Logo:Goethe-Institut Claim:Sprache. Kultur. Deutschland.

၂၀၂၆ ခုနှစ်၊ မေလ သတင်းလွှာ

Goethe-Institut Myanmar

Deutsch | English | မြန်မာ

ယဉ်ကျေးမှု

Choir Conducting Masterclass with Kerstin Behnke

© Goethe-Institut Indonesia / Each Other Company

Open Call:

Choir Conducting Masterclass with Kerstin Behnke

မြန်မာနှင့် အရှေ့တောင်အာရှတွင် အခြေစိုက်နေထိုင်သော မြန်မာ Choir practitioner များအနေဖြင့် Kerstin Behnke နှင့်အတူ လေ့လာသင်ယူရမည့် Choir Conducting Masterclass သို့ လျှောက်ထားနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။
ဤသင်တန်းသည် လက်တွေ့လုပ်ဆောင်မှုကို အဓိကထားသည့် အထူးမွမ်းမံသင်တန်းဖြစ်ပြီး သင်တန်းအပြီးတွင် ဖျော်ဖြေပွဲတစ်ခု တင်ဆက်ကပြခြင်းဖြင့် အဆုံးသတ်မည်ဖြစ်ပါသည်။
Cultural Connections 2.0

© American Center Yangon

Cultural Connections 2.0

ရန်ကုန်မြို့ရှိ သံရုံးများနှင့် နိုင်ငံတကာယဉ်ကျေးမှုဌာနများတွင် ကျင်းပမည့် အနုပညာ၊ ဂီတနှင့် ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များမေလတွင် ပြုလုပ်သွားမည်ဖြစ်ပါသည်။

Goethe-Institut Myanmar အနေဖြင့်လည်း မေလ ၂၃ ရက်နေ့တွင် လူထုအခြေပြု အစီအစဉ်များစွာဖြင့် Cultural Connections 2.0 တွင် ပါဝင်ဆင်နွှဲသွားမည် ဖြစ်ပါသည်။ အသေးစိတ်အချက်အလက်များကို ကျွန်ုပ်တို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် ဆက်လက်ကြေညာပေးသွားပါမည်။

ဘာသာစကား

German Courses Starting in Term 4

© Goethe-Institut Myanmar

Term 4 ကာလ: 22.06.2026 - 28.07.2026

Term 4 အတွက် ဂျာမန်ဘာသာ သင်တန်းများ

ဇွန်လမှာ Goethe-Institut Myanmar မှ Term 4 အတွက် ဂျာမန်ဘာသာ သင်တန်းများကို ပြန်လည်ဖွင့်လှစ်သွားပါမည်။
 
Goethe-Institut မြန်မာတွင် ဂျာမန်စကားကိုစနစ်တကျစတင်သင်ယူပါ။ ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများကို  ဥရောပဘာသာစကားဆိုင်ရာစံချိန်စံနှုန်းမူဘောင် (GER) နှင့်အညီ အဆင့် (၆)ဆင့်အပေါ်တွင်အခြေခံထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏သင်တန်းများသည် နိုင်ငံတကာစံချိန်စံနှုန်းနှင့်တိုင်းတာနှိုင်းယှဥ်နိုင်ပါသည်။ သင်တန်းများကို အချိန်မရွေး နေရာမရွေး အွန်လိုင်းမှ စာရင်းသွင်းခြင်း ပြုလုပ်နိုင်ပါပြီ။ စုံစမ်းမေးမြန်းလိုသည်များရှိပါက info.language.mmr@goethe.de မှတဆင့် အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။

စာရင်းသွင်းရန်: A1.1 - (04.06. - 11.06.2026)
စာရင်းသွင်းရန်: A1.2 - B2.1 - (04.06. - 11.06.2026)

 
ဂျာမန်ဘာသာကို စတင်လေ့လာပြီး သင်၏ ရည်မှန်းချက်များသို့ ခြေလှမ်း တစ်လှမ်း ပိုမိုနီးကပ်အောင်သွားလိုက်ပါ။
Exam Dates in June

© Goethe-Institut Myanmar

ဇွန်လ စာမေးပွဲရက်စွဲများ

ဇွန်လအတွက် A1၊ A2၊ B1 နှင့် B2 စာမေးပွဲ ရက်စွဲများကို သတ်မှတ်ပြီးဖြစ်ပြီး ကြည့်ရှုနိုင်ပါပြီ။

စာရင်းသွင်းခြင်းကို မေလ ၁၈-၁၉ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ လူဦးရေကန့်သတ်ထားသောကြောင့် စာရင်းသွင်းနိုင်သောအချိန်တွင် အမြန်ဆုံး စာရင်းသွင်းရန် အကြံပြုအပ်ပါသည်။
စာရင်းသွင်းခြင်းနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို အချိန်မီ ထပ်မံအသိပေးသွားပါမည်။
 
Goethe-Zertifikat A1/ A2 15.06.2026 - Monday
Goethe-Zertifikat B2 15.06.2026 - Monday
Goethe-Zertifikat B1 16.06.2026 - Tuesday
Goethe-Zertifikat B1 17.06.2026 - Wednesday

