်စတင် လေ့လာ နေပြီဖြစ်ပါတယ်။ 

လာမည့် ဧပြီလထဲတွင် ပြုလုပ်သွားမယ့် အစီအစဉ်တွေကတော့ သဘာဝဆေးဆိုးခြင်း၊ ရှမ်းစက္ကူပြုလုပ်ခြင်းနှင့် ကမဝါစာတမ်းရေးခြင်းစသည့် မတူကွဲပြားသောအကြောင်းအရာများကို စုစည်းသင်ကြားပေးသွားမှာဖြစ်ပြီး ပါဝင်သူ အနုပညာရှင်များအနေနဲ့လည်း  စူးစမ်းရှာဖွေဖန်တီးရန် အခွင့်အလမ်းများ များ ပိုမိုရရှိစေမှာဖြစ်ပါတယ်။ 

Materials of life ပရိုဂရမ် နဲ့ ပတ်သက်တဲ့ အကြောင်းအရာအသစ်များကိုလည်း ဆက်လက်တင်ပြသွားပါမယ်။ 
Kostenloses Digitalisierung Schulungsprogramm

©Goethe-Institut Myanmar

အခမဲ့ ဓါတ်ပုံဒီဂျစ်တယ်ပြောင်းသင်တန်း

နိုင်ငံတစ်ဝန်းမှ ဓါတ်ပုံများကို ထိန်းသိမ်းခြင်းနှင့် ဒီဂျစ်တယ် ပြောင်းလဲခြင်းများကို စိတ်ဝင်စားကြသူများအတွက် မြန်မာ့ဓါတ်ပုံမော်ကွန်းနှင့် Goethe-Institut Myanmar မှ စီစဉ်တဲ့ အခမဲ့ ဓါတ်ပုံ ဒီဂျစ်တယ်ပြောင်းသင်တန်းကို မတ်လအတွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ စစ်ကိုင်း၊ မန္တလေး၊ ပြင်ဦးလွင်၊ မကွေး နှင့် ရန်ကုန်မှ ဓာတ်ပုံဟောင်းများ ထိန်းသိမ်းနည်းကို စိတ်ဝင်စားကြသူများ အသီးသီး တက်ရောက်ခဲ့ကြပြီး သင်တန်းအောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။

သင်တန်းတွင် ကမ္ဘာတစ်ဝန်းရှိ ထင်ရှားတဲ့ မော်ကွန်းတိုက်တွေ အကြောင်း၊ အများပြည်သူများအား  အသုံးပြုခွင့်ပေးထားတဲ့ မြန်မာ့ဓါတ်ပုံမော်ကွန်းကဲ့သို့ open access မော်ကွန်းတိုက် တွေအကြောင်း၊ ဓါတ်ပုံများနှင့် ပက်သက်သည့် မူပိုင်ခွင့်တွေအကြောင်း၊ ဓါတ်ပုံ ပစ္စည်းများ ၏ သမိုင်း၊ ဓါတ်ပုံများ၏ သက်တမ်း ခွဲခြားပုံတို့ကို တည်ထောင်သူ Lukas Birk မှ မျှဝေခဲ့ပါတယ်။ ဓါတ်ပုံဟောင်းများအား ကိုင်တွယ်နည်းစနစ်၊ စကန်နာ၊ ကင်မရာ၊ စမတ်ဖုန်းဖြင့် ဒီဂျစ်တယ်ပြောင်းနည်းစနစ်များ နှင့် နက်ဂတစ် (negative film) များကို ဒီဂျစ်တယ်ပြောင်းနည်းများအား မြန်မာ့ဓါတ်ပုံမော်ကွန်း အဖွဲ့သားများမှ မျှဝေခဲ့ပါတယ်။ နိုင်ငံတစ်ဝန်းမှ စိတ်ဝင်စားသူတိုင်းပါဝင်နိုင်ရန် စီစဥ်သည့် အွန်လိုင်း သင်တန်းဖြစ်တာကြောင့် သင်ခန်းစာများကို လွယ်ကူရှင်းလင်းစေရန် ဓါတ်ပုံပစ္စည်းများ၊ ဓါတ်ပုံများ၊ ဗီဒီယိုများဖြင့် မျှဝေပေးခဲ့ပါတယ်။

