၂၀၂၂ ခုနှစ်၊ ဇူလိုင်လ သတင်းလွှာ
Goethe-Institut Myanmar
Deutsch | English | မြန်မာ
Open House
Goethe-Institut Myanmar ရဲ့ Open House ကိုလာမယ့် ဇူလိုင်လ (၆) ရက်နေ့၊ မနက် (၁၁) နာရီကနေ နေ့လည် (၃) နာရီအထိကျင်းပသွားမှာဖြစ်ပြီး မည်သူမဆိုအခမဲ့လာရောက်ပါဝင်နိုင်ပါတယ်။ Open House Day မှာ ဂျာမန်ဘာသာစကား၊ ပညာရေးနဲ့ယဥ်ကျေးမှုအကြောင်းအရာတွေကိုလေ့လာခွင့်ရရှိမယ့်အပြင် အခြားဂိမ်းကစားနည်းတွေ၊ ဆုလက်ဆောင်အစီအစဥ်တွေနဲ့ ကလေးများအတွက်ပန်းချီသင်တန်းနဲ့ တေးဂီတဖျော်ဖြေမယ့်အစီအစဥ်များလည်းပါဝင်သွားမှာဖြစ်တဲ့အတွက် အသက်အရွယ်မရွေးပါဝင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Goethe Cafe ရဲ့ Soft Opening လည်းပါရှိမှာဖြစ်တာကြောင့် ဂျာမန်အစားအစာတွေကိုလည်းလာရောက်သုံးဆောင်နိုင်မှာဖြစ်ပါတယ်။ လာရောက်ပါဝင်ဆင်နွှဲဖို့ဖိတ်ခေါ်ပါတယ်။
ယဉ်ကျေးမှု
Space O'3
အစမ်းလေ့ကျင့်ဖို့၊ ဆွေးနွေးဖို့၊ တွေးတောဖို့၊ ဒါမှမဟုတ် တွေ့ဆုံဖို့ နေရာမရှိဘူးလား။ ယဉ်ကျေးမှုအသိုင်းအဝိုင်းအတွက် Goethe-Institut မြန်မာမှာ အခန်းတစ်ခုကိုလာရောက်အသုံးပြုနိုင်ပါတယ်။ ယဉ်ကျေးမှုနယ်ပယ်အတွင်း ဖန်တီးမှုနဲ့ဆန်းသစ်တီထွင်မှုတွေကိုအထောက်အကူဖြစ်စေဖို့ ကျွန်ုပ်တို့က ယဉ်ကျေးမှုအသိုင်းအဝိုင်းနဲ့ထိုနယ်ပယ်မှသူတွေကို နေရာတစ်ခုကိုအခမဲ့အသုံးပြုခွင့်ပေးနိုင်ပါတယ်။
ဘာသာစကား
ဂျာမန်ဘာသာစကားသင်တန်းများ
ဇူလိုင်လဂျာမန်ဘာသာစကားသင်တန်းများ
Goethe-Institut မြန်မာတွင် ဂျာမန်စကားကိုစနစ်တကျစတင်သင်ယူလိုက်ပါ။ ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများကို ဥရောပဘာသာစကားဆိုင်ရာ စံချိန်စံနှုန်းမူဘောင် (GER) နှင့်အညီ အဆင့်ခြောက်ဆင့်အပေါ်တွင် အခြေခံထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏သင်တန်းများသည် နိုင်ငံတကာစံချိန်စံနှုန်းနှင့်တိုင်းတာနှိုင်းယှဥ်နိုင်ပါသည်။ Goethe-Institut မြန်မာက ဇူလိုင်လအတွက် ဂျာမန်ဘာသာစကားသင်တန်းများဖွင့်လှစ်လျှက်ရှိပါသည်။ စာရင်းပေးသွင်းရမည့်ကာလမှာ ၄၊၇၊၂၀၂၂ မှ ၁၃၊၇၊၂၀၂၂ အထိဖြစ်ပြီး စုံစမ်းမေးမြန်းလိုသည်များရှိပါက info.language.mmr@goethe.de မှတဆင့် အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။
