Logo:Goethe-Institut Claim:Sprache. Kultur. Deutschland.

၂၀၂၂ ခုနှစ်၊ သြဂုတ်လ သတင်းလွှာ

Goethe-Institut Myanmar



Deutsch | English | မြန်မာ

Goethe Cafe

Goethe Cafe

©Goethe-Institut Myanmar

Goethe Cafe ပြန်ဖွင့်ပါပြီ။

သြဂုတ်လ (၁) ရက်နေ့မှစတင်ပြီး Goethe Cafe ကမိတ်ဟောင်းမိတ်သစ်များကိုကြိုဆိုပါတယ်။ ကျွန်ုပ်တို့ဆီလာပြီး ရန်ကုန်က အရသာရှိလှတဲ့ဂျာမန်အစားအသောက်တွေကိုလာရောက်မြည်းစမ်းကြည့်ပါ။

ယဉ်ကျေးမှု

live with art

©Goethe-Institut Myanmar / TheeOoThazin

“ထင်ဟပ်၊ မျှ၀ေ၊ တွဲလက်တွေ”

“Live with Art: Reflect yourself through art for women”

“ထင်ဟပ်၊ မျှ၀ေ၊ တွဲလက်တွေ” ဆိုတဲ့အစီအစဉ်လေးကို ကျွန်ုပ်တို့ရဲ့တွဲဖက်လုပ်ကိုင်နေတဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ အဖွဲ့အစည်းတွေနဲ့ တစ်ဦးပေါ်တစ်ဦးဘယ်လိုဖေးမကူညီနိုင်မလဲဆိုတဲ့ အကြောင်းအရာအပေါ်ဆွေးနွေးပြောဆိုရာကနေစတင်ခဲ့တာဖြစ်ပါတယ်။
အခုဆိုရင်တော့တတိယမြောက်အစီအစဉ်ဖြစ်တဲ့ “Live with Art: Reflect yourself through art for women” အလုပ်ရုံဆွေးနွေးပွဲကို ခံစားချက်တွေကိုမျိုသိပ်ထားမိတတ်ကြတဲ့အမျိုးသမီးတွေအတွက်ရည်ရွယ်ပြီး အောက်ပါနေ့များတွင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ အရောင်တွေကနေတစ်ဆင့်ခံစားချက်တွေကိုဖော်ထုတ်ကြမယ်၊ စိတ်ကိုလွတ်လပ်ခွင့်ပေးပြီး artworks တွေကိုဖန်တီးကြမယ်၊ စိတ်ကိုငြိမ်းချမ်းအောင်လုပ်ပြီး ကိုယ့်ရဲ့ energy တွေကို ပြန်ယူကြမယ်။ 
အချင်းချင်းပြန်လည်မျှဝေဂရုစိုက်နိုင်ဖို့ ဒီအလုပ်ရုံဆွေးနွေးပွဲကို Kalasa Art Space ရဲ့ Founder မစုထွေးအောင်က ဦးဆောင်သွားမှာပဲဖြစ်ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲကို (၅) ကြိမ်အထိကျင်းပပေးသွားမှာဖြစ်လို့ မိမိနှစ်သက်ရာနေ့ကို ရွေးချယ်ပြီးစာရင်းပေးသွင်းနိုင်ပါပြီ။ (ဆွေးနွေးပြောကြားမည့်ဘာသာစကား - မြန်မာဘာသာ)လူဦးရေကန့်သတ်ထားသောကြောင့် စာရင်းပေးသွင်းလိုပါက biblio-yangon@goethe.de သို့အီးမေးလ်ပေးပို့နိုင်ပါတယ်။
 