ရန်ကုန်မှ သင်တန်းကို စိတ်ပါဝင်စားစွာလျှောက်ထားကြသူများအတွက် မတ်လ ၃၀ ရက်တွင် ဓါတ်ပုံ ဒီဂျစ်တယ်ပြောင်း အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ထပ်တိုးပြုလုပ်ခဲ့ပါတယ်။  အွန်လိုင်းသင်တန်းမှ သင်တန်းသားအချို့လည်း ပြန်လည်ပါဝင်ခဲ့ပြီး Goethe-Institut Myanmar မှာပြုလုပ်ခဲ့ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲတွင် ဓါတ်ပုံနှင့် နက်ဂတစ်များ ဒီဂျစ်တယ်ပြောင်းနည်းစနစ်များကို မြန်မာ့ဓါတ်ပုံမော်ကွန်းမှ သရုပ်ပြလုပ်ဆောင်ခဲ့ကြပြီး ပါဝင်ခဲ့သူများမှလည်း ဒီဂျစ်တယ်ပြောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခဲ့ကြပါတယ်။
Academy of Care

©Goethe-Institut Myanmar

Academy of Care

Goethe-Institut Myanmar မှ ဦးဆောင်ပြီး Netherlands Embassy မှ ရန်ပုံငွေ ပါဝင်ထားသော Academy of Care စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်၏ သင်တန်းသားလျောက်လွှာများကို စိစစ်သုံးသပ်ခဲ့ပါသည်။ စိစစ်သုံးသပ်ပြီးနောက်ပိုင်း စိတ်ဝင်စားစရာကောင်းသော လျောက်လွှာရှင် စကာတင် ၂၄ ဦးကို ရွေးချယ်ပြီး Zoom မှ တဆင့်အင်တာဗျူး ပြုလုပ်ခဲ့ပါသည်။ ယခုတကြိမ်သင်တန်းတွင် သင်ရိုးညွှန်းတမ်းများကို ပြန်လည်ဆန်းစစ်ပြီး နိုင်ငံတကာမှ ပညာရှင်များနှင့် ပြည်တွင်းပညာရှင်များ ချိတ်ဆက်ပြီး သင်တန်းကို မေလ ၁၃ ရက်တွင် စတင်ဖို့ စီစဉ်ထားပါသည်။
"International Women's Day 2024"

©Goethe-Institut Myanmar

"၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့"

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် Goethe-Institut Myanmar မှ ပြုလုပ်ခဲ့သော အစီအစဉ်များကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီးဖြစ်ပါသည်။

၂၀၂၄ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် DOSICINÈ မှ အကောင်အထည်ဖော်ပြီး Goethe-Institut Myanmar မှကူညီပံ့ပိုးသော အစီအစဉ်ဖြစ်သည့် "Women Make Film" ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကိုလည်း ပြုလုပ်ခဲ့ပြီး ထိုဆွေးနွေး၀ိုင်းသို့ လာရောက်နားထောင်သူများစွာ တက်ရောက်ခဲ့ပါသည်။

ထို့အပြင် ၂၀၂၄ ခုနှစ်၏ ဆောင်ပုဒ်ဖြစ်သည့် "အရှိန်အဟုန်နဲ့တိုးတက်ဖို့ အမျိုးသမီးများတွင် ရင်းနှီးမြှပ်နှံစို့" ဆိုသည့်အတိုင်း ဂျာန်ဒါတန်းညီမှုကို တင်ဆက်မှုပြဇာတ်အနုပညာဖြင့် မြှင့်တင်သည့် တင်ဆက်မှုပြဇာတ်ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ တင်ဆက်မှု ခေါင်းစဉ်ဖြင့် ပြုလုပ်သွားခဲ့ပါသည်။

ထိုပြဇာတ်ကို သုခုမခရီးသည် ပြဇာတ်၊ နိုင်ငံအနှံ့အပြားမှ အနုပညာရှင်များနှင့်အတူ ဂျာန်ဒါဆိုင်ရာ နည်းပညာကျွမ်းကျင်သူနှင့် ပူးပေါင်းဆွေးနွေးထားသည့် ဇာတ်လမ်းများကို တင်ဆက်ပြသသွားခဲ့ပါသည်။ လာရောက်ကြည့်ရှုသူ ပရိတ်သတ်များကလည်း လူမှုအသိုင်းအ၀ိုင်းတွင် လူမှုစံနှုန်းများ မည်ကဲ့သို့ နက်ရှိုင်းစွာ အမြစ်တွယ်နေပုံများကို ကြည့်ရှုပြီး ပြောဆိုဆွေးနွေး အဖြေရှာပြီး ပါ၀င်ခဲ့ပါသည်။

