|
၁၃:၀၀-၁၅:၀၀
Clay Pot Painting and Planting Workshop
Creative and Green|ကလေးများနဲ့ လူငယ်များအတွက် အစီအစဉ်
-
စာကြည့်တိုက် , ရန်ကုန်၊
- စျေးနှုန်း ဝင်ကြေးအခမဲ့
ဇွန်လဆိုတာ သဘာဝပတ်ဝန်းကျင်အရေးအတွက် အသိပညာပေးတဲ့ လလေးပါ! ဒါကြောင့် စာကြည့်တိုက်မှာ အသက် ၇ နှစ်မှ ၁၂ နှစ်အရွယ် ကလေးငယ်များအတွက် ပျော်စရာလည်းကောင်းပြီး သဘာ၀တရားနဲ့ထိတွေ့ခွင့်ရနိုင်တဲ့ Clay Pot Painting & Planting Workshop ကို ဇွန်လ ၂၀ ရက်နေ့တွင် ပြုလုပ်သွားပါမယ်။
ဒီအစီအစဥ်ရဲ့ ပထမပိုင်းမှာ ကလေးငယ်တွေကိုယ်တိုင် မြေအိုးလေးများကို စိတ်ကြိုက်အရောင်စုံခြယ်ကြမှာဖြစ်ပြီး ဒုတိယပိုင်းမှာတော့ ကိုယ်တိုင်ဖန်တီးထားတဲ့ အိုးလေးထဲမှာ အိမ်တွင်းလေထဲကို သန့်စင်ပေးနိုင်တဲ့ အပင်ငယ်လေးတွေကို စိုက်ပျိုးသွားကြပါမယ်။
အိုးလေးတွေက သဘာဝရွံ့စေးနဲ့ ပြုလုပ်ထားတာကြောင့် အချိန်ကြာမြင့်လို့ပျက်စီးသွားတဲ့အခါမှာလည်း မြေကြီးထဲမှာပဲ ပျော်ဝင်သွားပြီး သဘာ၀ပတ်၀န်းကျင်ကို အထောက်အကူပြုနေဦးမှာဖြစ်ပါတယ်။ အပင်လေးတွေကလည်း အိမ်တွင်းရှိ လေကို သန့်စင်ပေးပြီး ကလေးငယ်များအတွက် သင့်တော်ပါတယ်။
(မှတ်ချက်။ ။ သားသားမီးမီးတို့ စိုက်ပျိုးထားတဲ့ အိုးလေး ၂ လုံးကို အိမ်ပြန်ယူသွားနိုင်ဖို့ ပြန်သုံးလို့ရတဲ့ထည့်စရာအိတ်လေးတွေကိုတော့ ကြိုတင်ယူဆောင်လာဖို့တော့ လိုအပ်ပါတယ်။)
သင့်ကလေးငယ်လေးကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်ပင်စိုက်ပျိုးရေးအကြောင်း ကိုယ်တိုင် လေ့လာနိုင်အောင် ဒီအစီအစဉ်လေးမှာ ပါဝင်လိုက်ပါနော်။
ဝင်ကြေးအခမဲ့ဖြစ်ပြီး၊ လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ - ♦အမည် ♦ အသက် ♦ဖုန်းနံပါတ် တို့ကို biblio-yangon@goethe.de မှတစ်ဆင့် အီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။

တည်နေရာ
စာကြည့်တိုက်
Goethe-Institut Myanmar
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊
ရန်ကုန်၊,
Myanmar