Logo:Goethe-Institut Claim:Sprache. Kultur. Deutschland.

၂၀၂၆ ခုနှစ်၊ ဇွန်လ သတင်းလွှာ

Goethe-Institut Myanmar

Deutsch | English | မြန်မာ

ယဉ်ကျေးမှု

Academy of Care Alumni Seminar with Professor Dr. Marianne Rauwald

© Goethe-Institut Myanmar

Academy of Care Alumni Seminar with Professor Dr. Marianne Rauwald

Academy of Care မှ Goethe-Institut Myanmar တွင် ကျင်းပမည့် အထူး Alumni Seminar အစီအစဉ်အတွက် ဂျာမနီနိုင်ငံ Frankfurt မှ psychoanalyst နှင့် trauma specialist ဖြစ်သူ Dr. Marianne Rauwald အား ကြိုဆိုရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူပါတယ်၊
 
Professor Dr. Marianne Rauwald သည် trauma, migration နှင့် crisis context များတွင် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသူဖြစ်ပြီး AoC alumni community နှင့်အတူ နှစ်ရက်တာ လေ့လာသင်ယူခြင်း၊ ဆင်ခြင်သုံးသပ်ခြင်းနှင့် အပြန်အလှန်ဖလှယ်ဆွေးနွေးမှုများ ပြုလုပ်သွားမှာဖြစ်ပါတယ်၊
World Ocean Day

© Goethe-Institut Myanmar

World Ocean Day

ဇွန်လ ၈ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့သမုဒ္ဒရာများနေ့ကို ကြိုဆိုသောအားဖြင့် Goethe-Institut Myanmar နှင့် Myanmar Ocean Project တို့ ပူးပေါင်းပြီး အစီအစဉ်တစ်ရပ်ကို ပြုလုပ်သွားမည်ဖြစ်ပါသည်။ ကလေးနှင့် လူငယ်များ အဓိကပါ၀င်နိုင်မည့် သမုဒ္ဒရာနှင့် ရေနေ သတ္တ၀ါများ၊ သမုဒ္ဒရာနှင့် ဆက်စပ်နေသည့် သဘာ၀ပတ်၀န်းကျင်၊ လူမှုဘ၀နှင့် ဓလေ့များအကြောင်းကို ရေးသားထားသည့် comic book reading အစီအစဉ်တစ်ခုကို ဇွန်လ ၇ ရက်နေ့ တနဂ်နွေနေ့တွင် Goethe-Institut Myanmar ၏ ပြပွဲခန်းမတွင်ပြုလုပ်သွားမည်ဖြစ်ပါသည်။

ထို့အပြင် ကြိုတင်စာရင်းသွင်းပါ၀င်နိုင်မည့် လက်တွေ့ ကာတွန်းဇာတ်ကွက်ရေးသားခြင်း Workshop တစ်ခုကိုလည်း တစ်ဆက်တည်းပြုလုပ်သွားမည်ဖြစ်သောကြောင့် အသေးစိတ်အချက်အလက်များကို Goethe-Institut Myanmar နှင့် Myanmar Ocean Project ၏ လူမှုကွန်ယက်စာမျက်နှာများတွင် လေ့လာပါ၀င်နိုင်ပါသည်။
Towards Empathy

