Logo:Goethe-Institut Claim:Sprache. Kultur. Deutschland.

၂၀၂၅ ခုနှစ်၊ မတ်လ သတင်းလွှာ

Goethe-Institut Myanmar



Deutsch | English | မြန်မာ

ယဉ်ကျေးမှု

IWD25

©Ah Htet

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ၂၀၂၅

Goethe-Institut မြန်မာမှာ ပြုလုပ်လျက်ရှိနေတဲ့ ယဉ်ကျေးမှုအစီအစဉ်များ၊ သင်တန်းများ၊ ဆွေးနွေးပွဲများ နဲ့ အမျိုးမျိုးသော အစီအစဉ်တွေမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ၊ အရေးပါမှုနဲ့ သူတို့ရဲ့ အသံတွေကို အစဉ်တစ်စိုက် ထည့်သွင်းစဉ်းစားလျက်ရှိပါတယ်။
 
မတ်လ ၈ ရက်နေ့ မှာ ကျရောက်သော နိုင်ငံတကာအမျိုးသမီးများနေ့ ကို ဂုဏ်ပြုသောအားဖြင့် Goethe-Institut မြန်မာမှာလည်း ရှေ့နှစ်များနည်းတူ International Women’s Day ကို ကြိုဆိုသော အစီအစဉ်များကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ လာမည့် သုံးပတ်အတွင်း မတူညီတဲ့ အစီအစဉ်များကို မတူညီတဲ့ မိတ်ဖက်အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး ယခုနှစ် မတ်လ မှာ ပြုလုပ်သွားရန်ရှိပါတယ်။
 
IWD 25ရဲ့ အစီအစဉ်များကို ကျွန်ုပ်တို့ ၏ လူမှုကွန်ယက်စာမျက်နှာများစောင့်ကြည့်သွားဖို့ သတင်းကောင်းပါးလိုက်ရပါတယ်။
AOC

©Goethe-Institut Myanmar

ဖန်တီးဆင့်ပွား ဝေမျှမည် ဂရုစိုက်မှု အကယ်ဒမီ (Academy of Care - AoC) Cohort 4 ဖွင့်လှစ်မှု

ဖန်တီးဆင့်ပွား ဝေမျှမည် ဂရုစိုက်မှု အကယ်ဒမီ (AoC) သည် ၂၈ ဧပြီ - ၁၃ ဇူလိုင် ၂၀၂၅ အထိ  ပြုလုပ်သွားမယ့် (train-to-facilitate) သင်တန်းအမှတ်စဥ် ၄ အတွက် လျှောက်လွှာများ လက်ခံနေပါပြီ။

ဒီသင်တန်းတွင် trauma-informed care ကိုအခြေခံတဲ့ creative therapy intervention techniques ကိုသင်ကြားပေးမည်ဖြစ်ပြီး စိတ်ကျန်းမာရေး, အနုပညာ, ဂီတနှင့် ပြဇာတ်ကုထုံး (mental health, art, music, and drama therapy) တို့ကို နိုင်ငံတကာနှင့် ပြည်တွင်းပညာရှင်များမှ သင်ကြားပေးမည်ဖြစ်သည်။

ပါဝင်လိုသူများအတွက် သီအိုရီနှင့် လက်တွေ့ကျကျ အသုံးချနိုင်သော ကျွမ်းကျင်မှုများကို လေ့လာရယူနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ လူ့အဖွဲ့အစည်းများနှင့် အသိုင်းအဝိုင်းများကို ထောက်ပံ့ကူညီနိုင်ရန် ရည်ရွယ်ထားပါသည်။
 
AoC Cohort 4 သင်တန်းသည် FAHI India, Research Institute of Dramatherapy Sri Lanka, Maitri Music Therapy Nepal တို့နှင့်ပူးပေါင်း၍ ကျင်းပမည်ဖြစ်ပါသည်။

လျှောက်လွှာပိတ်သိမ်းရက် – ၁၂.၀၃.၂၀၂၅

ဘာသာစကား

German Language Courses

©Goethe-Institut Myanmar

မတ်လ

ဂျာမန်ဘာသာစကားသင်တန်းများ

Goethe-Institut မြန်မာတွင် ဂျာမန်စကားကိုစနစ်တကျစတင်သင်ယူပါ။ ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများကို  ဥရောပဘာသာစကားဆိုင်ရာစံချိန်စံနှုန်းမူဘောင် (GER) နှင့်အညီ အဆင့် (၆)ဆင့်အပေါ်တွင်အခြေခံထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏သင်တန်းများသည် နိုင်ငံတကာစံချိန်စံနှုန်းနှင့်တိုင်းတာနှိုင်းယှဥ်နိုင်ပါသည်။ Goethe-Institut မြန်မာက မတ်လ အတွက် (Online , In-person) ဂျာမန်ဘာသာစကားသင်တန်းများဖွင့်လှစ်လျက်ရှိပါသည်။ စာရင်းပေးသွင်းရမည့်ကာလမှာ ၀၃.၀၃.၂၀၂၅ မှ ၁၄.၀၃.၂၀၂၅ အထိဖြစ်ပြီး စုံစမ်းမေးမြန်းလိုသည်များရှိပါက info.language.mmr@goethe.de မှတဆင့် အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။
Goethe-Zertifikat Exams

©Goethe-Institut Myanmar

မတ်လ

Goethe-Zertifikat စာမေးပွဲများ

သင့်ရဲ့ဂျာမန်ဘာသာစကားအရည်အသွေးကိုသက်သေပြရန် ကမ္ဘာတဝှမ်းကအသိအမှတ်ပြုသောအောင်လက်မှတ်တစ်ခုလိုအပ်နေပါသလား။?

Goethe-Institut ၏ဘာသာစကားအောင်လက်မှတ်သည် ဂျာမန်ဘာသာစကားစွမ်းရည်ကိုမှတ်ကျောက်တင်ရန် ကမ္ဘာတဝှမ်းကအသိမှတ်ပြုသည့်အောင်လက်မှတ်ဖြစ်ပါသည်။ Goethe-Institut မြန်မာက မတ်လအတွက် Goethe-Zertifikat စာမေးပွဲများကိုကျင်းပမည်ဖြစ်ပါသည်။ စာရင်းသွင်းကာလမှာ ၁၀.၀၃.၂၀၂၅ မှ ၁၁.၀၃.၂၀၂၅ ဖြစ်သည့်အတွက် ယခုပဲအချိန်စာရင်းကိုကြည့်ပြီး info.language.mmr@goethe.de ကိုအီးမေးလ်ပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။

စာကြည့်တိုက်

Paper Bag Backpack Craft Activity for Kids– Fun & Eco-Friendly!

©Goethe-Institut Myanmar

ကလေးများနဲ့ လူငယ်များအတွက် အစီအစဉ်

Paper Bag Backpack Craft Activity for Kids– Fun & Eco-Friendly!

ကျွန်ုပ်တို့ စာကြည့်တိုက်ရှိ ကလေးနှင့် လူငယ်အစီအစဥ်မှ ပြန်လည်ကြိုဆိုပါတယ်။ မတ်လ၊ ၂ ၂ ရက်နေ့မှာတော့ အသက် (၆) နှစ် မှ (၁၀) နှစ်အရွယ် သားသားမီးမီးများအတွက် Paper Bag Backpack Craft လို့ခေါ်တဲ့ လက်မှုဖန်တီးမှုအစီအစဥ်လေး ကျင်းပသွားမှာဖြစ်ပါတယ်။

ဝင်ကြေးအခမဲ့ဖြစ်ပြီး၊ လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ - ♦အမည်  ♦ အသက် ♦ဖုန်းနံပါတ် တို့ကို biblio-yangon@goethe.de မှတစ်ဆင့် အီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။ 
A Special Women's Day Book Collection

©Goethe-Institut Myanmar

အမျိုးသမီးများနေ့အတွက် စာအုပ်စုစည်းမှု

မတ်လ ၈ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ကျွန်ုပ်တို့စာကြည့်တိုက်တွင် အမျိုးသမီးရေးရာနှင့်ပတ်သက်သော အင်္ဂလိပ်ဘာသာစကားဖြင့် ရေးသားထားသော စာအုပ်များကို အထူးစုစည်းမှုအနေဖြင့် ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။ ဒီအထူးစုစည်းမှုလေးမှာတော့ အမျိုးသမီးတို့အတွက် လူမှုဘ၀လမ်းညွှန်နှင့် ခေါင်းဆောင်မှုပိုင်းဆိုင်ရာစာအုပ်များ၊ အမျိုးသမီးစွန့်ဦးတီထွင်သူများအကြောင်း ပြုစုထားသော မှတ်တမ်းစာအုပ်များ နှင့် အတိတ်ဖြစ်ရပ်ဆိုးများမှ အံ့ဖွယ်ရှင်သန်အောင်မြင်နိုင်ခဲ့သော မိန်းကလေးငယ်များ၏ ကိုယ်ရေးအတ္တုပတ္တိများ အစရှိသည့် သုတရသစာအုပ်များကို တ၀ကြီးဖတ်ရှုနိုင်ဖို့ စီစဥ်ပေးထားပါတယ်။ ဒါကြောင့် အမျိုးသမီးရေးရာနှင့် ကျားမတန်းတူညီမျှရေး စိတ်၀င်စားသူများအနေဖြင့် ကျွန်ုပ်တို့ရဲ့စာကြည့်တိုက်လေးကို အလည်တစ်ခေါက်လာဖို့ ဖိတ်ခေါ်လိုက်ပါရစေ။
Board Game

©Goethe-Institut Myanmar

“BOARD GAME DAY!”

