Logo:Goethe-Institut Claim:Sprache. Kultur. Deutschland.

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ သတင်းလွှာ

Goethe-Institut Myanmar



Deutsch | English | မြန်မာ

နှုတ်ခွန်းဆက်သဝဏ်လွှာ

Weihnachtsgrüße

©Goethe-Institut Myanmar

ငြိမ်းချမ်းပြီး အဓိပ္ပါယ်ရှိသောအားလပ်ရက်ဖြစ်ပါစေ။

ဒီထူးခြားတဲ့အချိန်အခါသမယမှာ ငြိမ်းချမ်းဆိတ်ငြိမ်တဲ့အခိုက်အတန့်တွေနဲ့ လှိုက်လှဲနွေးထွေးတဲ့ အချိန်တွေရရှိပါစေကြောင်း Goethe-Institut မြန်မာမိသားစုမှတောင်းဆုပြုပါတယ်။ နှစ်ကာလတစ်လျှောက် အတွေ့အကြုံများအတူဝေမျှခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုများအတွက်လည်း အထူးကျေးဇူးတင်ရှိပါတယ်။ လာမယ့်ရက်များအတွင်း အေးဆေးတည်ငြိမ်မှုနဲ့အတူ ဆန္ဒများလည်းပြည့်ဝပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ယဉ်ကျေးမှု

Sundowner Catch de White Dove

©Goethe-Institut Myanmar

ဆည်းဆာချိန် ဂီတ ဆုံစည်းမှု

ဒီဇင်ဘာလရဲ့ ညနေခင်းတစ်ခုကို ဂီတနဲ့အတူဖြတ်သန်းဖို့ Goethe-Institut Myanmar ရဲ့ Sundowner Musical Gathering ကဖိတ်ခေါ်ပါတယ်။

ဆောင်းရာသီညခင်းတစ်ခုကို Acoustic ဂီတဖျော်ဖြေမှုနဲ့ အေးငြိမ့်သာယာ စီးမြောခံစားကြည့်ပါ။ ဒီအစီအစဥ်လေးကို Catch De White Dove ကဖျော်ဖြေတင်ဆက်ပေးသွားမှာဖြစ်ပြီး ဒီဇင်ဘာလ (၁) ရက် (သောကြာနေ့)၊ ညနေ (၆း၃၀)၊ Goethe Café မှာပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ဂီတချစ်မြတ်နိုးသူအားလုံး အခမဲ့လာရောက်နားဆင်ဖို့ ဖိတ်ခေါ်ပါတယ်။
Curatorial Project: Exhibitions

©Goethe-Institut Myanmar

Expanded Curatorial Practice and Exhibition Making Training

ပြပွဲများ

Goethe-Institut Myanmar မှ စီစဥ်ပြုလုပ်ခဲ့တဲ့ Expanded Curatorial practice and Exhibition Making သင်တန်းမှ curatorial team များက ရန်ကုန်မြို့ရှိ အနုပညာပြခန်းအသီးသီးတွင် ပြပွဲများဆက်လုပ်လုပ်ဆောင်လျှက်ရှိပါသည်။ ပြပွဲအကြာင်းအသေးစိတ်ကို ဝက်ဘ်ဆိုက်တွင် ဖတ်ရှုနိုင်ပါသည်။
Incubator Program

©Goethe-Institut Myanmar

Myanmar Photo Archive

Incubator Program

မြန်မာ့ဓာတ်ပုံမော်ကွန်းနဲ့ Goethe-Institut Myanmar မှ ပြုလုပ်မယ့် Incubator အစီစဥ်အကြောင်းပြောပြချင်ပါတယ်။ မြန်မာနိုင်ငံရဲ့အနုပညာနဲ့ဖန်တီးမှုအသိုက်အဝန်းအတွင်းက လိုအပ်ချက်တွေအကြောင်းဆွေးနွေးဖို့နဲ့ ပူပေါင်းဆောင်ရွက်နိုင်ဖို့ ဆွေးနွေးတိုင်ပင်ကြဖို့ မြန်မာနိုင်ငံတွင်းက အမြင်ဆိုင်ရာအနုပညာရှင်တွေ၊ အနုပညာပြခန်းပိုင်ရှင်တွေ၊ curator တွေနဲ့ အနုပညာအဖွဲ့စည်းတွေကို ဖိတ်ခေါ်လိုပါတယ်။

