Logo Goethe-Institut

မြန်မာ

ပွဲခန်းမ ငှားရမ်းရန်

GOETHE-INSTITUT မြန်မာရှိ ပွဲခန်းမကို အောက်ပါအဖွဲ့အစည်းများက ငှားရမ်း၊ အသုံးပြုနိုင်ပါသည်။
  • ယဉ်ကျေးမှု၊ ပညာရေးနှင့် ပြည်သူ့လူမှုအဖွဲ့အစည်းကဏ္ဍများမှ ဒေသခံအကျိုးတူပါဝင်သူများ
  • သံရုံးများနှင့်ကောင်စစ်၀န်ရုံးများ
  • ဥရောပမိတ်ဖက်အဖွဲ့အစည်းများ
  • ယဉ်ကျေးမှုနှင့် အနုပညာပူးပေါင်းဆောင်ရွက်သူများ
  • စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ (SDGs) နှင့် စပ်လျဥ်း၍ လုပ်ဆောင်နေသည့်အဖွဲ့အစည်းများ

Goethe-Institut Myanmar နှင့် ပူးတွဲကျင်းပသော အလုပ်ရုံဆွေးနွေးပွဲများသာမက ပြပွဲများနှင့် သတင်းစာမိတ်ဆက် ရှင်းလင်းပွဲများကိုလည်း ပွဲခန်းမထဲ၌ ကျင်းပပြုလုပ်နိုင်ပါသည်။ ပွဲခန်းမသည် စာကြည့်တိုက်တည်ရှိသော အဆောက်အဦး၏ အနောက်ဘက်တွင် တည်ရှိပါသည်။

ပွဲခန်းမတွင် စားပွဲနှင့်ထိုင်ခုံများ၊ မတ်တပ်စားပွဲများ၊ ရွေ့လျားပြင်ဆင်နိုင်သောဇာတ်ခုံ၊ မိန့်ခွန်းပြောစင်၊ ကားချပ်အရှင်၊ စန္ဒရား၊ တိုက်ရိုက်ဘာသာပြန်ရာတွင် အသုံးပြုသောစက်များ၊ ပရိုဂျက်တာ၊ မိုက်ခရိုဖုန်းများ နှင့် အသံပိုင်းဆိုင်ရာပစ္စည်းများ စသည်တို့ပါ၀င်ပါသည်။ (၄၉)စတုရန်းမီတာ ကျယ်၀န်းသော ပွဲခန်းမဝင်ပေါက်နေရာကိုလည်း ပွဲနှင့်အစီအစဥ်များအတွက် အစားအသောက်များ တည်ခင်းဧည့်ခံနိုင်ရန် အသုံးပြုခွင့်ပေးထားပါသည်။ ပွဲခန်းမသည် (၁၃၉) စတုရန်းမီတာကျယ်၀န်းပြီး လူအယောက် (၁၈၀)ခန့် ၀င်ဆံ့ပါသည်။

ပွဲနှင့်ဆက်စပ်သော လုပ်ငန်းဆောင်တာများအားလုံးကို Goethe-Institut Myanmar ၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။

