Logo:Goethe-Institut Claim:Sprache. Kultur. Deutschland.

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ သတင်းလွှာ

Goethe-Institut Myanmar



Deutsch | English | မြန်မာ

ယဉ်ကျေးမှု

Orientierungssitzung der ‘Programm Fürsorge’

©Goethe-Institut Myanmar

ယဉ်ကျေးမှုဌာနနှင့်စာကြည့်တိုက်တို့ပူးပေါင်းအစီအစဉ်

ထင်ဟပ်မျှ၀ေတွဲလက်တွေ အစီအစဉ်ဒုတိယပိုင်း၏ Orientation Session

ထင်ဟပ်မျှ၀ေတွဲလက်တွေ အစီအစဉ်ကို ယခုနှစ် (၂၀၂၃) ခုနှစ်မှာလည်း Goethe-Institut မြန်မာမှ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူပူးပေါင်းပြီး ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။ အတူမျှ၀ေခြင်း၊ ဂရုစိုက်ပေးခြင်းတွေကိုအခြေခံထားတဲ့ ဒီအစီအစဉ်လေးရဲ့ရည်ရွယ်ချက်ကတော့ နေ့စဉ်ရင်ဆိုင်နေရတဲ့စိတ်ဖိစီးမှုတွေ၊ စိတ်ဒဏ်ရာတွေ၊ မပြေလည်မှုတွေ၊ စိတ်ပင်ပန်းမှုတွေကို အနုပညာကြားခံနယ်ကနေတစ်ဆင့်ဖြေထုတ်၊ ဖော်ပြနိုင်ဖို့ပဲဖြစ်ပါတယ်။ ထိရောက်မှုရှိပြီး ဂီတနှင့်အနုပညာဆိုင်ရာ ကုထုံးများကိုအခြေပြုထားတဲ့ အလုပ်ရုံဆွေးနွေးပွဲတွေကို အမျိုးသမီးများ၊ ကလေးငယ်များနဲ့ အသက်အရွယ်မျိုးစုံမှ စိတ်ပါ၀င်စားသူမည်သည်မဆို ပါဝင်တက်ရောက်နိုင်မှာပဲဖြစ်ပါတယ်။ 
ထင်ဟပ်မျှ၀ေတွဲလက်တွေအစီအစဉ် ဒုတိယပိုင်းရဲ့ orientation session ကို (၂၆.၂.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ Goethe-Institut မြန်မာရဲ့ပွဲခန်းမမှာ ပြုလုပ်ကျင်းပမယ့် ယခု session ကိုစိတ်ပါ၀င်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်မှာဖြစ်ပါတယ်။ အနုပညာ၊ ဂီတ၊ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်များမှ အတွေ့အကြုံရှိ workshop leader တွေက စိန်ခေါ်မှုတွေကိုလက်တွေ့ရင်ဆိုင်နိုင်မယ့်နည်းလမ်းတွေကို မတူညီတဲ့ရှုထောင့်ပေါင်းစုံကနေ တင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်။ ပွဲအစီအစဉ်ရဲ့အသေးစိတ်အချက်အလက်များကို Goethe-Institut မြန်မာရဲ့လူမှုကွန်ယက်စာမျက်နှာတွေမှာ ထပ်မံဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အတွေ့အကြုံသစ်တွေကိုမျှ၀ေခံစားရင်း လူမှုဘ၀ကိုဖြတ်သန်းဖို့အတွက် ကျွန်ုပ်တို့နဲ့အတူပါ၀င်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။
(၂၀၂၃) ခုနှစ်အတွင်းဆက်လက်ကျင်းပသွားမယ့် အစီအစဉ်သစ်များရဲ့အသေးစိတ်အချက်အလက်များကို ကျွန်ုပ်တို့ရဲ့လူမှုကွန်ယက်စာမျက်နှာတွေကတဆင့် စောင့်ကြည့်နိုင်ပါတယ်။
 