© Goethe-Institut Myanmar

Towards Empathy

၂၀၂၅ ခုနှစ်ကနေ ရှည်ကြာတဲ့ ခရီးစဉ်ကို စတင်ခဲ့တဲ့ Towards Empathy စီမံကိန်းမှာ ထိုင်းနိုင်ငံမှ ဖိတ်ခေါ်ထားတဲ့ Curator များဖြစ်ကြတဲ့ Ms. Somrak Sila နဲ့ Mr. Krai Sridee တို့ဟာ ပြီးခဲ့တဲ့ မေလမှာ မြန်မာနိုင်ငံကို ရောက်ရှိလာကြပြီဖြစ်ပါတယ်။ သူတို့ဟာ စီမံကိန်းမှာ ပါ၀င်တဲ့ Focus group တစ်ခုချင်းစီက ပုဂ္ဂိုလ်တွေကို လိုက်လံတွေ့ဆုံပြီး Towards Empathy စီမံကိန်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Final presentation ကို အနုပညာမြောက်ပုံဖော်နိုင်ဖို့အတွက် အစီအစဉ်တွေကို စတင်နေကြပြီဖြစ်ပါတယ်။ သူတို့ရဲ့ ခရီးစဉ်အပြီးမှာတော့ Towards Empathy စီမံကိန်းရဲ့ နောက်ဆက်တွဲ လုပ်ငန်းဆောင်တာတွေကို ဆက်လက်တင်ပြသွားမှာဖြစ်တာကြောင့် Goethe-Institut Myanmar ရဲ့ လူမှုကွန်ယက်စာမျက်နှာများမှာ စောင့်ကြည့်ပေးကြပါရန် အသိပေးအပ်ပါတယ်။
 

ဘာသာစကား

Term 4 German Classes

© Goethe-Institut Myanmar

Term 4 ကာလ: 13.06.2026-17.06.2026

Term 4 အတွက် ဂျာမန်ဘာသာ သင်တန်းများ

ဇွန်လမှာ Goethe-Institut Myanmar မှ Term 4 အတွက် ဂျာမန်ဘာသာ သင်တန်းများကို ပြန်လည်ဖွင့်လှစ်သွားပါမည်။
 
Goethe-Institut မြန်မာတွင် ဂျာမန်စကားကိုစနစ်တကျစတင်သင်ယူပါ။ ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများကို  ဥရောပဘာသာစကားဆိုင်ရာစံချိန်စံနှုန်းမူဘောင် (GER) နှင့်အညီ အဆင့် (၆)ဆင့်အပေါ်တွင်အခြေခံထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏သင်တန်းများသည် နိုင်ငံတကာစံချိန်စံနှုန်းနှင့်တိုင်းတာနှိုင်းယှဥ်နိုင်ပါသည်။ သင်တန်းများကို အချိန်မရွေး နေရာမရွေး အွန်လိုင်းမှ စာရင်းသွင်းခြင်း ပြုလုပ်နိုင်ပါပြီ။ စုံစမ်းမေးမြန်းလိုသည်များရှိပါက info.language.mmr@goethe.de မှတဆင့် အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။

စာရင်းသွင်းရန်: A1.2 - B2.1 - (13.06.2026-17.06.2026)
 
ဂျာမန်ဘာသာကို စတင်လေ့လာပြီး သင်၏ ရည်မှန်းချက်များသို့ ခြေလှမ်း တစ်လှမ်း ပိုမိုနီးကပ်အောင်သွားလိုက်ပါ။

စာကြည့်တိုက်

Clay Pot Painting and Planting Workshop

© Goethe-Institut Myanmar

ကလေးများနဲ့ လူငယ်များအတွက် အစီအစဉ်

Clay Pot Painting and Planting Workshop

ဇွန်လဆိုတာ သဘာဝပတ်ဝန်းကျင်အရေးအတွက် အသိပညာပေးတဲ့ လလေးပါ! ဒါကြောင့် စာကြည့်တိုက်မှာ အသက် ၇ နှစ်မှ ၁၂ နှစ်အရွယ် ကလေးငယ်များအတွက် ပျော်စရာလည်းကောင်းပြီး သဘာ၀တရားနဲ့ထိတွေ့ခွင့်ရနိုင်တဲ့ Clay Pot Painting & Planting Workshop ကို ဇွန်လ ၂၀ ရက်နေ့တွင် ပြုလုပ်သွားပါမယ်။
SDG 11: Sustainable Cities and Communities

