Logo:Goethe-Institut Claim:Sprache. Kultur. Deutschland.

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ သတင်းလွှာ

Goethe-Institut Myanmar

Deutsch | English | မြန်မာ

ယဉ်ကျေးမှု

Academy of Care Launch

© Goethe-Institut Myanmar

Academy of Care

ဥရောပသမဂ္ဂရန်ပုံငွေထောက်ပံ့သည့် Academy of Care စီမံကိန်းသစ် တရားဝင်စတင်မိတ်ဆက်ခြင်းနှင့် ၂၀၂၆ ခုနှစ် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့

ဥရောပသမဂ္ဂ (EU) ၏ ထောက်ပံ့မှုဖြင့် အကောင်အထည်ဖော်မည့် Goethe-Institut Myanmar ၏ ဖန်တီးဆင့်ပွား ဝေမျှမည် ဂရုစိုက်မှု အကယ်ဒမီ (AoC) သည် ၎င်း၏ သုံးနှစ်တာ စီမံကိန်းအသစ် (၂၀၂၆-၂၀၂၉) ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ တရားဝင် စတင်မိတ်ဆက်သွားမည် ဖြစ်ပါသည်။ ဤသုံးရက်တာ အစီအစဉ်အား သင်တန်းသားဟောင်းများ၊ ရပ်ရွာလူထုများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဖန်တီးမှုဆိုင်ရာ ပညာရှင်များ အားလုံး စုစည်းပါဝင်ကြမည် ဖြစ်ပါသည်။

၂၀၂၆ ခုနှစ် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ နှင့် အတူတကွ ကျင်းပမည့် ဤအစီအစဉ်တွင် "စကားသံများ၊ အတွေ့အကြုံများနှင့် ပြောင်းလဲမှုများ - ကိုယ်တွေ့အတွေ့အကြုံများအတွက် နေရာတစ်ခု" ဆောင်ပုဒ်နှင့်အညီ ဆွေးနွေးပွဲများ၊ ဖန်တီးမှုအတွေ့အကြုံများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် ပြပွဲများကို ထည့်သွင်းဖော်ပြသွားမည် ဖြစ်ပါသည်။ ထို့အပြင် ကလေးငယ်များ၊ မိဘအုပ်ထိန်းသူများနှင့် မိသားစုများကို ဖန်တီးနိုင်စွမ်း၊ ကစားခြင်းနှင့် သင်ယူခြင်းတို့ဖြင့် ပံ့ပိုးပေးမည့် Small AoCအစီအစဉ်အသစ်ကိုလည်း မိတ်ဆက်ပေးသွားမည် ဖြစ်ပါသည်။

နားထောင်ရန်၊ မျှဝေရန်၊ ဖန်တီးရန်နှင့် အချင်းချင်း ချိတ်ဆက်ရန်အတွက် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်မှ ၁၁ ရက်အထိ Goethe-Institut Myanmar သို့ အရောက်လှမ်းခဲ့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
AoC Cohort 5

© Goethe-Institut Myanmar

Academy of Care

၂၀၂၇ ခုနှစ်တွင် စတင်မည့် AoC Cohort 5 သင်တန်းအစီအစဉ် | အောက်တိုဘာလတွင် လျှောက်လွှာခေါ်ယူမှု ကြေညာမည်

ဖန်တီးဆင့်ပွား ဝေမျှမည် ဂရုစိုက်မှု အကယ်ဒမီ - Academy of Care (AoC)၏Cohort 5သင်တန်းကို ၂၀၂၇ ခုနှစ် ဇန်နဝါရီလတွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။ သင်တန်းတက်ရောက်မည့်သူများကို ၎င်းတို့၏ လူမှုရပ်ရွာအသိုင်းအဝိုင်းများ၏ ကျန်းမာပျော်ရွှင်မှုကို ပံ့ပိုးကူညီနိုင်ရန် ဖန်တီးမှုအနုပညာ (Creative Arts)ကို အခြေခံထားသော နည်းလမ်းများကို လေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဤသင်တန်းတွင် ပါဝင် တက်ရောက်နိုင်ရန်မြန်မာနိုင်ငံတစ်ဝန်းမှ စိတ်အားထက်သန်ပြီး တက်ကြွသောသူများကို သင်တန်းကို ပါဝင်တက်ရောက်ကြပါရန် ဖိတ်ခေါ်လိုပါသည်။ သင်တန်းလျှောက်လွှာခေါ်ယူခြင်းကို ၂၀၂၆ ခုနှစ် အောက်တိုဘာလတွင် ကြေညာပေးမည်ဖြစ်ပါသောကြောင့် ဆက်လက်စောင့်မျှော်ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။
Introduction to In Aestivation

