Logo:Goethe-Institut Claim:Sprache. Kultur. Deutschland.

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ သတင်းလွှာ

Goethe-Institut Myanmar

Deutsch | English | မြန်မာ

ယဉ်ကျေးမှု

AoC job annoucement

© Goethe-Institut Myanmar

Academy of Care ရဲ့ လုပ်ငန်းခရီးသစ်နဲ့အတူ အဖွဲ့ဝင်အသစ်များကို ဖိတ်ခေါ်ပါတယ်

Academy of Care (AoC) သည် ၂၀၂၆–၂၀၂၉ လုပ်ငန်းကာလသစ်အဖြစ် ဝင်ရောက်လာပြီဖြစ်ပြီး၊ Goethe-Institut Myanmar အနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူလက်တွဲလုပ်ဆောင်ကာ AoC အဖွဲ့ကို တိုးချဲ့ဖွဲ့စည်းလျက်ရှိပါတယ်။
ဤလုပ်ငန်းကာလအတွင်း အတွေ့အကြုံအဆင့်အမျိုးမျိုးနှင့် ကဏ္ဍအမျိုးမျိုးမှ ပညာရှင်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို လက်ရှိ ဖိတ်ခေါ်လျက်ရှိပါတယ်။

အသစ်ထပ်မံကြေညာမည့် အလုပ်အကိုင်အခွင့်အလမ်းများကို သိရှိနိုင်ရန် ကျွန်ုပ်တို့၏ Social Media ချန်နယ်များ နှင့် Website (Careers အောက်တွင်) ကို ဆက်လက် စောင့်ကြည့်ကြပါရန် ဖိတ်ခေါ်အပ်ပါတယ်။
Cultural Program Coordinator and Assistant to the Director

© Goethe-Institut Myanmar

(30 hours/4 days per week), starting from 1 June 2026

Cultural Program Coordinator and Assistant to the Director

Goethe-Institut မြန်မာ၏ ယဉ်ကျေးမှုဌာနတွင် ‘Cultural Programme Coordinator’ ရာထူး 50% နှင့် Assistant to Director ရာထူး 25% ကို တာ၀န်ထမ်းဆောင်ရန် ခေါ်ယူလျှက်ရှိပါသည်။ ယခုရာထူးသည် ယဉ်ကျေးမှုနှင့် အနုပညာစီမံခန့်ခွဲမှုဆိုင်ရာကဏ္ဍများတွင် အတွေ့အကြုံရှိပြီးသူများ နိုင်ငံတကာယဉ်ကျေးမှုအဖွဲ့အစည်းများနှင့် အင်စတီကျူးရှင်းများတွင် ၃ နှစ်မှ ၅ နှစ်အထိလုပ်သက်အတွေ့ကြုံရှိခဲ့ပြီးသူများ လျှောက်ထားနိုင်ပါသည်။

လျှောက်ထားရန် အသေးစိတ်ကို အောက်ပါ လင့် (ခ်) မှ တစ်ဆင့်ကြည့်ရှုနိုင်ပါသည်။ 
Towards Empathy

© Goethe-Institut Myanmar

စာနာခြင်းတံတားအစီအစဉ်၏ လုပ်ငန်းစဉ်များ

Goethe-Institut မြန်မာ၏ စာနာခြင်းတံတား အစီအစဉ်တွင် ပါ၀င်သည့် အဖွဲ့ ၁၂ ဖွဲ့သည် စာနာနားလည်ခြင်းဆိုင်ရာ အကြောင်းအရာများ၊ ခံယူချက်များ နှင့် စံနမူနာများကို မတူညီသည့် ချဉ်းကပ်မှုပုံစံများ၊ ခေါင်းစဉ်များဖြင့် ဆွေးနွေးလာခဲ့ကြပြီးဖြစ်ပါသည်။ များမကြာခင်ကာလတွင် အဆိုပါ ဆွေးနွေးမှုများကိုပြန်လည်ထင်ဟပ်၍ အများနှင့် မျှ၀ေနိုင်မည့် စီမံကိန်းများကို အဖွဲ့အသီးသီးက အကောင်အထည်ဖော်သွားမည်ဖြစ်သည့်အတွက် နောက်ဆက်တွဲ အကြောင်းအရာများကို Goethe-Institut မြန်မာ၏ အင်တာနက် စာမျက်နှာများတွင် အသိပေးသွားမည်ဖြစ်ပါသည်။
Curious Academy Myanmar

© Goethe-Institut Myanmar

Curious Academy Myanmar

Goethe-Institut မြန်မာနှင့် School of Contemporary Art (SoCA) မှ ပူးပေါင်းပြုလုပ်သည့် Curious Academy Myanmar သည် ၂၀၂၆ ခုနှစ်တွင်လည်း ပြည်တွင်းနှင့် နိုင်ငံတကာမှ ဦးဆောင်သူများဖြင့်  အစီအစဉ်များလည်ပတ်လျှက်ရှိပါသည်။