ထို့အပြင် Goethe-Institut မြန်မာမှ ဆရာ၊ ဆရာမများကလည်း အမျိုးသမီးများသည် နေရာဒေသကွဲပြားသည်ဆိုကာမှု  ခွန်အားများဖြင့် စိန်ခေါ်မှုများကို ကျော်လွှားကာ အောင်မြင်မှုများအတွက် မဆုတ်မနှစ် ကြိုးစားသည့် စိတ်ဓာတ်များကို ဖော်ပြသည့် ပြဇာတ်ကိုလည်း ပြသခဲ့ပြီး ပရိတ်သတ်များ၏ တခဲနက်အားပေးမှုကို ရရှိခဲ့ပါသည်။

ဘာသာစကား

German Language Courses

©Goethe-Institut Myanmar

ဧပြီလ

ဂျာမန်ဘာသာစကားသင်တန်းများ

Goethe-Institut မြန်မာတွင် ဂျာမန်စကားကိုစနစ်တကျစတင်သင်ယူပါ။ ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများကို ဥရောပဘာသာစကားဆိုင်ရာစံချိန်စံနှုန်းမူဘောင် (GER) နှင့်အညီ အဆင့် ၆ ဆင့်အပေါ်တွင်အခြေခံထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏သင်တန်းများသည်  နိုင်ငံတကာစံချိန်စံနှုန်းနှင့်တိုင်းတာနှိုင်းယှဥ်နိုင်ပါသည်။ Goethe-Institut မြန်မာက မတ်လအတွက်  ( Online , In-person, Hybrid ) ဂျာမန်ဘာသာစကားသင်တန်းများဖွင့်လှစ်လျက်ရှိပါသည်။ စာရင်းပေးသွင်းရမည့်ကာလမှာ ၂၅၊၃၊၂၀၂၄ မှ ၀၅၊၄၊၂၀၂၄ အထိဖြစ်ပြီး စုံစမ်းမေးမြန်းလိုသည်များရှိပါက
 info.language.mmr@goethe.de မှတဆင့် အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။
Goethe-Zertifikat Exams

©Goethe-Institut Myanmar

ဧပြီလ

Goethe-Zertifikat စာမေးပွဲများ

သင့်ရဲ့ဂျာမန်ဘာသာစကားအရည်အသွေးကိုသက်သေပြရန် ကမ္ဘာတဝှမ်းကအသိအမှတ်ပြုသောအောင်လက်မှတ်တစ်ခုလိုအပ်နေပါသလား။ Goethe-Institut ၏ဘာသာစကားအောင်လက်မှတ်သည် ဂျာမန်ဘာသာစကားစွမ်းရည်ကိုမှတ်ကျောက်တင်ရန် ကမ္ဘာတဝှမ်းကအသိမှတ်ပြုသည့်အောင်လက်မှတ်ဖြစ်ပါသည်။ Goethe-Institut မြန်မာက ဧပြီလအတွက် Goethe-Zertifikat စာမေးပွဲများကိုကျင်းပမည်ဖြစ်ပါသည်။ စာရင်းသွင်းကာလမှာ ၂၅၊၃၊၂၀၂၄ မှ ၀၅၊၄၊၂၀၂၄ ဖြစ်သည့်အတွက် ယခုပဲအချိန်စာရင်းကိုကြည့်ပြီး info.language.mmr@goethe.de ကိုအီးမေးလ်ပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။
German class for Children and Teenagers

©Goethe-Institut Myanmar

ကလေးများအတွက်ဂျာမန်စာသင်တန်း Fit 1 package

ဒီနှစ်နွေရာသီမှာ ဂျာမန်စာကို စတင်လေ့လာမယ့် သင့်ကလေးအတွက် အခြေခံပိုင်နိုင်သွားစေမယ့် Fit 1 package ကို အပ်နှံနိုင်ပါပြီ။ သင့်ကလေးအနာဂတ်အတွက် အကျိုးရှိစေမယ့် ဂျာမန်ဘာသာစကားကို စနစ်တကျနဲ့ ပြန်အသုံးချနိုင်မယ့် level တစ်ခုအထိ တတ်မြောက်စေချင်ရင်တော့ Fit 1 package အတန်းတွေက အသင့်တော်ဆုံးဖြစ်မှာပါ။

