၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ သတင်းလွှာ
Goethe-Institut Myanmar
Deutsch | English | မြန်မာ
ယဉ်ကျေးမှု
/ရှိ အိဇ္ဇဘီးရှင်း
/ရှိ အိဇ္ဇဘီးရှင်းမှာ ဘာတွေများအသစ်ရှိပါသလဲ။ /ရှိ အိဇ္ဇဘီးရှင်းကို ရန်ကုန်မြို့အနှံ့အပြားက နေရာ (၇) နေရာမှာ (၂၀၂၂) ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့ကနေ (၂၀၂၃) ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့အထိ (၄၄) ရက်ကြာခင်းကျင်းပြသလျှက်ရှိပါတယ်။ ပြခန်းနေရာတွေ၊ အနုပညာလက်ရာတွေ၊ လမ်းကြောင်းမြေပုံ၊ အခြားသောအစီအစဉ်တွေ၊ အနုပညာစာမူ၊ စာတမ်းဖိတ်ခေါ်ချက်နဲ့ /ရှိ ဖွင့်ပွဲနဲ့ဘတ်စ်ခရီးစဉ်ကပုံရိပ်တွေကို ကြည့်ဖို့ /ရှိ အိဇ္ဇဘီးရှင်း ဝက်ဘ်ဆိုက်ကိုဖိတ်ခေါ်ပါတယ်။
ဖျော်ဖြေမှုမှသည်အသိပညာသို့
သိပ္ပံရုပ်ရှင်ပွဲတော် (၂၀၂၂)
ဂျာမန် ဘာသာစကား သင်ကြားရေး နှင့် ယဉ်ကျေးမှု ဌာနမှ နှစ်စဉ် ကျင်းပပြုလုပ်လျက် ရှိတဲ့ (၁၁) ကြိမ်မြောက် သိပ္ပံ ရုပ်ရှင်ပွဲတော်ကို ကျင်းပပြုလုပ် တော့ မှာဖြစ်ပါတယ်။ သိပ္ပံ ရုပ်ရှင်ပွဲတော် မြန်မာ ကို (၂၀၂၂) ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့မှဒီဇင်ဘာလ (၁၀) ရက်နေ့ အတွင်း ယခင်နှစ်က ကဲ့သို့ အွန်လိုင်းမှ သာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
Goethe ခရစ္စမတ်ဈေးခင်း
ဆောင်းလေအေးနဲ့အတူ Goethe’s Christmas Bazaar ကမကြာခင်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ ဒီစျေးခင်းကို ပြုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ လက်မှုနဲ့အနုပညာ ကို တန်ဖိုးထားပြီး ပြည်တွင်းအသေးစားလုပ်ငန်းများကို မြှင့်တင်ပေးဖို့ ၊ သဘာဝအော်ဂဲနစ် အသီးအနှံများ စိုက်ပျိုးခြင်းအကြောင်း ပိုမိုသိရှိလာစေဖို့ နဲ့ ပလတ်စတင်းကင်းမဲ့ပြီး ရေရှည်တည်မြဲတဲ့ လူမှုပတ်ဝန်းကျင်တစ်ခုဖြစ်လာဖို့ ကြိုးပမ်းနေတဲ့ အဖွဲ့အစည်း ၊ အသင်းအဖွဲ့များ ကို ဒီစျေးခင်း ကနေတစ်ဆင့် ချိတ်ဆက်ပေးနိုင်ဖို့ ပဲဖြစ်ပါတယ်။ Goethe’s Christmas Bazaar မှာ ဘယ်လိုစိတ်ဝင်စားစရာ လက်မှုအနုပညာ၊ စျေးတန်းနဲ့ အစီအစဥ်တွေပါဝင်သွားမလဲဆိုတာကို မကြာခင်မှာပြောပြပေးသွားမှာဖြစ်လို့ ဒီဇင်ဘာလ (၄) ရက် ၊ တနင်္ဂနွေနေ့ ကို ပြက္ခဒိန်ထဲမှာ အခုကတည်းက မှတ်ထားလိုက်တော့နော်။
အလုပ်ခေါ်စာ
ပူးပေါင်းပရော့ဂျက်အတွက်အလုပ်ခေါ်စာ
(၂၀၂၃) ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ မှစတင်ကာတာဝန်ထမ်းဆောင်နိုင်မည့် Goethe-Institut မြန်မာနှင့် Myanmar Photo Archive တို့ပူးပေါင်းပရော့ဂျက်အတွက် PROJECT COORDINATOR နှင့်ပရော့ဂျက်အတွက် COMMUNICATIONS COORDINATOR ကိုကျွန်ုပ်တို့ရှာဖွေနေပါသည်။ အချိန်ပြည့်အလုပ်ဖြစ်ပြီး (၂) နှစ်စာချုပ်ဖြင့် (၂၀၂၃) ဖေဖော်ဝါရီလ (၁) ရက်နေ့မှစတင်လုပ်ကိုင်ရပါမည်။ လျှောက်လွှာပိတ်ရက်မှာ (၂၃၊၁၂၊၂၀၂၂) ဖြစ်ပြီး၊ လျှောက်လွှာပိတ်ရက်ထက်နောက်ကျပြီး ပေးပို့လာသည့်လျှောက်လွှာများကို လက်ခံစဉ်းစားပေးမည်မဟုတ်ပါ။ လုပ်ငန်းတာဝန်များနှင့်လိုအပ်သည့်အရည်အချင်းများကို ကျွန်ုပ်တို့ဝက်ဘ်ဆိုက်ရှိအလုပ်ခေါ်စာတွင်ကြည့်ရှုနိုင်ပါသည်။