Piano Recital by Yunhee Jung

©Goethe-Institut Myanmar

စန္ဒယားပညာရှင် Yunhee Jung နှင့်စနေနေ့လည်ခင်းဂီတပွဲ

ဖေဖော်ဝါရီလ (၁၈) ရက်၊ (၂၀၂၃)၊ စနေနေ့တွင် နေ့လည် (၃) နာရီမှ (၅) နာရီအထိ ကိုးရီးယားစန္ဒယားပညာရှင် Ms. Yunhee Jung က Goethe-Institut မြန်မာပွဲခန်းမ၌ စန္ဒယားဂီတပွဲတစ်ခုကိုတင်ဆက်ပေးသွားမည်ဖြစ်ပါသည်။ Goethe-Institut မြန်မာရှိ ဤစန္ဒယားဂီတပွဲသို့တက်ရောက်ချီးမြှင့်ပါရန် သင့်အားခင်မင်ရင်းနှီးမှုအပြည့်ဖြင့်ဖိတ်ကြားပါရစေ။ စနေနေ့လည်ခင်းတွင် ဂန္တဝင်ဂီတကိုနားဆင်ခံစားရန် ကျွန်ုပ်တို့ဆီလာခဲ့ပါ။ ပိုမိုသိရှိလိုသည်များရှိပါက info.kultur.MMR@goethe.de သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Evolution of Myanmar Abstract Art Exhibition & Book Launch

©Goethe-Institut Myanmar

ယဉ်ကျေးမှုဌာနနှင့်စာကြည့်တိုက်တို့ပူးပေါင်းအစီအစဉ်

မြန်မာ abstract လက်ရာများ၏ ‘ဆင့်ကဲပြောင်းလဲ‘ အနုပညာပြပွဲနှင့်စာအုပ်မိတ်ဆက်ပွဲ

မြန်မာ abstract လက်ရာတွေကိုနှစ်သက်မြတ်နိုးသူတွေ မဖြစ်မနေလာရောက်ကြည့်ရှုသင့်တဲ့ပွဲလေးတစ်ပွဲကို Goethe-Institut မြန်မာမှာကျင်းပသွားမှာဖြစ်ပါတယ်။ Blank Face Art Group ရဲ့  Abstract လက်ရာတွေ စုစည်းပြသမယ့်ပြပွဲတစ်ခုဖြစ်တဲ့ ‘ဆင့်ကဲပြောင်းလဲ‘ ကို ဖေဖော်၀ါရီလ (၂၀) ကနေ (၂၄) ရက်နေ့အထိကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ Blank Face Art Group အနေနဲ့ မြန်မာ Abstract လက်ရာတွေရဲ့အရွေ့ကို သုတေသနပြုခဲ့ပြီး၊ တွေ့ရှိချက်တွေကို စာအုပ်အနေနဲ့ ထုတ်၀ေသွားမှာလည်းဖြစ်ပါတယ်။ ဆင့်ကဲပြောင်းလဲပြပွဲရဲ့ပိတ်ပွဲနေ့မှာ စာအုပ်မိတ်ဆက်ပွဲအစီအစဉ်တစ်ရပ်ကို Goethe-Institut မြန်မာရဲ့စာကြည့်တိုက်မှာပြုလုပ်သွားမှာဖြစ်ပါတယ်။ ပြပွဲအကြောင်းအရာနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်များကို Goethe-Institut မြန်မာနဲ့ Blank Face Art Group ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာဖော်ပြသွားမှာဖြစ်ပါတယ်။
 

ပွဲခန်းမငှားရမ်းရန်

Auditorium

©Goethe-Institut Myanmar

ငှားရမ်းရန်

ပွဲခန်းမ

ယဥ်ကျေးမှုနှင့်ပညာရေးဆိုင်ရာအခမ်းအနားများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ တင်ဆက်မှုများနဲ့ပြပွဲအစီအစဥ်များအတွက် Goethe-Institut Myanmar ရဲ့ Auditorium (ပွဲခန်းမ) ကိုငှားရမ်းအသုံးပြုနိုင်ပါပြီ။