မတ်လတွင် ပါ၀င်သူများအားလုံး၏ တင်ဆက်မှုတစ်ရပ်ကို ပြုလုပ်သွားမည်ဖြစ်ပြီး Goethe-Institut မြန်မာ၏ အင်တာနက် စာမျက်နှာများတွင် အသိပေးသွားမည်ဖြစ်ပါသည်။

ဘာသာစကား

German Courses

© Goethe-Institut Myanmar

Term 2 အတွက် ဂျာမန်ဘာသာ သင်တန်းများ

မတ်လမှာ Goethe-Institut Myanmar မှ Term 2 အတွက် ဂျာမန်ဘာသာ သင်တန်းများကို ပြန်လည်ဖွင့်လှစ်သွားပါမည်။

Goethe-Institut မြန်မာတွင် ဂျာမန်စကားကိုစနစ်တကျစတင်သင်ယူပါ။ ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများကို  ဥရောပဘာသာစကားဆိုင်ရာစံချိန်စံနှုန်းမူဘောင် (GER) နှင့်အညီ အဆင့် (၆)ဆင့်အပေါ်တွင်အခြေခံထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏သင်တန်းများသည် နိုင်ငံတကာစံချိန်စံနှုန်းနှင့်တိုင်းတာနှိုင်းယှဥ်နိုင်ပါသည်။ သင်တန်းများကို အချိန်မရွေး နေရာမရွေး အွန်လိုင်းမှ စာရင်းသွင်းခြင်း ပြုလုပ်နိုင်ပါပြီ။ စုံစမ်းမေးမြန်းလိုသည်များရှိပါက info.language.mmr@goethe.de မှတဆင့် အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။

Term 2 ကာလ: 02.03.2026 – 08.04.2026
စာရင်းသွင်းရန်: 02.02.2026 – 08.02.2026


ဂျာမန်ဘာသာကို စတင်လေ့လာပြီး သင်၏ ရည်မှန်းချက်များသို့ ခြေလှမ်း တစ်လှမ်း ပိုမိုနီးကပ်အောင်သွားလိုက်ပါ။

စာကြည့်တိုက်

Youth Volunteering for Impact

© Goethe-Institut Myanmar

YOUTH DIALOGUE LAB

တွေးခေါ်ချိတ်ဆက်လူငယ်စကားဝိုင်း

SDG goals တွေကို အခြေခံပြီး မတူညီတဲ့ အကြောင်းအရာ၊ခေါင်းစဥ်အောက်တွေမှာ လူငယ်တွေရဲ့ အတွေးအမြင်တွေကို အပြန်အလှန်ဆွေးနွေးနိုင်ခဲ့တဲ့ Youth Dialogue Lab လူငယ်စကားဝိုင်းလေးကို 2026 မှာလည်း စာကြည့်တိုက်တွင် ဆက်လက်ကျင်းပသွားဖို့ရှိပါတယ်။ 

ဒီတစ်ခေါက်မှာတော့ SDG 8: Decent Work and Economic Growth ပြည့်မှီဖို့ရန် လိုအပ်တဲ့ အရည်အချင်းတွေကို လူငယ်တွေအနေနဲ့ community project တွေမှာ လုပ်အားပေးကူညီခြင်းဖြင့် ရရှိနိုင်ကြောင်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
အထူးသဖြင့် Volunteerism ဆိုတာဘာလဲ၊ သူ့ရဲ့ တကယ့်အနှစ်သာရကဘယ်လိုမျိူးလဲ၊ ခုလက်ရှိ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ volunteering အခက်အခဲလေးတွေက ဘာတွေများရှိလဲ ဆိုတာကိုပါ လူငယ်တွေအချင်းချင်း ဆွေးနွေးနိုင်အောင် စီစဥ်ပေးထားပါတယ်။  ဒါ့အပြင် လုပ်အားပေးကူညီခြင်းကနေ ကိုယ့်အတွက် ရရှိနိုင်မယ့်ဗဟုသုတနဲ့ အရည်အချင်းတွေကို အတူတူ ဖော်ထုတ်ပြီး နောက်ထပ် community project တွေ လုပ်တဲ့အခါမှာ ဘယ်လိုမျိုး ပိုထိရောက်ကောင်းမွန်တဲ့အကျိူးကျေးဇူးတွေရရှိစေနိုင်သလဲဆိုတာကိုပါ စူးစမ်းလေ့လာကြမှာဖြစ်ပါတယ်။  ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တွေး‌ခေါ်ချိတ်ဆက်ဆွေး‌နွေးချင်တဲ့ လူငယ်လေးတွေအတွက် ဒီစကားဝိုင်းလေးကို မဖြစ်မနေ တက်ရောက်သင့်ပါတယ်နော်။

