စာအုပ်ငှားရမ်းခြင်း
Goethe-Institut မြန်မာ၏ စာကြည့်တိုက်ကို လာရောက်ကြမယ့် ဧည့်သည်တော်များကို ဖော်ရွေပျူငှာစွာ၊ အရောင်အသွေးစုံလင်တဲ့၊ သက်တောင့်သက်သာရှိတဲ့ ပတ်၀န်းကျင်နဲ့ ကြိုဆိုလျက်ရှိပါတယ်။ စာကြည့်တိုက်ဟာ စာဖတ်ရှုရာနေရာ တစ်နေရာအဖြစ်သာ မဟုတ်ဘဲ၊ သက်တောင့်သက်သာရှိတဲ့ စာပေလေ့လာလို့ရတဲ့၊ တစ်ဦးနဲ့တစ်ဦးတွေ့ဆုံလို့ရတဲ့နေရာအဖြစ် တည်ရှိပါတယ်။ သက်တောင့်သက်သာရှိတဲ့ အလုပ်လုပ်စရာ၊ စာဖတ်စရာနေရာတွေကြောင့် သင့်အနေနဲ့ လှပတဲ့ ပတ်၀န်းကျင်တစ်ခုမှာ စာပေလေ့လာနိုင်၊ ဂျာမနီနိုင်ငံရဲ့ လက်ရှိ အခြေအနေအကြောင်းကိုလည်း သတင်းအချက်အလက်ရယူနိုင်၊ ဂိမ်းတွေ (Board games) ရော၊ PlayStation ကစားရင်းနဲ့ပါ အချိန်ကို အသုံးချနိုင်ပါတယ်။ ကျွန်ုပ်တို့ စာကြည့်တိုက်မှာ သင့်ကို လွှမ်းမိုးထားစေနိုင်တဲ့ အနုပညာနဲ့ ပတ်သက်တဲ့ စာအုပ်တွေ၊ ကာတွန်းတွေနဲ့ ရုပ်ပြ၀တ္ထုတွေကိုလည်း ရှာဖွေတွေ့ရှိနိုင်ပါသေးတယ်။