စာကြည့်တိုက်

Pop-Up Mother’s Day Card

© Goethe-Institut Myanmar

ကလေးများနဲ့ လူငယ်များအတွက် အစီအစဉ်

Pop-Up Mother’s Day Card

တစ်ခါတစ်ရံမှာ ကိုယ်တိုင်လက်နဲ့ဖန်တီးပြုလုပ်ထားတဲ့ လက်ဆောင်လေးတွေက အသေးအမွှားလေးတွေဖြစ်ပေမဲ့ အကြီးမားဆုံးသော မေတ္တာတွေကို ဖော်ဆောင်ပေးနိုင်ပါတယ်။

အမေများနေ့အတွက် အသက် (၇ မှ ၁၂ နှစ်) အရွယ်ကလေးငယ်တွေ ကိုယ်တိုင် ဖန်တီးပြုလုပ်နိုင်မယ့် ပျော်ရွှင်စရာကောင်းပြီး အဓိပ္ပာယ်ရှိတဲ့ Pop-up ကတ်ပြားပြုလုပ်ခြင်း အစီအစဉ် လေးကို စာကြည့်တိုက်မှာ ကျင်းပပြုလုပ်သွားမှာဖြစ်လို့ ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

လွယ်ကူရိုးရှင်းတဲ့ ပစ္စည်းများနှင့် ဖန်တီးနိုင်မှုကို အသုံးပြုကာ ကတ်ဖွင့်လိုက်တဲ့အခါ အံ့အားသင့်ဖွယ် ဒီဇိုင်းလေးတွေပါဝင်မယ့် ကတ်လေးကို ဒီဇိုင်းဆွဲဖန်တီးကြရမှာဖြစ်ပါတယ်။

သင့်ကလေးရဲ့ နှလုံးသားမှမေတ္တာတရားကို အနုပညာဆန်ဆန် ဖော်ပြခွင့်ရဖို့ အခုပဲ စာရင်းပေးသွင်းလိုက်နော်။

ဝင်ကြေးအခမဲ့ဖြစ်ပြီး၊ လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ - ♦အမည် ♦ အသက် ♦ဖုန်းနံပါတ် တို့ကို biblio-yangon@goethe.de မှတစ်ဆင့် အီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။
Board Game

© Goethe-Institut Myanmar

Board Game Day with Quiz

How well do you know Germany?

မေလ ၂၂ ရက်နေ့တွင် ကျွန်ုပ်တို့၏ စာကြည့်တိုက် ၌ ကျင်းပမည့် Deutsch-Meisterschaft တွင် ပါဝင်ဖို့ဖိတ်ခေါ်ချင်ပါတယ်။

ဒီဂိမ်းလေးက မိမိတို့ရဲ့ အထွေထွေဗဟုသုတနှင့် ဂျာမန်ဘာသာစကား ကျွမ်းကျင်မှုကို စမ်းသပ်ပေးမှာဖြစ်ပါတယ်။  သမိုင်း၊ ပထဝီဝင်၊ လူမှုရေး၊ စကားအသုံးအနှုန်းများ၊ ပတ်ဝန်းကျင်နှင့် အားလပ်ချိန်ဆိုင်ရာ အစရှိတဲ့မေးခွန်းခေါင်းစဉ်များ ပါဝင်ပါတယ်။ A2–B1 အဆင့် ဂျာမန်စာသင်ယူသူများအတွက် သင့်တော်ပြီး ဝေါဟာရကြွယ်စေရန်နှင့် သဒ္ဒါဖွဲ့စည်းပုံများကို ‌လေ့လာရာတွင်အထောက်အကူပြုပါတယ်။ ဂျာမန်ဘာသာနှင့် ယဉ်ကျေးမှုဆိုင်ရာ အသိပညာများကို ပိုမိုနက်ရှိုင်းစွာ လေ့လာနိုင်မည့် အခွင့်အရေးတစ်ခုဖြစ်တဲ့ ဒီ Board Game Day လေးကို သူငယ်ချင်းတွေနဲ့ တူတူဆော့ဖို့ biblio-yangon@goethe.de သို့ အမည်၊  ဖုန်းနံပါတ်၊ မိမိရဲ့ ဂျာမန် level ကိုအီးမေးလ်ပေးပို့ပြီး ခုပဲ စာရင်းပေးလိုက်တော့နော်။
ONLEIHE

© Goethe-Institut

Onleihe တွင် အသစ်ရောက်ရှိလာသော မီဒီယာများ

ONLEIHE: ဂျာမန်အွန်လိုင်းစာကြည့်တိုက်

Florence Gaub, Stefanie Höfler, Hasnain Kazim, Clara Leinemann, Gustav Seibt, Robert Simanowski, Arno Strobel und David Vajda တို့ရဲ့ လက်ရာများအပါအ၀င် အခြားသောမီဒီယာအသစ်များ ကျွန်ုပ်တို့ရဲ့ ဂျာမန်အွန်လိုင်းစာကြည့်တိုက် “ONLEIHE” တွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သတင်းကောင်းလေး ပေးချင်ပါတယ်။ အခုပဲ ကျွန်ုပ်တို့ရဲ့ “ONLEIHE” မှာ အခမဲ့ငှားရမ်းဖတ်ရှုလိုက်ပါ။

ဆက်သွယ်ရန်

Goethe-Institut မြန်မာ
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း +95 1 9376160
info-yangon@goethe.de

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက

Impressum | Datenschutz | Newsletter abbestellen