ပွဲခန်းမကို ကြည့်ရှုလိုပါက ကျွန်ုပ်တို့ထံ ကြိုတင်ဆက်သွယ်ကာ လာရောက်နိုင်ပါသည်။ 

ပွဲခန်းမ စီမံခန့်ခွဲ့ရေးအဖွဲ့
auditorium-yangon@goethe.de
+95 1 9376160

ငှားရမ်းခစျေးနှုန်းများ

ပွဲခန်းမနေရာပံ့ပိုးမှု ရရှိနိုင်မည့်အခွင့်အလမ်း

Goethe-Institut Myanmar သည် မြန်မာနိုင်ငံ၏ ခေတ်ပြိုင်အနုပညာအခင်းအကျင်းတွင် လူငယ်နှင့် ထွန်းသစ်စ အရည်အချင်းရှိသူ၊ တီထွင်ဖန်တီးနိုင်သူများနှင့် ယဉ်ကျေးမှုဆိုင်ရာ ထုတ်လုပ်သူများကို ပံ့ပိုးကူညီရန် ရည်ရွယ်ထားပြီး နိုင်ငံ၏ အနုပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ အသိုင်းအဝန်းများမှ တစ်ဦးချင်း၊ ယဥ်ကျေးမှုဆိုင်ရာ ပညာရှင်များ၊ မိတ်ဖက်များ နှင့်အတူ ကာလကြာရှည်စွာ ပူးပေါင်းဆောင်ရွက်သည့် သမိုင်းကြောင်းရှိခဲ့ပါသည်။ ကျွန်ုပ်တို့၏ ပွဲခန်းမနှင့် အခြားနေရာများကို ပြပွဲများ၊ ဖျော်ဖြေတင်ဆက်မှုများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် တင်ဆက်မှုများအပါအဝင် ခေတ်ပြိုင်အနုပညာကို ပုံစံအမျိုးမျိုးဖြင့် ခင်းကျင်းပြသရန်အတွက် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခဲ့ပြီး၊ အနုပညာထုတ်ဖော်ပြသမှု ဖန်တီးခြင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆွေးနွေးပွဲများအတွက် နေရာတစ်ခုအဖြစ် ဖန်တီးပေးခဲ့ပါသည်။

ထုတ်ဖော်ပြသမှု အသစ်များနှင့် ဆန်းသစ်သော စိတ်ကူးစိတ်သန်းများကို ပြုစုပျိုးထောင်ရန် သန္နိဋ္ဌာန်ချထားပြီး၊ တီထွင်ဖန်တီးနိုင်စွမ်းကို အားပေးခြင်း၊ တက်ကြွသော ကွန်ရက်များ တည်ဆောက်ခြင်းနှင့် မြန်မာ့ယဉ်ကျေးမှု အခင်းအကျင်းကို မြှင့်တင်နိုင်ရန် ပြည်တွင်းလူငယ်ဖန်တီးသူများနှင့် အနုပညာစုပေါင်းမှုများကို ပံ့ပိုးကူညီပေးပါသည်။ ဤပွဲခန်းမနေရာပံ့ပိုးကူညီမှုသည် ပြည်တွင်းအနုပညာရှင်များနှင့် ယဉ်ကျေးမှုအဖွဲ့အစည်းများ၏ အနုပညာရပ်များကို အတတ်ပညာဆိုင်ရာ နေရာအခင်းအကျင်းဖြင့် တင်ဆက်ပြသနိုင်ပြီး ပရိသတ်များနှင့် ချိတ်ဆက်နိုင်ရန် ပံ့ပိုးပေးပါသည်။ ယဉ်ကျေးမှုဆိုင်ရာ ဆွေးနွေးပွဲများ နှင့် မြန်မာ့ ဖန်တီးမှုဆိုင်ရာ အသိုင်းအဝန်းကို အားကောင်းစေဖို့ရန် ရည်ရွယ်ပါသည်။ အရည်အချင်းပြည့်မီသော လူငယ်များနှင့် တက်သစ်စ အရည်အချင်းရှိသူအားလုံးကို ၎င်းတို့၏ အရည်အချင်းများကို စိတ်ဝင်စားစရာ ကောင်းသော အခမ်းအနားများနှင့် ပြပွဲများမှတစ်ဆင့် ပြသရန်နှင့် ပြည်တွင်းအသိုင်းအဝိုင်းနှင့် ချိတ်ဆက်နိုင်ရန် ဤအခွင့်အလမ်းကို လက်မလွှတ်ဘဲ တက်ကြွစွာပါဝင်ရန် အားပေးတိုက်တွန်းပါသည်။  
 

ဆက်သွယ်ရန်

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက