ဖေဖော်ဝါရီလရဲ့ Boardgame Day မှာတော့
Schnitzeljagd Deutsch ဆိုတဲ့ ဂိမ်းလေးကို ကစားကြမှာဖြစ်ပါတယ်။ ဂိမ်းကစားသူများအနေဖြင့် လမ်းညွှန်ချက်များကိုစနစ်တကျလိုက်နာရင်း ပေးထားသောတာဝန်များကို မြန်မြန်နှင့်မှန်မှန် ပြီးမြောက်စေဖို့ ကြိုးစားအားထုတ်ရမှာဖြစ်ပါတယ်။ ဂျာမန်စာလေ့လာရင်း ကစားပွဲကို အပြိုင်အဆိုင်ရှေ့ဆက်သွားရသော ပညာရေးဆိုင်ရာ ဂိမ်းတစ်ခုဖြစ်တာကြောင့် ပျော်စရာကောင်းမှာ အသေအချာပါပဲ။
ဒီဂိမ်းလေးကို ကစားဖို့ A2-B1 level သာ လိုအပ်တာမို့လို့ စိတ်ပါ၀င်စားသူများအနေဖြင့်
biblio-yangon@goethe.de သို့ အမည်၊ ဖုန်းနံပါတ်၊ မိမိရဲ့ ဂျာမန် level ကိုအီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။