Logo:Goethe-Institut Claim:Sprache. Kultur. Deutschland.

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ သတင်းလွှာ

Goethe-Institut Myanmar



Deutsch | English | မြန်မာ

အလုပ်ခေါ်စာ

Job Opening

©Goethe-Institut Myanmar

Goethe-Institut မြန်မာတွင်

Cultural Program Coordinator နှင့် Digital Communications Assistant

Goethe-Institut မြန်မာတွင် Cultural Program Coordinator နှင့် Digital Communications Assistant ရာထူးနေရာအတွက် စိတ်ဝင်စားတက်ကြွသူ ဝန်ထမ်းများကို ကျွန်ုပ်တို့ရှာဖွေနေပါသည်။ လုပ်ငန်းတာဝန်များနှင့်လိုအပ်သည့်အရည်အချင်းများကို ကျွန်ုပ်တို့ဝက်ဘ်ဆိုက်ရှိအလုပ်ခေါ်စာတွင်ကြည့်ရှုနိုင်ပါသည်။

ယဉ်ကျေးမှု

Self-expression & Self-care through Music

© Goethe-Institut Myanmar/ TheeOoThazin

ထင်ဟပ်မျှ၀ေ တွဲလက်တွေ (ဒုတိယပိုင်း)

Self-expression & Self-care through Music

ထင်ဟပ်မျှဝေ၊ တွဲလက်တွေ အစီအစဉ်ရဲ့ ခေါင်းစဉ်အောက်ကနေ မတူညီတဲ့ အလုပ်ရုံဆွေးနွေးပွဲများကို လစဉ်ကျင်းပပြုလုပ်လျက်ရှိပါတယ်။ ဒီတစ်ခေါက် အလုပ်ရုံဆွေးနွေးပွဲကတော့ ‘‘Self-expression & Self-care through Music‘‘လို့အမည်ပေးထားပြီး ဂီတကုထုံးကို အခြေခံတဲ့ အလုပ်ရုံဆွေးနွေးပွဲကိုပြုလုပ်ဖို့ ရည်ရွယ်ပါတယ်။
 
ဂီတကုထုံးဆိုတာဘာလဲ။
ဂီတကုထုံး *Music Therapy* ဆိုတာ နိုင်ငံတကာမှာ သုတေသနတွေ အခိုင်အမာပြုလုပ်ထားရှိတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။ တေးဂီတကို "နည်းစနစ်ကျကျ" အသုံးချပြီးတော့ ခန္ဓာပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ဝိညာဥ်ရေးရာ၊ လူမှုပေါင်းသင်းဆက်ဆံရေး၊ စိတ်အာရုံခံစားမှု၊ ဉာဏ်ရည်ဖွံဖြိုးတိုးတက်မှု တို့နဲ့ပတ်သက်ပြီး လူတစ်ဦးတစ်ယောက်ချင်းဆီဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ လူ့ဘောင်အဖွဲ့အစည်းအတွင်းမှာ အဆင်ပြေကျန်းမာသန်စွမ်းစွာ နေထိုင်နိုင်ဖို့နဲ့ လူနေမှုဘဝအရည်အသွေး (quality of life) တိုးတက်ဖို့ ကူညီကုသလုပ်ဆောင်ပေးတဲ့ ကုထုံးဖြစ်ပါတယ်။
 
ဒါဆို ဒီအလုပ်ရုံဆွေးနွေးမှာ ဘာတွေပါပါသလဲ။
ဒီဂီတကုထုံးအလုပ်ရုံဆွေးနွေးပွဲမှာ တေးဂီတအတူတကွဖန်တီးရေးဖွဲ့ ခြင်း၊ တေးဂီတနဲ့အတူလှုပ်ရှားကခုန်ခြင်း၊ တေးသီချင်းများ သီဆိုနားထောင်ခြင်း၊ တူရိယာများတီးခတ်ခြင်းတွေကို ကျွမ်းကျင်ဂီတကုထုံးပညာရှင်က စနစ်တကျ စီစဥ်ကြပ်မတ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ တူရိယာတီးခတ်တတ်ရန်၊ သီချင်းဆိုတတ်ရန် မဟုတ်ဘဲ ဂီတကိုအသုံးပြုပြီး မိမိခံစားချက်များကို ဖော်ထုတ်ပေးနိုင်သော၊ မိမိရဲ့ တနေ့တာ အစီအစဉ်တွင် Self-care practice အဖြစ် ဂီတအားအသုံးပြုနိုင်သော activities များအသုံးပြုကာ မိမိရဲ့ Well-being အတွက် ရည်ရွယ်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ (မှတ်ချက်။ ။ဆွေးနွေးပြောကြားမည့် ဘာသာစကား - မြန်မာဘာသာ)
Curatorial training