ဒီ incubator အစီအစဉ်ကို မြန်မာနိုင်ငံက တခြားဒေသတွေမှာလည်း ပြုလုပ်သွားဖို့ အစီအစဥ်ရှိပြီး incubator အစီအစဥ်ကတဆင့် အနုပညာရှင်တွေ၊ အနုပညာနဲ့ယဥ်ကျေးမှုအဝန်းအဝိုင်းအတွက်အကျိုးဖြစ်စေမယ့် အနုပညာပြပွဲတွေ၊ ထုတ်ဝေမှုတွေ၊ အွန်လိုင်းပလက်ဖောင်းတွေနဲ့ အခြားအကျိူးထွန်းဖြစ်စေမယ့် အစီအစဉ်တွေကို အတူတကွ စဉ်းစားသွားကြဖို့ဖြစ်ပါတယ်။

MPA ရဲ့ဓာတ်ပုံဟောင်းတွေကို အခြေခံပြီး အနုပညာလက်ရာတွေဖန်တီးနိုင်ဖို့ ပံ့ပိုးပေးခဲ့သည့်အစီအစဉ်မှ ရရှိတဲ့ လက်ရာတွေကို မျှဝေပေးရင်း ပိုမိုကောင်းမွန်တဲ့ အစီအစဥ်တွေလုပ်ဆောင်နိုင်ဖို့အတွက် ယခု incubator အစီအစဥ်ကို ပြုလုပ်ရန်ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။
 
Goethe's Christmas Bazaar

©Goethe-Institut Myanmar

Goethe’s Christmas Bazaar

Goethe-Institut Myanmar ရဲ့ "Goethe’s Christmas Bazaar" ကိုလာမယ့်ဒီဇင်ဘာလ (၃) ရက် (တနင်္ဂနွေနေ့) မနက် (၁၀) နာရီကနေ ညနေ (၆) နာရီအထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီစျေးခင်းကိုပြုလုပ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ လက်မှုနဲ့အနုပညာကိုတန်ဖိုးထားပြီး ပြည်တွင်းအသေးစားလုပ်ငန်းများကိုမြှင့်တင်ပေးဖို့နဲ့ ပလတ်စတစ်ကင်းမဲ့ပြီး ရေရှည်တည်မြဲတဲ့ လူမှုပတ်ဝန်းကျင်တစ်ခုဖြစ်လာဖို့ ကြိုးပမ်းနေတဲ့ အဖွဲ့အစည်း ၊ အသင်းအဖွဲ့များကို ဒီစျေးခင်းကနေတစ်ဆင့် ချိတ်ဆက်ပေးနိုင်ဖို့ပဲဖြစ်ပါတယ်။

အနုပညာလက်ရာများအပြင် ပြည်တွင်းဖြစ်ပစ္စည်းများဖြစ်တဲ့ အဝတ်အထည်၊ လက်မှုပစ္စည်းမှစလို့ လက်ဝတ်ရတနာများ၊ စားသောက်ဆိုင်များပါဝင်ပါမယ်။

ဒါ့အပြင် Goethe-Institut Myanmar Library မှာလဲ ကလေးငယ်များအတွက် Christmas theme အလှဆင်စရာ လက်မှုလက်ရာပြုလုပ်တဲ့ အစီအစဉ်လေးလည်းရှိပါတယ်။

