Logo:Goethe-Institut Claim:Sprache. Kultur. Deutschland.

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ သတင်းလွှာ

Goethe-Institut Myanmar

Deutsch | English | မြန်မာ

ယဥ်ကျေးမှု

Christmas Bazzar

©Goethe-Institut Myanmar

Goethe ခရစ္စမတ်ဈေးပွဲတော် ၂၀၂၅ ကို လာရောက်ဖို့ Save the Date လုပ်ထားလိုက်ပါနော်!

ကျွန်ုပ်တို့၏ နှစ်စဉ်ကျင်းပသော Goethe ခရစ္စမတ်ဈေးပွဲတော် ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ ယခုနှစ်တွင် လူမှုအသိုက်အဝန်း နှင့် အားလုံးအကျုံးဝင်မှု (inclusion) ကို အထူးအလေးထားပြီး ပွဲတော်အစီအစဉ်များကို ဖော်ဆောင်သွားမှာဖြစ်ပါတယ်။

ထို့အပြင် မသန်စွမ်းသူများ၏ အခွင့်အရေးတိုးမြှင့်ရေး လှုပ်ရှားမှုများကို ဦးဆောင်ဆောင်ရွက်နေသော မသန်စွမ်းအသိုက်အဝန်းအဖွဲ့အစည်းများ အား ဂုဏ်ယူစွာ လက်တွဲလုပ်ဆောင်သွားမှာဖြစ်ပြီး၊ ၎င်းတို့၏ လက်မှုပစ္စည်းများ၊ ကွတ်ကီးများ၊ အမှတ်တရပစ္စည်းများနှင့် ရန်ပုံငွေရှာဖွေရေးအစီအစဉ်များကို ပြပွဲခန်းမတွင် အထူးပြသပေးသွားပါမယ်။ အထူးအစီအစဉ်တစ်ခုအနေနဲ့ Myanmar Christian Fellowship of the Blinds ရဲ့ ခရစ္စမတ်သံစုံသီဆိုမှုအဖွဲ့ကနေ ပါဝင်ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်ပါတယ်။ ထို့အပြင်၊ စာကြည့်တိုက်တွင် ကလေးများအတွက် ခရစ္စမတ်အထူး အစီအစဥ်များကိုလည်း တင်ဆက်ပေးသွားပါတယ်။

သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတထိန်းသိမ်းသည့် ထုတ်ကုန်များကို လေ့လာဝယ်ယူရင်း၊ ခရစ္စမတ်အထိန်းအမှတ် စားသောက်ကုန်များကို သုံးဆောင်ကာ ပျော်ရွှင်ဖွယ်အတွေ့အကြုံကို ခံစားနိုင်ပါတယ်။ ပြည်တွင်း ထုတ်ကုန်ရောင်းချသူများနှင့် inclusion မိတ်ဖက်အဖွဲ့အစည်းများမှ ထူးခြားသည့် လက်ဆောင်ပစ္စည်းများကိုလည်း လေ့လာဝယ်ယူနိုင်ပါတယ်။

ပွဲအစီအစဉ်အချက်အလက်များ
ရက်စွဲ: တနင်္ဂနွေ၊ ၂၀၂၅ ဒီဇင်ဘာ ၇ ရက်
အချိန်: နံနက် ၉:၃၀ – ညနေ ၅:၃၀
နေရာ: Goethe-Institut Myanmar
(ကမ္ဘာအေးဘုရားလမ်း နှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်)

မသန်စွမ်းအသိုက်အဝန်း မိတ်ဖက်အဖွဲ့အစည်းများကို ပံ့ပိုးကူညီသည့် ပျော်ရွှင်ဖွယ်နေ့တစ်နေ့အဖြစ် ကျွန်ုပ်တို့နှင့်အတူ လာရောက်ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။

သတင်းအချက်အလက်များအတွက် christmasbazaar.yangon@goethe.de သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
Myanmar Font Making Program