©Goethe-Institut Myanmar

Curatorial Project: သင်တန်းအစီအစဉ်များ

Expanded Curatorial and Exhibition Making Training ကို စိတ်ဝင်စားသူများခဲ့ပြီး လျှောက်လွှာများစွာလက်ခံရရှိခဲ့ပါတယ်။ လျှောက်လွှာရှင်တွေထဲမှ အသင့်တော်ဆုံးသောသူ (၁၆) ဦးကိုရွေးချယ်ပြီး Goethe-Institut Myanmar မှာ သင်တန်းအစီအစဥ်တွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
 
MPA awardee

©Goethe-Institut Myanmar

ကြေညာခြင်း

မြန်မာ့ဓာတ်ပုံမော်ကွန်းမှ ထောက်ပံ့ကြေးရရှိသူများ

မြန်မာ့ဓာတ်ပုံမော်ကွန်းမှ ပြုလုပ်ခဲ့တဲ့ အစီအစဉ်က ထောက်ပံ့ကြေးရရှိသွားသူ အားလုံးကို ဂုဏ်ယူစွာ ဖော်ပြလိုက်ပါတယ်။ လာရောက်လျှောက်ထားသူများစွာထဲမှ မြန်မာ့သမိုင်းကြောင်းဆိုင်ရာ ဖန်တီးမှုများအတွက် အိုင်ဒီယာ၊ စိတ်ကူးစိတ်သန်း၊ ဖန်တီးမှုအား အကောင်းဆုံးဖြစ်မည့်သူများကို ရွေးချယ်ထားခြင်းဖြစ်ပါတယ်။ ပါဝင်ပေးကြသူတိုင်းကို ကျေးဇူးတင်ပါတယ်။ 
 

ဘာသာစကား

EU language day

©Goethe-Institut

Save the date

ဥရောပဘာသာစကားနေ့

ဒီနှစ်မှာ စက်တင်ဘာလ ၂၆ ရက်နေ့မှာ Goethe-Institut မြန်မာကျောင်းဝန်းအတွင်းမှာ ဥရောပဘာသာစကားနေ့ (Day of European Languages) ကိုကျင်းပသွားမှာဖြစ်ပါတယ်။ အဲဒီနေ့လေးမှာ စူးစမ်းလေ့လာစရာ၊ သင်ယူစရာတွေနဲ့ ဥရောပရဲ့ယဉ်ကျေးမှုကို တွေ့ကြုံခံစားနိုင်မှာပါ။ ဥရောပဘာသာစကားတွေကို စမ်းသပ်လေ့လာနိုင်မှာပါ။ ဥရောပမှာ နေထိုင်၊ အလုပ်လုပ်၊ ပညာသင်ကြားဖို့ သတင်းအချက်အလက်တွေလည်းရယူနိုင်မှာပါ။ ဥရောပအစားအစာတွေကိုလည်း မြည်းစမ်းကြည့်ပါ။ ဒီပွဲလေးက ဘာသာစကားလေ့လာဖို့စိတ်အားထက်သန်သူတွေ၊ ကျောင်းသား/သူတွေ၊ ပညာရှင်တွေနဲ့ ဥရောပဘာသာစကားကိုလေ့လာနေသူတွေအတွက်ဖြစ်ပြီး အားလုံးကိုလာရောက်ဖို့ဖိတ်ခေါ်ပါတယ်။ သင့်ရဲ့ပြက္ခဒိန်မှာရက်ကိုမှတ်ထားပြီး လာခဲ့ဖို့မမေ့နဲ့ဦးနော်။
German Language Courses in September

