Logo:Goethe-Institut Claim:Sprache. Kultur. Deutschland.

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ သတင်းလွှာ

Goethe-Institut Myanmar



Deutsch | English | မြန်မာ

Neujahr 2024

©Goethe-Institut Myanmar

နှုတ်ခွန်းဆက်သဝဏ်လွှာ

ဒီထူးခြားတဲ့အချိန်အခါသမယမှာ ငြိမ်းချမ်းဆိတ်ငြိမ်တဲ့အခိုက်အတန့်တွေနဲ့ လှိုက်လှဲနွေးထွေးတဲ့ အချိန်တွေရရှိပါစေကြောင်း Goethe-Institut မြန်မာအဖွဲ့သားများမှတောင်းဆုပြုပါတယ်။ နှစ်ကာလတစ်လျှောက် အတွေ့အကြုံများအတူဝေမျှခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုများအတွက်လည်း အထူးကျေးဇူးတင်ရှိပါတယ်။ လာမည့်နေ့ရက်များအတွင်း အေးဆေးတည်ငြိမ်မှုနဲ့အတူ ဆန္ဒများလည်းပြည့်ဝပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

အထူးကျေးဇူးတင်ရှိပါတယ်။ ငြိမ်းချမ်းပြီး အဓိပ္ပါယ်ရှိသော နှစ်သစ်နဲ့အားလပ်ရက်ဖြစ်ပါစေ။
 
Go Goethe Green!

©Goethe-Institut Myanmar

Go Goethe Green!

စိတ်လှုပ်ရှားစရာကောင်းပြီး ကျွန်ုပ်တို့ရဲ့ စိတ်သဘောထားနဲ့ထပ်တူကျတဲ့ ပရော့ဂျက်တခုဖြစ်တဲ့ “Go Goethe Green” ကို သင်တို့ထံ ဝမ်းမြောက်ဝမ်းသာမျှဝေလိုပါတယ်။
ဒီပရော့ဂျက်ဟာဆိုရင် ကနဦးခြေလှမ်းသစ်တစ်ခုအနေနဲ့တင်မဟုတ်ပဲ တနှစ်တာလှုပ်ရှားမှု အစီအစဉ်များနဲ့ ရေရှည်တည်တံ့သောဂေဟစနစ်နှင့် ရင်းနှီးကျွမ်းဝင်သည့်အနာဂတ်ဆီသို့ ဦးတည်မည့်ခြေလှမ်းတစ်ခုလည်းဖြစ်ပါတယ်။ အဓိကကျတဲ့ အချက်တွေဖြစ်တဲ့ အသိပညာပေးလှုံ့ဆော်မှုများနှင့် ပညာပေးဟောပြောပွဲအစီအစဉ်များဖြင့် စတင်ဖန်တီးဆောင်ရွက်မှာ ဖြစ်ပါတယ်။ Goethe-Institut မြန်မာရဲ့ ဝန်ထမ်းတွေ၊ ဆရာ/ဆရာမတွေ၊ ကျောင်းသား/ကျောင်းသူတွေ၊ သင်တန်းသူ/သင်တန်းသားတွေ၊ လာရောက်လည်ပတ်သူတွေနဲ့ မိတ်ဖက်များကိုလည်း သဘာ၀ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်စေရန် လိုအပ်သည့်အသိပညာဗဟုသုတများကိုလည်း မျှဝေသွားမှာဖြစ်ပါတယ်။
လေ့လာထားသည့်သင်ယူမှုများကိုလည်း ရင်းနှီးကျွမ်းဝင်နေစေဖို့ လာမည့်နှစ်တစ်နှစ်ပတ်လုံးကို အလုပ်ရုံဆွေးနွေးပွဲများ၊ ဟောပြောပွဲများနှင့် အခြားလှုပ်ရှားမှုကဏ္ဍများကို လစဉ် စဉ်ဆက်မပြတ် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ပရော့ဂျက်နှင့် ပတ်သက်သည့် နောက်ဆုံးရသတင်းများနှင့် အရေးကြီးကြေငြာချက်များကို လက်မလွှတ်စေဖို့အတွက် Goethe-Institut မြန်မာရဲ့ ဆိုရှယ်မီဒီယာချန်နယ်များမှတဆင့် စောင့်ကြည့်ပေးကြဖို့ တိုက်တွန်းလိုပြီး စိတ်လှုပ်ရှားစရာပြည့်နှက်နေတဲ့ ဒီအစီအစဉ်လေးမှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပူးပေါင်းပါဝင်ဖို့ ဒီကနေ ဖိတ်ခေါ်လိုက်ပါရစေ။
 
