Logo:Goethe-Institut Claim:Sprache. Kultur. Deutschland.

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ သတင်းလွှာ

Goethe-Institut Myanmar



Deutsch | English | မြန်မာ

ဘာသာစကား

Class
©Goethe-Institut

ဂျာမန်ဘာသာစကားသင်တန်းများ

အောက်တိုဘာလဂျာမန်ဘာသာစကားသင်တန်းများ

Goethe-Institut မြန်မာတွင် ဂျာမန်စကားကိုစနစ်တကျစတင်သင်ယူလိုက်ပါ။ ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများကို ဥရောပဘာသာစကားဆိုင်ရာ စံချိန်စံနှုန်းမူဘောင် (GER) နှင့်အညီ အဆင့်ခြောက်ဆင့်အပေါ်တွင် အခြေခံထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏သင်တန်းများသည်  နိုင်ငံတကာစံချိန်စံနှုန်းနှင့်တိုင်းတာနှိုင်းယှဥ်နိုင်ပါသည်။ Goethe-Institut မြန်မာက အောက်တိုဘာလအတွက် ဂျာမန်ဘာသာစကားသင်တန်းများဖွင့်လှစ်လျှက်ရှိပါသည်။ 
စာရင်းပေးသွင်းရမည့်ကာလမှာ ၃၊၁၀၊၂၀၂၂ မှ ၁၆၊၁၀၊၂၀၂၂ အထိဖြစ်ပြီး စုံစမ်းမေးမြန်းလိုသည်များရှိပါက info.language.mmr@goethe.de မှတဆင့် အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။

သင်တန်းချိန်များနှင့်စျေးနှုန်းများ
Exam
©Goethe-Institut Myanmar

စာမေးပွဲများ

အောက်တိုဘာလ Goethe-Zertifikat စာမေးပွဲများ

သင့်ရဲ့ဂျာမန်ဘာသာစကားအရည်အသွေးကိုသက်သေပြရန် ကမ္ဘာတဝှမ်းကအသိအမှတ်ပြုအောင်လက်မှတ်တစ်ခုလိုအပ်နေပါသလား။ Goethe-Institut ၏ဘာသာစကားအောင်လက်မှတ်သည် သင်၏ဘာသာစကားစွမ်းရည်ကိုမှတ်ကျောက်တင်ရန် ကမ္ဘာတဝှမ်းကအသိမှတ်ပြုသည့်အောင်လက်မှတ်ဖြစ်ပါသည်။ Goethe-Institut မြန်မာက အောက်တိုဘာလအတွက် Goethe-Zertifikat စာမေးပွဲများကိုကျင်းပမည်ဖြစ်ပါသည်။ စာရင်းသွင်းကာလမှာ ၂၊၁၀၊၂၀၀၂ မှ ၁၆၊၁၀၊၂၀၂၂ ဖြစ်သည့်အတွက် ယခုပဲအချိန်စာရင်းကိုကြည့်ပြီး info.language.mmr@goethe.de ကိုအီးမေးလ်ပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။

အချိန်ဇယားနှင့် စာရင်းပေးသွင်းရန်

စာကြည့်တိုက်

TipToi
©Goethe-Institut Myanmar

Tiptoi pen လေးနဲ့ပုံပြင်လေးတွေဖတ်ရှုလိုက်ရအောင်!

Goethe-Institut မြန်မာစာကြည့်တိုက်မှာ စာအုပ်တွေ၊ အခွေတွေ၊ မဂ္ဂဇင်းတွေ၊ Board Games တွေအပြင် စာကြည့်တိုက်အသုံးပြုသူတွေသတိမထားမိကျတဲ့ နောက်ထပ်ငှားရမ်းလို့ရတဲ့အရာတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။
 
အဲ့ဒါကတော့ ဂျာမန်စာလေ့လာနိုင်ရုံသာမက၊ အခြားသောစိတ်၀င်စားစရာအကြောင်းအရာပေါင်းများစွာကို စာအုပ်လေးကနေ အသံပါတခါတည်းလေ့လာလို့ရတဲ့ Tiptoi စာအုပ်နဲ့ဘောပင်လေးပဲဖြစ်ပါတယ်။

ဗဟုသုတများစွာကို ပုံပြင်လေးတွေ၊ သီချင်းလေးတွေနဲ့ပျော်ပျော်ရွှင်ရွှင်လေ့လာလို့ရတာကြောင့် ကလေးများလည်းကြိုက်နှစ်သက်စေမှာပဲဖြစ်ပါတယ်။ ကဲ အခုပဲလာရောက်ငှားရမ်းလိုက်တော့နော်။ ​

စာကြည့်တိုက်ကိုလာရောက်မယ်ဆိုရင်တော့ စာကြည့်တိုက်အီးမေးလ် biblio-yangon@goethe.de သို့ပေးပို့ပြီးကြိုတင်ရက်ချိန်းရယူနိုင်ပါတယ်။
 

biblio-yangon@goethe.de
Board Game
©Goethe-Institut Myanmar

“BOARD GAME FRIDAY!”

ဂျာမန်စာလည်း လေ့ကျင့်ပြီးသားဖြစ်မယ်၊ German Board Game တွေလည်း ကစားရမယ်ဆိုရင်?
 
Goethe-Institut Myanmar မှ ဘာသာစကားဌာနနဲ့ စာကြည့်တိုက်တို့ ပူးပေါင်းပြီး “Board Game Friday” လေးကို စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်လေးမှာတော့ ဆရာမနဲ့အတူတူ ဂျာမန်၀ေါ်ဟာရတွေ၊ အသုံးအနှုန်းတွေကို လေ့ကျင့်နိုင်မှာဖြစ်ပြီးတော့၊ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး ပါ၀င်နိုင်မှာဖြစ်လို့ စာရင်းပေးသွင်းချင်ရင်တော့ စာကြည့်တိုက်သို့ လူကိုယ်တိုင်ဖြစ်စေ၊ အီးမေးလ် biblio-yangon@goethe.de မှတစ်ဆင့်ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါတယ်။
 
Goethe-Institut Myanmar စာကြည့်တိုက်မှာ (၁) လ မှာ (၁) ကြိမ်သာ ပြုလုပ်မှာဖြစ်ပြီး၊ (၆) ဦးသာ လက်ခံသွားမှာဖြစ်လို့၊ မိမိရဲ့ အမည်၊ ဖုန်းနံပါတ်နှင့် German level ကိုပေးပို့ပြီး မြန်မြန်လေးစာရင်းပေးသွင်းဖို့တော့ လိုအပ်ပါတယ်နော်။
 
Board Game လေးတွေ ကစားရင်း၊ ဂျာမန်စကားပြောလေးတွေကို အတူတူလေ့ကျင့်လိုက်ရအောင်နော်။

  • နေ့ရက် - ၂၈.၁၀.၂၀၂၂ (သောကြာနေ့)
  • အချိန် - ၂ နာရီ မှ ၄ နာရီအထိ

biblio-yangon@goethe.de

ဆက်သွယ်ရန်

Goethe-Institut မြန်မာ
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း +95 9 954296160
info-yangon@goethe.de