ဒါကြောင့် မိသားစု၊ သူငယ်ချင်းများနဲ့အတူ Goethe’s Christmas Bazaar မှာလာရောက်ပါဝင်ပြီး Local Products တွေကိုဝယ်ယူအားပေးနိုင်ဖို့ ဖိတ်ခေါ်ပါရစေ။
"Talking Types" - ဆုံရပ်

©Goethe-Institut Myanmar

"Talking Types" - ဆုံရပ်

ဖောင့် ဒီဇိုင်နာများနှင့် ဖောင့် ဒီဇိုင်းကို စိတ်ဝင်စားသူများ တွေ့ဆုံကြသည့်နေရာတစ်ခု၊Type Design၊Typography နဲ့ ပက်သက်သမျှတွေကို ဆွေးနွေးကြမယ့် ဆုံရပ်တစ်ခုဖြစ်တဲ့“Talking Types” နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လူကြိုက်များတဲ့ မြန်မာဖောင့်များစွာကို ဖန်တီးနေပြီး၊ ဖောင့်၊Type design နှင့် ဖေစ့်ဘွတ်တွင် ဆွေးနွေးမျှဝေလေ့ရှိတဲ့ မြန်မာဖောင့်ဒီဇိုင်နာများ ဦးဆောင်ပါဝင်ပါတယ်။ ဆုံရပ်ကို လစဥ် ဒုတိယပတ် စနေနေ့မှာပြုလုပ်သွားမှာ ဖြစ်ပါတယ်။
AOC program information

©Goethe-Institut Myanmar

သင်တန်းစတင်ခြင်း

Academy of Care

Goethe-Institut Myanmar ကစီစဉ်ပြီး Netherlands Embassy ၏ပံ့ပိုးမှုဖြင့် ပထမအကြိမ် Academy of Care အစီအစဉ် ကနဦးအဆင့်အနေနဲ့ သင်တန်းသား ဆရာဖြစ်သင်တန်းတစ်ရပ်ကို နိုဝင်ဘာလ ၂၈ ရက်ကစပြီး နှစ်လတာပြုလုပ်သွားမှာဖြစ်ပါတယ်။

သင်တန်းအစီအစဉ် ပထမပိုင်းမှာ စိတ်ကျန်းမာရေး၊ စာနာမှု၊ စိတ်ပိုင်းဆိုင်ရာရှေးဦးသူနာပြုစုနည်း၊ စိတ်ဒဏ်ရာနဲ့စိတ်ဖိစီးမှုစီမံခန့်ခွဲရေးတို့ကို လေ့လာကြရမှာဖြစ်ပြီး ဒုတိယပိုင်းမှာတော့ မိမိရွေးချယ်ထားတဲ့လူမှုအဖွဲ့အစည်းမှာ နှစ်ပတ်ကြာ ကွင်းဆင်းသုတေသနတစ်ရပ်ကို ပြုလုပ်ရမှာဖြစ်ပါတယ်။ တတိယပိုင်းကျရင်တော့ တစ်ဦးချင်း အတွေ့အကြုံတွေကို နက်နက်နဲနဲအကဲဖြတ်သုံးသပ်ပြီး ဇီဝစိတ်ပိုင်းလူမှုရေးရာ ချဉ်းကပ်မှုတွေ၊ စာနာမှုပါသည့်ဆက်ဆံရေးနဲ့လူ့အဖွဲ့အစည်းပြဇာတ်အလေ့အထတွေကို အဓိကထားလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ နောက်ဆုံး စတုတ္ထပိုင်းမှာ ဌာနေ၊ ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံတကာမှကျွမ်းကျင်သူတွေ၊ အတွေ့အကြုံရှိသင်တန်းဆရာတွေကနေ သင်တန်းသား/သူတို့အား ဂီတကုထုံးကဲ့သို့ ဆန်းသစ်တဲ့ပုံစံများကို မိတ်ဆက်သင်ကြားပေးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းမှ သင်တန်းသားလျှောက်လွှာတွေကို နိုဝင်ဘာလ ၅ ရက်မှာ နောက်ဆုံးလက်ခံခဲ့ပြီး ဆန်ခါတင်ရွေးချယ်ခံရတဲ့ သင်တန်းသားတွေကို သင်တန်းဆရာများကိုယ်တိုင် အဆင့်ဆင့် အင်တာဗျူးများပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံးရွေးချယ်ခံရတဲ့ မြန်မာနိုင်ငံတစ်ဝန်း နယ်ပယ်အသီးသီးက သင်တန်းသားတွေထဲက ၁၀ ဦးတိတိကို အပြည့်အ၀ ပညာသင်ထောက်ပံ့ကြေးကို ပေးအပ်သွားမှာဖြစ်ပါတယ်။

