Logo Goethe-Institut

မြန်မာ

|

၁၃:၀၀-၁၅:၀၀

SDG 11: Sustainable Cities and Communities

Sustainable Entrepreneurship Series|Sustainability Meets Innovation

  • စာကြည့်တိုက် , ရန်ကုန်၊

  • စျေးနှုန်း ဝင်ကြေးအခမဲ့

Sustainable Entrepreneurship Series Program © Goethe-Institut Myanmar

SDG 11: Sustainable Cities and Communities © Goethe-Institut Myanmar

Sustainable Entrepreneurship Series Program ပြန်လည်ရောက်ရှိလို့လာပါပြီ။

Goethe-Institut Myanmar နဲ့ Planet Impacts တို့မှ ပူးပေါင်းပြုလုပ်ထားတဲ့ Sustainable Entrepreneurship Series Program ကို မေလ မှ ဩဂုတ်လအတွင်း တစ်လလျှင် တစ်ကြိမ် ကျင်းပသွားမှာဖြစ်ပါတယ်။ အစီအစဉ်တိုင်းတွင် မတူညီသော ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင် (SDGs - Sustainable Development Goals) တွေအပေါ် အခြေခံတဲ့ စွန့်ဦးတီထွင်ခြင်းပညာရပ်ဆိုင်ရာသဘောတရားများကို သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ပညာရှင်တွေရဲ့ အတွေ့အကြုံများနဲ့အတူ သင်ယူလေ့လာနိုင်မှာပါ။

အစီအစဉ်၏ ဒုတိယအပိုင်းအနေဖြင့်  ဇွန်လ ၁၁ ရက်နေ့ (နေ့လည် ၁ နာရီ မှ ၃ နာရီ) တွင် Fundamentals of Design Thinking for Sustainable Entrepreneurship နှင့် SDG 11: Sustainable Cities and Communities တို့နှင့်ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲ ကို Goethe - Institut Myanmar စာကြည့်တိုက်တွင် တက်ရောက်နိုင်မှာဖြစ်ပါတယ်။

ယခု အစီအစဉ်တွင် ASEAN China India Youth Leadership Summit 2025 ၏ country round တွင် ပထမဆု ရရှိခဲ့တဲ့ The Sprout Scouts အဖွဲ့မှ SDG 11 ဆိုင်ရာ စီမံကိန်း အတွေ့အကြုံများကို မျှဝေပေးသွားမည့် အစီအစဉ်လည်းပါပါတယ်။

အသက်  ၁၈ နှစ်နှင့် အထက် မည်သူမဆို အခမဲ့ပါဝင်နိုင်ပြီး၊ တက်ရောက်လိုသူများအနေနဲ့ ‌ အောက်ပါ Planet Impacts ၏ registration link မှတစ်ဆင့် လျှောက်လွှာဖြည့်စွက်၍ ပါဝင်နိုင်ပါတယ်။ နေရာအရေအတွက်ကန့်သတ်ထားတာဖြစ်လို့ ဇွန်လ ၆ ရက်နေ့မတိုင်ခင် စာရင်းပေးသွင်းလိုက်ပါ။

အစီအစဉ် အသေးစိတ်အချက်အလက်များကို Goethe-Institut Myanmar နှင့် Planet Impacts ၏  လူမှုကွန်ရက်စာမျက်နှာများတွင် ဆက်လက်အသိပေးသွားမှာ ဖြစ်ပါသည် ။