©Goethe-Institut Myanmar

Sharing session: Skills, Concepts, and Creative Exploration

Myanmar Font Making Program

Goethe-Institut မြန်မာနှင့် မြန်မာ type design, font design ကျွမ်းကျင်သူများ ပူးပေါင်းပြုလုပ်သည့် မြန်မာ Font design ဖန်တီးမှုနှင့် လေ့လာမှုဆိုင်ရာ အစီအစဉ်များကို ၂၀၂၄ ခုနှစ် တစ်နှစ်တာပတ်လုံး ပြုလုပ်ခဲ့ပါသည်။ အဆိုပါ စီမံကိန်း၏ အပြီးသတ် အစီအစဉ်တစ်ရပ်အဖြစ် Font design ဆိုင်ရာ တီထွင်ဖန်တီးမှု၊ concept နှင့် နည်းစနစ်များကို ယူကေ အခြေစိုက် Type Designer, Font developer ဖြစ်သူ Ben Mitchell နှင့် မြန်မာ Font designer များမှ အတူမျှ၀ေပေးသွားမည့် အစီအစဉ်တစ်ရပ်ကို online မှ ပြုလုပ်သွားမည်ဖြစ်ပါသည်။

အစီအစဉ်ကို ဒီဇင်ဘာလ ၈ ရက်နေ့နှင့် ၉ ရက်နေ့တွင် Zoom မှတဆင့် ပြုလုပ်သွားမည်ဖြစ်ပြီး၊ အသေးစိတ်နှင့် ကြိုတင် registration ကောက်ယူခြင်းများကို Goethe-Institut မြန်မာ၏ လူမှုကွန်ယက်စာမျက်နှာများမှ မကြာမီ အသေးစိတ် ကြေညာသွားမည်ဖြစ်ပါသည်။
Curious Academy Myanmar

©Goethe-Institut Myanmar

အစီအစဉ်စတင်ခြင်း

Curious Academy Myanmar

Goethe-Institut မြန်မာနှင့် School of Contemporary Art (SoCA) မှ ပူးပေါင်းပြုလုပ်သည့် Curious Academy Myanmar တွင် ပါ၀င်တက်ရောက်မည့်သူများကို ရွေးချယ်ပြီးသည့်နောက် ဒီဇင်ဘာလ အစောပိုင်းတွင် အစီအစဉ်များကို စတင်တော့မည်ဖြစ်ပါသည်။

အနုပညာဖန်တီးခြင်းတွင်စူးစမ်းချင်စိတ်ကိုအခြေခံထားသော လေ့လာသင်ကြားနည်းများပါ၀င်သည့် အစီအစဥ်တစ်ခုဖြစ်ပြီး ဖန်တီးမှုကြားခံနယ် အသစ်များ၊ တစ်ခုထက်ပိုသော ကြားခံနယ်တို့ကို စူးစမ်းလေ့လာသော အပြန်အလှန်သင်ကြားမှုအစီအစဉ်များ ပါ၀င်မည်ဖြစ်သည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာမှ ၂၀၂၆ ခုနှစ် မတ်လအထိ ကြာမြင့်မည့် အစီအစဉ်တစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံ၊ ဂျာမနီ၊ အမေရိကန်နှင့် စက်ာပူနိုင်ငံများမှ ဦးဆောင်သင်ကြားပေးသူများပါ၀င်သွားမည်ဖြစ်ပါသည်။
Towards Empathy

©Goethe-Institut Myanmar

စာနာခြင်းတံတားအစီအစဉ်၏ လုပ်ငန်းစဉ်များ

Goethe-Institut မြန်မာ၏ စာနာခြင်းတံတား အစီအစဉ်တွင် ပါ၀င်သည့် အဖွဲ့ ၁၃ ဖွဲ့သည် စာနာနားလည်ခြင်းဆိုင်ရာ အကြောင်းအရာများ၊ ခံယူချက်များ နှင့် စံနမူနာများကို မတူညီသည့် ချဉ်းကပ်မှုပုံစံများ၊ ခေါင်းစဉ်များဖြင့် နှစ်လတာ ဆွေးနွေးလာခဲ့ကြပြီးဖြစ်ပါသည်။ အဖွဲ့အသီးသီး၏ ဆွေးနွေးမှုများကို တင်ပြဖလှယ်သည့် အစီအစဉ်တစ်ရပ်ကိုလည်း ပြီးခဲ့သည့် နို၀င်ဘာလ ၈ ရက်နေ့က Goethe-Institut မြန်မာတွင် hybrid format ဖြင့် ပြုလုပ်ခဲ့ပါသည်။ နောက်ဆက်တွဲအစီအစဉ်များကိုလည်း Goethe-Institut မြန်မာ၏ အင်တာနက်စာမျက်နှာများတွင် ဖော်ပြသွားမည်ဖြစ်ပါသည်။
Within & Beyond: Reimagining Art across Distances