ယခုပြုလုပ်တဲ့ Academy of Care နှစ်လတာသင်တန်းမှာ ပထမအကြိမ်ဖြစ်ပြီး နောက်လာမယ့် (၂) နှစ်တာကာလအတွင်း သင်တန်းများ ထပ်မံလုပ်ဆောင်သွားဖို့လည်းရှိပါတယ်။
Meet the MPA

©Goethe-Institut Myanmar

Wrap up

Meet the MPA

စနေနေ့မှာပြုလုပ်ခဲ့တဲ့ “Meet the Myanmar Photo Archive” စကားဝိုင်းက မြန်မာ့ဓာတ်ပုံမော်ကွန်းရဲ့ သုံးနှစ်အတွင်း ပထမဆုံးပြန်လုပ်ဖြစ်တဲ့ပွဲ ဖြစ်ပါတယ်။ Goethe-Institut Myanmar ရဲ့ ပံ့ပိုးမှုများအတွက်လဲ အထူးကျေးဇူးတင်ရှိပါတယ်။ စကားဝိုင်းမှာ မြန်မာ့ဓာတ်ပုံမော်ကွန်းရဲ့ ၁၀ နှစ်တာကာလအတွင်း ကြုံတွေ့ခဲ့ရတဲ့ အကြောင်းတွေပြောရင်း မြန်မာနိုင်ငံရဲ့ ဓာတ်ပုံသမိုင်းကြောင်းကို ပြောဖြစ်ခဲ့ကြပါတယ်။

ဓာတ်ပုံဟောင်းတွေကို အသုံးပြုပြီး အနုပညာလက်ရာ ဖန်တီးရတဲ့ Open Call အစီစဥ်က အနုပညာလက်ရာတွေကိုလည်း ပြသခဲ့ပြီးတော့ စုဆောင်းထားတဲ့ ဓာတ်ပုံတွေ၊ စာအုပ်တွေအကြောင်းပြောကြရင်း စကားဝိုင်းလေး ပြီးဆုံးခဲ့ပါတယ်။ တက်ရောက်ခဲ့တဲ့ လူ ၉၀ ကျော်နှင့် စိတ်ဝင်စားခဲ့တဲ့တစ်ယောက်စီချင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

စာကြည့်တိုက်

Seasonal Craft Activity

©Goethe-Institut Myanmar

ကလေးများနဲ့လူငယ်များအတွက်အစီအစဉ်

“SEASONAL CRAFT ACTIVITY”

Children & Youth Program အစီအစဉ်ကို ဒီတစ်ခေါက်မှာတော့ ဒီဇင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် "Christmas Bazaar" နေ့လေးမှာ ကျင်းပပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။ သားသားမီးမီးတို့ ကြိုက်နှစ်သက်ကြတဲ့ „Seasonal Craft Activity“ အစီအစဉ်လေးဖြစ်ပြီး၊ ခရစ္စမတ်အချိန်အခါလေးလည်း ရောက်လာတော့မှာဆိုတော့ Christmas theme နဲ့ ပတ်သက်တဲ့ Craft Activity လေးတွေကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ သားသားမီးမီးတို့ရဲ့ ကိုယ်ပိုင်ဖန်တီးမှုတွေနဲ့ပေါင်းစပ်ပြီး ချစ်စရာကောင်းတဲ့ ခရစ္စမတ်အရုပ်လေးတွေ ဖန်တီးကြမယ်၊ Christmas tree လေးကို အတူတူအလှဆင်ကြမှာပဲ ဖြစ်ပါတယ်။ 
  