PRESS, PUBLIC RELATIONS, AND COMMUNICATIONS COORDINATOR

©Goethe-Institut Myanmar

အလုပ်ခေါ်စာ

PRESS, PUBLIC RELATIONS, AND COMMUNICATIONS COORDINATOR

AT GOETHE-INSTITUT MYANMAR
VOLUME OF EMPLOYMENT: 75% (M/F/D)


Goethe-Institut မြန်မာက Press, Public Relations, and Communications Coordinator ရာထူးနေရာတွင် (တစ်ပတ်လျှင်နာရီ ၃၀) ၁၊၂၊၂၀၂၄ မှစတင်၍ တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းရှာဖွေနေပါသည်။ ဒေသတွင်းလုပ်ခလစာနှုန်းထားဖြင့် ခန့်ထားမည်ဖြစ်သည်။ အသေးစိတ်ကို ဝက်ဘ်ဆိုက်တွင်ကြည့်နိုင်ပါသည်။

ယဉ်ကျေးမှု

AoC trainees' field study

©Goethe-Institut Myanmar

သင်တန်းသားများ လက်တွေ့ကွင်းဆင်းလေ့လာခြင်း

Academy of Care

Goethe-Institut Myanmar မှ ဦးဆောင်ပြီး Netherland Embassy မှ ရန်ပုံငွေထောက်ပံ့ထားသော ပထမအကြိမ် Academy of Care အစီအစဉ်သည် ဒုတိယအပိုင်းသို့ ရောက်ရှိနေပြီဖြစ်ပါသည်။ သင်တန်းသားများသည် မိမိတို့၏ နေရာဒေသအသီးသီးကို ပြန်လည်ရောက်ရှိပြီး ပထမနှစ်ပတ်တာတွင်း သင်ကြားခဲ့သော သင်ခန်းစာများကို လက်တွေ့ကွင်းဆင်းလေ့လာမှုများပြုလုပ်နေပြီဖြစ်ပါသည်။  

ကွင်းဆင်းလေ့လာမှုများပြုလုပ်ပြီး တတိယပိုင်းနှင့်စတုတ္ထပိုင်းတွင် Goethe-Institut Myanmar တွင် ပြန်လည်စုဝေးကြကာ ကွင်းဆင်းလေ့လာခဲ့သော အကြောင်းအရာများ၊ အတွေ့ကြုံများကို အချင်းချင်းနှင့်သင်တန်းဆရာများကြား ပြန်လည်ဆွေးနွေးကြပါမည်။ ထပ်မံသင်ယူရန်လိုအပ်သည်များကို ဒေသတွင်းနှင့်နိုင်ငံတကာမှ ကျွမ်းကျင်သူများ၊ အတွေ့အကြုံရှိ သင်တန်းဆရာများက သင်တန်းသား/သူများအား ဂီတကုထုံးကဲ့သို့ ဆန်းသစ်သောပုံစံများကို မိတ်ဆက်သင်ကြားပေးသွားမည်ဖြစ်ပါသည်။

၂၀၂၄ ခုနှစ်ဆန်းပိုင်းတွင်လည်း Academy of Care အစီအစဉ် Cohort 2 အတွက် သင်တန်းသားများကို ထပ်မံခေါ်ယူသွားမည်ဖြစ်သောကြောင့် Goethe-Insititut Myanmar ကို ဆိုရှယ်မီဒီယာ၊ ဝက်ဆိုဒ်နှင့် သတင်းလွှာများမှတဆင့် သတင်းအချက်လက်များရယူနိုင်ပါသည်။ 
Exhibition will continue

©Goethe-Institut Myanmar

Chronicles of Change: Performance Art in Myanmar (1997-2008)

“Chronicles of Change: Performance Art in Myanmar (1997-2008)” ဗီဒီယိုပြပွဲကို ဇန်နဝါရီလ ၆ ရက်နေ့ထိ ဆက်လက်ပြသသွားမှာဖြစ်ပါတယ်။ အချိန်နှင့် အမျှပြောင်းလဲလာသော ပန်းချီထိန်လင်းအပါအဝင် အနုပညာရှင် ၁၀ ဦး၏ Performance Art Video များကို တင်ဆက်ပြသထားပါတယ်။

 ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့မှာ Goethe-Institut Myanmar နဲ့အတူ ပြပွဲပိတ်မည် ဖြစ်ကြောင်းကို အသိပေးချင်ပါတယ်။ အနုပညာကို စိတ်ဝင်စားတဲ့သူငယ်ချင်းတွေကို ပြပွဲအကြောင်းလည်း မျှဝေပေးရင်း လာရောက်ကြည့်ရှုလိုက်ပါ။

ပြပွဲရက် - ဒီဇင်ဘာလ ၁၅ရက်မှ ဇန်နဝါရီလ ၆ ရက် 
                (တနင်္ဂနွေနှင့် ရုံးပိတ်ရက်များတွင်ပိတ်ပါသည်)
ပြပွဲချိန် - မနက် ၁၀ နာရီမှ ညနေ ၄း၃၀ 
ပြပွဲနေရာ - Goethe-Institut Myanmar ပြပွဲခန်းမ
 
"Rethink" - ပြန်တွေးမြင်ကြည့်

©Goethe-Institut Myanmar

Exhibition

"Rethink" - ပြန်တွေးမြင်ကြည့်

အတိတ်တွင်ရှိခဲ့သောလူများ၊ ဖြစ်တည်မှုများနှင့် လက်ရှိပစ္စုပ္ပန်တွင်ရှိကြသော အနုပညာရှင်များကြား ပေါင်းကူးပေးခဲ့သည့် တံတားတစ်ခုရှိခဲ့သည်။ အဆိုပါတံတားမှ ကူးလူး၍ဖြစ်ပေါ်လာသော ဖန်တီးမှုများသည် အစဥ်တိုင်းဖြစ်နေသောအချိန်ကာလတစ်ခုကို ချိုးဖောက်ထားသည်။ အတိတ်သည် အတိတ်တွင်သာရှိနေခြင်းမဟုတ်တော့သလို ပစ္စုပ္ပန်သည်လည်း ပစ္စုပ္ပန်တွင်ပဲ မဟုတ်တော့ပေ။ 

“ပြန်တွေးမြင်ကြည့်” ပြပွဲသည် မြန်မာ့ဓာတ်ပုံမော်ကွန်းတိုက်မှ အနုပညာဖန်တီးဖို့ရန် ပံ့ပိုးကူညီပေးခဲ့သော ထောက်ပံ့ကြေးအစီအစဥ်မှ ထွက်ပေါ်လာခဲ့သည့် အနုပညာလက်ရာများကို ပထမဦးဆုံးအကြိမ် ပြသပေးမည့်ပြပွဲဖြစ်ပါသည်။ 
အနုပညာလက်ရာများတွင် ဓာတ်ပုံများ၊ ဗီဒီယိုများ၊ စိတ်ကူးယဥ်ဝတ္ထုများ၊ စာတမ်းများ၊ ပန်းချီများ၊ illustration ပုံများ စသဖြင့် medium စုံလင်စွာပါဝင်ကြပြီး လာရောက်ကြမည့် အများပြည်သူတို့အတွက် အခြားစိတ်ဝင်စားစရာအစီအစဥ်များ လဲ ပါရှိမည်ဖြစ်ပါသည်။ 

“ပြန်တွေးမြင်ကြည့်” ဟုအမည်ပေးထားသည့်အတိုင်း ပုံမှန်ပြပွဲများကဲ့သို့ အနုပညာလက်ရာများကို ခံစားကြည့်ရှုပြီး ပြန်သွားရုံသာမဟုတ်ဘဲ လာရောက်ကြမည့်မိတ်ဆွေတို့ကိုယ်တိုင် အနုပညာလက်ရာများမှတဆင့် ကြားရ၊ ခံစားရ၊ မြင်ရသည်များကို ပြန်လည်မျှဝေနိုင်မည့် စိတ်ဝင်စားစရာပြပွဲတစ်ခုဖြစ်ပါသည်။ 

Goethe-Institut Myanmar ၏ပံ့ပိုးမှုနှင့်အတူ ဖြစ်တည်လာသည့် open call အစီအစဥ်မှ ဖန်တီးထားသည့်အနုပညာလက်ရာများနှင့်အတူ အချိန်ကာလများကိုအတူဖြတ်သန်းရင်း “ပြန်တွေးမြင်ကြည့်” ကြရန် အားလုံးကိုဖိတ်ခေါ်လိုပါသည်။