©Goethe-Institut Myanmar

အနုပညာပြပွဲ

Within & Beyond: Reimagining Art across Distances

‘‘အကွာအဝေး နှင့် အဆက်အသွယ်ပြတ်(တောက်)ခြင်း‘‘ ဟူသည့်စကားရပ်၊ သူ၏သက်ရောက်မှု၊ ဝေးကွာမှုနှင့် အဆက်အသွယ်ပြတ်တောက်မှုများကြောင့် အသွင်သဏ္ဍာန်ပြောင်းလဲမှုအပြင်၊ အကွာအ၀ေးကြားက ချိတ်ဆက်မှု၊ ထိစပ်မှု၊ နားလည်နိုင်မှု၊ ခံစားနိုင်မှုများ၊ အကွာအဝေးကြောင့် ဖြစ်ပေါ်လာသော ထပ်တူညီမှုနှင့် ခြားနားမှုများ အစရှိသည်တို့ကို ထင်ဟပ်သည့် အနုပညာလက်ရာများကို တင်ဆက်ပြသရန်ရည်ရွယ်သည့် Within & Beyond: Reimagining Art Across Distances အစီအစဉ်၏ ပြပွဲကို ဒီဇင်ဘာလ ၁၂ ရက်မှ ၁၈ ရက်နေ့ထိ Goethe-Institut မြန်မာတွင်ပြုလုပ်သွားမည်ဖြစ်ပါသည်။

မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ပြင်သစ်၊ ချက် (စ်) ရီပက်ဘလစ်၊ ပြင်သစ် နှင့် ဆွီဒင်အစရှိသည့် နိုင်ငံများတွင်ရှိနေသော မြန်မာ artist ၈ ဦး၊ မြန်မာ ကျူရေတာ ၃ ဦးတို့ ပါ၀င်ပြီး ပြပွဲအစီအစဉ်အသေးစိတ်ကို Goethe-Institut မြန်မာ၏ အင်တာနက်စာမျက်နှာများတွင် ထပ်မံ ဖော်ပြသွားမည်ဖြစ်ပါသည်။

ဘာသာစကား

German Language Courses

©Goethe-Institut Myanmar

ဒီဇင်ဘာလ

ဂျာမန်ဘာသာစကားသင်တန်းများ

Goethe-Institut မြန်မာတွင် ဂျာမန်စကားကိုစနစ်တကျစတင်သင်ယူပါ။ ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများကို  ဥရောပဘာသာစကားဆိုင်ရာစံချိန်စံနှုန်းမူဘောင် (GER) နှင့်အညီ အဆင့် (၆)ဆင့်အပေါ်တွင်အခြေခံထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏သင်တန်းများသည် နိုင်ငံတကာစံချိန်စံနှုန်းနှင့်တိုင်းတာနှိုင်းယှဥ်နိုင်ပါသည်။ Goethe-Institut မြန်မာက ဒီဇင်ဘာလ အတွက် B2.2 ဂျာမန်ဘာသာစကားသင်တန်း ဖွင့်လှစ်လျက်ရှိပါသည်။ သင်တန်းများကို အချိန်မရွေး နေရာမရွေး အွန်လိုင်းမှ စာရင်းသွင်းခြင်း ပြုလုပ်နိုင်ပါပြီ။ စုံစမ်းမေးမြန်းလိုသည်များရှိပါက info.language.mmr@goethe.de မှတဆင့် အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။ 

စာကြည့်တိုက်

Board Game

© Goethe-Institut Myanmar

“Gib mir ein A” ဖြင့် ဂျာမန်ဘာသာစကားကို ပျော်ရွှင်စွာ သင်ယူလိုက်ပါ။

Der Brettspiel-Tag!