စာမေးပွဲများ
ဇူလိုင်လ Goethe-Zertifikat စာမေးပွဲများ
သင့်ရဲ့ဂျာမန်ဘာသာစကားအရည်အသွေးကိုသက်သေပြရန် ကမ္ဘာတဝှမ်းကအသိအမှတ်ပြုအောင်လက်မှတ်တစ်ခုလိုအပ်နေပါသလား။ Goethe-Institut ၏ဘာသာစကားအောင်လက်မှတ်သည် သင်၏ဘာသာစကားစွမ်းရည်ကိုမှတ်ကျောက်တင်ရန် ကမ္ဘာတဝှမ်းကအသိမှတ်ပြုသည့်အောင်လက်မှတ်ဖြစ်ပါသည်။ Goethe-Institut မြန်မာက ဇူလိုင်လအတွက် Goethe-Zertifikat စာမေးပွဲများကိုကျင်းပမည်ဖြစ်ပါသည်။ စာရင်းသွင်းကာလမှာ ၂၊၇၊၂၀၀၂ မှ ၁၅၊၇၊၂၀၂၂ ဖြစ်သည့်အတွက် ယခုပဲအချိန်စာရင်းကိုကြည့်ပြီး info.language.mmr@goethe.de ကိုအီးမေးလ်ပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။
DeutschCafè
Goethe-Institut Myanmar ကဂျာမန်စာလေ့လာနေသူတွေအတွက် ပေါ့ပေါ့ပါးပါးစကားပြောလေ့ကျင့်ဖို့၊ German Native Speaker တွေ၊ Goethe-Institut မှာဂျာမန်စာသင်ကြားပေးနေတဲ့ အရည်အချင်းပြည့်မှီတဲ့ဆရာ/ဆရာမတွေနဲ့ရော အတွေးအမြင်တွေဖလှယ်နိုင်ဖို့ German Community လေးတစ်ခုဖန်တီးပေးချင်တဲ့ရည်ရွယ်ချက်နဲ့ DeutschCafè အစီအစဉ်လေးကို မေလကစတင်ပြီး တစ်လတစ်ကြိမ်ပြုလုပ်ပေးနေပါပြီ။ တစ်လတစ်ခါပြုလုပ်သွားမဲ့ခေါင်းစဥ်အကြောင်းအရာတွေနဲ့ guestspeaker တွေက မတူညီဘဲစိတ်ဝင်စားဖို့ကောင်းပြီး ကော်ဖီနဲ့မုန့်လည်းကျွေးမှာဖြစ်လို့ အားလုံးကိုလာခဲ့ဖို့ကြိုဆိုပါတယ်။ တက်ရောက်နိုင်မယ့်လူဦးရေကိုကန့်သတ်ထားတာကြောင့် အချိန်မှီစာရင်းပေးသွင်းဖို့တော့လိုအပ်ပါတယ်။ လစဥ်အစီအစဥ်တွေကမတူညီလို့ အမြဲ update ဖြစ်ဖို့ဆိုရင် Goethe-Institut Myanmar ရဲ့ social media (Facebook, Instragram, Telegram) တွေကိုစောင့်ကြည့်ပေးဖို့တော့လိုတယ်နော်။
Filmabend
Goethe-Institut Myanmar မှာရုပ်ရှင်ကြည့်ပြီး ဂျာမန်စာ၊ ဂျာမန်ယဥ်ကျေးမှုနဲ့ရိုးရာဓလေ့တွေကို လေ့လာချင်သူတွေအတွက် German Community လေးတစ်ခုဖန်တီးပေးချင်တဲ့ရည်ရွယ်ချက်နဲ့ Movie Night Filmabend ကို မေလမှစတင်ပြီးတစ်လတစ်ကြိမ်ပြုလုပ်ပေးနေပါပြီ။ တစ်လတစ်ခါပြသသွားမဲ့ရုပ်ရှင်တွေကမတူညီဘဲ ရသစုံစိတ်ဝင်စားဖွယ်ကောင်းကာ မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုနိုင်လို့ အားလုံးကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ လူဦးရေအကန့်အသတ်ရှိတာကြောင့် အမြန်ဆုံးစာရင်းပေးသွင်းဖို့တော့လိုအပ်ပါတယ်။ လစဥ်အစီအစဥ်တွေကမတူညီလို့ အမြဲ update ဖြစ်ဖို့ဆိုရင် Goethe-Institut Myanmar ရဲ့ social media (Facebook, Instagram, Telegram) တွေကိုစောင့်ကြည့်ပေးဖို့တော့လိုတယ်နော်။