ပြန်တွေးမြင်ကြည့် - Rethink
ပြပွဲရက် - ဇန်နဝါရီလ ၁၅ ရက်မှ ဇန်နဝါရီလ ၃၁ ရက်ထိ
ပြပွဲချိန် - မနက် ၁၀ နာရီမှ ညနေ ၅း၃၀ 
ပြပွဲနေရာ - Goethe-Institut Myanmar ပြပွဲခန်းမ
 Sundowner Musical Gathering

©Goethe-Institut Myanmar

Sundowner Musical Gathering

နှစ်သစ်ကူးပြောင်းရောက်ရှိလာပါပြီ။ ကျွန်ုပ်တို့ရဲ့ နေဝင်ဆည်းဆာ ဂီတညနေခင်းလေးကတော့ ၂၀၂၄ မှာလည်းဆက်လက်ရှိနေပါဦးမယ်။ Goethe Café Yangon မှာ ဂီတတင်ဆက်မှုတစ်ခုနဲ့အတူ စိတ်လက်ကြည်သာညနေခင်းတစ်ခုကို ခံစားကြည့်ပါ။ လာရောက်ပြီး ဂီတကိုနားဆင်ခံစားဖို့ဖိတ်ခေါ်ပါတယ်။ ဝင်ကြေးအခမဲ့။
အသေးစိတ်သိရဖို့ ကျွန်ုပ်တို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ စောင့်ကြည့်ပေးပါ။

ဘာသာစကား

German Courses in January

©Goethe-Institut Myanmar

ဇန်နဝါရီလ

ဇန်နဝါရီလဂျာမန်ဘာသာစကားသင်တန်းများ

၂၀၂၄ နှစ်သစ်မှာ သင့်ရဲ့ ဂျာမန်ဘာသာစကားစွမ်းရည်ကို မြှင့်တင်လိုပါသလား။ ဒါဆိုရင်တော့ Goethe-Institut မြန်မာမှာ ဂျာမန်စကားကိုစနစ်တကျစတင်သင်ယူလိုက်ပါ။ ကျွန်ုပ်တို့၏သင်တန်းများကို  နိုင်ငံတကာစံချိန်စံနှုန်းနှင့်တိုင်းတာနှိုင်းယှဥ်နိုင်ပါသည်။  သင်တန်းများကို ဥရောပဘာသာစကားဆိုင်ရာ စံချိန်စံနှုန်းမူဘောင် (GER) နှင့်အညီ အဆင့်ခြောက်ဆင့်အပေါ်တွင် အခြေခံထားသောကြောင့် အလွယ်တကူစတင်သင်ယူနိုင်ပြီး တိုးတက်မှုကိုလည်းမြင်သာစေပါသည်။ Goethe-Institut မြန်မာက ဇန်နဝါရီလတွင် ဂျာမန်ဘာသာစကားသင်တန်းများကို အွန်လိုင်းနှင့်ပြင်ပအတန်းများ ဖွင့်လှစ်မည်ဖြစ်ပါသည်။ စာရင်းပေးသွင်းရမည့်ကာလမှာ ၁၀၊၁၊၂၀၂၄ မှ ၁၉၊၁၊၂၀၂၄ အထိဖြစ်ပြီး စုံစမ်းမေးမြန်းလိုသည်များရှိပါက info.language.mmr@goethe.de မှတဆင့် အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။
German exams in January

©Goethe-Institut Myanmar

ဇန်နဝါရီလ

Goethe-Zertifikat စာမေးပွဲများ

ပြီးခဲ့သောနှစ်က သင်၏ဂျာမန်ဘာသာစကားအရည်အသွေးကို မြှင့်တင်နိုင်ခဲ့ပါသလား။ သင့်အရည်အချင်းကို နိုင်ငံတကာအသိမှတ်ပြုလက်မှတ်တစ်ခုနှင့် သက်သေပြလိုက်ပါ။ Goethe-Zertifikat သည် သင်၏ဘာသာစကားစွမ်းရည်ကိုမှတ်ကျောက်တင်ရန် ကမ္ဘာတဝှမ်းကအသိမှတ်ပြုသည့်အောင်လက်မှတ်ဖြစ်ပါသည်။ Goethe-Institut မြန်မာက ဇန်နဝါရီလအတွက် Goethe-Zertifikat စာမေးပွဲများကိုကျင်းပမည်ဖြစ်ပါသည်။ စာရင်းသွင်းကာလမှာ ၁၀၊၁၊၂၀၂၄ မှ ၁၇၊၁၊၂၀၂၄ ဖြစ်သည့်အတွက် ယခုပဲအချိန်စာရင်းကိုကြည့်ပြီး info.language.mmr@goethe.de ကိုအီးမေးလ်ပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။

