Logo:Goethe-Institut Claim:Sprache. Kultur. Deutschland.

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ သတင်းလွှာ

Goethe-Institut Myanmar

Deutsch | English | မြန်မာ

ယဉ်ကျေးမှု

AoC Alumni Gathering

© Goethe-Institut Myanmar

AoC Alumni တွေ့ဆုံပွဲ - ချိတ်ဆက်ခြင်း၊ သင်ယူခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

ဩဂုတ်လအတွင်း Academy of Care (AoC) ရန်ကုန်အဖွဲ့သည် Alumni များနှင့် အွန်လိုင်းတွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပြီး AoC အသိုက်အဝန်းအတွင်း ပြန်လည်ချိတ်ဆက်ကာ သတင်းအချက်အလက်များ မျှဝေခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။ အဆိုပါတွေ့ဆုံပွဲသည် အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းအစီအစဉ်များနှင့် ရပ်ရွာအခြေပြု သင်ယူမှုလုပ်ငန်းများအတွက် သီးသန့်နေရာတစ်ခုဖြစ်လာမည့် AoC Creative Care Hub ဖော်ဆောင်ရေးအတွက်လည်း အရေးပါသော ခြေလှမ်းတစ်ရပ် ဖြစ်ပါသည်။

Alumni များမှ ကြီးကြပ်လမ်းညွှန်မှု (supervision) အစီအစဉ်များ၊ အနာဂတ်သင်တန်းများ၏ ဦးစားပေးကဏ္ဍများနှင့် အလုပ်ရုံဆွေးနွေးပွဲ ခေါင်းစဉ်များအပေါ် အကြံဉာဏ်များနှင့် အတွေ့အကြုံများကို မျှဝေပေးခဲ့ကြပြီး၊ စိတ်ဒဏ်ရာနားလည်မှုအခြေပြု လုပ်ငန်းစဉ်များ (trauma-informed practice)၊ အချိန်စီမံခန့်ခွဲမှု နှင့် ဖန်တီးမှုကုထုံးနည်းလမ်းများ (creative therapeutic approaches) ကိုလည်း ဆွေးနွေးခဲ့ကြပါသည်။

လာမည့်လများအတွင်း AoC Hub မှတစ်ဆင့် သင်ယူမှု၊ အတွေ့အကြုံဖလှယ်မှုနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းသစ်များ ဖန်တီးနိုင်ရန် မျှော်လင့်လျက်ရှိပါသည်။
Call for Volunteers: Towards Empathy

© Goethe-Institut Myanmar

Towards Empathy

Volunteers ဖိတ်ခေါ်ခြင်း

Goethe-Institut Myanmar နှင့် မိတ်ဖက်အဖွဲ့အစည်းများ၊ မတူညီသောနယ်ပယ်အသီးသီးမှ ပူးပေါင်းပါ၀င်သူများနှင့် လက်တွဲပြုလုပ်တင်ဆက်မည့် စာနာခြင်းတံတား အစီအစဉ်၏ တင်ဆက်မှုများ၊ အနုပညာပြပွဲများတွင် ပါ၀င်ရန် volunteer များ ခေါ်ယူလိုပါသည်။
ပြပွဲအစီအစဉ်များကို စက်တင်ဘာလမှ နို၀င်ဘာလအထိ ရန်ကုန်၊ မန္တလေးနှင့် ညောင်ရွှေရှိ သက်ဆိုင်ရာ ပြပွဲနေရာများတွင် ပြုလုပ်သွားမည်ဖြစ်ပါသောကြောင့် စိတ်ပါ၀င်စားသူများ လျှောက်ထားနိုင်ပါသည်။

အသေးစိတ်ကို အောက်ပါလင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။
From Inquiry to Presentation: Towards Empathy