©Goethe-Institut Myanmar

စက်တင်ဘာလ

ဂျာမန်ဘာသာစကားသင်တန်းများ

Goethe-Institut မြန်မာတွင် ဂျာမန်စကားကိုစနစ်တကျစတင်သင်ယူပါ။ ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများကို ဥရောပဘာသာစကားဆိုင်ရာစံချိန်စံနှုန်းမူဘောင် (GER) နှင့်အညီ အဆင့်ခြောက်ဆင့်အပေါ်တွင်အခြေခံထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏သင်တန်းများသည်  နိုင်ငံတကာစံချိန်စံနှုန်းနှင့်တိုင်းတာနှိုင်းယှဥ်နိုင်ပါသည်။ Goethe-Institut မြန်မာက စက်တင်ဘာလအတွက် ဂျာမန်ဘာသာစကားသင်တန်းများဖွင့်လှစ်လျှက်ရှိပါသည်။ စာရင်းပေးသွင်းရမည့်ကာလမှာ ၃၁၊၈၊၂၀၂၃ မှ ၁၅၊၉၊၂၀၂၃ အထိဖြစ်ပြီး စုံစမ်းမေးမြန်းလိုသည်များရှိပါက info.language.mmr@goethe.de မှတဆင့် အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။
Exams in Sept

©Goethe-Institut Myanmar

စက်တင်ဘာလ

Goethe-Zertifikat စာမေးပွဲများ

သင့်ရဲ့ဂျာမန်ဘာသာစကားအရည်အသွေးကိုသက်သေပြရန် ကမ္ဘာတဝှမ်းကအသိအမှတ်ပြုသောအောင်လက်မှတ်တစ်ခုလိုအပ်နေပါသလား။ Goethe-Institut ၏ဘာသာစကားအောင်လက်မှတ်သည် ဂျာမန်ဘာသာစကားစွမ်းရည်ကိုမှတ်ကျောက်တင်ရန် ကမ္ဘာတဝှမ်းကအသိမှတ်ပြုသည့်အောင်လက်မှတ်ဖြစ်ပါသည်။ Goethe-Institut မြန်မာက စက်တင်ဘာလအတွက် Goethe-Zertifikat စာမေးပွဲများကိုကျင်းပမည်ဖြစ်ပါသည်။ စာရင်းသွင်းကာလမှာ ၄၊၉၊၂၀၂၃ မှ ၁၈၊၉၊၂၀၂၃ ဖြစ်သည့်အတွက် ယခုပဲအချိန်စာရင်းကိုကြည့်ပြီး info.language.mmr@goethe.de ကိုအီးမေးလ်ပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။

စာကြည့်တိုက်

“STORYTELLING” SESSION

©Goethe-Institut Myanmar

ကလေးများနဲ့လူငယ်များအတွက်အစီအစဉ်

“STORYTELLING” SESSION

စာကြည့်တိုက်ရှိ ကလေးနှင့်လူငယ်အစီအစဉ်ကကြိုဆိုပါတယ်။ ဒီတစ်ခေါက်မှာတော့ အသက် (၄) နှစ်မှ (၈) နှစ်အရွယ် သားသားမီးမီးတို့ပါ၀င်နိုင်ဖို့ ပုံပြင်ပြောမယ့် „Storytelling” အစီအစဉ်လေးကို ပြုလုပ်သွားမှာပဲဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကို ပါ၀င်ခြင်းဖြင့် ကလေးများက မိမိတို့ရဲ့ အပြောစွမ်းရည်တွေ၊ စကားလုံးတွေ ကြွယ်၀လာစေမယ့်အပြင်၊ ကိုယ်တိုင် စိတ်ကူးယဉ်ဖန်တီးထားတဲ့ ပုံပြင်လေးတွေကို အခြားသူငယ်ချင်းများကိုလည်း ပြောပြလာနိုင်မှာပဲ ဖြစ်ပါတယ်။ wee care Children and Youth Development Center ရဲ့ founder ဖြစ်တဲ့ ဆရာမ မကြည်နူးမြမှ ဒီပုံပြင်ပြောတဲ့အစီအစဉ်လေးကို ဦးဆောင်သွားမှာဖြစ်ပြီး၊ သားသားမီးမီးတို့အားလုံး ပျော်ပျော်ရွှင်ရွှင်ပါ၀င်နိုင်မှာပဲဖြစ်ပါတယ်။
ဝင်ကြေးအခမဲ့ဖြစ်ပြီး၊ လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ အမည်၊ အသက်၊ ဖုန်းနံပါတ်နဲ့ အီးမေးလ်ကို စာကြည့်တိုက်ဖွင့်ချိန်အတွင်း ၀၁ ၉၃၇၆၁၆၀ (လိုင်းခွဲနံပါတ် ၃၀၁/၃၀၂) မှ တစ်ဆင့်ဖြစ်စေ၊ biblio-yangon@goethe.de မှတစ်ဆင့် ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါပြီ။ 
    