မတ်လရဲ့  Boardgame Day  မှာတော့ Schnitzeljagd Deutsch ဆိုတဲ့ ဂိမ်းလေးကို ကစားကြမှာဖြစ်ပါတယ်။ ဂိမ်းကစားသူများအနေဖြင့် လမ်းညွှန်ချက်များကိုစနစ်တကျလိုက်နာရင်း ပေးထားသောတာဝန်များကို မြန်မြန်နှင့်မှန်မှန် ပြီးမြောက်စေဖို့ ကြိုးစားအားထုတ်ရမှာဖြစ်ပါတယ်။ ဂျာမန်စာလေ့လာရင်း ကစားပွဲကို အပြိုင်အဆိုင်ရှေ့ဆက်သွားရသော ပညာရေးဆိုင်ရာ ဂိမ်းတစ်ခုဖြစ်တာကြောင့် ပျော်စရာကောင်းမှာ အသေအချာပါပဲ။

ဒီဂိမ်းလေးကို ကစားဖို့ A2-B1 level သာ လိုအပ်တာမို့လို့ စိတ်ပါ၀င်စားသူများအနေဖြင့် biblio-yangon@goethe.de သို့ အမည်၊  ဖုန်းနံပါတ်၊ မိမိရဲ့ ဂျာမန် level ကိုအီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။
Reading Club

©Goethe-Institut Myanmar

မတ်လ

“READING CLUB” Program

ဂျာမန်ဘာသာစကား သင်ယူနေတဲ့သူတွေ စာဖတ်စွမ်းရည် တိုးတက်လာစေရန်နှင့် စကားလုံးဝေါဟာရများ ပိုကြွယ်၀လာစေရန် လစဥ်ကျင်းပပြုလုပ်တဲ့ “Reading Club/Leseclub’’ လေး ရောက်ရှိလို့လာပါပြီ။

စိတ်၀င်စားလို့ ပါ၀င်ချင်တယ်ဆိုရင်တော့ biblio-yangon@goethe.de သို့အမည်၊ ဖုန်းနံပါတ်၊ မိမိရဲ့ ဂျာမန် levelကို အီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။
Learnberatung

©Goethe-Institut Myanmar

Empowering Your Learning Journey:

“LEARNING ADVISORY” Program

လစဥ်ကျင်းပနေကြဖြစ်တဲ့ "Learning Advisory" Programလို့ ခေါ်တဲ့ "Lernberatung အစီအစဉ်လေးမှာ (လူကိုယ်တိုင်ဖြစ်ဖြစ်၊ အွန်လိုင်းကနေဖြစ်ဖြစ်)ပါ၀င်ချင်တယ်ဆိုရင်တော့ biblio-yangon@goethe.de သို့ အမည်၊ဖုန်းနံပါတ်၊ မိမိရဲ့ ဂျာမန် level၊ မိမိမေးလိုသည့် အကြောင်းအရာ နှင့် မိမိတက်ရောက်လိုသည့်ရက် တို့ကိုအီးမေးလ်ပေးပို့ပြီး အခုပဲ စာရင်းပေးလိုက်တော့နော်။

ပိုမိုလေ့လာရန် (လူကိုယ်တိုင်အစီအစဉ်)
ပိုမိုလေ့လာရန် (အွန်လိုင်းအစီအစဉ်)
ONLEIHE: GERMAN ONLINE LIBRARY

©Goethe-Institut

Onleihe တွင် အသစ်ရောက်ရှိလာသော မီဒီယာများ

ONLEIHE: ဂျာမန်အွန်လိုင်းစာကြည့်တိုက်

Tom Hillenbrand, Reinhard Kaiser-Mühlecker, Mascha Kaléko, Marc-Uwe Kling, Charles Lewinsky und Marc Raabe တို့ရဲ့ လက်ရာများအပါအ၀င် အခြားသောမီဒီယာအသစ်များ ကျွန်ုပ်တို့ရဲ့ ဂျာမန်အွန်လိုင်းစာကြည့်တိုက် “ONLEIHE” တွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သတင်းကောင်းလေး ပေးချင်ပါတယ်။ အခုပဲ ကျွန်ုပ်တို့ရဲ့ “ONLEIHE” မှာ အခမဲ့ငှားရမ်းဖတ်ရှုလိုက်ပါ။

ဆက်သွယ်ရန်

Goethe-Institut မြန်မာ
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း +95 1 9376160
info-yangon@goethe.de