Logo:Goethe-Institut Claim:Sprache. Kultur. Deutschland.

၂၀၂၄ ခုနှစ်၊ မတ်လ သတင်းလွှာ

Goethe-Institut Myanmar



Deutsch | English | မြန်မာ

"သဘာဝနဲ့ သဟဇာတ - Artistic Expressions for Plastic Reduction and Environmental Harmony"

© Goethe-Institut Myanmar

“သဘာဝနဲ့ သဟဇာတ - Artistic Expressions for Plastic Reduction and Environmental Harmony”

Goethe-Institut Myanmar ရဲ့ စိမ်းလန်းသာယာတဲ့ ပတ်ဝန်းကျင်အတွင်းမှာ ပြုလုပ်မည့် စိတ်ဝင်စားဖို့ကောင်းတဲ့ ပွဲတစ်ခုအကြောင်းပြောပြချင်ပါတယ်။ သူငယ်ချင်းတွေနဲ့အတူ ပါဝင်ဆင်နွှဲဖို့သင့်တဲ့၊ သူငယ်ချင်းအသစ်တွေလည်း တွေ့နိုင်မည့် အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။

Go Green Goethe အစီအစဥ်ရဲ့ ပထမဆုံးစတင်မှုအဖြစ် Goethe-Institut Myanmar မှ Prevent Plastic Myanmar နှင့်ပူးပေါင်းကာ ဝန်ထမ်းများကို  Environmental Awareness & Behavior Change ခေါင်းစဥ်ဖြင့် သင်တန်းတိုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ အစီအစဥ်ကို လူတိုင်းပါဝင်နိုင်ကြစေဖို့ မတ်လအတွင်းမှာ “သဘာဝနဲ့ သဟဇာတ - Artistic Expressions for Plastic Reduction and Environmental Harmony” လို့အမည်ရတဲ့ ပွဲတစ်ခုကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ သူငယ်ချင်း၊ ကျောင်းသား၊ ကျောင်းသူ၊ မိဘများနဲ့ မိတ်ဖက်အဖွဲ့အစည်းအပြင် မည်သူမဆို တက်ရောက်နိုင်ဖို့ စိတ်ဝင်စားဖို့ကောင်းတဲ့ စကားဝိုင်း၊ အနုပညာပြခန်းနဲ့ တခြားစိတ်ဝင်စားဖို့ကောင်းတဲ့ အစီအစဥ်တွေပါဝင်မည့် ပွဲလေးကို ဖိတ်ကြားလိုပါတယ်။

ပွဲရည်ရွယ်ချက်မှာ လူတစ်ဦးချင်းစီရဲ့ အပြုအမူပိုင်းဆိုင်ရာ ပြောင်းလဲမှုကို ပိုမိုသဟဇာတဖြစ်စေသော လူနေမှုပုံစံဆီသို့ တွန်းအားပေးရန်ဖြစ်ပြီး၊ သဘာဝပတ်ဝန်းကျင် အကြောင်းဖော်ညွှန်းထားတဲ့ အနုပညာလက်ရာများကိုလည်း ကြည့်ရှုခံစားနိုင်စေဖို့ဖြစ်ပါတယ်။ ပွဲအစီအစဥ် အသေးစိတ်ကို Goethe-Institut Myanmar ရဲ့ လူမှုကွန်ယက် စာမျက်နှာတွေမှာ ဖော်ပြသွားဖို့ ရှိပါတယ်။ အစီအစဥ်အချက်အလက်များအတွက် စောင့်ကြည့်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

ယဉ်ကျေးမှု

Free Digitization Training Program

©Goethe-Institut Myanmar

အခမဲ့ ဓါတ်ပုံဒီဂျစ်တယ်ပြောင်း သင်တန်း

ရုံးပိတ်ရက်တွင်ပြုလုပ်မည့် ဓါတ်ပုံဒီဂျစ်တယ်ပြောင်းခြင်း သင်တန်းမှတဆင့် သမိုင်းအမွေအနှစ်များကို ထိန်းသိမ်းလိုက်ပါ။
 