ဝင်ကြေးအခမဲ့ဖြစ်ပြီး၊ လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ - 
♦အမည်  ♦အသက် ♦ဖုန်းနံပါတ် တို့ကို စာကြည့်တိုက်ဖွင့်ချိန်အတွင်း biblio-yangon@goethe.de မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။
Paper Mache Activity

© Goethe-Institut Myanmar

ကလေးများနဲ့ လူငယ်များအတွက် အစီအစဉ်

Paper Mache Activity

မြန်မာ့ရိုးရာကစားစရာ အရုပ်လေးတွေကို အမှတ်တရ ဖန်တီးချင်တဲ့ အသက် ၈ နှစ်မှ ၁၂ နှစ်အရွယ် သားသားမီးမီးတို့အတွက် စာကြည့်တိုက်ရှိ ကလေးနှင့်လူငယ်အစီအစဥ်မှာ "Paper Mache Activity" ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီအစီအစဥ်လေးက မြန်မာ့ရိုးရာကစားစရာပစ္စည်းလေးတွေဖြစ်တဲ့ ပစ်တိုင်းထောင်တို့ ဖိုးဝရုပ်တို့လိုအရုပ်လေးတွေကို ရောင်စုံစက္ကူလေးတွေကို ကော်နဲ့ထပ်ပြီး ကပ်ကာ ပုံတူဖန်တီးကြမှာဖြစ်ပါတယ်။ စက္ကူရုပ်လေးတွေ ကပ်ရင်း မြန်မာ့ရိုးရာကစားစရာ အရုပ်လေးတွေအကြောင်းလည်း လေ့လာနိုင်မှာဖြစ်လို့ ဒီအစီအစဥ်လေးက သင့်ကလေးကို ပျော်ရွှင်မှု၊ဖန်တီးနိုင်မှုနဲ့ ဗဟုသုတတို့ကို ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။

ဒါကြောင့် မြန်မာ့ရိုးရာ၊ မြန်မာ့ဟန်အပြည့်ပါဝင်တဲ့ ကစားစရာအရုပ်လေးတွေကို သင့်ကလေးကို အသစ်အဆန်းအနေနဲ့ ကိုယ်တိုင်ဖန်တီးခွင့်ပေးကြည့်ပါနော်။ 

ဝင်ကြေးအခမဲ့ဖြစ်ပြီး၊ လူဦးရေကန့်သတ်ထားတာမို့  သူငယ်ချင်းတွေနဲ့ စက္ကူအတူတူခေါက်ကြရအောင် ခုပဲ ♦အမည်  ♦အသက် ♦ဖုန်းနံပါတ် တို့ကို biblio-yangon@goethe.de မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။
Board Game

© Goethe-Institut Myanmar

“Der Planet Steht Auf Dem Spiel” ဖြင့် ဂျာမန်ဘာသာစကားကို ပျော်ရွှင်စွာ သင်ယူလိုက်ပါ။

Board Game Day

စာကြည့်တိုက်မှာ ပုံမှန်ကျင်းပလေ့ရှိတဲ့ Board Game Day လေးကို ဖေဖော်ဝါရီလ မှာတော့ အသစ်အဆန်းအနေဖြင့် သဘာ၀ပတ်၀န်းကျင်ဆိုင်ရာဂိမ်းလေးကို ‌ရွေးချယ်ပေးထားပါတယ်။  ဒီဂိမ်းလေးမှာတော့ အမှိုက်အမျိုးအစားတွေ ဘယ်လိုခွဲခြားစွန့်ပစ်ရမလဲ၊ ပစ္စည်း‌ဟောင်းလေးတွေကို ဘယ်လိုပြန်လည်အသုံးပြုနိုင်မလဲနှင့် ကာဗွန်ထုတ်လုပ်မှုလျော့ချဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ စွမ်းအင်တွေကိုသုံးကြမလဲဆိုတာကို ချစ်စရာမြေပုံလေးအတိုင်း အံစာတုံးခေါက်ရင်း တူတူခန့်မှန်းဖြေဆိုရမှာဖြစ်ပါတယ်။
 
