စာအုပ်ငှားရမ်းခြင်း

ကျွန်ုပ်တို့၏စာကြည့်တိုက်တွင် ဂျာမန်ဘာသာစကားဖြင့် ရေးသားထားသော စာအုပ်များ၊ မဂ္ဂဇင်းများ၊ ရုပ်ရှင်များ၊ ဂီတ၊ App များနှင့် ဂိမ်းများကို သင်တွေ့ရှိရမှာပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့တွင် ထားရှိထားသော ဘာသာပြန်စာအုပ်များဖြစ်တဲ့ စာပေ၊ ယဉ်ကျေးမှု၊ လူ့အဖွဲ့အစည်း၊ နိုင်ငံရေးနှင့် ဂျာမနီရှိ လက်ရှိကျင်းပနေသောပွဲများအကြောင်း အစရှိသည်တို့ကိုလည်း ဂျာမန်ဘာသာစကား မတတ်မြောက်ထားသူများအတွက်လည်း ဖတ်ရှုလို့ရနိုင်အောင် ထားရှိထားပါတယ်။ ဒါ့အပြင် ဂျာမန်ဘာသာစကားသင်ထောက်ကူ စာအုပ်စာတမ်းများကိုလည်း နိုင်ငံခြားဘာသာစကားတစ်ခုလေ့လာဖို့အတွက် အဓိကထား စုဆောင်းပေးထားပါတယ်။

Ausleihe Foto: Goethe-Institut / Paragon Cre8tive

Goethe-Institut  မြန်မာ၏ စာကြည့်တိုက်ကို လာရောက်ကြမယ့် ဧည့်သည်တော်များကို ဖော်ရွေပျူငှာစွာ၊ အရောင်အသွေးစုံလင်တဲ့၊ သက်တောင့်သက်သာရှိတဲ့ ပတ်၀န်းကျင်နဲ့ ကြိုဆိုလျက်ရှိပါတယ်။ စာကြည့်တိုက်ဟာ စာဖတ်ရှုရာနေရာ တစ်နေရာအဖြစ်သာ မဟုတ်ဘဲ၊ သက်တောင့်သက်သာရှိတဲ့ စာပေလေ့လာလို့ရတဲ့၊ တစ်ဦးနဲ့တစ်ဦးတွေ့ဆုံလို့ရတဲ့နေရာအဖြစ် တည်ရှိပါတယ်။ သက်တောင့်သက်သာရှိတဲ့ အလုပ်လုပ်စရာ၊ စာဖတ်စရာနေရာတွေကြောင့် သင့်အနေနဲ့ လှပတဲ့ ပတ်၀န်းကျင်တစ်ခုမှာ စာပေလေ့လာနိုင်၊ ဂျာမနီနိုင်ငံရဲ့ လက်ရှိ အခြေအနေအကြောင်းကိုလည်း သတင်းအချက်အလက်ရယူနိုင်၊ ဂိမ်းတွေ (Board games) ရော၊ PlayStation ကစားရင်းနဲ့ပါ အချိန်ကို အသုံးချနိုင်ပါတယ်။ ကျွန်ုပ်တို့ စာကြည့်တိုက်မှာ သင့်ကို လွှမ်းမိုးထားစေနိုင်တဲ့ အနုပညာနဲ့ ပတ်သက်တဲ့ စာအုပ်တွေ၊ ကာတွန်းတွေနဲ့ ရုပ်ပြ၀တ္ထုတွေကိုလည်း ရှာဖွေတွေ့ရှိနိုင်ပါသေးတယ်။

BibToGo

BibToGo သည် Goethe-Institut ၏စာကြည့်တိုက် Application ဖြစ်ပြီး၊

BibToGo သည် Goethe-Institut ၏စာကြည့်တိုက် Application ဖြစ်ပြီး၊ သင်၏ကိုယ်ပိုင်စာကြည့်တိုက်အကောင့်လည်း ဖြစ်ပါတယ်။ ထို App မှတဆင့် စာကြည့်တိုက်မီဒီယာနှင့်၀န်ဆောင်မှုများကို သင်လိုအပ်သည့်အချိန်တိုင်း ရရှိနိုင်မှာဖြစ်ပါတယ်။

ပိုမိုသိရှိရန်

သင်၏ကိုယ်ပိုင်စာကြည့်တိုက်အကောင့်လည်း ဖြစ်ပါတယ်။ ထို App မှတဆင့် စာကြည့်တိုက်မီဒီယာနှင့်၀န်ဆောင်မှုများကို သင်လိုအပ်သည့်အချိန်တိုင်း ရရှိနိုင်မှာဖြစ်ပါတယ်။

ပိုမိုသိရှိရန်

ယခုပဲ‌ဒေါင်းလုတ်ဆွဲပါ

စာကြည့်တိုက်ဖွင့်ချိန်များ

တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး: မနက် ၉း၃၀ မှ ညနေ ၅း၀၀ နာရီအထိ
သောကြာ၊ စနေ၊ တနင်္ဂနွေ: မနက် ၉း၃၀ မှ ညနေ ၅း၀၀ နာရီအထိ
*ကြာသပတေးနေ့နှင့် အများပြည်သူရုံးပိတ်ရက်များတွင် : စာကြည့်တိုက်ပိတ်ပါသည်။*

ဆက်သွယ်ရန်

သင်စိတ်၀င်စားမည့်အကြောင်းအရာများ

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက