၂၀၂၂ ခုနှစ်၊ ဧပြီလ သတင်းလွှာ
Goethe-Institut Myanmar
Deutsch | English | မြန်မာ
ယဉ်ကျေးမှု
Coding da Vinci
ယဥ်ကျေးမှုကဏ္ဍအားဒစ်ဂျစ်တယ်စနစ်ဖြင့်အသက်သွင်းခြင်း
ပြတိုက်နှင့်မော်ကွန်းတိုက်များတွင် လာရောက်ကြည့်ရှုသူများသည် ပုံမှန်အားဖြင့် မှောင်မဲနေသောပြခန်းများ၏ မှန်ဗီရိုများမှတဆင့်သာ အနုပညာလက်ရာများကို ကြည့်ရှုခံစားနိုင်ပေသည်။ ယခုဆိုလျင် ၎င်းလက်ရာများကို ပိုမိုထိတွေ့ခံစားနိုင်တော့မည်ဖြစ်သည်။ “ဒါဗင်ချီ Coding” Culture Hackathon” ကျေးဇူး ဖြင့် ပြတိုက်အသီးသီးမှ အဖိုးတန်လက်ရာများ ဒစ်ဂျစ်တယ်စနစ်ဖြင့် မည်သို့အသက်ဝင်လာသည်ကို တွေ့ရှိခံစားနိုင်ပေမည်။
ဘာသာစကား
အွန်လိုင်းသင်တန်းများ
ဧပြီလ ဂျာမန်ဘာသာစကားသင်တန်းများ
အနာဂါတ်အတွက် မည်သို့ပင်အစီအစဥ်များချထားသည်ဖြစ်စေ ဂျာမန်ဘာသာစကားတတ်ကျွမ်းပါက အဆုံးမရှိအခွင့်အရေးများ ယူဆောင်လာမည်ဖြစ်သည်။ ဂျာမန်ဘာသာစကားသင်ကြားခြင်းက သင်၏လုပ်ငန်းခွင်ဘဝနှင့်ပုဂ္ဂလိကဘ၀အရည်အသွေးကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ Goethe-Institut မြန်မာက ဧပြီလအတွက် အွန်လိုင်းဂျာမန်ဘာသာစကားသင်တန်းများဖွင့်လှစ်လျှက်ရှိပါသည်။ သင်တန်းချိန်နှင့်ဈေးနှုန်းများကို ဝက်ဘ်ဆိုက်တွင်ဝင်ရောက်ကြည့်ရှု့နိုင်ပြီး ယခုပဲစာရင်းပေးသွင်းလိုက်ပါ။
စာမေးပွဲများ
ဧပြီလ Goethe-Zertifikat စာမေးပွဲများ
သင်၏ဂျာမန်ဘာသာစကားစွမ်းရည်ကို သက်သေပြရန်အတွက် နိုင်ငံတကာအသိအမှတ်ပြုအောင်လက်မှတ်တစ်ခု လိုအပ်နေပါသလား။ Goethe-Institut ၏ စာမေးပွဲတစ်ခုတွင် ၀င်ရောက်ဖြေဆိုပြီး သင်၏ ဘာသာစကားအရည်အသွေးကို မှတ်တမ်းတင်လိုက်ပါ။ ဧပြီလအတွက် Goethe-Zertifikat စာမေးပွဲများကျင်းပရန်ရှိပါသည်။ အချိန်စာရင်းကို ဤတွင်ကြည့်နိုင်ပါသည်။
စာကြည့်တိုက်
ONLEIHE: ဂျာမန်ဒစ်ဂျစ်တယ်စာကြည့်တိုက်
Onleihe တွင် အသစ်ရောက်ရှိလာသောမီဒီယာများ
Doris Dörrie၊ Christiane Hoffmann၊ Nino Haratischwili၊ Wolf Haas၊ Georg Klein၊ Eva Menasse နှင့် Peter Stamm တို့ရဲ့ လက်ရာများအပါအ၀င် အခြားသောမီဒီယာအသစ်များ ကျွန်ုပ်တို့ရဲ့ ဂျာမန်ဒစ်ဂျစ်တယ် စာကြည့်တိုက် “ONLEIHE” တွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သတင်းကောင်း လေးပေးချင်ပါတယ်။ အခုပဲ ကျွန်ုပ်တို့ရဲ့ “ONLEIHE” မှာအခမဲ့ငှားရမ်းဖတ်ရှုလိုက်ပါ။ “ONLEIHE” အကောင့်မရှိသေးပါက အောက်ပါ link တွင် အခမဲ့ Register ပြုလုပ်နိုင်ပါတယ်။ https://bit.ly/GoetheRegister
မတ်လ ၂၁ ရက်နေ့ ၂၀၂၂ မှစတင်၍
စာကြည့်တိုက်ကို အချိန်ပိုင်းပြန်လည်ဖွင့်လှစ်ခြင်း
Goethe-Institut မြန်မာ၏ စာကြည့်တိုက်ကို မတ်လ ၂၁ ရက်နေ့ ၂၀၂၂ မှစတင်၍ အချိန်ပိုင်းပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း ကို အသိပေးကြေငြာအပ်ပါသည်။ မတ်လ ၂၁ ရက်နေ့မှစတင်၍ စာအုပ်ငှားရမ်းခြင်း/ ပြန်လည်အပ်နှံခြင်းတို့ကို စာကြည့်တိုက်ဖွင့်ချိန်အတွင်း တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ မနက်ပိုင်း (၉း၃၀ မှ ၁၂း၃၀) (သို့မဟုတ်) နေ့လည်ပိုင်း (၁း၃၀ မှ ၄း၀၀) နာရီ တွင် ပြုလုပ်နိုင်ပါသည်။ Covid-19 ကူးစက်ရောဂါ ဖြစ်ပွားမှုကာလအတွင်း စာကြည့်တိုက် အသုံးပြုရာတွင် အသင်း၀င်များ ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် စာကြည့်တိုက် အသုံးပြု နိုင်မည့် လူဦးရေကို ကန့်သတ်ထားသောကြောင့် မိမိလာရောက်လိုသည့် အချိန်ပိုင်းနှင့် နေ့ရက်ကို biblio-yangon@goethe.de သို့ အီးမေးလ်ပေးပို့ပြီး ကြိုတင်ရက်ချိန်းရယူနိုင်ပါသည်။ COVID-19 ကာကွယ်ရန်အတွက် စာကြည့်တိုက်အသုံးပြုသူများလိုက်နာရမည့်လမ်းညွှန်ချက်များကို လိုက်နာပေးပါရန် ပန်ကြားအပ်ပါသည်။ အသေးစိတ်အချက်အလက်များအတွက်: www.goethe.de/myanmar
Impressum | Datenschutz
ဆက်သွယ်ရန်
Goethe-Institut မြန်မာ ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။ ဖုန်း +95 9 954296160 info-yangon@goethe.de