|
ထင်ဟပ်မျှ၀ေ တွဲလက်တွေ (ဒုတိယပိုင်း)
Self-expression & Self-care through Music
ထင်ဟပ်မျှဝေ၊ တွဲလက်တွေ အစီအစဉ်ရဲ့ ခေါင်းစဉ်အောက်ကနေ မတူညီတဲ့ အလုပ်ရုံဆွေးနွေးပွဲများကို လစဉ်ကျင်းပပြုလုပ်လျက်ရှိပါတယ်။ ဒီတစ်ခေါက် အလုပ်ရုံဆွေးနွေးပွဲကတော့ ‘‘Self-expression & Self-care through Music‘‘လို့အမည်ပေးထားပြီး ဂီတကုထုံးကို အခြေခံတဲ့ အလုပ်ရုံဆွေးနွေးပွဲကိုပြုလုပ်ဖို့ ရည်ရွယ်ပါတယ်။
ဂီတကုထုံးဆိုတာဘာလဲ။
ဂီတကုထုံး *Music Therapy* ဆိုတာ နိုင်ငံတကာမှာ သုတေသနတွေ အခိုင်အမာပြုလုပ်ထားရှိတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။ တေးဂီတကို "နည်းစနစ်ကျကျ" အသုံးချပြီးတော့ ခန္ဓာပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ဝိညာဥ်ရေးရာ၊ လူမှုပေါင်းသင်းဆက်ဆံရေး၊ စိတ်အာရုံခံစားမှု၊ ဉာဏ်ရည်ဖွံဖြိုးတိုးတက်မှု တို့နဲ့ပတ်သက်ပြီး လူတစ်ဦးတစ်ယောက်ချင်းဆီဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ လူ့ဘောင်အဖွဲ့အစည်းအတွင်းမှာ အဆင်ပြေကျန်းမာသန်စွမ်းစွာ နေထိုင်နိုင်ဖို့နဲ့ လူနေမှုဘဝအရည်အသွေး (quality of life) တိုးတက်ဖို့ ကူညီကုသလုပ်ဆောင်ပေးတဲ့ ကုထုံးဖြစ်ပါတယ်။
ဒါဆို ဒီအလုပ်ရုံဆွေးနွေးမှာ ဘာတွေပါပါသလဲ။
ဒီဂီတကုထုံးအလုပ်ရုံဆွေးနွေးပွဲမှာ တေးဂီတအတူတကွဖန်တီးရေးဖွဲ့ ခြင်း၊ တေးဂီတနဲ့အတူလှုပ်ရှားကခုန်ခြင်း၊ တေးသီချင်းများ သီဆိုနားထောင်ခြင်း၊ တူရိယာများတီးခတ်ခြင်းတွေကို ကျွမ်းကျင်ဂီတကုထုံးပညာရှင်က စနစ်တကျ စီစဥ်ကြပ်မတ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ တူရိယာတီးခတ်တတ်ရန်၊ သီချင်းဆိုတတ်ရန် မဟုတ်ဘဲ ဂီတကိုအသုံးပြုပြီး မိမိခံစားချက်များကို ဖော်ထုတ်ပေးနိုင်သော၊ မိမိရဲ့ တနေ့တာ အစီအစဉ်တွင် Self-care practice အဖြစ် ဂီတအားအသုံးပြုနိုင်သော activities များအသုံးပြုကာ မိမိရဲ့ Well-being အတွက် ရည်ရွယ်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ (မှတ်ချက်။ ။ဆွေးနွေးပြောကြားမည့် ဘာသာစကား - မြန်မာဘာသာ)
|