Logo:Goethe-Institut Claim:Sprache. Kultur. Deutschland.

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ သတင်းလွှာ

Goethe-Institut Myanmar

Deutsch | English | မြန်မာ

ယဉ်ကျေးမှု

Resonance in Motion

© Goethe-Institut Myanmar

Resonance in Motion:

Classical Music Concert by Euphony Performing Arts

လူငယ်ဂီတပညာရှင်များက တင်ဆက်ဖျော်ဖြေမည့် ဂန္ထဝင်ဂီတဖျော်ဖြေပွဲ Goethe-Institut Myanmar) နှင့် Euphony Performing Arts တို့မှ ပူးပေါင်းပြုလုပ်သွားမည်ဖြစ်ပါသည်။

မိုဇတ် (Mozart)၊ ဘီသိုဗင် (Beethoven)၊ ရှူးဘတ် (Schubert)၊ ဒီဗျူဆီ (Debussy)၊ ဆီဘီလီယပ်စ် (Sibelius)၊ လစ်ဇ် (Liszt) အစရှိသည့် ကမ္ဘာကျော်တေးရေးဆရာကြီးများ၏ Chamber music၊ အဆိုအဖွဲ့လက်ရာများ နှင့် ပီယာနိုသံစဉ်များအပြင်၊ အော်ပရာ (Opera) နှင့် ဂီတပြဇာတ် (Musical Theatre) များထဲမှ ကောက်နုတ်ချက်များကိုပါ စုံလင်စွာ တီးခတ်သီဆို ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်သည်။

စိတ်လှုပ်ရှားကြည်နူးစရာကောင်းမည့် နေ့လယ်ခင်း ဂီတအချိန်အခါလေးကို ကျွန်ုပ်တို့နှင့်အတူ ဆင်နွှဲပြီး မျိုးဆက်သစ် ဂန္ထဝင်ဂီတပညာရှင်များ၏ ထူးချွန်ပြောင်မြောက်လှသည့် တင်ဆက်မှုကို လာရောက်ခံစား အားပေးဖို့ ဖိတ်ခေါ်လိုက်ရပါသည်။
AOC

© Goethe-Institut Myanmar

Academy of Care Alumni များအတွက် "Trauma-Informed Practice" ဆိုင်ရာ နှစ်ရက်တာ သင်တန်း

Academy of Care Alumni များအတွက် စီစဉ်ကျင်းပခဲ့သည့် "Trauma-Informed Practice" (ထိခိုက်ဒဏ်ရာများကို နားလည်သဘောပေါက်သည့် လက်တွေ့လုပ်ဆောင်မှု) ဆိုင်ရာ နှစ်ရက်တာ  သင်တန်းကို Goethe-Institut Myanmar မှာ ၂၂ နှင့် ၂၃ ဇွန်တွင် အောင်မြင်စွာ ပြုလုပ်ခဲ့ပါတယ်။
 
ဤနှစ်ရက်တာ သင်တန်းတွင် သီအိုရီပိုင်းဆိုင်ရာ အသိပညာများ၊ ပြန်လည်ဆင်ခြင်သုံးသပ်မှုများနှင့် လက်တွေ့လေ့ကျင့်ခန်းများကို ပေါင်းစပ်ပြီး အပြန်အလှန် ဆွေးနွေးလေ့လာခဲ့ကြပါတယ်။ ဖရန့်ဖတ်မြို့ (Frankfurt) အခြေစိုက် စိတ်ဒဏ်ရာကုစားရေးနှင့် ဆက်လက်လေ့လာသင်ယူရေး အင်စတီကျု (Institut für Traumabearbeitung und Weiterbildung) မှ ဒါရိုက်တာ Dr. Marianne Rauwald က ဦးဆောင်ဆွေးနွေးပေးခဲ့ပြီး အသိပညာမျှဝေခြင်း၊ မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ခြင်းနှင့် လက်တွေ့လေ့ကျင့်ခန်းများကို အဓိကထား လုပ်ဆောင်ခဲ့ကြပါတယ်။

ဘာသာစကား

Goethe-Zertifikat Exams

©Goethe-Institut Myanmar

ဇူလိုင်လ နှင့် သြဂုတ်လအတွက် စာမေးပွဲရက်စွဲများ

ဇူလိုင်လ နှင့် သြဂုတ်လအတွက် A1၊ A2၊ B1 နှင့် B2 စာမေးပွဲ ရက်စွဲများကို ကြည့်ရှုနိုင်ပါပြီ။

စာရင်းသွင်းခြင်းကို ဇူလိုင်လ ၂ ရက်နှင့် ၃ ရက်နေ့များတွင် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ လူဦးရေကန့်သတ်ထားသောကြောင့် စာရင်းသွင်းနိုင်သောအချိန်တွင် အမြန်ဆုံး စာရင်းသွင်းရန် အကြံပြုအပ်ပါသည်။
 
Goethe-Zertifikat A1/ A2 31.07.2026 - Friday
Goethe-Zertifikat B2 31.07.2026 - Friday
Goethe-Zertifikat B1 03.08.2026 - Monday
Goethe-Zertifikat B1 04.08.2026 - Tuesday

စာကြည့်တိုက်

Youth in Motion Within:

Nature Altar Workshop

နေ့စဉ်ဘဝရဲ့ ရုန်းကန်လှုပ်ရှားမှုတွေ၊ အပြောင်းအလဲတွေကြားမှာ စိတ်ဖိစီးမှုတွေ များနေပြီလား? ခဏလောက် Break ယူပြီး စိတ်ကို ပြန်လည်လန်းဆန်းစေမယ့် Safe Space တစ်ခု ရှာနေတဲ့ လူငယ်တွေ၊ မိတ်ဆွေသစ်ဖွဲ့ပြီး တက်ကြွတဲ့ Community တစ်ခုမှာ ပါဝင်ချင်တဲ့ လူငယ်တွေအတွက်၊ Youth in Motion Within Program ရဲ့ ပထမဆုံး workshop လေး လာပါပြီနော်။ 
SDG 12: Responsible Consumption and Production

© Goethe-Institut Myanmar

Sustainable Entrepreneurship Series:

SDG 12 – Responsible Consumption and Production

Sustainable Entrepreneurship Series Program ပြန်လည်ရောက်ရှိလို့လာပါပြီ။

Goethe-Institut Myanmar နဲ့ Planet Impacts တို့မှ ပူးပေါင်းပြုလုပ်ထားတဲ့ Sustainable Entrepreneurship Series Program ကို မေလ မှ ဩဂုတ်လအတွင်း တစ်လလျှင် တစ်ကြိမ် ကျင်းပသွားမှာဖြစ်ပါတယ်။ အစီအစဉ်တိုင်းတွင် မတူညီသော ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင် (SDGs - Sustainable Development Goals) တွေအပေါ် အခြေခံတဲ့ စွန့်ဦးတီထွင်ခြင်းပညာရပ်ဆိုင်ရာသဘောတရားများကို သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ပညာရှင်တွေရဲ့ အတွေ့အကြုံများနဲ့အတူ သင်ယူလေ့လာနိုင်မှာပါ။
The Diorama Makers

© Goethe-Institut Myanmar

ကလေးများနဲ့ လူငယ်များအတွက် အစီအစဉ်

The Diorama Makers: A Workshop for Fathers or Male Guardians and Their Children

ကျွန်ုပ်တို့စာကြည့်တိုက်၏ ကလေးနှင့်လူငယ်အစီအစဥ်မှ ပြန်လည်ကြိုဆိုပါတယ်။ ဒီတစ်ခေါက်မှာတော့ ဖေဖေနဲ့ သားသားမီးမီးတို့ကြား ပျော်ရွှင်စရာ အချိန်တွေကို တူတူဖန်တီးနိုင်မယ့် The Diorama Makers  အထူး လက်မှုအလုပ်ရုံလေး ပြုလုပ်သွားမှာဖြစ်ပါတယ်။
Navigating Career Paths as a Youth

© Goethe-Institut Myanmar

Youth Dialogue Lab

Navigating Career Paths as a Youth

လစဥ်ပြုလုပ်လျက်ရှိတဲ့ လူငယ်စကားဝိုင်း Youth Dialogue Lab မှာ ယခုတစ်ခေါက် လူငယ်တွေတူတူ တိုင်ပင်ဆွေးနွေးသွားကြမယ့်ခေါင်းစဥ်က Navigating Carrer Path As A Youth ပဲဖြစ်ပါတယ်။
Wir packen unseren Koffer

© Goethe-Institut Myanmar

ဂျာမန်ဘာသာစကားကို ဂိမ်းကနေ ပျော်ရွှင်စွာ လေ့လာကြမယ်!

Wir packen unseren Koffer

ဂိမ်းကစားရင်း ဂျာမန်စာသင်ယူနိုင်မယ့် ဇူလိုင်လရဲ့ Board Game Day လေးမှာတော့ “Wir packen unseren Koffer” ဆိုတဲ့ဂိမ်းလေးကို ဆော့ကြမှာဖြစ်ပါတယ်။ ဂျာမန်ဘာသာစကား A1 level တက်ရောက်နေသူတွေအတွက် အခြေခံ နေ့စဉ်အသုံးအများဆုံး ဂျာမန်စကားလုံးလေးတွေကို လေ့ကျင့်နိုင်စေဖို့ ‌‌ေ၀ါဟာရတွေကို ပျော်စရာသင်ယူမှုအသွင်ဖြင့် ဆော့ကစားကြမှာပါ။ ဒီဂိမ်းလေးက ရိုးရှင်းပြီး ဆော့ရလည်းလွယ်ပါတယ်။ ရုပ်ပုံကတ်လေးတွေကိုကြည့်ပြီး အ၀တ်အထည်နဲ့ အသုံးအဆောင်ပစ္စည်းတွေကို မြန်မြန်နဲ့ မှန်မှန် ခန့်မှန်းဖြေဆိုပြီး ကိုယ့်ရဲ့ ခရီးဆောင်အိတ်လေး ပြင်ဆင်ရုံပါပဲ။ ဒါကြောင့်  ပျော်ရွှင်စရာ Learning Experience တစ်ခုကို ခံစားနိုင်ဖို့ သူငယ်ချင်းတွေနဲ့ အတူတူလာဆော့ပြီး ဘယ်သူ့ခရီးဆောင်အိတ်လေးက အရင် ပြင်ပြီးမလဲဆိုတာ စောင့်ကြည့်ရအောင်နော်။

စိတ်ပါ၀င်စားသူများအနေဖြင့် biblio-yangon@goethe.de သို့ အမည်၊  ဖုန်းနံပါတ်၊ မိမိရဲ့ ဂျာမန် level ကိုအီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။

ဆက်သွယ်ရန်

Goethe-Institut မြန်မာ
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း +95 1 9376160
info-yangon@goethe.de

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက

Impressum | Datenschutz | Newsletter abbestellen