သားသားမီးမီးတို့အားလုံး မည်သူမဆိုပါ၀င်နိုင်ဖို့ အစီအစဉ်ကို နှစ်ပိုင်းခွဲပြီး ပြုလုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ “Christmas Bazaar” event လေးကို လာရောက်ဖို့ အားလုံးကို ဖိတ်ခေါ်ချင်ပါတယ်။
Board Game Friday Christmas

©Goethe-Institut Myanmar

“BOARD GAME FRIDAY!”

“CHRISTMAS QUIZ FRIDAY!”

ခရစ္စမတ်ရက်လေးကို ရောက်ဖို့ နီးကပ်လို့ လာပါပြီ။ ခရစ္စမတ်ကာလလေးကို ရောက်တော့မှာဖြစ်တဲ့အတွက် ဒီလရဲ့ “Board Game Friday“ လေးမှာတော့ ထူးထူးခြားခြားအနေနဲ့ christmas vibe လေးနဲ့အတူ ခရစ္စမတ်နဲ့ ပတ်သက်တဲ့ ဂိမ်းလေးကို ကစားမှာပဲ ဖြစ်ပါတယ်။ ကိုယ်ကျတဲ့ ကတ်လေးတွေပေါ်မူတည်ပြီး စကားလုံးတွေကို ခန့်မှန်းပြီး Quiz လေးတွေဖြေရင်း ခရစ္စမတ်နဲ့ ပတ်သက်တဲ့ ဂျာမန်၀ေါ်ဟာရစကားလုံးအသစ်တွေကို အတူတူလေ့လာလိုက်ရအောင်။  

ခရစ္စမတ်နဲ့ ပတ်သက်တဲ့ ဂျာမန်စကားလုံး အခေါ်အ၀ေါ်များနဲ့ သူ့ရဲ့ အသံထွက်များကို လေ့လာချင်သူ မည်သူမဆို ဒီဂိမ်းလေးကို ပါ၀င်နိုင်တာမို့ အားလုံးအတူတူ ပျော်ပျော်ပါးပါးပါ၀င်ကစားဖို့ ဖိတ်ခေါ်ပါတယ်။
Chrsitmas Media Collection

©Goethe-Institut Myanmar

Media Collections for Christmas

ခရစ္စမတ်ကာလလေးမှာ ခရစ္စမတ်သီချင်းလေးတွေနားထောင်ကြမယ်၊ ကလေးများအတွက် ပုံပြင်စာအုပ်လေးတွေ ဖတ်ရှုကြမယ်၊ ခရစ္စမတ်ကွတ်ကီးလေးတွေ ကိုယ်တိုင်ပြုလုပ်ကြမယ်။ ဒါတွေအားလုံးကို တစ်နေရာတည်းမှာ အလွယ်တကူ ရွေးချယ်ကြည့်ရှုလို့ရအောင် စာကြည့်တိုက်နဲ့ ဒစ်ဂျစ်တယ်စာကြည့်တိုက် „ONLEIHE” တို့မှာ ရရှိနိုင်တဲ့ မီဒီယာအချို့ကို စာရင်းပြုစုပေးထားပါတယ်။
 
စာရင်းပြုစုပေးထားတဲ့ စာအုပ်များ၊ ရုပ်ရှင်များ၊ သီချင်းများနဲ့ အော်ဒီယိုများကို ဖတ်ရှု၊ ကြည့်ရှု၊ နားဆင်ရင်း ခရစ္စမတ်အားလပ်ရက် အချိန်ကာလလေးကို ဖြတ်သန်းလိုက်ရအောင်နော်။

