ငှားရမ်းခြင်း စာကြည့်တိုက်ကို လူတိုင်းအသုံးပြုနိုင်ပြီး၊ စာအုပ်များနဲ့ မီဒီယာများ အသုံးပြုခြင်းက အခမဲ့ဖြစ်ပါတယ်။ ငှားရမ်းခြင်းဆိုင်ရာ စည်းမျဥ်းများ အွန်လိုင်းကတ်တလောက် အသုံးပြုသူအကောင့်သို့ သွားရန်
Onleihe: ဂျာမန်အွန်လိုင်းစာကြည့်တိုက် ကျွန်ုပ်တို့ရဲ့ အွန်လိုင်းစာကြည့်တိုက် ,,Onleihe“ မှာတော့ ဂျာမန်ဘာသာစကားနှင့် ဖော်ပြထားသည့် မီဒီယာပေါင်း သုံးသောင်းငါးထောင်ကျော်ကို ဒေါင်းလုပ်ဒ်ဆွဲ၊ အသုံးပြုနိုင်ရန် အဆင်သင့်ထားရှိထားပါတယ်။ အချိန်တိုင်း၊ နေရာတိုင်းမှာ အခမဲ့ အသုံးပြုနိုင်ပါတယ်။ ,,Onleihe“ အွန်လိုင်းစာကြည့်တိုက် Onleihe အကြောင်း သတင်းအချက်အလက်များ
Let’s Meet a Librarian! Get Your Virtual One-On-One Q&A Session ကျွန်မတို့ စာကြည့်တိုက်မှူးများက သင့်ရဲ့ အခက်အခဲများကို ကူညီဖြေရှင်းပြီး အကြံဥာဏ်ပေးဖို့ အဆင်သင့်ရှိနေပါတယ်။ စာကြည့်တိုက်ကို လူကိုယ်တိုင် လာစရာမလိုပဲ ကျွန်မတို့ စာကြည့်တိုက်မှူးများက မေးမြန်းလိုသည့် မေးခွန်းများအတွက် သီးသန့် Virtual One-On-One Q&A Session ကို စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။ © Goethe-Institut Myanmar © Goethe-Institut Myanmar
PICK-UP SERVICE ငှားရမ်းလိုသည်များကို စာကြည့်တိုက်၏ Online Catalogue မှတဆင့်ကြိုတင်မှာယူနိုင်ခြင်း ကျွန်ုပ်တို့ရဲ့ စာကြည့်တိုက်အသင်းဝင်များအတွက် Pick-up Service လေးအကြောင်းကို ထပ်မံမိတ်ဆက်ပေးပါရစေ။ ရုံးအလုပ်တွေ၊ သင်ခန်းစာတွေနဲ့ မအားမလပ်ဖြစ်နေပါသလား? ကျွန်ုပ်တို့ စာကြည့်တိုက်ကို စာအုပ်တွေ၊ ရုပ်ရှင်တွေ လာရောက်ငှားရမ်းဖို့ အချိန်မရှိဖြစ်နေပါသလား? မိမိငှားရမ်းလိုသည်များကို စာကြည့်တိုက်၏ Online Catalogue https://yangon.bibliothek.goethe.de မှတဆင့် ကြိုတင်မှာယူနိုင်ပါတယ်။ © Goethe-Institut Myanmar © Goethe-Institut Myanmar
Learning Advisory Program Goethe-Institut Myanmar ရဲ့ ဘာသာစကားဌာနနဲ့ စာကြည့်တိုက်တို့မှ ပူးပေါင်းပြီး ပြုလုပ်ပေးနေတဲ့ “Lernberatung” ဆိုတဲ့ အစီအစဉ်လေးရှိပါတယ်။ ဒီအစီအစဉ်လေးမှာတော့ Goethe-Institut မှ ဆရာ/ဆရာမတစ်ယောက်ကနေ ဂျာမန်စာလေ့လာမှုနဲ့ ပတ်သက်တဲ့ သင်တန်းသား ကျောင်းသူ၊ ကျောင်းသားများရဲ့ မေးလိုသမျှ အခက်အခဲမေးခွန်းများကို ကူညီဖြေကြားပေးသွားမှာပဲ ဖြစ်ပါတယ်။ © Goethe-Institut Myanmar © Goethe-Institut Myanmar
