Screen Time လျှော့ပြီး “We Time” လေး တစ်ခါလောက် ကောင်းကောင်းဖန်တီးချင်ကြပါသလား? ဒါဆိုရင် Family Punch Needle Workshop ကို မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။
ဒီအစီအစဉ်ကို မိသားစုများ အတူတကွ အမှတ်တရကောင်းများ ဖန်တီးရင်း ချိတ်ဆက်နိုင်ဖို့ ရည်ရွယ်ပြီး စီစဉ်ထားပါတယ်။
အသက် ၇ နှစ်နှင့်အထက် ကလေးများနှင့် ၎င်းတို့၏ မိဘ/အုပ်ထိန်းသူ တစ်ယောက်စီ ပါဝင်နိုင်ပြီး လှပသော လက်ရာလေးတစ်ခုကို ဖန်တီးရင်း တန်ဖိုးရှိတဲ့ အချိန်ကောင်းလေးရရှိနိုင်မယ့်အခွင့်အရေးပါ။
Punch needling ဆိုတာက “ချည်ဖြင့် အရောင်ဖြည့်ရေးဆွဲခြင်း” လိုပါပဲ။ ကလေးများအတွက် အာရုံစူးစိုက်မှုကို တိုးမြှင့်ပေးပြီး ဖန်တီးမှုစွမ်းရည်ကို လှုံ့ဆော်ပေးသလို ကိုယ်တိုင်လုပ်ထားတဲ့ လှပတဲ့ လက်ရာလေးပြီးဆုံးတဲ့အခါ အောင်မြင်မှုကို ဂုဏ်ယူစွာ ခံစားရစေပါတယ်။ လူကြီးများအတွက်လည်း နားချိန်ယူပြီး ကလေးများနဲ့အတူ စကားပြောရင်း အဓိပ္ပါယ်ရှိတဲ့ လက်ရာတစ်ခု ဖန်တီးကာ ပျော်စရာတွေ ယူဆောင်လာတဲ့ အမိုက်စား Guardian ဖြစ်လိုက်ပါနော်။
Punch needle က စတင်လေ့လာသူများအတွက် အလွန်လွယ်ကူပါတယ်။ ဘောပင်ကို ကိုင်နိုင်ရင် ဒါလေးကိုလည်း လုပ်နိုင်ပါတယ်! လိုအပ်တဲ့ ပစ္စည်းများကို ကျွန်ုပ်တို့ဘက်က ပြင်ဆင်ပေးထားပါတာကြောင့် သင်တို့ဘက်က လက်တွေ့လုပ်ကြည့်လိုစိတ်ဖြင့်သာ ပါ၀င်အားဖြည့်ပေးဖို့လိုပါတယ်။
မှတ်ချက် – နေရာကန့်သတ်ချက်ကြောင့် ကလေးတစ်ယောက်လျှင် အုပ်ထိန်းသူ တစ်ယောက်သာ လက်ခံနိုင်ပါသည်။
ဝင်ကြေးအခမဲ့ဖြစ်ပြီး၊ လူဦးရေကန့်သတ်ထားတာမို့ ခုပဲ
အမည် (ကလေးနှင့်အုပ်ထိန်းသူ
)၊ အသက်၊ ဖုန်းနံပါတ် တို့ကို
biblio-yangon@goethe.de မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။