ကျွန်ုပ်တို့၏ပွဲခန်းမကိုငှားရမ်းရန်စိတ်ဝင်စားပါက ဝက်ဘ်ဆိုက်တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
 

ဘာသာစကား

Class

©Goethe-Institut

ဂျာမန်ဘာသာစကားသင်တန်းများ

ဖေဖော်ဝါရီလဂျာမန်ဘာသာစကားသင်တန်းများ

Goethe-Institut မြန်မာတွင် ဂျာမန်စကားကိုစနစ်တကျစတင်သင်ယူလိုက်ပါ။ ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများကို ဥရောပဘာသာစကားဆိုင်ရာ စံချိန်စံနှုန်းမူဘောင် (GER) နှင့်အညီ အဆင့်ခြောက်ဆင့်အပေါ်တွင်အခြေခံထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏သင်တန်းများသည် နိုင်ငံတကာစံချိန်စံနှုန်းနှင့်တိုင်းတာနှိုင်းယှဥ်နိုင်ပါသည်။ Goethe-Institut မြန်မာက ဖေဖော်ဝါရီလအတွက် ဂျာမန်ဘာသာစကားသင်တန်းများဖွင့်လှစ်လျှက်ရှိပါသည်။ 
စာရင်းပေးသွင်းရမည့်ကာလမှာ ၆၊၂၊၂၀၂၃ မှ ၁၇၊၂၊၂၀၂၃ အထိဖြစ်ပြီး စုံစမ်းမေးမြန်းလိုသည်များရှိပါက info.language.mmr@goethe.de မှတဆင့် အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။
Exam

©Goethe-Institut Myanmar

စာမေးပွဲများ

ဖေဖော်ဝါရီလ Goethe-Zertifikat စာမေးပွဲများ

သင့်ရဲ့ဂျာမန်ဘာသာစကားအရည်အသွေးကိုသက်သေပြရန် ကမ္ဘာတဝှမ်းကအသိအမှတ်ပြုအောင်လက်မှတ်တစ်ခုလိုအပ်နေပါသလား။ Goethe-Institut ၏ဘာသာစကားအောင်လက်မှတ်သည် သင်၏ဘာသာစကားစွမ်းရည်ကိုမှတ်ကျောက်တင်ရန် ကမ္ဘာတဝှမ်းကအသိမှတ်ပြုသည့်အောင်လက်မှတ်ဖြစ်ပါသည်။ Goethe-Institut မြန်မာက ဖေဖော်ဝါရီလအတွက် Goethe-Zertifikat စာမေးပွဲများကိုကျင်းပမည်ဖြစ်ပါသည်။ စာရင်းသွင်းကာလမှာ ၆၊၂၊၂၀၂၃ မှ ၁၇၊၂၊၂၀၂၃ ဖြစ်သည့်အတွက် ယခုပဲအချိန်စာရင်းကိုကြည့်ပြီး info.language.mmr@goethe.de ကိုအီးမေးလ်ပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။
Online-Study in Germany

©Goethe-Institut Myanmar

Study in Germany : Online Q & A Session

ဂျာမနီနိုင်ငံမှာ ကျောင်းသွားတက်ဖို့ စိတ်၀င်စားသူများ၊ ကျောင်းသွားတက်ဖို့ ပြင်ဆင်နေသူများအတွက် Goethe-Institut Myanmar က Study in Germany Education Advisory Service ကို အခမဲ့ ဆွေးနွေးပေးလျက်ရှိတဲ့အပြင် ဖေဖော်၀ါရီလမှစတင်ပြီး Online အမေး၊ အဖြေ အစီအစဥ်ကိုပါ လစဥ်ပြုလုပ်ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးချင်ပါတယ်။ 
 