Myanmar Photo Archive နှင့် Goethe-Institut Myanmar မှ နှစ်ရက်ကြာ ပြုလုပ်မည့် သင်တန်းမှာ အွန်လိုင်းမှ တဆင့်ပြုလုပ်သွားမည်ဖြစ်ပြီး သင်တန်းသား ၂၀ လက်ခံသွားမှာဖြစ်ပါတယ်။ သင်တန်းအတွင်းတွင် သမိုင်းဓါတ်ပုံများနှင့် ဓါတ်ပုံပစ္စည်းများကို လေ့လာရမှာဖြစ်ပြီး ဓါတ်ပုံများ၊ ဖလင် နက်ဂေးတစ်များနှင့် ဓါတ်ပုံပစ္စည်းများအား ကိုင်တွယ်ခြင်း၊ ဒီဂျစ်တယ်ပြုလုပ်ခြင်းကဲ့သို့သော အတတ်ပညာများကို မြန်မာ့ဓါတ်ပုံမော်ကွန်းမှ ဆွေးနွေးမျှဝေပေးသွားမည်ဖြစ်ပါသည်။ စမတ်ဖုန်း သို့မဟုတ် ကင်မရာဖြင့် ဒီဂျစ်တယ်ပြောင်းနည်း၊ စကင်ဖတ်စက်အသုံးပြုနည်း၊ ဖလင် နက်ဂေးတစ်များအား ဒီဂျစ်တယ်ပြုလုပ်နည်း တို့ကိုသိရှိနိုင်မှာဖြစ်ပြီး မိမိဒေသရှိ အဖိုးတန် ဓါတ်ပုံအမွေအနှစ်များကို လက်လှမ်းမှီသလောက် ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။
International Co-Production Fund (IKF)

© Synaesthesik (Ginna Mora)

International Co-Production Fund (IKF)

၂၀၂၄ ခုနှစ်အတွက် International Co-Production Fund လျှောက်လွှာတွေကို စတင်လက်ခံနေပါပြီ။

လျှောက်လွှာတွေကို ၂၃း၅၉ နာရီ (CET - ဂျာမနီစံတော်ချိန်) ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၀၁ ရက်နေ့ အထိ တစ်နှစ်ပတ်လုံး တင်သွင်းနိုင်ပါသည်။

International Co-Production Fund ကို ၂၀၂၄ ခုနှစ်တွင် စတင်လုပ်ဆောင်မည့် နိုင်ငံတကာ ပရောဂျက် (ပရောဂျက်ကြာမြင့်ချိန် အများဆုံး ၂၄ လအထိ ကြာနိုင်သည်) အစီအစဥ်များအတွက် ရန်ပုံငွေရရှိရန် လျှောက်ထားနိုင်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံမှ ပူးတွဲထုတ်လုပ်သူမှ မိမိတို့ရဲ့ ပရောဂျက်မစတင်မီ အနည်းဆုံး ၃ လအလိုတွင် ပရောဂျက်လျှောက်လွှာကို တင်သွင်းရမည်ဖြစ်ကြောင်း အသိပေးလိုပါတယ်။
 
အင်္ဂလိပ်ဘာသာဖြင့် အသေးစိတ်အချက်အလက်များ လေ့လာရန်- www.goethe.de/ikf
Academy of Care