Reading Club သင့်ရဲ့ ဘာသာစကားစွမ်းရည်ကို မြှင့်တင်ဖို့ ပေါ့ပေါ့ပါးပါးနဲ့ လေ့လာလို့ ရမယ့်နည်းလမ်းကို သင်ရှာဖွေနေပါသလား? ဒါဆိုရင်တော့ ကျွန်ုပ်တို့ရဲ့ စာဖတ်အသင်းအဖွဲ့လေးက သင့်အတွက် ရှိနေပါတယ်။ ဝေါဟာရအသစ်တွေကို လေ့လာနိုင်မယ့် ဒီအစီအစဉ်လေးမှာ ပါ၀င်ပြီး သူငယ်ချင်းများနဲ့အတူ ပျော်ရွှင်စွာ များပြားလှတဲ့ Easy Readers စာအုပ်မျိုးစုံကို လေ့လာဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကို Goethe-Institut Myanmar မှ အတွေ့အကြုံရှိဆရာ/ ဆရာမတစ်ဦးမှ ဦးဆောင်ပြီး သက်တောင့်သက်သာနဲ့ ပျော်ရွှင်စွာ စာဖတ်နိုင်ဖို့ ကောင်းမွန်တဲ့ ပတ်၀န်းကျင်တစ်ခုကို ဖန်တီးပေးထားပါတယ်။
ကလေးများနှင့်လူငယ်များအတွက်အစီအစဉ် စာကြည့်တိုက်ရှိ ကလေးနှင့်လူငယ်အစီအစဉ်မှ ကြိုဆိုပါတယ်။ ကလေးများနှင့် လူငယ်များအတွက် ဘေးကင်းသော၊ ပံ့ပိုးကူညီမှုနှင့် ကြွယ်ဝသောပတ်ဝန်းကျင်ကို ပေးဆောင်ရန်၊ Goethe-Institut Myanmar ၏ စာကြည့်တိုက်မှ ယောဂနှင့် လှုပ်ရှားမှုလေ့ကျင့်ခန်းများ၊ အမျိုးသမီးများနေ့အကြောင်းနှင့် သိပ္ပံနည်းပညာဆိုင်ရာဂိမ်းအစီအစဉ်များနှင့် ရာသီအလိုက် လက်မှုပညာ လှုပ်ရှားမှုများ အစရှိသော အစီအစဉ်များစွာကို စီစဉ်ပေးလျက်ရှိပါတယ်။ ဆက်လက်ကျင်းပသွားမယ့် အစီအစဉ်သစ်များရဲ့ အသေးစိတ်အချက်အလက်များကို ကျွန်ုပ်တို့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှ တစ်ဆင့် စောင့်ကြည့်နိုင်ပါတယ်။ © Goethe-Institut Myanmar © Goethe-Institut Myanmar
Board Game Friday ဂျာမန်စာလည်း လေ့ကျင့်ပြီးသားဖြစ်မယ်၊ German Board Game တွေလည်း ကစားရမယ်ဆိုရင်? Goethe-Institut Myanmar မှ ဘာသာစကားဌာနနဲ့ စာကြည့်တိုက်တို့ ပူးပေါင်းပြီး “Board Game Friday” လေးကို စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်လေးမှာတော့ ဆရာမနဲ့အတူတူ ဂျာမန်၀ေါ်ဟာရတွေ၊ အသုံးအနှုန်းတွေကို လေ့ကျင့်နိုင်မှာဖြစ်ပြီးတော့၊ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး ပါ၀င်နိုင်မှာ ဖြစ်ပါတယ်။ © Goethe-Institut Myanmar © Goethe-Institut Myanmar
Onleihe Reading made easy "Easy Reader စာအုပ်" တွေကို ဖတ်ရတာ သင့်အတွက် လွယ်လွန်းနေပြီလား? ဂျာမန်ဘာသာ B2 နှင့် C1 အဆင့်ရှိသူတွေအတွက် ပိုပြီးသင့်တော်တဲ့ e-books တွေကို ကျွန်ုပ်တို့ရဲ့ အခမဲ့ဒစ်ဂျစ်တယ်စာကြည့်တိုက် Onleihe မှာဖတ်ရှုဖို့ အကြံပြုပါရစေနော်။ © Goethe-Institut © Goethe-Institut