|
၁၃:၀၀-၁၆:၀၀
Stories That Bring Hope Back
Youth in Motion Within Workshop | Creative Spaces for Self-Expression & Mindfulness
-
စာကြည့်တိုက် , ရန်ကုန်၊
- စျေးနှုန်း ဝင်ကြေးအခမဲ့
နေ့စဉ်ဘဝရဲ့ ရုန်းကန်လှုပ်ရှားမှုတွေ၊ အပြောင်းအလဲတွေကြားမှာ စိတ်ဖိစီးမှုတွေ များနေပြီလား? ခဏလောက် Break ယူပြီး စိတ်ကို ပြန်လည်လန်းဆန်းစေမယ့် Safe Space တစ်ခု ရှာနေတဲ့ လူငယ်တွေ၊ မိတ်ဆွေသစ်ဖွဲ့ပြီး တက်ကြွတဲ့ Community တစ်ခုမှာ ပါဝင်ချင်တဲ့ လူငယ်တွေအတွက်၊ Youth in Motion Within Program ရဲ့ တတိယမြောက် workshop လေး ထပ်မံရောက်ရှိလာပါပြီ။
လူတစ်ဦးချင်းစီရဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံတွေ၊ ခက်ခဲနာကျင်ပင်ပန်းခဲ့ရတဲ့ အခိုက်အတန့်တွေဟာဒီနေ့ ကိုယ်ဘယ်လိုလူဆိုတာကို တစ်စုံတစ်ခု ပြောပြနိုင်ကောင်းပြောပြနိုင်ပေမယ့် ကိုယ့်ရဲ့ အနာဂတ်ကို အပြည့်အ၀ ပုံဖော်အဆုံးအဖြတ်ပေးတာမျိုးမဟုတ်ပါဘူး။ ကိုယ့်ရဲ့ ဘဝအတွေ့အကြုံကို နားလည်ပြီး ရှုထောင့်အသစ်နဲ့ ပြန်လည်ကြည့်မြင်ဖို့အတွက် “မျှော်လင့်ချက်ကို ပြန်လည်ရှင်သန်စေသော ပုံပြင်များ” ဆိုတဲ့ အလုပ်ရုံလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ကိုယ်ဖြစ်ချင်တဲ့ ကိုယ့်ရဲ့ အနာဂတ်ကို ရဲရဲဝံ့ဝံ့ ပုံဖော်ပြီးရှေ့ဆက်နိုင်ဖို့၊ အတိတ်ကဒဏ်ရာတွေကို ခွန်အားတွေအဖြစ် ပြောင်းလဲနိုင်ဖို့ လုံခြုံနွေးထွေးတဲ့နေရာဖြစ်တဲ့ Goethe-Institut Myanmar စာကြည့်တိုက်လေးမှာ ဆုံစည်းရင်း၊ Six-Part Story နဲ့ Creative Collage ဖန်တီးမှုတွေကနေ မိမိရဲ့ ဘ၀အတွေ့အကြုံတွေကိုမျှဝေကြမယ့်၊ ဝေဖန်မှုမရှိဘဲ နှလုံးသားလေးနဲ့ နားထောင်ကြမယ့် အစီအစဉ်လေးဖြစ်ပါတယ်။ အခက်အခဲတွေကနေ ကျော်ဖြတ်နိုင်လာခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုပေးရင်း သူငယ်ချင်း၊ မိတ်ဆွေသစ်တွေနဲ့အတူတူ အဓိပ္ပာယ်အသစ်တွေ၊ မျှော်လင့်ချက်အသစ်တွေကို စူးစမ်းရှာဖွေကြည့်ဖို့ ဖိတ်ခေါ်ပါရစေ။
အသက် ၁၈ နှစ်နှင့် အထက် မည်သူမဆို အခမဲ့ပါဝင်နိုင်ပြီး၊ လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ - ♦အမည် ♦ အသက် ♦ဖုန်းနံပါတ် တို့ကို biblio-yangon@goethe.de မှတစ်ဆင့် အီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။

တည်နေရာ
စာကြည့်တိုက်
Goethe-Institut Myanmar
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊
ရန်ကုန်၊,
Myanmar