©Goethe-Institut Myanmar

Academy of Care

Goethe-Institut Myanmar မှ ဦးဆောင်ပြီး Netherland Embassy မှ ရန်ပုံငွေ ပါဝင်ထားသော Academy of Care အစီအစဉ် စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်၏ သင်တန်းသားခေါ်ယူမှုအတွက်ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် လျောက်လွှာများကို နောက်ဆုံးလက်ခံခဲ့ပါသည်။ မြန်မာနိုင်ငံအနှံ့မှ သင်တန်းသား လျှောက်လွှာ စုစုပေါင်း (၄၇) စောင်ကို လက်ခံရရှိခဲ့ပါသည်။ သင်တန်းသား လျှောက်လွှာများကို အကဲဖြတ်စီစစ်ပြီး မတ်လ ပထမအပါတ်တွင် စတင်ပြီး အင်တာဗျူးများ ပြုလုပ်သွားမည်ဖြစ်ပါသည်။ ယခုတကြိမ်သင်တန်းတွင် သင်ရိုးညွှန်းတမ်းများကို ပြန်လည်ဆန်းစစ်ပြီး နိုင်ငံတကာမှပညာရှင်များနှင့် ပြည်တွင်းပညာရှင်များစွာဖြင့် ဧပြီလ နောက်ဆုံးအပါတ်တွင် စတင်ဖို့ စီစဉ်ထားပြီးဖြစ်ပါသည်။
"International Women's Day 2024"

©Institut français de Birmanie

“၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့”

မတ်လ (၈) ရက်နေ့တွင် ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့”ကို ဂုဏ်ပြုသောအားဖြင့် Goethe-Institut Myanmar၊ ပြစ်သစ်ယဉ်ကျေးမှုဌာနနှင့် အခြားသော မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းပြုလုပ်သွားမည့် အစီအစဉ်များရှိကြောင်း အသိပေးအပ်ပါသည်။

အမျိုးသမီးများ၏ အခွင့်အလမ်းများ၊ ပါ၀င်ဆောင်ရွက်မှုများ မြှင့်တင်ရေးကို ဦးစားပေးထားသည့် အစီအစဉ်များတွင် ဆွေးနွေးပွဲစကားဝိုင်းများ၊ ဟောပြောပွဲများနှင့် အခြားစိတ်၀င်စားဖွယ် ပြဇာတ်တင်ဆက်မှု၊ စျေးတန်းငယ် အစရှိသည့် လှုပ်ရှားမှုများ ပါ၀င်သွားမည် ဖြစ်ပါမည်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အစီအစဉ်များ၏ အသေးစိတ် အချက်အလက်များကို လူမှုကွန်ရက်စာမျက်နှာများတွင် မကြာမီ တင်ဆက်သွားမည် ဖြစ်ရာ စောင့်မျှော်ကြည့်ရှုပေးကြပါရန် အသိပေးအပ်ပါသည်။

မိတ်ဆွေများ၏ စိတ်ဝင်တစား တက်ရောက်ပါ၀င်မှုများကို နွေးထွေးစွာကြိုဆိုပါသည်။
Dolsicine events on March 8 and 13, 2024

©Dosiciné

DOSICINÉ Events on March 8 and 13, 2024

Goethe-Institut Myanmar မှာ ပြုလုပ်သွားမယ့် Dolsiciné ရဲ့ ဆွေးနွေးပွဲအစီအစဉ်နှစ်ခုကို လာရောက်ကြဖို့ဖိတ်ခေါ်ပါတယ်။
 
DOSICINÉ ဆိုတာ မြန်မာရုပ်ရှင်ဖန်တီးသူတွေ၊ ထုတ်လုပ်သူတွေရဲ့ ရုပ်ရှင် Project တွေအတွက် မဖြစ်မနေလုပ်ဆောင်ရတဲ့ Dossier တွေ ရေးသားပြင်ဆင်တဲ့နေရာမှာ ပိုကောင်းလာအောင်၊ အာသာချက်တွေ ဖြစ်လာအောင်၊ သူတို့ရဲ့ Dossier တွေ အရည်အသွေး မြင့်မားတိုးတက်လာအောင် လမ်းပြပေးသွားမယ့် ပလက်ဖောင်း တစ်ခု ဖြစ်ပါတယ်။
 
အမျိုးသမီးရုပ်ရှင်ဖန်တီးသူများ၊ ရုပ်ရှင်ဇာတ်ကားထဲက အမျိုးသမီးများ
ရက်စွဲ- ၈ မတ်လ ၂၀၂၄
အချိန်- ညနေ ၄ နာရီမှ ညနေ ၆း၃၀ ထိ
တည်နေရာ- Goethe-Institut Myanmar ပြပွဲခန်းမ