© Goethe-Institut Myanmar

Towards Empathy

From Inquiry to Presentation

နှစ်နှစ်တာကာလ ခရီးရှည်တစ်ခုကို နှင်လာခဲ့သည့် စာနာခြင်းတံတား အစီအစဉ်တွင်ပါဝင်သော နယ်ပယ်အသီးသီးမှ မိတ်ဖက်အဖွဲ့အစည်းများ၊ တစ်သီးပုဂ္ဂလမိတ်ဖက်များ နှင့် ဖိတ်ခေါ်ထားသည့် ကျူရေတာများသည် စာနာခြင်းကိုဗဟိုပြုသည့် မတူညီသော တင်ဆက်ပုံများကို အတူတကွပူးပေါင်း အကောင်အထည်ဖော်နေကြပြီဖြစ်ပါသည်။

ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာတွင်ရှိနေသော နယ်ပယ်ဒေသအသီးသီးမှ ပူးပေါင်းပါဝင်သူ မိတ်ဖက်များက စာနာခြင်းကို မည်ကဲ့သို့သော ရှုထောင့်များမှ ချဉ်းကပ်ဆွေးနွေး၍ မည်သည့် ပုံပန်းသဏ္ဍာန်၊ တင်ဆက်ပုံများဖြင့် လူထုအား ချိတ်ဆက်တင်ပြမည်ကို မကြာမီကာလများအတွင်း မြင်တွေ့ရတော့မည် ဖြစ်ပါသည်။

အနုပညာ၊ စာပေ၊ ဂီတ နှင့် အမျိုးမျိုးသော ဖန်တီးမှုများကို မြင်တွေ့ရမည့် စာနာခြင်းတံတားအစီအစဉ်၏ အဆုံးသတ်တင်ဆက်မှုကို မျှော်လင့်စောင့်စားကြရန် ဖိတ်ခေါ်ရင်း စီမံကိန်းကာလတစ်လျှောက် ပါဝင်ခဲ့ကြသူ အသီးသီးမှ မည်သည့်ရှုထောင့်များကို ဆွေးနွေးလေ့လာခဲ့ကြသည်ကိုလည်း ဆက်လက်မျှ၀ေပေးသွားမည်ဖြစ်ပါသည်။
Traces and Thresholds

© Goethe-Institut Myanmar

Moments of Presence and Memory

Traces and Thresholds

၂၀၂၆ ခုနှစ် နှောင်းပိုင်းကာလ အစီစဉ်တစ်ရပ်အနေဖြင့် မြန်မာအမျိုးသမီး အနုပညာရှင်များ၏ ဖန်တီးမှုလက်ရာများကို စုစည်းတင်ပြသော ရက်တိုအနုပညာပြပွဲတစ်ခုကို Goethe-Institut Myanmar တွင် ပြုလုပ်သွားမည်ဖြစ်ပါသည်။ လွန်ခဲ့သောအတိတ်ကာလမှ အမှတ်တရများ၊ ရှေ့ဆက်ဖြတ်သန်းရမည့်နေ့ရက်များအတွက် အသစ်ဖြစ်ပေါ်လာမည့် အမှတ်တရ နှင့် အခိုက်အတံ့သစ်များအတွက် ရည်ရွယ်ကျင်းပသော ပြပွဲတစ်ခုဖြစ်ပြီး အောက်ပါနေ့ရက်များတွင် အများပြည်သူကြည့်ရှုနိုင်ရန် ဖွင့်လှစ်ထားမည် ဖြစ်ပါသည်။

နေရာ။ Goethe-Institut Myanmar (ပြပွဲခန်းမ)
နေ့ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၆ နှင့် ၂၇ ရက်နေ့
အချိန်။ နံနက် ၁၀:၀၀ နာရီမှ ညနေ ၅:၀၀ နာရီ
ဝင်ခွင့်။ အခမဲ့
Klausurtag