© Goethe-Institut Myanmar

‘In Aestivation’ မိတ်ဆက်

Towards Empathy စီမံကိန်း၏ တင်ဆက်မှုအစီအစဉ်

မတူညီသော နယ်ပယ်အသီးသီးမှ တစ်သီးပုဂ္ဂလမိတ်ဆွေများ အပါအဝင်၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် အတူလက်တွဲ၍ ကာလရှည်ပြုလုပ်လာခဲ့သော စာနာခြင်းတံတားအစီအစဉ် ‘’Towards Empathy’’ သည် ၂ နှစ်တာကာလအတွင်း စာနာခြင်းကို မတူညီသော ရှုထောင့်များမှ ချဉ်းကပ်ဆွေးနွေးမှုများ လုပ်ဆောင်လာခဲ့ပြီးဖြစ်ပါသည်။ ပူးပေါင်းပါဝင်သူ တစ်ရာကျော်ပါဝင်သော အဖွဲ့ ၁၀ ဖွဲ့ သည် ဖြစ်စဉ်အဆင့်ဆင့်အတွင်း စာနာခြင်းကို မည်သို့ သဘောပေါက်သည်၊ ဆွေးနွေးလိုသည်၊ တင်ပြလိုသည်၊ သို့မဟုတ် ပုံဖော်ပြလိုသည် စသဖြင့် စီမံကိန်းပုံစံအစုံဖြင့် ထွက်ပေါ်လာခဲ့ရာ အဆိုပါစီမံကိန်းများကို တင်ပြမည့် အစီအစဉ်ဖြစ်သည့် ’’In Aestivation’’ ကို ၂၀၂၆ ခုနှစ် အောက်တိုဘာလမှ စတင်မိတ်ဆက်ပြုလုပ်သွားမည်ဖြစ်ပါသည်။
In Aestivation Programmes

© Goethe-Institut Myanmar

'In Aestivation' အစီအစဉ်များ

အစီအစဉ် မိတ်ဆက်နှင့် အနုပညာပြပွဲ

‘In Aestivation‘ အစီအစဉ် မိတ်ဆက်ခြင်းနှင့် အနုပညာပြပွဲဖွင့်လှစ်ခြင်းကို Goethe-Institut Myanmar တွင် အောက်တိုဘာလ ၁၆ ရက်နေ့မှ စတင်ပြုလုပ်သွားမည်ဖြစ်ပါသည်။ နောက်ဆက်တွဲ ‘In Aestivation’ အစီအစဉ်များကို အောက်တိုဘာလမှ နိုဝင်ဘာလအထိ ရန်ကုန်မြို့ရှိ Goethe-Institut Myanmar၊ ညောင်ရွှေမြို့ရှိ Inle Heritage School နှင့် မန္တလေးမြို့ရှိ ပူးပေါင်းပါဝင်သူများ၏ နေရာ အသီးသီးတို့တွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ပြီး အစီအစဉ်အသေးစိတ်များကို Goethe-Institut Myanmar ၏ လူမှုကွန်ယက်စာမျက်နှာများတွင် အသေးစိတ်ဖော်ပြသွားမည်ဖြစ်ပါသည်။ ‘In Aestivation‘ အစီအစဉ်တွင် အနုပညာပြပွဲများ၊ စာအုပ်မိတ်ဆက်မှု အစီအစဉ်များ၊ ဂီတတင်ဆက်မှုများ၊ လူမှုအခြေပြုစီမံကိန်းများမှ ရလဒ်များကိုတင်ဆက်မှုများ၊ အနုပညာရှင်နှင့် ကျူရေတာများ၏ စကား၀ိုင်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ပါဖောင်းမန့်အနုပညာတင်ဆက်မှုများ အစရှိသဖြင့် တင်ဆက်မှုမျိုးစုံပါဝင်မည်ဖြစ်ပါသည်။
Sundowner Open Call