ဒီ Board Game လေးမှာ ဂိမ်းကစားသူတွေ  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်တဲ့ အသိပညာတွေကို ပျော်ရွှင်စွာလေ့လာနိုင်အောင် စိတ်၀င်စားဖွယ် ဒီဇိုင်းဆွဲပေးထားတာဖြစ်ပါတယ်။ ဒီဂိမ်းလေးက ဂျာမန်ဘာသာစကား A2 Level နှင့်အထက် ကျောင်းသူကျောင်းသားများအတွက် အထူးသင့်တော်ပါတယ်။   ဒါကြောင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့်သက်ဆိုင်တဲ့ ဂျာမန်‌‌‌ဝေါဟာရအသစ်တွေကို လေ့လာချင်တယ်ဆိုရင် biblio-yangon@goethe.de သို့ အမည်၊  ဖုန်းနံပါတ်၊ မိမိရဲ့ ဂျာမန် level ကိုအီးမေးလ်ပေးပို့ပြီး ခုပဲ စာရင်းပေးလိုက်တော့နော်။
Reading Club

© Goethe-Institut Myanmar

February

Reading Club

ဂျာမန်ဘာသာစကား သင်ယူနေတဲ့သူတွေ စာဖတ်စွမ်းရည် တိုးတက်လာ‌စေရန်နှင့် စကားလုံး‌ဝေါဟာရများ ပိုကြွယ်၀လာ‌စေရန်  လစဥ်ကျင်းပပြုလုပ်တဲ့ “Reading Club/Leseclub’’ လေး ရောက်ရှိလို့လာပါပြီ။

ဒီလရဲ့ အစီအစဥ်လေးက A2 Level အတွက်ဖြစ်ပြီး  ဆရာမနဲ့အတူတူ (၂) ချိန်စလုံး စာအုပ်တစ်အုပ်တည်းကို ဖတ်ကြမှာဖြစ်ပါတယ်။ ဒါ‌ကြောင့်  (၂) ရက်စလုံး ပါ၀င်ပေးနိုင်မှသာ ထိ‌ရောက်တဲ့ စာဖတ်ခြင်း အလေ့အထကောင်းကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။  ဒါဆို ၀ါသနာတူသူငယ်ချင်းတွေနဲ့စာတူတူဖတ်ကြရင်း အတွေးအမြင်လေးတွေ ‌‌ ဝေမျှဖို့  ဖိတ်ခေါ်ပါရစေနော်။

စိတ်၀င်စားလို့ ပါ၀င်ချင်တယ်ဆိုရင်တော့ biblio-yangon@goethe.de သို့ အမည်၊  ဖုန်းနံပါတ်၊ မိမိရဲ့ ဂျာမန် level ကိုအီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။
Learnberatung

© Goethe-Institut Myanmar

Empowering Your Learning Journey:

“LEARNING ADVISORY” Program

"Learning Advisory" Programလို့ ခေါ်တဲ့ "Lernberatung" အစီအစဉ်မှာ သင့်ရဲ့ ဂျာမန်စာလေ့လာမှုနဲ့ ပတ်သက်ပြီး ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို Goethe-Institut Myanmar မှ ဆရာ/ဆရာမကနေ ဆွေးနွေးအကြံပြုပေးသွားမှာ ဖြစ်ပါတယ်။ ဒီလရဲ့ ''Lernberatung'' အစီအစဉ်ကတော့ B1-level အတွက်ဖြစ်ပြီး ဂျာမန်ဘာသာစကား လေ့လာနေသူများအတွက် ဖတ်ရှုသင့်တဲ့ စာအုပ်တွေ၊ online resources တွေ၊ ကိုယ့် level နဲ့ ကိုက်ညီမယ့် အကြံပြုချက်တွေကို ဆွေးနွေးအကြံပြုပေးသွားမှာပဲ ဖြစ်ပါတယ်။ စာကြည့်တိုက်သို့လူကိုယ်တိုင်မလာရောက်နိုင်သူတွေအတွက်လည်းပါ၀င်မေးမြန်းလို့ရအောင် virtual online session ကိုလည်း ထည့်သွင်းစီစဉ်ပေးထားပါတယ်။

ဒီအစီအစဉ်လေးမှာ ပါ၀င်ချင်တယ်ဆိုရင်တော့ biblio-yangon@goethe.de သို့ အမည်၊ ဖုန်းနံပါတ်၊ မိမိရဲ့ ဂျာမန် level၊ မိမိမေးလိုသည့် အကြောင်းအရာ နှင့် ဖော်ပြပါရက်များမှ မိမိတက်ရောက်လိုသည့် session (13.Feb.2026-In person OR  19.Feb.2026-Zoom Meeting) စသည်တို့ကိုအီးမေးလ်ပေးပို့ပြီး အခုပဲ စာရင်းပေးလိုက်တော့နော်။

ဆက်သွယ်ရန်

Goethe-Institut မြန်မာ
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း +95 1 9376160
info-yangon@goethe.de

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက

Impressum | Datenschutz | Newsletter abbestellen