ခေတ်အဆက်ဆက်က ဒီနိုင်ငံမှာက မြန်မာအမျိုးသမီး Filmmaker တွေက တူတူတန်တန် ပွဲထုတ်ခံရတာ နည်းပါးခဲ့ပါတယ်။ သို့သော်လည်း မြန်မာက လူငယ်အမျိုးသမီး Filmmaker တွေက သူတို့ကိုယ်ပိုင်စိတ်ကူးတွေနဲ့ ကမ္ဘာကို ဇာတ်လမ်းတွေ ပြောဖို့ ကြိုးစားနေကြဆဲပါပဲ။ ဒီပွဲလေးမှာ အမျိုးသမီးရုပ်ရှင်ဖန်တီးသူ ၅ ယောက်က သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကနေတစ်ဆင့် ဇာတ်လမ်းထဲက ဇာတ်ကောင်တွေကို ဘယ်လို Develop လုပ်ကြတာလဲ၊ ဘယ်လို ရုပ်ရှင်မျိုးတွေက သူတို့ကို Inspired ဖြစ်စေတာလဲ၊ ဘယ်လို အမျိုးသမီးဇာတ်ကောင်တွေကို သူတို့ ရုပ်ရှင်တွေထဲမှာ ထည့်သွင်းဖန်တီးကြသလဲ ဆိုတဲ့ ဖန်တီးမှု လုပ်ငန်းစဉ်တွေ၊ သူတို့ရဲ့ အမြင်တွေကို မျှဝေသွားကြမှာ ဖြစ်ပါတယ်။
 
Dossier To Lab

ရက်စွဲ- ၁၃ မတ်လ ၂၀၂၄
အချိန်- ညနေ ၄ နာရီမှ ညနေ ၆း၃၀ ထိ
တည်နေရာ- Goethe-Institut Myanmar ပြပွဲခန်းမ
 
ဒီစကားဝိုင်းလေးမှာတော့ Purin Short Film Camp ကို သွားရောက်ပါဝင်ခွင့်ရခဲ့တဲ့ မြန်မာနိုင်ငံက Purin Alumni Filmmakers တွေ Producers တွေက ဟိုမှာ သူတို့ ပါဝင်အလုပ်လုပ်ခဲ့တဲ့ Project တွေကနေတစ်ဆင့် ရခဲ့တဲ့ အတွေ့အကြုံတွေမျှဝေပေးသွားမှာ ဖြစ်ပါတယ်။
 
Dosiciné အကြောင်းပိုမိုသိရှိရန် https://dosicine.org

ဘာသာစကား

German Language Courses

©Goethe-Institut Myanmar

မတ်လ

ဂျာမန်ဘာသာစကားသင်တန်းများ

Goethe-Institut မြန်မာတွင် ဂျာမန်စကားကိုစနစ်တကျစတင်သင်ယူပါ။ ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများကို ဥရောပဘာသာစကားဆိုင်ရာစံချိန်စံနှုန်းမူဘောင် (GER) နှင့်အညီ အဆင့် ၆ ဆင့်အပေါ်တွင်အခြေခံထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏သင်တန်းများသည်  နိုင်ငံတကာစံချိန်စံနှုန်းနှင့်တိုင်းတာနှိုင်းယှဥ်နိုင်ပါသည်။ Goethe-Institut မြန်မာက မတ်လအတွက်  ( Online , In-person, Hybrid ) ဂျာမန်ဘာသာစကားသင်တန်းများဖွင့်လှစ်လျက်ရှိပါသည်။ စာရင်းပေးသွင်းရမည့်ကာလမှာ ၂၇၊၂၊၂၀၂၄ မှ ၁၁၊၃၊၂၀၂၄ အထိဖြစ်ပြီး စုံစမ်းမေးမြန်းလိုသည်များရှိပါက info.language.mmr@goethe.de မှတဆင့် အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။
Goethe-Zertifikat Exams