ဂျာမနီတက္ကသိုလ်များအကြောင်း ၊ ဘာသာရပ်များအကြောင်း ၊ ကျောင်းလျှောက်ပုံအဆင့်ဆင့် ၊ ကျောင်းလခ ၊ ပညာသင်ဆုများအပြင် အချိန်ပိုင်းအလုပ်များအကြောင်း မိမိသိလိုသမျှကို မေးလို့ရမှာဖြစ်ပြီး Goethe-Insitut Myanmar ရဲ့ ပညာရေးအကြံပေးဖြစ်တဲ့ Kerstin Unseld နဲ့အတူ ဂျာမန်ဘာသာစကား ဆရာမ ချမ်းဆုငြိမ်းတို့က ဖေဖော်၀ါရီလ (၈) ရက် ၊ ညနေ (၂း၀၀) မှ (၃း၀၀) အထိ Zoom Meeting ကနေတစ်ဆင့်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ 
 
အစီအစဥ်တစ်ခုလျှင် (၅) ဦးသာ လက်ခံဆွေးနွေးပေးသွားမှာဖြစ်လို့ စိတ်ဝင်စားသူများအနေနဲ့ အမြန်ဆုံးစာရင်းပေးသွင်းဖို့ လိုအပ်ပါတယ်။ သတ်မှတ်ထားတဲ့လူဦးရေကျော်ပြီး ပေးပို့လာသူများကို နောက်လများအတွက် Waiting List အဖြစ် ထားရှိပေးမှာဖြစ်ပါတယ်။ 
 

စာကြည့်တိုက်

ကလေးများနဲ့လူငယ်များအတွက် „Yoga & Movement” အစီအစဉ်

©Goethe-Institut Myanmar

ကလေးများနဲ့လူငယ်များအတွက် „Yoga & Movement” အစီအစဉ်

ဒီအစီအစဉ်လေးက Goethe-Institut မြန်မာစာကြည့်တိုက်မှာပြုလုပ်မယ့် Children & Youth Program ရဲ့ပထမဦးဆုံးပွဲလေးပဲဖြစ်ပါတယ်။ ပျော်စရာကောင်းတဲ့ activity မျိုးစုံကို wee care Children & Youth Development Center မှ ဆရာ၊ ဆရာမများနဲ့အတူ ဦးဆောင်စီစဉ်ပေးသွားမှာပဲဖြစ်ပါတယ်။

အခုအစီအစဉ်လေးမှာ ပါဝင်နိုင်ဖို့ အသက်အရွယ်အလိုက် အုပ်စု (၂) စုခွဲထားပါတယ် -
Group A - အသက် (၆) နှစ်မှ (၁၁) နှစ် အထိ 
Group B - အသက် (၁၂) နှစ်မှ (၁၅) နှစ် အထိ

ဝင်ကြေးအခမဲ့ဖြစ်ပြီး၊ ပါဝင်လိုတဲ့ သားသားမီးမီးတို့အနေနဲ့ ကိုယ့်ရဲ့ Yoga Mat လေးတွေကိုတော့ တစ်ပါတည်းသယ်ဆောင်လာခဲ့ရမှာပဲဖြစ်ပါတယ်။ 
 
လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ အမည်၊ အသက်၊ ဖုန်းနံပါတ်နဲ့ အီးမေးလ်ကို စာကြည့်တိုက်ဖွင့်ချိန်အတွင်း ၀၁ ၉၃၇၆၁၆၀ (လိုင်းခွဲနံပါတ် ၃၀၁/၃၀၂) မှ တစ်ဆင့်ဖြစ်စေ၊ biblio-yangon@goethe.de မှတစ်ဆင့် ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါပြီ။ 
 
