|
၁၄:၀၀-၁၆:၀၀
Navigating Career Paths as a Youth
Youth Dialogue Lab |23.7.2026
-
စာကြည့်တိုက် , ရန်ကုန်၊
- စျေးနှုန်း ဝင်ကြေးအခမဲ့
လစဥ်ပြုလုပ်လျက်ရှိတဲ့ လူငယ်စကားဝိုင်း Youth Dialogue Lab မှာ ယခုတစ်ခေါက် လူငယ်တွေတူတူ တိုင်ပင်ဆွေးနွေးသွားကြမယ့်ခေါင်းစဥ်က Navigating Carrer Path As A Youth ပဲဖြစ်ပါတယ်။
လူငယ်တစ်ယောက်အနေနဲ့ ပုံမှန်ပညာရေးလမ်းကြောင်းပြီးတဲ့အချိန် လုပ်ငန်းခွင်ကို ကူးပြောင်းတာပဲဖြစ်စေ၊ မပြီးဆုံးသေးတဲ့ပညာရေးခရီးကို လျှောက်လှမ်းနေတဲ့အချိန်မှာ လုပ်ငန်းခွင်ကို တစ်ပြိုင်နက်ဝင်ရောက်ရတဲ့ အခြေအနေမျိုးတွေဖြစ်စေ စသည်ဖြင့် ပြောင်းလဲနေတဲ့ ခေတ်မှာအမျိုးမျိုးကြုံတွေ့နေကြရပါတယ်။ အဲ့လို အတွေ့အကြုံတွေကြားထဲမှာ လူငယ်တွေအနေနဲ့ မိမိတို့နဲ့ကိုက်ညီပြီး လူမှုပတ်ဝန်းကျင်ကိုလည်း အထောက်အကူပြုတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ရရှိဖို့အတွက်ကလည်း သူတို့အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ်တည်ရှိနေပါတယ်။
အဲ့လို လုပ်ငန်းခွင်ကို မဝင်ရောက်ခင် ပြင်ဆင်ခဲ့ရတဲ့ အခိုက်အတန့်တွေ၊ ဝင်ရောက်တဲ့အခါ ဖြစ်ပျက်ခဲ့ရတဲ့ အတွေ့အကြုံတွေကို ဒီစကားဝိုင်းထဲမှာ ဖလှယ်ကြရင်း လူငယ်တွေအနေနဲ့ ပိုမိုကောင်းမွန်တဲ့ အရွေ့တစ်ခုကို အတူတူဘယ်လိုလုပ်ဆောင်လို့ရကြမလဲဆိုတဲ့အရာတွေကို ဒီတစ်ခေါက် Youth Dialogue Lab မှာ ဆွေးနွေးသွားကြမှာပဲဖြစ်ပါတယ်။ Participant တွေချည်းပဲ အချင်းချင်းဆွေးနွေးတာအပြင် တတ်ကျွမ်းတဲ့ facilitator တစ်ယောက်ကလည်း ဒီအကြောင်းအရာပေါ်မှာ အခြေခံထားတဲ့ သင်ယူစရာအချို့ကိုပါ ပြောပြပေးသွားမှာ ဖြစ်တဲ့အတွက် လက်တွေ့လေ့လာစရာတွေကိုပါ ရရှိသွားဦးမှာပါ။
အစီအစဥ်မှာ ပါဝင်ဖို့အတွက် အမည်၊ အသက်၊ ဖုန်းနံပါတ်တို့ကို biblio-yangon@goethe.de သို့ အီးမေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။

တည်နေရာ
စာကြည့်တိုက်
Goethe-Institut Myanmar
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊
ရန်ကုန်၊,
Myanmar