Fit 1 package မှာဆိုရင်တော့ ဂျာမန်စာအခြေခံ A1 level အပြတ် A1.1 + A1.2 +A1.3 + A1.4 အတန်းတွေအပြင် Fit 1 international exam ဖြေဆိုဖို့အတွက်ပါ ပါဝင်လို့ သင်တန်းပြီးဆုံးတဲ့အခါ နိုင်ငံတကာအသိအမှတ်ပြု ဂျာမန်ဘာသာကျွမ်းကျင်အဆင့် Fit 1 certificate ပါရရှိနိုင်မှာဖြစ်ပါတယ်။

Goethe-Institut Myanmar ကနေ ဖွင့်လှစ်မယ့် ကလေးများအတွက် ဂျာမန်စာသင်တန်း Fit 1 package မှာအသက်အရွယ်နဲ့ကိုက်ညီမယ့် အတန်းတွင်းပျော်ပျော်ရွှင်ရွှင်စာလိုက်နိုင်မယ့် သင်ကြားမှုပုံစံမျိုး ဖြစ်စေဖို့ စီစဉ်ထားပါတယ်။ ဂျာမန်စာအခြေခံမရှိသေးတဲ့ကလေးတွေအတွက်လည်း အဆင်ပြေနိုင်မယ့် အတန်းမျိုးဖြစ်ပါတယ်။ ကျောင်းကိုလာရောက်သင်ယူနိုင်သလို အိမ်ကနေလည်း သင်ယူနိုင်မယ့် Hybrid class အတန်းဖြစ်တဲ့အတွက် ကလေးတွေအတွက်အဆင်ပြေမယ့်ပုံစံမျိုးနဲ့ လေ့လာနိုင်ပါတယ်။

ကလေးတွေ ကျောင်းချိန်နဲ့အဆင်ပြေစေဖို့ နွေရာသီ မေလတစ်လလုံးမှာ အတန်းကို တနင်္လာနေ့မှ သောကြာနေ့အထိ ဖွင့်ထားပြီး ကျောင်းပြန်တက်တဲ့အချိန် ဇွန်လကစပြီး စနေ၊ တနင်္ဂနွေနေ့တွေကို ပြောင်းလဲဖွင့်သွားမှာဖြစ်ပါတယ်။ သင်တန်းကြေးကို တစ်ခါတည်းမသွင်းချင်တဲ့သူတွေအတွက်လည်း (၄)ခေါက်ခွဲသွင်းလို့ရအောင် စီစဉ်ပေးထားပါတယ်။

အသက်အရွယ်- ၇ နှစ်မှ ၁၀ နှစ်အတွင်းနှင့် ၁၁ နှစ်မှ ၁၅ နှစ်အတွင်း
(အသက်အလိုက် ၂ တန်းခွဲသင်ကြားမည်ဖြစ်ပါသည်။)
သင်တန်း level - A1.1 + A1.2 +A1.3 + A1.4 + Fit 1 international exam
သင်တန်းကာလ - ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့မှ ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ
နေရာ - Goethe-Institut Myanmar နှင့် online Zoom meeting

စိတ်ဝင်စားသူများတဲ့အပြင် လူဦးရေလည်း အကန့်အသတ်ရှိတာကြောင့် မတ်လ (၂၆) ရက်နေ့ကနေ ဧပြီလ (၅) ရက်နေ့အတွင်း info.language.mmr@goethe.de မှာ အမြန်ဆုံးစာရင်းပေးသွင်းနိုင်ပါတယ်။ ၀၁ ၉၃၇၆၁၆၀ (လိုင်းခွဲ-၁) ကို ဆက်သွယ်ပြီးတော့လည်း အသေးစိတ်မေးမြန်းနိုင်ပါတယ်။

စာကြည့်တိုက်

"New arrivals for Comics”

©Goethe-Institut Myanmar

"New arrivals for Comics”