© Goethe-Institut Myanmar

Our Annual Retreat Day

Looking Back – Looking Forward

ဩဂုတ်လအတွင်းတွင် ကျွန်ုပ်တို့အဖွဲ့သားများသည် နှစ်ပတ်လည် Retreat Day (Klausurtag) အဖြစ် စုစည်းခဲ့ကြပါသည်။ Goethe-Institut Myanmar အနေဖြင့် မကြာမီတွင် ခေါင်းဆောင်မှုပိုင်းဆိုင်ရာ အပြောင်းအလဲများ ရှိလာမည်ဖြစ်ရာ ယခုဆွေးနွေးပွဲသည် ကျွန်ုပ်တို့၏ ဖြတ်သန်းခဲ့သော ခရီးစဉ်များကို ပြန်လည်သုံးသပ်ပြီး နောက်ထပ် အခန်းကဏ္ဍသစ်အတွက် မဟာဗျူဟာများ ချမှတ်ရန် အရေးပါသော အခွင့်အရေးတစ်ရပ် ဖြစ်ခဲ့ပါသည်။ အပြန်အလှန် ဆွေးနွေးနိုင်သော World Café ပုံစံဖြင့် ဌာနအသီးသီးမှ လုပ်ဖော်ကိုင်ဖက်များသည် လာမည့်နှစ်အတွက် ကျွန်ုပ်တို့၏ ဦးစားပေး လုပ်ငန်းစဉ်များဖြစ်သည့် ရုံးတွင်းဆက်သွယ်ရေး၊ လူငယ်ရေးရာ အစီအစဉ်များ၊ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးနှင့် (ဥရောပသမဂ္ဂမှ ရန်ပုံငွေထောက်ပံ့ထားသော) Academy of Care အစီအစဉ်များအပေါ် အဓိကထား၍ ပူးပေါင်းရေးဆွဲခဲ့ကြပါသည်။ လုပ်ဖော်ကိုင်ဖက်များအားလုံး၏ တက်ကြွစွာ ပူးပေါင်းပါဝင်မှုအတွက် အထူးကျေးဇူးတင်ရှိပြီး၊ ကျွန်ုပ်တို့ အတူတကွ တည်ဆောက်နိုင်ခဲ့သော ရှေ့ဆက်မည့် အင်အားများအတွက် များစွာ စိတ်အားထက်သန်လျက် ရှိပါသည်။

ဘာသာစကား

German Courses Starting in Term 6

© Goethe-Institut Myanmar

Term 6 ကာလ: 28.09.2026 – 04.11.2026

Term 6 အတွက် ဂျာမန်ဘာသာ သင်တန်းများ

စက်တင်ဘာလမှာ Goethe-Institut Myanmar မှ Term 6 အတွက် ဂျာမန်ဘာသာ သင်တန်းများကို ဖွင့်လှစ်သွားပါမည်။

Goethe-Institut Myanmar တွင် ဂျာမန်ဘာသာစကားကို စနစ်တကျစတင်သင်ယူပါ။ကျွန်ုပ်တို့၏ ဂျာမန်ဘာသာစကား သင်တန်းများကို ဥ‌ရောပဘာသာစကားဆိုင်ရာစံချိန်စံနှုန်းမူဘောင် (GER) နှင့် အညီ အဆင့် (၆) ဆင့် အပေါ်တွင် အခြေခံထားပါသည်။ထို့ကြောင့် ကျွန်ုပ်တို့၏သင်တန်းများသည် နိုင်ငံတကာစံချိန်စံနှုန်းနှင့် တိုင်းတာ နှိုင်းယှဥ် နိုင်ပါသည်။ သင်တန်းများကို အချိန်မရွေး နေရာမရွေး အွန်လိုင်းမှ စာရင်းသွင်းခြင်း ပြုလုပ်နိုင်ပါပြီ။
စုံစမ်းမေးမြန်းလိုသည်များ ရှိပါက info.language.mmr@goethe.de မှ တဆင့် အီးမေးလ် ပေးပို့ဆက်သွယ်နိုင်ပါသည်။

စာရင်းသွင်းရန်။ A1.1  (01.09.2026 – 04.09.2026)
စာရင်းသွင်းရန်။ A1.2 – B 2.2 (21.09.2026 – 23.09.2026)


ဂျာမန်ဘာသာကို စတင်လေ့လာပြီး သင်၏ ရည်မှန်းချက်များသို့ ခြေလှမ်းတစ်လှမ်း ပိုမိုနီးကပ်အောင်သွားလိုက်ပါ။  