#Kinderweihnacht available at “ONLEIHE”
#Let's Make Christmas Cookies available at “ONLEIHE”
#Weihnachtsbücher available at the library
 
LeseClub Dec

©Goethe-Institut Myanmar

“READING CLUB” Program

ဒီတစ်ခေါက်မှာတော့ ဂျာမန် A1 learner များအတွက် Reading Club အစီအစဉ်လေးကို ပြုလုပ်ဖို့ စီစဉ်ထားရှိထားပါတယ်။ ဝေါဟာရအသစ်တွေကို လေ့လာနိုင်မယ့် ကျွန်ုပ်တို့ရဲ့ စာဖတ်အသင်းအဖွဲ့လေးမှာ ပါ၀င်ပြီး သူငယ်ချင်းများနဲ့အတူ ပျော်ရွှင်စွာ များပြားလှတဲ့ Easy Readers စာအုပ်မျိုးစုံကို လေ့လာဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။

လူဦးရေကန့်သတ်ထားတာကြောင့် စာကြည့်တိုက်ဖွင့်ချိန်အတွင်း ၀၁ ၉၃၇၆၁၆၀ (လိုင်းခွဲနံပါတ် ၃၀၁/ ၃၀၂) မှတစ်ဆင့် ဖြစ်စေ၊ biblio-yangon@goethe.de မှတစ်ဆင့်ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါပြီ။ 
Lernberatung Dec

©Goethe-Institut Myanmar

Empowering Your Learning Journey:

The “LEARNING ADVISORY” Program at the Library

သင့်ရဲ့ ဘာသာစကားစွမ်းရည်ကို မြှင့်တင်ဖို့နဲ့ ဂျာမန်ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်တဲ့ အဆင့်ခရီးလမ်းကို စတင်ဖို့ စိတ်အားထက်သန်နေပါသလား? ကျွန်ုပ်တို့ စာကြည့်တိုက်မှာ ပြုလုပ်နေကြမြဲဖြစ်တဲ့ ''Learning Advisory Program'' က သင့်သင်ယူမှုခရီးစဉ်မှာ သင့်အား လမ်းညွှန်ကူညီပေးဖို့ အဆင်သင့်ရှိနေပါတယ်။ ဒီအစီအစဉ်လေးမှာ ဆရာ၊ ဆရာမများက သင့်ရဲ့ မေးခွန်းတိုင်းအတွက် အချိန်ပေးပြီး၊ သင့်ရဲ့ သင်ယူမှုခရီးစဉ်မှာ ကြုံတွေ့ရမယ့် အခက်အခဲတွေကို ကူညီပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အခမဲ့ဖြစ်ပြီး၊ ဘယ် level မဆို ပါ၀င်နိုင်ဖို့ ရည်ရွယ်ပါတယ်။

ဒီအစီအစဉ်လေးမှာ မပါ၀င်ဖူးသေးတဲ့သူတွေလည်း သင့်ရဲ့ မေးခွန်းလေးတွေရှိရင် အခုပဲ စာရင်းပေးသွင်းနိုင်ပါပြီ- 
New arrivals C2

©Goethe-Institut Myanmar

"New arrivals for C2 learners (DaF C2)”

ဆက်လက်ပြီး ဒီလမှာတော့ ဂျာမန်စာလေ့လာနေသူများအတွက် DaF C2 level စာအုပ်များလည်း အသစ်ရောက်ရှိနေတယ်ဆိုတဲ့အကြောင်း ထပ်မံသတင်းကောင်းပေးလိုပါတယ်။  
သင့်ရဲ့ ဘာသာစကားစွမ်းရည်ကို မြှင့်တင်ဖို့ ကျွန်ုပ်တို့အသစ်ရောက်ရှိနေတဲ့ စာအုပ်များကို လာရောက်ငှားရမ်းဖတ်ရှုလိုက်ပါ။

ဆက်သွယ်ရန်

Goethe-Institut မြန်မာ
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း +95 1 9376160
info-yangon@goethe.de