Logo Goethe-Institut

မြန်မာ

|

၁၃:၀၀-၁၅:၀၀

Rhythm of Hope

Youth in Motion Within Workshop | Creative Spaces for Self-Expression & Mindfulness

  • စာကြည့်တိုက် , ရန်ကုန်၊

2026 Rhythm of Hope © Goethe-Institut Myanmar

2026 Rhythm of Hope © Goethe-Institut Myanmar

နေ့စဉ်ဘဝရဲ့ ရုန်းကန်လှုပ်ရှားမှုတွေ၊ အပြောင်းအလဲတွေကြားမှာ စိတ်ဖိစီးမှုတွေ များနေပြီလား? ခဏလောက် Break ယူပြီး စိတ်ကို ပြန်လည်လန်းဆန်းစေမယ့် Safe Space တစ်ခု ရှာနေတဲ့ လူငယ်တွေ၊ မိတ်ဆွေသစ်ဖွဲ့ပြီး တက်ကြွတဲ့ Community တစ်ခုမှာ ပါဝင်ချင်တဲ့ လူငယ်တွေအတွက်၊ Youth in Motion Within Program ရဲ့ Rhythm of Hope workshop လေး ရှိတယ်နော်။
 
တစ်ခါတစ်ရံမှာ ကိုယ့်စိတ်ခံစားချက်တွေကို စကားလုံးတွေနဲ့ ထုတ်ဖော်ပြောပြဖို့ ခက်ခဲတတ်ပါတယ်။ ဒီ creative wellbeing workshop လေးမှာတော့ ဂီတနဲ့ creative expression ကို အသုံးပြုပြီး ကိုယ့်ရဲ့ခံစားချက်တွေကို လွတ်လပ်စွာ ဖော်ထုတ်နိုင်ဖို့၊ ကိုယ့်အတွင်းစိတ်နဲ့ ပြန်လည်ချိတ်ဆက်နိုင်ဖို့အပြင် ကိုယ့်အတွက် အားအင်ဖြစ်စေတဲ့အရာတွေ၊ မျှော်လင့်ချက်တွေကို ပြန်လည်ရှာဖွေနိုင်မှာဖြစ်ပါတယ်။
 
အောက်တိုဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ဒီအစီအစဥ်လေးမှတဆင့် ဘဝရဲ့ အခက်အခဲစိန်ခေါ်မှုတွေကြားမှာတောင် မျှော်လင့်ချက်နဲ့ ဖြစ်နိုင်ခြေအသစ်တွေ ရှိနေနိုင်သေးတယ်ဆိုတာကိုလည်း အတူတကွ သတိပြုမိစေချင်ပါတယ်။ ဒါကြောင့် လုံခြုံနွေးထွေးတဲ့ Goethe-Institut Myanmar စာကြည့်တိုက်လေးမှာ ဂီတတေးသံများနဲ့အတူ ကိုယ့်ရဲ့ခံစားချက်တွေကို ဖွင့်ဟမျှဝေရင်း၊ မျှော်လင့်ချက်ရဲ့ အသံစည်းချက်နဲ့ ကာရန်လှလှလေးတွေကို အတူတကွ ဖန်တီးကြည့်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။

အသက် ၁၈ နှစ်နှင့် အထက် မည်သူမဆို အခမဲ့ပါဝင်နိုင်ပြီး၊ လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ ♦အမည် ♦အသက် ♦ဖုန်းနံပါတ် တို့ကို biblio-yangon@goethe.de မှတစ်ဆင့် အီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။