ဒီဇင်ဘာလရဲ့  Boardgame Day မှာတော့ ဂျာမန်ဘာသာစကား A1 level ရှိတဲ့ ကျောင်းသူ၊ ကျောင်းသားများအတွက်  ဆော့ရလွယ်ကူပြီး ပျော်ဖို့လည်းကောင်းတဲ့ ဂျာမန်စာသဒ္ဒါပိုင်းဆိုင်ရာ “Gib mir ein A” ဂိမ်းလေးကို စီစဥ်ပေးထားပါတယ်။ ဒီဂိမ်းလေးမှာ နာမ်၊ နာမ၀ိသေသန၊ ကြိယာ နဲ့  ၀ိဘတ်လေးတွေကို နည်းစနစ်မှန်မှန်ဖြင့် စကားလုံးတွေကို သူငယ်ချင်းတွေနဲ့အတူ တည်ဆောက်ပြီး အသံထွက်မှန်အောင်လည်း ဂိမ်းဆော့ရင်း   အပြောလေ့ကျင့်လို့ရနိုင်ပါတယ်။ ဒါဆို... Boardgame Day မှာပါ၀င်ဖို့ ခုပဲ biblio-yangon@goethe.de မှာ နာမည်၊ ဖုန်းနံပါတ်၊ သင့်ရဲ့ ဂျာမန်ဘာသာစကား level ကို ပေးပို့ပြီး စာရင်းပေးလိုက်တော့နော်။ 
Reading Club

©Goethe-Institut Myanmar

ဒီဇင်ဘာလ

“READING CLUB” Program

ဂျာမန်ဘာသာစကား သင်ယူနေတဲ့သူတွေ စာဖတ်စွမ်းရည် တိုးတက်လာစေရန်နှင့် စကားလုံးဝေါဟာရများ ပိုကြွယ်၀လာစေရန် လစဥ်ကျင်းပပြုလုပ်တဲ့ “Reading Club/Leseclub’’ လေး ရောက်ရှိလို့လာပါပြီ။

ဒီလရဲ့ အစီအစဥ်လေးက A2 Level အတွက်ဖြစ်ပြီး ဆရာမနဲ့အတူတူ(၂) ချိန်စလုံး စာအုပ်တစ်အုပ်တည်းကို ဖတ်ကြမှာဖြစ်ပါတယ်။ ဒါကြောင့် (၂)ရက်စလုံး ပါ၀င်ပေးနိုင်မှသာ ထိရောက်တဲ့ စာဖတ်ခြင်း အလေ့အထကောင်းကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဒါဆို ၀ါသနာတူသူငယ်ချင်းတွေနဲ့စာတူတူဖတ်ကြရင်း အတွေးအမြင်လေးတွေ ဝေမျှဖို့ ဖိတ်ခေါ်ပါရစေနော်။

စိတ်၀င်စားလို့ ပါ၀င်ချင်တယ် ဆိုရင်တော့ biblio-yangon@goethe.de သို့အမည်၊ ဖုန်းနံပါတ်၊ မိမိရဲ့ ဂျာမန် levelကို အီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။
Lernberatung

©Goethe-Institut Myanmar

Empowering Your Learning Journey:

“LEARNING ADVISORY” Program

"Learning Advisory" Programလို့ ခေါ်တဲ့ "Lernberatung" အစီအစဉ်မှာ သင့်ရဲ့ ဂျာမန်စာလေ့လာမှုနဲ့ ပတ်သက်ပြီး ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို Goethe-Institut Myanmar မှ ဆရာ/ဆရာမကနေ ဆွေးနွေးအကြံပြုပေးသွားမှာ ဖြစ်ပါတယ်။ ဒီလရဲ့ ''Lernberatung'' အစီအစဉ်ကတော့ အွန်လိုင်းအစီအစဉ်လေးဖြစ်ပြီး A1-level ဂျာမန်ဘာသာစကား လေ့လာနေသူများအတွက် ဖတ်ရှုသင့်တဲ့ စာအုပ်တွေ၊ online resources တွေ၊ ကိုယ့် level နဲ့ ကိုက်ညီမယ့် အကြံပြုချက်တွေကို ဆွေးနွေးအကြံပြုပေးသွားမှာပဲ ဖြစ်ပါတယ်။

ဒီအွန်လိုင်းအစီအစဉ်လေးမှာ ပါ၀င်ချင်တယ်ဆိုရင်တော့ biblio-yangon@goethe.de သို့ အမည်၊ ဖုန်းနံပါတ်၊ မိမိရဲ့ ဂျာမန် level နှင့် မိမိမေးလိုသည့် အကြောင်းအရာ    တို့ကို အီးမေးလ်ပေးပို့ပြီး အခုပဲ စာရင်းပေးလိုက်တော့နော်။

ဆက်သွယ်ရန်

Goethe-Institut မြန်မာ
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း +95 1 9376160
info-yangon@goethe.de

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက

Impressum | Datenschutz | Newsletter abbestellen