SpaceO'3

©Goethe-Institut Myanmar

Space O‘3: Pop-up Art & Cultural Space

အနုပညာလုပ်ငန်းတွေလုပ်ဆောင်ရမှာကြုံတွေ့ရတဲ့နေရာအခက်အခဲ၊ သွားရေးလာရေးအခက်အခဲ၊ လျှပ်စစ်မီးအခက်အခဲနဲ့ အခြေခံနည်းပညာအခက်အခဲတွေကို တစ်ထောင့်တစ်နေရာကနေအားဖြည့်ပေးဖို့အတွက်တွေ့ဆုံစည်း၀ေးစရာအခန်းငယ်တစ်ခုကိုအခမဲ့အသုံးပြုနိုင်ရန် Goethe-Institut Myanmar မှစီစဉ်ထားရှိပေးထားပါတယ်။
လူ (၁၅) ဦးထိအသုံးပြုနိုင်မယ့်အခန်းငယ်ထဲမှာ LED Screen တစ်ခုနဲ့ အတူစားပွဲ၊ ကုလားထိုင်တွေထားရှိပေးထားပါတယ်။ အနုပညာနဲ့ပတ်သက်တဲ့စာအုပ်အချို့ကိုလည်းစုစည်းပေးထားပြီး အခန်းကို အသုံးပြုနေစဉ်အတွင်းမှာ အခမဲ့ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ အခန်းအသုံးပြုနေစဉ်ကာလအတွင်း အင်တာနက်လည်းရရှိနေမှာဖြစ်ပြီး အနုပညာနှီးနှောဖလှယ်မှုတွေကို online ကနေလည်းပြုလုပ်နိုင်မှာဖြစ်ပါတယ်။
Space O’3 ကိုအသုံးပြုနိုင်ဖို့အတွက် Info.kultur.mmr@goethe.de ကိုဆက်သွယ်ပြီး အသေးစိတ်အချက်အလက်များကို စုံစမ်းမေးမြန်းနိုင်ပါတယ်။

ဘာသာစကား

Class

©Goethe-Institut

ဂျာမန်ဘာသာစကားသင်တန်းများ

သြဂုတ်လဂျာမန်ဘာသာစကားသင်တန်းများ

Goethe-Institut မြန်မာတွင် ဂျာမန်စကားကိုစနစ်တကျစတင်သင်ယူလိုက်ပါ။ ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများကို ဥရောပဘာသာစကားဆိုင်ရာ စံချိန်စံနှုန်းမူဘောင် (GER) နှင့်အညီ အဆင့်ခြောက်ဆင့်အပေါ်တွင် အခြေခံထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏သင်တန်းများသည်  နိုင်ငံတကာစံချိန်စံနှုန်းနှင့်တိုင်းတာနှိုင်းယှဥ်နိုင်ပါသည်။ Goethe-Institut မြန်မာက သြဂုတ်လအတွက် ဂျာမန်ဘာသာစကားသင်တန်းများဖွင့်လှစ်လျှက်ရှိပါသည်။ 
စာရင်းပေးသွင်းရမည့်ကာလမှာ ၃၊၈၊၂၀၂၂ မှ ၁၅၊၈၊၂၀၂၂ အထိဖြစ်ပြီး စုံစမ်းမေးမြန်းလိုသည်များရှိပါက info.language.mmr@goethe.de မှတဆင့် အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။
Exam in August

©Goethe-Institut

စာမေးပွဲများ

သြဂုတ်လ Goethe-Zertifikat စာမေးပွဲများ

သင့်ရဲ့ဂျာမန်ဘာသာစကားအရည်အသွေးကိုသက်သေပြရန် ကမ္ဘာတဝှမ်းကအသိအမှတ်ပြုအောင်လက်မှတ်တစ်ခုလိုအပ်နေပါသလား။ Goethe-Institut ၏ဘာသာစကားအောင်လက်မှတ်သည် သင်၏ဘာသာစကားစွမ်းရည်ကိုမှတ်ကျောက်တင်ရန် ကမ္ဘာတဝှမ်းကအသိမှတ်ပြုသည့်အောင်လက်မှတ်ဖြစ်ပါသည်။ Goethe-Institut မြန်မာက သြဂုတ်လအတွက် Goethe-Zertifikat စာမေးပွဲများကိုကျင်းပမည်ဖြစ်ပါသည်။ စာရင်းသွင်းကာလမှာ ၂၊၈၊၂၀၀၂ မှ ၁၅၊၈၊၂၀၂၂ ဖြစ်သည့်အတွက် ယခုပဲအချိန်စာရင်းကိုကြည့်ပြီး info.language.mmr@goethe.de ကိုအီးမေးလ်ပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။
Admin course and exam