©Goethe-Institut Myanmar

မတ်လ

Goethe-Zertifikat စာမေးပွဲများ

သင့်ရဲ့ဂျာမန်ဘာသာစကားအရည်အသွေးကိုသက်သေပြရန် ကမ္ဘာတဝှမ်းကအသိအမှတ်ပြုသောအောင်လက်မှတ်တစ်ခုလိုအပ်နေပါသလား။ Goethe-Institut ၏ဘာသာစကားအောင်လက်မှတ်သည် ဂျာမန်ဘာသာစကားစွမ်းရည်ကိုမှတ်ကျောက်တင်ရန် ကမ္ဘာတဝှမ်းကအသိမှတ်ပြုသည့်အောင်လက်မှတ်ဖြစ်ပါသည်။ Goethe-Institut မြန်မာက မတ်လအတွက် Goethe-Zertifikat စာမေးပွဲများကိုကျင်းပမည်ဖြစ်ပါသည်။ စာရင်းသွင်းကာလမှာ ၂၇၊၂၊၂၀၂၄ မှ ၁၁၊၃၊၂၀၂၄ ဖြစ်သည့်အတွက် ယခုပဲအချိန်စာရင်းကိုကြည့်ပြီး info.language.mmr@goethe.de ကိုအီးမေးလ်ပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။

စာကြည့်တိုက်

World Poetry Day

©Goethe-Institut Myanmar

ကမ္ဘာ့ကဗျာနေ့အတွက်အစီအစဉ်ကောင်းလေးတစ်ခု

ကျွန်ုပ်တို့မှ ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်အနေနဲ့ ကဗျာရွတ်ပွဲလေးကို စာကြည့်တိုက်မှာ ပြုလုပ်ဖို့ စီစဉ်ထားကြောင်း ကြိုတင်အသိပေးလိုပါတယ်။
ကျွန်ုပ်တို့ရဲ့ အစီအစဉ်လေးမှာ ပါဝင်ပြီး ကဗျာအနုပညာကို အတူတကွ ဂုဏ်ပြုရင်း ခံစားချက်ရသများနဲ့ စကားလုံးများရဲ့ အလှအပများကို ပေါင်းစပ်ပြီး ကဗျာရဲ့အနုပညာကို အတူတကွ စီးမျောပုံဖော်ကြ ဖို့ဖိတ်ခေါ်ပါရစေ။

မကြာမီရက်ပိုင်းအတွင်း ပွဲအစီအစဉ် အသေးစိတ်များဖြစ်တဲ့ နေ့ရက် အချိန် နဲ့ ဘယ်လို စာရင်းပေးသွင်းရမလဲဆိုတာကို ကျွန်ုပ်တို့ရဲ့ လူမှုကွန်ယက်စာမျက်နှာများမှာ ကြေငြာပေးသွားမှာပဲဖြစ်ပါတယ်။

အခြားသော သတင်းအချက်များကို အချိန်မီ သိရှိနိုင်ဖို့ ကျွန်ုပ်တို့ရဲ့ လူမှုကွန်ယက်စာမျက်နှာများကို ချိတ်ဆက်ထားဖို့ တိုက်တွန်းလိုပါတယ်။ သင်နဲ့အတူ အမှတ်တရ အတွေ့အကြုံများ ဖန်တီးဖို့ ကျွန်ုပ်တို့က သင့်အား ကြိုဆိုလျက်ရှိပါတယ်။
“JUNK MODELLING” ACTIVITY

©Goethe-Institut Myanmar

ကလေးများနဲ့ လူငယ်များအတွက် အစီအစဉ်

“JUNK MODELLING” ACTIVITY

စာကြည့်တိုက်ရှိ ကလေးနှင့်လူငယ်အစီအစဉ်မှ ကြိုဆိုပါတယ်! ဒီလမှာတော့ “Junk Modelling” activity ကို ပြုလုပ်မှာပဲ ဖြစ်ပါတယ်။

