ကျောင်းသားနှင့် ဘွဲ့ရလူငယ်များအတွက် ကျွန်ုပ်တို့ Goethe-Institut Myanmar ရဲ့ စိတ်လှုပ်ရှားစရာ အလုပ်သင်အခွင့်အရေးတစ်ခုကို သတင်းကောင်းပေးလိုပါတယ်။
EMPM Virtual Mobility Platform မှတစ်ဆင့် Goethe-Institut Myanmar စာကြည့်တိုက်နှင့် ဆက်သွယ်ရေးဌာနများတွင် အလှည့်ကျအဖြစ် ၆ လတာလုပ်ကိုင်ရန် လူငယ်အလုပ်သင်ခေါ်ယူနေပါပြီ။
အလုပ်သင်အစီအစဥ်ကို
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် စတင်မှာဖြစ်ပြီး ရုံးချိန်အပြည့်တက်ရောက်ရမှာဖြစ်ပါတယ်။ အလုပ်သင်ကာလတစ်လျှောက် စာကြည့်တိုက်၀န်ဆောင်မှု၊ လူမှုဆက်သွယ်ပြောဆိုမှု၊ ပွဲအခမ်းအနားများစီစဥ်မှု၊ ဒီဂျစ်တယ်ကွန်းတန့်များ ဖန်တီးဝေမျှမှုတို့ကို မတူညီသောနေ့များတွင် ဌာနများအလိုက် အလှည့်ကျလက်တွေ့လုပ်ငန်းအတွေ့အကြုံများအဖြစ် လေ့လာသင်ယူခွင့်ရရှိမှာဖြစ်ပါတယ်။
ဤအလုပ်သင်အစီအစဥ်အကြောင်း ပိုမိုသိရှိလိုပါက -
EMPM Announcement:
https://empm.education/goethe-institut-myanmar/
Career at Goethe-Institut Myanmar:
https://www.goethe.de/ins/mm/en/ueb/kar/emp.html
လျှောက်လွှာတင်ရန် -
စိတ်၀င်စားသူများအနေဖြင့် မိမိ၏ ကိုယ်ရေးမှတ်တမ်း resume နှင့် cover letter တို့ကို ထောက်ခံစာတစ်စောင်နှင့် ပူးတွဲကာ "Dual Internship Application—Library & Communications" ခေါင်းစဥ်ဖြင့်
hr-yangon@goethe.de သို့ ၂၀၂၅ ခုနှစ်၊ မေလ ၂၆ ရက်နေ့ နောက်ဆုံးထားပြီး အီးမေးလ်ပေးပို့လျှောက်ထားနိုင်ပါတယ်။