Hello Comic lovers! နောက်ထပ်ကြေငြာပေးချင်တဲ့ စာအုပ်အသစ်တွေကတော့ ရုပ်ပြကာတွန်းစာအုပ်တွေပဲ ဖြစ်ပါတယ်။ စာကြည့်တိုက်မှာ ဘယ်လိုရုပ်ပြကာတွန်းစာအုပ်တွေ ငှားရမ်းနိုင်မလဲဆိုတာ လင့်ခ်လေးထဲကနေ ၀င်ရောက်ကြည့်ရှုလို့ရနိုင်ပါတယ်။
ကာတွန်းစာအုပ်လေးဖတ်ရင်း နေ့စဉ်သုံး ဂျာမန်စကားလုံးလေးတွေကို ပေါ့ပေါ့ပါးပါး လေ့လာကြမယ်။
“READING CLUB” Program

©Goethe-Institut Myanmar

“READING CLUB” Program

ဒီလရဲ့ "Leseclub" အစီအစဥ်လေးကတော့  A2 level အတွက် ဖြစ်ပြီး၊ ဂျာမန်ဘာသာစကား သင်ယူနေတဲ့သူတွေရော၊ သင်ယူတတ်မြောက်ပြီးတဲ့သူတွေပါ လာရောက်ပါဝင်လို့ရပါတယ်။ ဒီအစီအစဉ်လေးကနေတစ်ဆင့် စာဖတ်စွမ်းရည် တိုးတက်စေရုံသာမကပဲ၊ စကားလုံး၀ေါ်ဟာရများ ကြွယ်၀လာပြီး၊ အတွေးအခေါ်စွမ်းရည်များကိုပါ တိုးတက်လာစေမှာ ဖြစ်ပါတယ်။  
 
စိတ်ပါ၀င်စားလို့ ပါ၀င်ချင်တယ်ဆိုရင်တော့ biblio-yangon@goethe.de သို့ အီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။  
Lernberatung

©Goethe-Institut Myanmar

Empowering Your Learning Journey:

“LEARNING ADVISORY” Program

"Learning Advisory" Programလို့ ခေါ်တဲ့ "Lernberatung" အစီအစဉ်မှာ သင့်ရဲ့ ဂျာမန်စာလေ့လာမှုနဲ့ ပတ်သက်ပြီး ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို Goethe-Institut Myanmar မှ ဆရာ/ဆရာမကနေ ဆွေးနွေးအကြံပြုပေးသွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာတော့ ဂျာမန်ဘာသာစကားကို လေ့လာနေသူများအတွက် သိရှိသင့်တဲ့ လေ့လာသင့်တဲ့ စာအုပ်တွေ၊ online resource တွေ၊ မိမိ level နဲ့ ကိုက်ညီမယ့် အကြံပြုချက်တွေကို ဆွေးနွေးအကြံပြုပေးသွားမှာပဲ ဖြစ်ပါတယ်။ 

စာကြည့်တိုက်သို့ လူကိုယ်တိုင် မလာရောက်နိုင်သူတွေအတွက်လည်း ပါ၀င်မေးမြန်းလို့ရအောင် virtual online session ကိုလည်း ထည့်သွင်းစီစဉ်ပေးထားပါတယ်။
 
ဒီလမှာတော့ မည်သည့် ဂျာမန် level မဆို သင်ယူနေသူများအားလုံး ပါ၀င်နိုင်ရန် စီစဉ်ထားတာမို့ ပါ၀င်ချင်တယ်ဆိုရင်တော့ အခုပဲ စာရင်းပေးလိုက်တော့နော်- biblio-yangon@goethe.de.
"Onleihe media for Easter"

© Goethe-Institut

ONLEIHE: ဂျာမန်အွန်လိုင်းစာကြည့်တိုက်

"Onleihe media for Easter"

ကျွန်ုပ်တို့ရဲ့ Onleihe မှ အခမဲ့ငှားရမ်းလို့ရနိုင်တဲ့ eBooks၊ eAudios အကြံပြုချက်များနဲ့အတူ Ostern "Easter" ရဲ့ အငွေ့အသက်လေးကို ခံစားလိုက်ရအောင်။ ဇာတ်လမ်းပုံပြင်များ၊ ဟင်းချက်နည်းများ၊ ရိုးရာဓလေ့များနှင့် အခြားသောစိတ်၀င်စားဖွယ်အကြောင်းအရာများကို စုစည်းဖော်ပြပေးထားတာမို့ အခုပဲ ကြည့်ရှုလိုက်ပါ။

ဆက်သွယ်ရန်

Goethe-Institut မြန်မာ
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း +95 1 9376160
info-yangon@goethe.de