စာကြည့်တိုက်
စာကြည့်တိုက်အွန်လိုင်းကတ်တလောက်မှကြိုတင်မှာယူခြင်း
ကျွန်ုပ်တို့ရဲ့ စာကြည့်တိုက်အသင်းဝင်များအတွက် Pick-up Service လေးအကြောင်းကို ထပ်မံမိတ်ဆက်ပေးပါရစေ။ ရုံးအလုပ်တွေ၊ သင်ခန်းစာတွေနဲ့ မအားမလပ်ဖြစ်နေပါသလား? ကျွန်ုပ်တို့ စာကြည့်တိုက်ကို စာအုပ်တွေ၊ ရုပ်ရှင်တွေ လာရောက်ငှားရမ်းဖို့ အချိန်မရှိဖြစ်နေပါသလား? ဒါဆိုရင်တော့ စိတ်မပူပါနဲ့။ ကျွန်ုပ်တို့ စာကြည့်တိုက်ရဲ့ အွန်လိုင်းကတ်တလောက်ကနေ မီဒီယာများကို ကြိုတင်မှာယူနိုင်ပြီး၊ ကျွန်ုပ်တို့ စာကြည့်တိုက်အဖွဲ့မှ သင်ရဲ့မှာယူမှုကို ကြိုတင်ပြင်ဆင်ထားပေးမှာပဲ ဖြစ်ပါတယ်။ မှာယူထားသည်များကို မိမိကိုယ်တိုင်ဖြစ်စေ၊ မိမိရဲ့ သူငယ်ချင်း (သို့) မိသားစု၀င်တစ်ဦးဦးမှဖြစ်စေ Pick-up လုပ်နိုင်မှာပဲဖြစ်ပါတယ်။ အချိန်ကုန်သက်သာပြီး၊ မြန်ဆန်တဲ့စာအုပ်ငှားရမ်းခြင်းလုပ်ငန်းကို ဆောင်ရွက်မယ်ဆိုရင်တော့ https://yangon.bibliothek.goethe.de
Goethe-Institut မြန်မာ စာကြည့်တိုက်၏ဖွင့်ချိန်အသစ်များ
အားလုံးကို သတင်းကောင်းလေးပေးချင်တာကတော့ ကျွန်ုပ်တို့ Goethe-Institut Myanmar စာကြည့်တိုက်ကို လာမယ့် ဇူလိုင်လမှ စတင်ပြီး၊ စာကြည့်တိုက်ဖွင့်ချိန်များကို ရက်တိုးဖွင့်လှစ်သွားမယ်ဆိုတဲ့အကြောင်းလေးပဲ ဖြစ်ပါတယ်။ စာကြည့်တိုက်ဖွင့်ချိန်အသစ်ကတော့ - တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် သောကြာ · မနက်ပိုင်း (၉း၃၀ မှ ၁၂း၃၀) · နေ့လည်ပိုင်း (၁း၃၀ မှ ၄း၀၀) နာရီ စာကြည့်တိုက်ကို လာရောက်မယ်ဆိုရင်တော့ မိမိလာရောက်လိုသည့် အချိန်ပိုင်းနှင့် နေ့ရက်ကို biblio-yangon@goethe.de သို့ အီးမေးလ်ပေးပို့ပြီး ကြိုတင်ရက်ချိန်းရယူနိုင်ပါတယ်။
Impressum | Datenschutz
ဆက်သွယ်ရန်
Goethe-Institut မြန်မာ ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။ ဖုန်း +95 9 954296160 info-yangon@goethe.de