*** ဘာသာစကား - မြန်မာဘာသာဖြင့် ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။***
“LEARNING ADVISORY” Program

©Goethe-Institut Myanmar

“LEARNING ADVISORY” Program

သင့်ရဲ့ဂျာမန်စာလေ့လာမှုနဲ့ပတ်သက်ပြီး သင်ယူမှုဆိုင်ရာအထောက်အကူဖြစ်စေမယ့် အရင်းအမြစ်တွေ? သင့်အတွက် သင့်တော်မယ့်ဘယ်လိုစာအုပ်ကောင်းတွေဖတ်ရှုသင့်လဲ? ဘယ်လိုလေ့လာသင့်လဲ? အားနည်းတဲ့အပိုင်းအတွက် ဘယ်လိုလေ့ကျင့်သင့်လဲ - ဥပမာအားဖြင့် သဒ္ဒါလေ့လာရမှာခက်ခဲရှုပ်ထွေး၊ မမှတ်မိဖြစ်နေပါသလား? အစရှိတဲ့ သိလိုသမျှမေးခွန်းတွေကို မေးမြန်းလို့ရမယ့် အစီအစဉ်ကောင်းလေးတစ်ခု။
 
„Lernberatung“ လို့အမည်ရတဲ့ Learning Advisory အစီအစဉ်လေးမှာ ဆရာ၊ ဆရာမတစ်ဦးကနေ အခက်အခဲတွေကို ကူညီဖြေရှင်းပေး၊ လွယ်ကူရှင်းလင်းတဲ့နည်းလမ်းကောင်းတွေကို အကြံဉာဏ်ပေးသွားမှာပဲဖြစ်ပါတယ်။ 
 
သင့်ရဲ့ဂျာမန်စာလေ့လာသင်ယူမှုနဲ့ပတ်သက်ပြီး အခမဲ့မေးမြန်းလို့ရမယ့် ကျွန်ုပ်တို့ရဲ့ Learning Advisory အစီအစဉ်ကို အခုပဲ စာရင်းပေးသွင်းပြီး၊ ပါ၀င်လိုက်ပါ : biblio-yangon@goethe.de
 
“BOARD GAME FRIDAY!”

©Goethe-Institut Myanmar

“BOARD GAME FRIDAY!”

တိရစ္ဆာန်လေးတွေကို ချစ်မြတ်နိုးသူတွေ၊ တိရစ္ဆာန်လေးတွေနဲ့ ပတ်သက်တဲ့ ဂျာမန်၀ေါ်ဟာရ အခေါ်အ၀ေါ်တွေကို လေ့လာချင်သူတွေအတွက်.... ဒီလမှာတော့ "Die Welt der Tiere"လို့ အမည်ရတဲ့ Board Game လေးကို ကစားမှာပဲ ဖြစ်ပါတယ်။

ဒီဂိမ်းလေးကို ကစားဖို့ A1-A2 level သာ လိုအပ်တာမို့လို့ သူငယ်ချင်းတွေနဲ့အတူ ဂိမ်းလေးကစားရင်း ဂျာမန်စာလေ့လာဖို့ အခုပဲ စာရင်းသွင်းလိုက်တော့နော် >>> စာကြည့်တိုက်ဖွင့်ချိန်အတွင်း ၀၁ ၉၃၇၆၁၆၀ (လိုင်းခွဲနံပါတ် ၃၀၁/ ၃၀၂) (သို့) biblio-yangon@goethe.de 
"New arrivals (Children’s Books)”

©Goethe-Institut Myanmar

"New arrivals (Children’s Books)”

ဂျာမန်ဘာသာစကားနဲ့ရေးသားထားတဲ့ စိတ်ဝင်စားဖွယ်ရုပ်ပြကာတွန်းစာအုပ်အသစ်တွေကို ဖတ်ရှုဖို့အဆင်သင့်ဖြစ်နေပြီလား? အသက်အရွယ်မရွေး စာဖတ်သူများအားလုံးကြိုက်နှစ်သက်စေမယ့် စာအုပ်အသစ်တွေများစွာ စာကြည့်တိုက်မှာလာရောက်ငှားရမ်းလို့ရနေပြီဖြစ်ကြောင်း သတင်းကောင်းလေးပေးပါရစေ။  
 
ဘယ်လိုစာအုပ်သစ်တွေက သင့်ကိုစောင့်မျှော်နေမလဲဆိုတာကို အခုပဲလာကြည့်လိုက်တော့နော်။  

ဆက်သွယ်ရန်

Goethe-Institut မြန်မာ
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း +95 1 9376160
info-yangon@goethe.de