© Goethe-Institut Myanmar

Sustainability Meets Innovation

SDG 11: Sustainable Cities and Communities

Sustainable Entrepreneurship Series Program ပြန်လည်ရောက်ရှိလို့လာပါပြီ။

Goethe-Institut Myanmar နဲ့ Planet Impacts တို့မှ ပူးပေါင်းပြုလုပ်ထားတဲ့ Sustainable Entrepreneurship Series Program ကို မေလ မှ ဩဂုတ်လအတွင်း တစ်လလျှင် တစ်ကြိမ် ကျင်းပသွားမှာဖြစ်ပါတယ်။ အစီအစဉ်တိုင်းတွင် မတူညီသော ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင် (SDGs - Sustainable Development Goals) တွေအပေါ် အခြေခံတဲ့ စွန့်ဦးတီထွင်ခြင်းပညာရပ်ဆိုင်ရာသဘောတရားများကို သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ပညာရှင်တွေရဲ့ အတွေ့အကြုံများနဲ့အတူ သင်ယူလေ့လာနိုင်မှာပါ။
Board Game June

© Goethe-Institut Myanmar

Board Game Day!

Lingua Ludica – ဂျာမန်ဘာသာစကားကို ဂိမ်းကနေ ပျော်ရွှင်စွာ လေ့လာကြမယ်!

ဇွန်လမှာကျင်းပမယ့် Board Game Day မှာတော့ ဂျာမန်ဘာသာစကား A2 နှင့်အထက်ရှိသူတွေအတွက် "Lingua Ludica" လို့ခေါ်တဲ့ စိတ်၀င်စားရာဂိမ်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ 
Reading Club

© Goethe-Institut Myanmar

“READING CLUB” Program

ဂျာမန်ဘာသာစကား သင်ယူနေတဲ့သူတွေ စာဖတ်စွမ်းရည် တိုးတက်လာ‌စေရန်နှင့် စကားလုံး‌ဝေါဟာရများ ပိုကြွယ်၀လာ‌စေရန်  လစဥ်ကျင်းပပြုလုပ်တဲ့ “Reading Club/Leseclub’’ လေး ရောက်ရှိလို့လာပါပြီ။

ဒီလရဲ့ အစီအစဥ်လေးက B1 Level အတွက်ဖြစ်ပြီး  ဆရာမနဲ့အတူတူ (၂) ချိန်စလုံး စာအုပ်တစ်အုပ်တည်းကို ဖတ်ကြမှာဖြစ်ပါတယ်။ ဒါ‌ကြောင့်  (၂) ရက်စလုံး ပါ၀င်ပေးနိုင်မှသာ ထိ‌ရောက်တဲ့ စာဖတ်ခြင်း အလေ့အထကောင်းကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။  
 
ဒါဆို ၀ါသနာတူသူငယ်ချင်းတွေနဲ့စာတူတူဖတ်ကြရင်း အတွေးအမြင်လေးတွေ ‌‌ ဝေမျှဖို့  ဖိတ်ခေါ်ပါရစေနော်။ စိတ်၀င်စားလို့ ပါ၀င်ချင်တယ်ဆိုရင်တော့ biblio-yangon@goethe.de သို့ အမည်၊  ဖုန်းနံပါတ်၊ မိမိရဲ့ ဂျာမန် level ကိုအီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။
Onleihe

© Goethe-Institut Myanmar

Onleihe တွင် အသစ်ရောက်ရှိလာသော မီဒီယာများ

ONLEIHE: ဂျာမန်အွန်လိုင်းစာကြည့်တိုက်

Güner Yasemin Balci, Svenja Falk, Daniel Faßbender, Alisha Gamisch, Florian Illies, Barbara Manthe, Lukas Rietzschel, Frank Schätzing und Verena Stauffer တို့ရဲ့ လက်ရာများအပါအ၀င် အခြားသောမီဒီယာအသစ်များ ကျွန်ုပ်တို့ရဲ့ ဂျာမန်အွန်လိုင်းစာကြည့်တိုက် “ONLEIHE” တွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သတင်းကောင်းလေး ပေးချင်ပါတယ်။ အခုပဲ ကျွန်ုပ်တို့ရဲ့ “ONLEIHE” မှာ အခမဲ့ငှားရမ်းဖတ်ရှုလိုက်ပါ။

ဆက်သွယ်ရန်

Goethe-Institut မြန်မာ
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း +95 1 9376160
info-yangon@goethe.de

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက

Impressum | Datenschutz | Newsletter abbestellen