စာကြည့်တိုက်

Children's corner

©Goethe-Institut Myanmar

ကလေးများနဲ့ လူငယ်များအတွက် အစီအစဉ်

“Unleashing Fun at the Children's Corner”

စာကြည့်တိုက်မှာ သားသားမီးမီးတို့အတွက် လစဉ်ကျင်းပနေကျဖြစ်တဲ့ ကလေးများနဲ့ လူငယ်အစီအစဉ်မှာ အစီအစဉ်အသစ်များစွာနဲ့အတူ ပျော်ရွှင်စရာ Children’s Corner အသစ်က သားသားမီမီးတို့ကို စောင့်မျှော်နေတယ်ဆိုတဲ့အကြောင်းကို သတင်းကောင်းလေးပေးချင်ပါတယ်။ ဇန်န၀ါရီလမှာတော့ “Storytelling” session လေးကို ပြုလုပ်သွားမှာဖြစ်ပြီး၊ သားသားမီးမီးတို့ ကြိုက်နှစ်သက်ကြတဲ့ အခြားစိတ်၀င်စားဖွယ် activity မျိုးစုံကို တစ်နှစ်ပတ်လုံး ကျင်းပပြုလုပ်ပေးသွားမှာမို့ အားလုံး stay tuned နော်။ အသေးစိတ်အချက်အလက်များကို စုံစမ်းမေးမြန်းလိုပါက စာကြည့်တိုက်အီးမေးလ် biblio-yangon@goethe.de သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

အားလုံးပဲ နှစ်သစ်မှာ ပြန်ဆုံကြမယ်နော်!
Borad Game January

©Goethe-Institut Myanmar

“BOARD GAME FRIDAY!”

“Zug um Zug - Deutschland”

ဂျာမနီနိုင်ငံရဲ့ မြို့တွေကို သင်ဘယ်လောက်သိပါသလဲ? "Zug um Zug - Deutschland" လို့ အမည်ရတဲ့ Board Game လေး ကစားရင်း ဂျာမနီနိုင်ငံရဲ့ မြို့တွေကို အလည်အပတ်သွားကြမယ်!!!

ဒီတစ်ခေါက်ရဲ့ ကစားနည်းလေးကတော့ ရထားစီးရင်း ဂျာမနီနိုင်ငံရဲ့ မြို့တွေကို အလည်အပတ်သွားကြမှာပဲ ဖြစ်ပါတယ်။ ဘယ်မြို့၊ ဘယ်လမ်းကြောင်းကို သွားရမလဲဆိုတာကို ကိုယ်ကျတဲ့ ကဒ်လေးတွေက အဆုံးအဖြတ်ပေးမှာပဲ ဖြစ်ပါတယ်။ အံ့သြဖွယ်တွေ၊ ပျော်ရွှင်စရာတွေ တလှည့်စီကို ခံစားရမှာပဲ ဖြစ်ပါတယ်။ ဒီဂိမ်းလေးက ဂျာမနီနိုင်ငံရဲ့ မြို့တွေကို လေ့လာချင်သူတွေ၊ မြို့တွေရဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ဗဟုသုတရချင်တဲ့သူတွေအတွက် စိတ်၀င်စားဖို့ကောင်းတဲ့ ဂိမ်းလေးမလို့ အခုပဲ စာရင်းသွင်းလိုက်တော့နော် - biblio-yangon@goethe.de
 
LeseClub January

©Goethe-Institut Myanmar

“READING CLUB” Program

အားလုံးပဲ မင်္ဂလာပါ။ ကျွန်ုပ်တို့ စာကြည့်တိုက်မှာ လစဉ် ပြုလုပ်နေတဲ့ program တွေထဲက တစ်ခုဖြစ်တဲ့ “Reading Club“ အစီအစဥ်လေးကို စတင်လာခဲ့တာ အခုဆိုရင် တစ်နှစ်တိတိ ရှိလာပါပြီ။ ဒီတစ်နှစ်တာကာလအတွင်း စိတ်ပါဝင်စားစွာနှင့် တက်တက်ကြွကြွ လာရောက်ပါဝင်ပေးခဲ့တဲ့ participant အယောက်စီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်းပြောပါရစေ။