ဒီ activity လေးမှာတော့ ကလေးများက နေ့စဉ်အိမ်သုံးအမှိုက်များ ဖြစ်တဲ့ တစ်ရှူးဘူးခွံ၊ တစ်ရှူးလိပ်အခွံ၊ ကတ်ထူပြား အစရှိသည်တို့ကို အံ့သြဖွယ်ပြန်လည်အသုံးပြုနိုင်သောအရာများအဖြစ်သို့ ပြောင်းလဲနည်းကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်ုပ်တို့မှ ကလေးများကို recycle ပြန်လည်လုပ်လို့ရတဲ့ အိမ်သုံးပစ္စည်းတွေကနေတစ်ဆင့် art & craft လေးတွေကို ပြုလုပ်ပုံ ပြုလုပ်နည်းတွေနဲ့ စိတ်ကူးစိတ်သန်းတွေ ရရှိလာအောင် ပြောပြလမ်းညွှန်သွားမှာပဲ ဖြစ်ပါတယ်။  

‍အသက် ၆ နှစ်မှ ၁၃ နှစ်ကြားအရွယ်ရှိ သားသားမီးမီးတို့ ပါ၀င်နိုင်မှာဖြစ်ပြီး၊ သူတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ စိတ်ကူးစိတ်သန်းများကို လက်တွေ့အကောင်အထည်ဖော်နိုင်ကြမှာ ဖြစ်ပါတယ်။   

ဝင်ကြေးအခမဲ့ဖြစ်ပြီး၊ လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ အမည်၊ အသက်၊ ဖုန်းနံပါတ်နဲ့ အီးမေးလ်ကို စာကြည့်တိုက်ဖွင့်ချိန်အတွင်း ၀၁ ၉၃၇၆၁၆၀ (လိုင်းခွဲနံပါတ် ၃၀၁/၃၀၂) မှ တစ်ဆင့်ဖြစ်စေ၊ biblio-yangon@goethe.de မှတစ်ဆင့် ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါပြီ။ 

ဆန်းသစ်တီထွင်မှု၊ စူးစမ်းရှာဖွေမှု၊ ပျော်ရွှင်စရာများစွာဖြင့် ပြည့်နှက်နေတဲ့ ထိုနေ့လေးကို ပါ၀င်ဖို့ အဆင်သင့် ဖြစ်နေပြီလား။
New arrivals for A1-A2 learners (DaF A1-A2)

©Goethe-Institut Myanmar

New arrivals for A1-A2 learners (DaF A1-A2)

စာကြည့်တိုက်မှာ DaF A1/A2 level စာအုပ်များ အသစ်ရောက်ရှိနေတယ်ဆိုတဲ့အကြောင်း သတင်းကောင်းလေးပေးချင်ပါတယ်။ စာကြည့်တိုက်မှာ အသစ်ရောက်ရှိနေတဲ့ သဒ္ဒါနဲ့ ၀ေါ်ဟာရ လေ့ကျင့်ခန်းစာအုပ်များနဲ့အတူ သင့်ရဲ့ ဂျာမန်ဘာသာစကားစွမ်းရည်ကို မြှင့်တင်ဖို့ အခြေခံကစပြီး စနစ်တကျ လေ့ကျင့်လိုက်ပါ။
 
“BOARD GAME FRIDAY!”

©Goethe-Institut Myanmar

“BOARD GAME FRIDAY!”

“Pictograma : ein Wortschatz- und Erzählspiel in 6 Sprachen”

ဒီလရဲ့ „Board Game Friday” မှာ ကစားမယ့် board game ကတော့ „Pictograma : ein Wortschatz- und Erzählspiel in 6 Sprachen” လို့ အမည်ရပါတယ်။

ဒီဂိမ်းလေးမှာတော့ နေ့စဉ်သုံးစကားလုံးလေးတွေရဲ့ စာကြောင်းတည်ဆောက်ပုံ၊ တွဲရက်သုံးစကားလုံးများဖြစ်တဲ့ ဥပမာအားဖြင့် “Fahrrad fahren”, “Picknick machen”, “Gedanken lesen können”, “reich werden” အစရှိတဲ့ စကားလုံးတွေရဲ့ အဓိပ္ပာယ်တွေနဲ့ သုံးနှုန်းပုံတို့ကိုပါ ဆရာမနဲ့အတူ လေ့လာရမှာမို့ ဒီလရဲ့ „Board Game Friday” မှာ လာရောက်ပါ၀င်ဖို့ ဖိတ်ခေါ်ပါတယ်။ ဒီဂိမ်းလေးမှာ ပါ၀င်ခြင်းဖြင့် မိမိရဲ့ အပြောစွမ်းရည်တွေပါ တိုးတက်လာစေမှာ ဖြစ်ပါတယ်။