Leseclub - reading club

©Goethe-Institut Myanmar

”LESECLUB” program

ဂျာမန်ဘာသာစကားကိုလက်ရှိသင်ယူနေတဲ့သူပဲဖြစ်ဖြစ်၊ ဂျာမန်ဘာသာစကားတတ်ကျွမ်းထားပြီးသားသူပဲဖြစ်ဖြစ် ပါဝင်နိုင်မယ့်အစီအစဉ်တစ်ခုကိုမိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒါကတော့ “Leseclub” ဆိုတဲ့ စာဖတ်အသင်းအဖွဲ့လေးပဲဖြစ်ပါတယ်။ စာဖတ်ရတာကြိုက်နှစ်သက်သူတို့ တွေ့ဆုံကြမယ့်ဒီအစီအစဉ်လေးမှာ Goethe-Institut မြန်မာက အတွေ့အကြုံရှိဆရာမတစ်ဦးကနေ ဦးဆောင်သွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်ကိုပါဝင်ဖို့ ဘာမှယူဆောင်လာစရာမလိုပဲ၊ ဆရာမက level အလိုက် (A2/ B1/ B2) ရွေးချယ်ပေးထားတဲ့ ဖတ်ရတာလွယ်ကူပြီး၊ စိတ်ဝင်စားစရာဇာတ်ကြောင်းကို ရေးသားထားတဲ့ easy reader ဝတ္ထုတိုစာအုပ်တွေကို ဖတ်ရမှာပဲဖြစ်ပါတယ်။ လူဦးရေကန့်သတ်ထားတာကြောင့် စာကြည့်တိုက်ဖွင့်ချိန်အတွင်း ၀၁ ၉၃၇၆၁၆၀ (လိုင်းခွဲနံပါတ် ၃၀၁/၃၀၂) မှတဆင့်ဖြစ်စေ၊ biblio-yangon@goethe.de မှတဆင့်ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါပြီ။ 
 
Learnberatung-Feb

©Goethe-Institut Myanmar

“LERNBERATUNG” program

Goethe-Institut Myanmar ရဲ့ဘာသာစကားဌာနနဲ့စာကြည့်တိုက်တို့မှပူးပေါင်းပြီး „Lernberatung” ဆိုတဲ့အစီအစဉ်လေးကို ပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ ဒီအစီအစဉ်လေးမှာတော့ ဆရာမနန်းထွေး ကနေ ဂျာမန်စာလေ့လာမှုနဲ့ပတ်သက်တဲ့ သင်တန်းသား ကျောင်းသူ၊ ကျောင်းသားများရဲ့ မေးလိုသမျှအခက်အခဲမေးခွန်းများကို ကူညီဖြေကြားပေးသွားမှာပဲဖြစ်ပါတယ်။ တစ်ရက်ကို သင်တန်းသား (၆) ဦးသာလက်ခံသွားမှာဖြစ်လို့ စိတ်ပါ၀င်စားသူမည်သူမဆို စာကြည့်တိုက်မှာလူကိုယ်တိုင်ဖြစ်စေ၊ အီးမေးလ် biblio-yangon@goethe.de မှတစ်ဆင့်ဖြစ်စေ အမည်၊ ဖုန်းနံပါတ်၊ မိမိရဲ့ German level၊ မိမိမေးလိုသည့်အကြောင်းအရာနှင့် မိမိတက်ရောက်လိုတဲ့ရက်ကို ပေးပို့ပြီး ကြိုတင်စာရင်းပေးသွင်းဖို့လိုအပ်ပါတယ်။
 
NEUE MEDIEN IN DER ONLEIHE - Feb

©Goethe-Institut

ONLEIHE: ဂျာမန်အွန်လိုင်းစာကြည့်တိုက်

Onleihe တွင်အသစ်ရောက်ရှိလာသောမီဒီယာများ

Sibylle Berg၊ Jakob Hein၊ Werner Herzog၊ Abbas Khider၊ Ingrid Noll နှင့် Alex Rühle တို့ရဲ့လက်ရာများအပါအ၀င် အခြားသောမီဒီယာအသစ်များ ကျွန်ုပ်တို့ရဲ့ဂျာမန်အွန်လိုင်းစာကြည့်တိုက် “ONLEIHE” တွင်ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းကောင်းလေးပေးချင်ပါတယ်။ အခုပဲ ကျွန်ုပ်တို့ရဲ့ “ONLEIHE” မှာအခမဲ့ငှားရမ်းဖတ်ရှုလိုက်ပါ။
 

ဆက်သွယ်ရန်

Goethe-Institut မြန်မာ
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း +95 9 954296160
info-yangon@goethe.de