ဒီအစီအစဉ်လေးမှာဆိုရင် ဂျာမန်ဘာသာစကား သင်ယူနေတဲ့သူတွေရော၊ သင်ယူတတ်မြောက်ပြီးတဲ့သူတွေပါ လာရောက်ပါဝင်လို့ရပါတယ်။ ဒီအစီအစဉ်လေးကနေတစ်ဆင့် စာဖတ်စွမ်းရည် တိုးတက်စေရုံသာမကပဲ၊ စကားလုံး၀ေါ်ဟာရများ ကြွယ်၀လာပြီး၊ အတွေးအခေါ်စွမ်းရည်များကိုပါ တိုးတက်လာစေမှာ ဖြစ်ပါတယ်။

ဇန်န၀ါရီလမှာ ပြုလုပ်မယ့် စာဖတ်အသင်းအဖွဲ့လေးကတော့ A2 level အတွက် ဖြစ်ပြီး၊ စိတ်ပါ၀င်စားလို့ ပါ၀င်ချင်တယ်ဆိုရင်တော့ biblio-yangon@goethe.de သို့ အီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။
Lernberatung January

©Goethe-Institut Myanmar

Empowering Your Learning Journey:

“LEARNING ADVISORY” Program

နှစ်သစ်နဲ့အတူ Goethe-Institut Myanmar မှ တမူထူးခြားတဲ့ အစီအစဉ်သစ်ကောင်းများစွာကို စီစဉ်ပေးရာမှာ လစဉ်ကျင်းပနေကြဖြစ်တဲ့ "Learning Advisory" Program ကိုလည်း ဒီနှစ်မှာတော့ စာကြည့်တိုက်သို့ လူကိုယ်တိုင် မလာရောက်နိုင်သူတွေအတွက်လည်း ပါ၀င်မေးမြန်းလို့ရအောင် virtual online session လေးကို စတင်ထည့်သွင်းစီစဉ်ပေးသွားမှာပဲ ဖြစ်ပါတယ်။

"Learning Advisory" Programလို့ ခေါ်တဲ့ "Lernberatung" အစီအစဉ်မှာ သင့်ရဲ့ ဂျာမန်စာလေ့လာမှုနဲ့ ပတ်သက်ပြီး ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို Goethe-Institut Myanmar မှ ဆရာ/ဆရာမကနေ ဆွေးနွေးအကြံပြုပေးသွားမှာ ဖြစ်ပါတယ်။ ဒီလရဲ့ ''Lernberatung'' အစီအစဉ်မှာတော့ ဂျာမန်ဘာသာစကားကို အခြေခံစတင်လေ့လာနေသူများ (A1 Level) အတွက် သိရှိသင့်တဲ့ လေ့လာသင့်တဲ့ စာအုပ်တွေ၊ online resource တွေ၊ မိမိ level နဲ့ ကိုက်ညီမယ့် အကြံပြုချက်တွေကို ဆွေးနွေးအကြံပြုပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်လေးက A1 level ကို မိမိဘာသာ အခြေခံစတင်လေ့လာနေသူများအတွက် သင့်တော်တဲ့ အစီအစဉ်လေးမို့ အခုပဲ စာရင်းပေးလိုက်တော့နော်- biblio-yangon@goethe.de
New media Onleihe 15/23

©Goethe-Institut Myanmar

ONLEIHE: ဂျာမန်အွန်လိုင်းစာကြည့်တိုက်

Onleihe တွင် အသစ်ရောက်ရှိလာသော မီဒီယာများ

Max Bronski၊ Teresa Bücker၊ Ulrike Draesner၊ Norbert Frei၊ Elke Heidenreich၊ Oliver Hilmes၊ Volker Kutscher နှင့် Ursula Poznanski တို့ရဲ့ လက်ရာများအပါအ၀င် အခြားသောမီဒီယာအသစ်များ ကျွန်ုပ်တို့ရဲ့ ဂျာမန်အွန်လိုင်းစာကြည့်တိုက် “ONLEIHE” တွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သတင်းကောင်းလေး ပေးချင်ပါတယ်။ အခုပဲ ကျွန်ုပ်တို့ရဲ့ “ONLEIHE” မှာ အခမဲ့ငှားရမ်းဖတ်ရှုလိုက်ပါ။
 

ဆက်သွယ်ရန်

Goethe-Institut မြန်မာ
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း +95 1 9376160
info-yangon@goethe.de