A1 level ကနေ B2 level အထိ ပါ၀င်ကစားလို့ ရတာမို့ စိတ်ပါ၀င်စားလို့ ပါ၀င်ချင်တယ်ဆိုရင်တော့ စာကြည့်တိုက်အီးမေးလ် biblio-yangon@goethe.de သို့ စာရင်းပေးသွင်းနိုင်ပါတယ်။
“READING CLUB” Program

©Goethe-Institut Myanmar

“READING CLUB” Program

ဒီလရဲ့ "Leseclub" အစီအစဥ်လေးကတော့  A1 level အတွက် ဖြစ်ပြီး၊ ဂျာမန်ဘာသာစကား သင်ယူနေတဲ့သူတွေရော၊ သင်ယူတတ်မြောက်ပြီးတဲ့သူတွေပါ လာရောက်ပါဝင်လို့ရပါတယ်။ ဒီအစီအစဉ်လေးကနေတစ်ဆင့် စာဖတ်စွမ်းရည် တိုးတက်စေရုံသာမကပဲ၊ စကားလုံး၀ေါ်ဟာရများ ကြွယ်၀လာပြီး၊ အတွေးအခေါ်စွမ်းရည်များကိုပါ တိုးတက်လာစေမှာ ဖြစ်ပါတယ်။  
 
စိတ်ပါ၀င်စားလို့ ပါ၀င်ချင်တယ်ဆိုရင်တော့ biblio-yangon@goethe.de သို့ အီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။  
“LEARNING ADVISORY” Program

©Goethe-Institut Myanmar

Empowering Your Learning Journey:

“LEARNING ADVISORY” Program

"Learning Advisory" Programလို့ ခေါ်တဲ့ "Lernberatung" အစီအစဉ်မှာ သင့်ရဲ့ ဂျာမန်စာလေ့လာမှုနဲ့ ပတ်သက်ပြီး ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို Goethe-Institut Myanmar မှ ဆရာ/ဆရာမကနေ ဆွေးနွေးအကြံပြုပေးသွားမှာ ဖြစ်ပါတယ်။ ဒီလရဲ့ ''Lernberatung'' အစီအစဉ်မှာတော့ ဂျာမန်ဘာသာစကားကို B1 level လေ့လာနေသူများအတွက် သိရှိသင့်တဲ့ လေ့လာသင့်တဲ့ စာအုပ်တွေ၊ online resource တွေ၊ မိမိ level နဲ့ ကိုက်ညီမယ့် အကြံပြုချက်တွေကို ဆွေးနွေးအကြံပြုပေးသွားမှာပဲ ဖြစ်ပါတယ်။ 

စာကြည့်တိုက်သို့ လူကိုယ်တိုင် မလာရောက်နိုင်သူတွေအတွက်လည်း ပါ၀င်မေးမြန်းလို့ရအောင် virtual online session ကိုလည်း ထည့်သွင်းစီစဉ်ပေးထားတာဖြစ်လို့ သင့်ရဲ့ ဂျာမန်စာလေ့လာသင်ယူမှုနဲ့ ပတ်သက်ပြီး အခမဲ့ မေးမြန်းလို့ရမယ့် ကျွန်ုပ်တို့ရဲ့ Learning Advisory အစီအစဉ်ကို အခုပဲ စာရင်းပေးသွင်းပြီး ပါ၀င်လိုက်ပါ: biblio-yangon@goethe.de

ဆက်သွယ်ရန်

Goethe-Institut မြန်မာ
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း +95 1 9376160
info-yangon@goethe.de