မြန်မာနိုင်ငံရှိဂျာမန်ဘာသာစကားသင်တန်းများ
A1-C2

Students and teacher in class Photo: Goethe-Institut Myanmar / Valeria Turrisi

#MEETONLINE

လက်ရှိအခြေအနေများအရ ကျွန်ုပ်တို့၏ဘာသာစကားသင်တန်းများအားလုံးကို အွန်လိုင်းမှဖွင့်လှစ်သင်ကြားပေးနေပါသည်။ ကျွန်ုပ်တို့၏ဘာသာစကားသင်တန်းများကို အွန်လိုင်းပလက်ဖောင်းတစ်ခုဖြစ်သည့် ZOOM ကိုအသုံးပြုပြီး၊ လွယ်လွယ်ကူကူတက်ရောက်နိုင်ပါသည်။

ကိုရိုနာကပ်ရောဂါကာလအတွင်း နောက်ဆုံးရသတင်းအချက်အလက်များ
အွန်လိုင်းပေါ်မှ ဘာသာစကားသင်တန်းများ

အရွယ်ရောက်ပြီးသူများအတွက် ဂျာမန်ဘာသာစကားသင်တန်းများ

အရွယ်ရောက်ပြီးသူများအတွက် A1 မှ C2 အဆင့်ထိ ဂျာမန်ဘာသာစကားသင်တန်းများ ရှိပါသည်။ ဤသင်တန်းများ၏ သင်ကြားရေးပန်းတိုင်များနှင့် သင်ခန်းစာများကို ဥရောပဘာသာစကားများ စံချိန်စံညွှန်းသတ်မှတ်ချက် (GER) အပေါ် အခြေခံ၍ ဖွဲ့စည်းထားပါတယ်။

ကလေးများနှင့် လူငယ်များအတွက် ဂျာမန်ဘာသာစကားသင်တန်းများ

ဤအတန်းများသည် အသက် (၆)နှစ်နှင့် (၁၀)နှစ်ကြား သင်တန်းသားငယ်များအတွက် ရည်ရွယ်ပါသည်။ ဂျာမန်ဘာသာစကားသင်ယူဖူးသူဖြစ်စေ၊ အခြေခံမှစ၍စတင်သင်ယူမည့်သူဖြစ်စေ သင်တန်းတက်ရောက်ရန် စာရင်းပေးသွင်းနိုင်ပါသည်။

စာမေးပွဲကြိုတင်ပြင်ဆင်မှုသင်တန်းများ

ဤသင်တန်းများသည် Goethe-Institut မှ စာမေးပွဲများကို ဖြေဆိုလိုသူများအတွက် ကြိုတင်ပြင်ဆင်ပေးသည့် သင်တန်းဖြစ်ပြီး စာမေးပွဲမေးခွန်းပုံစံနှင့် ရင်းနှီးကျွမ်း၀င်စေရန် လေ့ကျင့်ပေးပါသည်။

အထူးသင်တန်းများ

Goethe-Institut မှ ဖွင့်လှစ်ပေးသည့်အထူးသင်တန်းများမှာ အပတ်စဥ်အခမဲ့ပြုလုပ်ပေးသည့်စကားပြောလေ့ကျင့်သင်တန်းများ၊ နိုင်ငံတကာတွင်ပညာသွားရောက်သင်ကြားကြမည့်သူများအတွက်အစီအစဥ် စသည်တို့ဖြစ်ပါသည်။

ပိုမိုသိရှိလိုပါက

သင်တန်းချိန်များနှင့် စျေးနှုန်းများ

ရန်ကုန်မြို့ရှိ သင်တန်းချိန်များ

ဆက်သွယ်ရန်လိပ်စာနှင့် သင်တန်းအပ်နှံခြင်း

ကျွန်ုပ်တို့၏ ဂျာမန်ဘာသာစကားသင်တန်းတစ်ခုခုတွင် တက်ရောက်လိုပါသလား (သို့) သင်တန်းနှင့်ပတ်သက်၍ အခြားသိရှိလိုသည်များ ရှိပါသလား။  ကျွန်ုပ်တို့သည် သင့်အား ကူညီပေးရန် အသင့်ရှိနေပါသည်။

သင်တန်းများ၏ပုံစံ

အသင်သည် မိမိနေအိမ်မှနေ၍ ကွန်ပြူတာဖြင့် သင်တန်းတက်ရောက်လိုသည်ဖြစ်စေ၊ သို့မဟုတ် စာသင်ခန်းထဲတွင် သင်ယူလိုသည်ဖြစ်စေ ကျွန်ုပ်တို့၏ ခေတ်မီသည့် သင်တန်းပုံစံများကြောင့် အသင့်စိတ်တိုင်းကျ ရွေးချယ်နိုင်ပါသည်။

ကျွန်ုပ်တို့၏ သင်ကြားရေးနိယာမ

Goethe-Institut တွင် သင်တန်းတက်ပါက အသင်သည် ဘာသာစကားတစ်ခုတည်းကိုသာ သင်ယူရသည်မဟုတ်ဘဲ ဂျာမန်ယဥ်ကျေးမှုကိုပါ အကျွမ်းဝင်လာမည်ဖြစ်ပါသည်။ Goethe-Institut ၏ ဂျာမန်ဘာသာစကားသင်တန်းများအကြောင်း ပိုမိုဖတ်ရှုလိုက်ပါ။

အတန်းအဆင့်များ A1 မှ C2 အထိ

ကျွန်ုပ်တို့၏ သင်တန်းများကို ဥရောပဘာသာစကားများ စံချိန်စံညွှန်းသတ်မှတ်ချက် (GER) အပေါ် အခြေခံ၍ ဖွဲ့စည်းထားပါသည်။