Goethe-Institut Myanmar ရဲ့ ဘာသာစကားဌာနနဲ့ စာကြည့်တိုက်တို့မှ ပူးပေါင်းပြီး ပြုလုပ်ပေးနေတဲ့ “Lernberatung” ဆိုတဲ့ အစီအစဉ်လေးရှိပါတယ်။ ဒီအစီအစဉ်လေးမှာတော့ Goethe-Institut မှ ဆရာ/ဆရာမတစ်ယောက်ကနေ ဂျာမန်စာလေ့လာမှုနဲ့ ပတ်သက်တဲ့ သင်တန်းသား ကျောင်းသူ၊ ကျောင်းသားများရဲ့ မေးလိုသမျှ အခက်အခဲမေးခွန်းများကို ကူညီဖြေကြားပေးသွားမှာပဲ ဖြစ်ပါတယ်။