© Goethe-Institut Myanmar

ဆည်းဆာချိန်ဂီတဆုံဆည်းမှု

မျိးဆက်သစ်ဂီတတီးဝိုင်းများကို ဖိတ်ခေါ်ခြင်း

ကိုယ်ပိုင်သံစဉ်သီချင်းတွေကို သီဆိုတီးခတ်ဖျော်ဖြေလိုတဲ့ လူငယ်မျိုးဆက်သစ် ဂီတတီးဝိုင်းတွေကို Goethe-Institut Myanmar နဲ့ Goethe Café တို့ ပူးပေါင်းတင်ဆက်တဲ့ ‘Sundowner - ဆည်းဆာချိန် ဂီတဆုံဆည်းမှု’ အစီအစဥ်မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုပါတယ်။

ယခုလာမယ့် ပွင့်လင်းရာသီကာလ ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၇ ခုနှစ်၊ မတ်လအထိ ကျင်းပပြုလုပ်သွားမယ့် ‘Sundowner - ဆည်းဆာ ချိန်ဂီတဆုံဆည်းမှု’ အစီအစဉ်မှာတော့ ရန်ကုန်မြို့အပြင် မြန်မာနိုင်ငံအတွင်းရှိ အခြားမြို့များမှ မျိုးဆက်သစ်၊ လွတ်လပ်သော၊ လူငယ်တီးဝိုင်းများကို ပါဝင်လျှောက်ထားဖို့ ဖိတ်ခေါ်သွားမှာပါ။ မည်သည့် တေးဂီတ အမျိုးအစားမဆို ပါဝင်လျှောက်ထားနိုင်ပြီး အသေးစိတ်အချက်အလက်များကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ဘာသာစကား

2026 Term 7 German Classes

© Goethe-Institut Myanmar

Term 7 ကာလ။ 17.11.2026 – 24.12.2026

Term 7 အတွက် ဂျာမန်ဘာသာ သင်တန်းများ

နိုဝင်ဘာလမှာ Goethe-Institut Myanmar မှ Term 7 အတွက် ဂျာမန်ဘာသာ သင်တန်းများကို ပြန်လည်ဖွင့်လှစ်သွားပါမည်။

Goethe-Institut Myanmar တွင် ဂျာမန်ဘာသာစကားကို စနစ်တကျစတင်သင်ယူပါ။ ကျွန်ုပ်တို့၏ ဂျာမန်ဘာသာစကား သင်တန်းများကို ဥ‌ရောပဘာသာစကားဆိုင်ရာစံချိန်စံနှုန်းမူဘောင် (GER) နှင့် အညီ အဆင့် (၆) ဆင့် အပေါ်တွင် အခြေခံထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏သင်တန်းများသည် နိုင်ငံတကာစံချိန်စံနှုန်းနှင့် တိုင်းတာနှိုင်းယှဥ်နိုင်ပါသည်။ သင်တန်းများကို အချိန်မရွေး နေရာမရွေး အွန်လိုင်းမှ စာရင်းသွင်းခြင်း ပြုလုပ်နိုင်ပါပြီ။ စုံစမ်းမေးမြန်းလိုသည်များရှိပါက info.language.mmr@goethe.de မှ တဆင့် အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။

စာရင်းသွင်းရန်။ A1.1  (19.10.2026 – 21.10.2026)
စာရင်းသွင်းရန်။ A1.2 – B2.3 (09.11.2026 – 10.11.2026)


ဂျာမန်ဘာသာကို စတင်လေ့လာပြီး သင်၏ ရည်မှန်းချက်များသို့ ခြေလှမ်းတစ်လှမ်း ပိုမိုနီးကပ်အောင်သွားလိုက်ပါ။  
2026 Nov, Exam Dates

© Goethe-Institut Myanmar

Goethe-Zertifikat

နိုဝင်ဘာလအတွက် စာမေးပွဲရက်စွဲများ

နိုဝင်ဘာလအတွက် A1၊ A2၊ B1 နှင့် B2 စာမေးပွဲ ရက်စွဲများကို ကြည့်ရှုနိုင်ပါပြီ။

စာရင်းသွင်းခြင်းကို အောက်တိုဘာလ ၈ ရက် မှ ၁၀ ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ လူဦးရေကန့်သတ်ထားသောကြောင့် စာရင်းသွင်းနိုင်သောအချိန်တွင် အမြန်ဆုံး စာရင်းသွင်းရန် အကြံပြုအပ်ပါသည်။
 

စာကြည့်တိုက်

Oct 2026, Board Game Day

© Goethe-Institut Myanmar

Board Game Day

Explore Germany Through Play!