ဘာသာစကား
စာမေးပွဲများ
ဒီဇင်ဘာလ Goethe-Zertifikat စာမေးပွဲများ
နှစ်မကုန်ခင် ဂျာမန်ဘာသာစကားစာမေးပွဲဖြေဆိုပြီး နိုင်ငံတကာအသိအမှတ်ပြု Goethe-Zertifikat လက်မှတ်ကိုင်ဆောင်ထားခြင်းက နှစ်သစ်မှာရောက်ရှိလာမယ့်အခွင့်အလမ်းများကိုရယူဖို့ အဆင်သင့်ဖြစ်နေစေမှာပါ။ Goethe-Institut ဘာသာစကားအောင်လက်မှတ်သည် သင်၏ဘာသာစကားစွမ်းရည်ကိုမှတ်ကျောက်တင်ရန် ကမ္ဘာတဝှမ်းကအသိမှတ်ပြုသည့်အောင်လက်မှတ်ဖြစ်ပါသည်။ Goethe-Institut မြန်မာက ဒီဇင်ဘာလအတွက် Goethe-Zertifikat စာမေးပွဲများကိုကျင်းပမည်ဖြစ်ပါသည်။ ၂၊၁၂၊၂၀၂၂ မတိုင်မီ ယခုပဲအချိန်စာရင်းကိုကြည့်ပြီး info.language.mmr@goethe.de ကိုအီးမေးလ်ပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။
သတင်းအချက်အလက်
MEIN WEG NACH DEUTSCHLAND ဂျာမနီနိုင်ငံတွင်နေထိုင်ခြင်း
ဂျာမနီနိုင်ငံတွင်နေထိုင်ရန် မိမိကိုယ်ကိုမည်သည့်ပြင်ဆင်မှုများပြုလုပ်ရမည်နည်း။ သင်၏ပထမဆုံးခြေလှမ်းများအတွက် သတင်းအချက်အလက်များကို MEIN WEG NACH DEUTSCHLAND ဝက်ဘ်ဆိုဒ်တွင်ရယူလိုက်ပါ။
စာကြည့်တိုက်
ONLEIHE: ဂျာမန်အွန်လိုင်းစာကြည့်တိုက်
ကိုယ်တိုင်လုပ်ခရစ္စမတ်ကွတ်ကီးလေးတွေဖန်တီးလိုက်ရအောင်!
သင့်ရဲ့အကြိုက်ဆုံး ခရစ္စမတ်ကွတ်ကီးလေးကဘာများလဲ။ မကြာခင် ခရစ္စမတ်အချိန်ခါလေးရောက်ရှိလာတော့မှာဆိုတော့ မုန့်လုပ်ရတာကိုကြိုက်နှစ်သက်သူတွေအတွက် ခရစ္စမတ်ကွတ်ကီးမျိုးစုံရဲ့လုပ်နည်းလေးတွေကိုစုစည်းပေးထားတာမို့ အခုပဲ ကျွန်ုပ်တို့ရဲ့ဂျာမန်အွန်လိုင်းစာကြည့်တိုက် “ONLEIHE” မှာ အခမဲ့ ငှားရမ်းလေ့လာပြီး ကိုယ်တိုင်စိတ်ကြိုက်ဖန်တီးလိုက်ရအောင်နော်။
စာကြည့်တိုက်တွင်အသစ်ရောက်ရှိနေသောရုပ်ရှင်အသစ်များ
ဂျာမန်စကားပြောတွေကို ပိုမိုနားလည်လာစေဖို့နဲ့ အပြောစွမ်းရည်တိုးတက်စေဖို့ ဂျာမန်ရုပ်ရှင်တွေကို ကြည့်ရှုရင်းလည်း ဂျာမန်စာကို လေ့လာနိုင်ပါတယ်နော်။ ဒီအပတ်မှာ သတင်းကောင်းလေးပေးချင်တာကတော့ စာကြည့်တိုက်မှာ ရုပ်ရှင်ဇာတ်ကားအသစ်များစွာလည်း အသစ်ထပ်မံရောက်ရှိနေတာမို့ အခွေအမျိုးအစားများစွာထဲက သင်ကြိုက်နှစ်သက်ရာကို လာရောက်ငှားရမ်းလိုက်တော့နော်။ အခုပဲ ရုပ်ရှင်ကြည့်ရင်း ဂျာမန်စာကို လေ့လာလိုက်ရအောင်။
စာကြည့်တိုက်တွင်အငှားရဆုံးစာအုပ် (၅) အုပ်
ဒီတစ်ပတ်မှာတော့ ကျွန်ုပ်တို့ စာကြည့်တိုက်မှာအငှားများဆုံးဖြစ်တဲ့ စာအုပ် (၅) အုပ်ကို ဖော်ပြပေးမှာပဲဖြစ်ပါတယ်။ အခုဖော်ပြပေးတဲ့စာအုပ်တွေကလည်း ဂျာမန်စာလေ့လာသူများအတွက် အများကြီးအထောက်အကူပြုမှာသေချာပါတယ်။ ငှားရမ်းချင်တယ်ဆိုရင်တော့ ကျွန်ုပ်တို့စာကြည့်တိုက်မှာ အခုပဲ လာရောက်ငှားရမ်းလိုက်တော့နော်။
Impressum | Datenschutz
ဆက်သွယ်ရန်
Goethe-Institut မြန်မာ ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။ ဖုန်း +95 9 954296160 info-yangon@goethe.de