©Goethe-Institut Myanmar

အလုပ်ခေါ်စာ

ဘာသာစကားသင်တန်းများနှင့်စာမေးပွဲများတာဝန်ခံ (ကျောင်းသားရေးရာဌာန)

(၂၀၂၂) ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့ (သို့) (၁၅) ရက်နေ့ မှစတင်ကာတာဝန်ထမ်းဆောင်နိုင်မည့်ဘာသာစကားသင်တန်းများနှင့်စာမေးပွဲများတာဝန်ခံ (ကျောင်းသားရေးရာဌာန) ကိုကျွန်ုပ်တို့ရှာဖွေနေပါသည်။
လျှောက်ထားလိုသူများသည် မိမိတို့၏ကိုယ်ရေးအကျဉ်းနှင့် motivation letter ကိုဂျာမန်ဘာသာစကားဖြင့် LSO.yangon.mmr@goethe.de သို့ပေးပို့ရပါမည်။
လျှောက်လွှာပိတ်ရက်မှာ (၂၀၂၂) ခုနှစ်၊ ဩဂုတ်လ (၁၉) ရက်ဖြစ်ပြီး၊ လျှောက်လွှာပိတ်ရက်ထက်နောက်ကျပြီး ပေးပို့လာသည့်လျှောက်လွှာများကို လက်ခံစဉ်းစားပေးမည်မဟုတ်ပါ။
လုပ်ငန်းတာဝန်များနှင့်လိုအပ်သည့်အရည်အချင်းများကို ကျွန်ုပ်တို့ဝက်ဘ်ဆိုက်ရှိအလုပ်ခေါ်စာတွင်ကြည့်ရှုနိုင်ပါသည်။

စာကြည့်တိုက်

5 most borrowed books

©Goethe-Institut Myanmar

စာကြည့်တိုက်တွင်အငှားရဆုံးစာအုပ် (၅) အုပ်

ဒီတစ်ပတ်မှာတော့ ကျွန်ုပ်တို့ စာကြည့်တိုက်မှာ အငှားများဆုံးဖြစ်တဲ့ စာအုပ် ၅ အုပ်ကို ဖော်ပြပေးမှာပဲ ဖြစ်ပါတယ်။
အခုဖော်ပြပေးတဲ့ ဝေါဟာရစာအုပ်တွေက ဂျာမန်စာလေ့လာသူများအတွက် အများကြီး အထောက်အကူပြုမှာ သေချာပါတယ်။ ငှားရမ်းချင်တယ်ဆိုရင်တော့ ကျွန်ုပ်တို့ စာကြည့်တိုက်မှာ အခုပဲ လာရောက်ငှားရမ်းလိုက်တော့နော်။
New media Onleihe August

©Goethe-Institut

Onleihe တွင်အသစ်ရောက်ရှိလာသောမီဒီယာများ

ONLEIHE: ဂျာမန်အွန်လိုင်းစာကြည့်တိုက်

Mareike Fallwickl၊ Wladimir Kaminer၊ Saša Stanišić နှင့် Thomas von Steinaecker တို့ရဲ့ လက်ရာများအပါအ၀င် အခြားသောမီဒီယာအသစ်များ ကျွန်ုပ်တို့ရဲ့ ဂျာမန်အွန်လိုင်းစာကြည့်တိုက် “ONLEIHE” တွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သတင်းကောင်းလေး ပေးချင်ပါတယ်။ အခုပဲ ကျွန်ုပ်တို့ရဲ့ “ONLEIHE” မှာအခမဲ့ငှားရမ်းဖတ်ရှုလိုက်ပါ။
 

ဆက်သွယ်ရန်

Goethe-Institut မြန်မာ
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း +95 1 9376160
info-yangon@goethe.de