စာကြည့်တိုက်

Stories That Bring Hope Back

© Goethe-Institut Myanmar

Youth in Motion Within

Stories That Bring Hope Back

နေ့စဉ်ဘဝရဲ့ ရုန်းကန်လှုပ်ရှားမှုတွေ၊ အပြောင်းအလဲတွေကြားမှာ စိတ်ဖိစီးမှုတွေ များနေပြီလား?ခဏလောက်Breakယူပြီး စိတ်ကို ပြန်လည်လန်းဆန်းစေမယ့်Safe Spaceတစ်ခု ရှာနေတဲ့ လူငယ်တွေ၊ မိတ်ဆွေသစ်ဖွဲ့ပြီး တက်ကြွတဲ့Communityတစ်ခုမှာ ပါဝင်ချင်တဲ့ လူငယ်တွေအတွက်၊Youth in Motion Within Programရဲ့ တတိယမြောက် workshopလေး ထပ်မံရောက်ရှိလာပါပြီ။
Play, Learn & Discover German!

© Goethe-Institut Myanmar

Board Game Day

Play, Learn & Discover German!

စက်တင်ဘာလ Board Game Day လေးမှာတော့ “Sprach Memo: Zählen, Messen, Wiegen” ဂိမ်းလေး ဆော့ကစားကြမှာဖြစ်ပါတယ်။ A1 level ဂျာမန်ဘာသာစကား လေ့လာနေသူများအတွက် အထူးရည်ရွယ်ထားတဲ့ ဒီ memory game လေးက ပျော်ဖို့ကောင်းသလို ဂျာမန်ဝေါဟာရတွေကိုလည်း ပိုမိုလွယ်ကူစွာ မှတ်မိစေနိုင်ပါတယ်။
Beyond the Classroom

© Goethe-Institut Myanmar

Youth Dialogue Lab

Beyond the Classroom

AIESEC in Myanmar နှင့် Goethe-Institut Myanmar တို့ ပူးပေါင်း၍ လစဉ်ကျင်းပပြုလုပ်သော Youth Dialogue Lab စကားဝိုင်းအစီအစဉ်မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

ဒီလရဲ့ ဆွေးနွေးပွဲမှာတော့ SDG Flag Day ကို ဂုဏ်ပြုသည့်အနေဖြင့် SDG 4 – Quality Education နှင့် SDG 17 – Partnerships for the Goals တို့ကို အဓိကထားပြီး “Beyond the Classroom” ဆိုတဲ့ ခေါင်းစဉ်နဲ့အညီ လူငယ်တွေရဲ့ ပညာသင်ယူမှုတွေကို စာသင်ခန်းအတွင်းမှာသာ ကန့်သတ်မထားဘဲ လူမှုအသိုင်းအဝိုင်းအတွင်း အကျိုးရှိတဲ့ ပြောင်းလဲမှုတွေအဖြစ် ဘယ်လိုဖန်တီးနိုင်မလဲဆိုတာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
Sculpture for Kids

© Goethe-Institut Myanmar

Children and Youth Program

Sculpture for Kids

သားသားမီးမီးတို့ရဲ့ စိတ်ကူးတွေကို ပန်းပုလေးတွေအဖြစ် အသက်သွင်းဖို့ စိတ်၀င်စားကြလား ?

ဒါဆိုရင်တော့ စက်တင်ဘာလအတွက် ကျွန်ုပ်တို့စာကြည့်တိုက်၏ ကလေးနှင့်လူငယ်အစီအစဥ်မှာ ကျင်းပပြုလုပ်မယ့် Sculpture Workshop လေးမှာ ပါ၀င်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဒီအစီအစဥ်လေးမှာ အသက် ၇ နှစ် မှ ၁၂ နှစ်အရွယ် ကလေးငယ်များ ပါ၀င်နိုင်ပြီး ရိုးရှင်း‌တဲ့ကတ်ထူပြားများကို အသုံးပြုပြီး လူပုံစံ Sculpture များကို ကိုယ်တိုင်ဖန်တီးသင်ယူကြရမှာဖြစ်ပါတယ်။

ဆက်သွယ်ရန်

Goethe-Institut မြန်မာ
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း +95 1 9376160
info-yangon@goethe.de

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက

Impressum | Datenschutz | Newsletter abbestellen