အောက်တိုဘာလ Boardgame Day မှာတော့  ဂျာမနီနိုင်ငံရဲ့  မြို့များ၊  ပြည်နယ်များနှင့် ပထ၀ီ၀င်အချက်အလက်များကို ဂိမ်းကစားရင်း ပျော်ရွှင်စွာသင်ယူနိုင်စေဖို့ စီစဥ်ထားပါတယ်။ Deutschland-Reise für Kinder လို့‌ခေါ်တဲ့ ဒီဂိမ်းလေးမှာဆိုရင် မိုနိုပိုလီဆော့သလိုမျိုး ကစားသမားတွေက အန်စာတုံး အလှည့်ကျခေါက်ရင်း ဂျာမန်မြို့ ၅ မြို့ကို လှည့်လည်သွားလာရမှာပါ။  နောက်ဆုံးပန်းတိုင်အဖြစ်သတ်မှတ်ထားတဲ့ အပန်းဖြေဥယျာဉ် (Freizeitpark) ကို ပထမဆုံး‌ရောက်တဲ့သူက အနိုင်ရရှိမှာပဲဖြစ်ပါတယ်။
2026 Oct, Children and Youth

© Goethe-Institut Myanmar

Children and Youth Program

Breathing Beads and Gratitude Jars Workshop

ကမ္ဘာ့စိတ်ကျန်းမာရေးအသိပညာပေး အထိမ်းအမှတ်လ (World Mental Health Awareness Month) ဖြစ်တဲ့ အောက်တိုဘာလကို ဂုဏ်ပြုသောအားဖြင့် ကျွန်ုပ်တို့စာကြည့်တိုက်၏ ကလေးနှင့်လူငယ်အစီအစဉ်တွင် “Breathing Beads and Gratitude Jars” Workshop ကို ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ 

ဒီအစီအစဥ်လေးမှာ သားသားမီးမီးတို့အနေဖြင့် လက်မှုပစ္စည်းလေးတွေဖန်တီးရင်း စိတ်ကျန်းမာရေး၊ Mindfulness နှင့် ကျေးဇူးတင်တတ်သည့် စိတ်ထားတို့အကြောင်းကို လွယ်ကူပျော်ရွှင်စွာ လေ့လာနိုင်မှာပါ။
2026 Rhythm of Hope

© Goethe-Institut Myanmar

Youth in Motion Within

Rhythm of Hope

နေ့စဉ်ဘဝရဲ့ ရုန်းကန်လှုပ်ရှားမှုတွေ၊ အပြောင်းအလဲတွေကြားမှာ စိတ်ဖိစီးမှုတွေ များနေပြီလား? ခဏလောက် Break ယူပြီး စိတ်ကို ပြန်လည်လန်းဆန်းစေမယ့် Safe Space တစ်ခု ရှာနေတဲ့ လူငယ်တွေ၊ မိတ်ဆွေသစ်ဖွဲ့ပြီး တက်ကြွတဲ့ Community တစ်ခုမှာ ပါဝင်ချင်တဲ့ လူငယ်တွေအတွက်၊ Youth in Motion Within Program ရဲ့ Rhythm of Hope workshop လေး လာပါပြီ။
Library Promo 2026 Oct

© Goethe-Institut Myanmar

၅၀ ရာခိုင်နှုန်း ပရိုမိုးရှင်းအစီအစဉ်

စာပေချစ်သူများအတွက် သီတင်းကျွတ်လက်‌‌ဆောင်

သီတင်းကျွတ်အခါသမယမှာ Goethe-Institut Myanmar Library မှ အသင်းဝင်ကတ်အသစ် လျှောက်ထားသူများနှင့် သက်တမ်းတိုးလိုသူများအတွက် အသင်းဝင်ကြေး ၅၀% လျှော့ဈေး ပြုလုပ်ပေးမယ့်အစီအစဥ်ရှိပါတယ်။ အသေးစိတ်အချက်အလက်များကို ဆိုရှယ်မီဒီယာစာမျက်နှာများမှာ မကြာမီ ကြေညာပေးသွားမှာဖြစ်လို့ ဆက်လက်စောင့်ကြည့်ပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ဆက်သွယ်ရန်

Goethe-Institut မြန်မာ
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း +95 1 9376160
info-yangon@goethe.de

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက

Impressum | Datenschutz | Newsletter abbestellen