Logo:Goethe-Institut Claim:Sprache. Kultur. Deutschland.

၂၀၂၅ ခုနှစ်၊ သြဂုတ်လ သတင်းလွှာ

Goethe-Institut Myanmar

Deutsch | English | မြန်မာ

ယဉ်ကျေးမှု

Open Call for Curatorial Assistant

© Goethe-Institut Myanmar

Open Call: Curatorial Assistant (M/W/D)

Within & Beyond: Reimagining Art across Distances (September 2025 – January 2026)

Goethe-Institut Myanmar တွင် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလအတွင်းပြုလုပ်မည့် multi-disciplinary visual arts လက်ရာပြပွဲ အနုပညာစီမံကိန်းအတွက် Curatorial Assistant များကိုဖိတ်ခေါ်လိုက်ပါသည်။  
မြန်မာ၊ အရှေ့တောင်အာရှ၊ ဂျာမနီနှင့် အခြားနိုင်ငံတကာတွင်နေထိုင်ပြီး ခေတ်ပြိုင်အမြင်ဆိုင်ရာ အနုပညာလက်ရာများကို စိတ်ဝင်စားသော မည်သူမဆို ဝင်ရောက်လျှောက်ထားနိုင်ပြီး စီမံကိန်းတွင် မြန်မာနှင့် နိုင်ငံတကာမှ အနုပညာရှင်များ၊ ကျူရေတာများနှင့်အတူ လက်တွေ့ပူးပေါင်းလုပ်ဆောင်ခွင့်ရမည်ဖြစ်ပါသည်။
Skill Up Training

©Goethe-Institut Myanmar

Skill Up Training – AoCA Alumni အတွက် Loose Parts Play သင်တန်း

Goethe-Institut Myanmar, Academy of Care မှ FIN Myanmar နဲ့ ဗီယက်နမ်က Think Playgrounds တို့နဲ့ ပူးပေါင်းပြီး AoCA Alumni များအတွက် Loose Parts Play Skill Up Training ကို ၂၀၂၅ ခုနှစ် သြဂုတ်လ ၂၇ ရက်ကနေ စက်တင်ဘာ ၆ ရက်အထိ ပြုလုပ်သွားမှာပါ။
သင်တန်းကို လက်တွေ့နဲ့ အွန်လိုင်း ပေါင်းစပ်ထားတဲ့ hybrid ပုံစံဖြင့် Goethe-Institut Myanmar မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ သင်တန်းအတွင်းမှာ ကလေးဖွံ့ဖြိုးမှု၊ trauma-informed care နဲ့ play-based learning ဆိုင်ရာအကြောင်းအရာတွေကို လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။ သင်တန်းပြီးသွားတဲ့အချိန်မှာတော့ Alumni တွေဟာ ကိုယ်ပိုင်ဒေသအခြေပြု community play event များကို ဒီဇိုင်းဆွဲပြီး ဦးဆောင်နိုင်ဖို့ အသင့်ဖြစ်လာမှာပါ။

ဘာသာစကား

Teacher Training

© Goethe-Institut Myanmar

Goethe-Institut Myanmar ၏ ရန်ကုန်နှင့် မန္တလေးရှိ သင်တန်းများနှင့် စာမေးပွဲများအတွက်

ဂျာမန်ဘာသာစကားဆရာ/ဆရာမ အဖြစ် လေ့ကျင့်သင်ကြားရေးသင်တန်းအတွက် လျှောက်လွှာခေါ်ယူခြင်း (ကျား/မ/အခြား)

ဂျာမန်သင်တန်းကျောင်း (Goethe-Institut Myanmar) သည် ၎င်း၏ ဘာသာစကားသင်တန်းများနှင့် စာမေးပွဲများကို တိုးချဲ့ရန်အတွက် ဂျာမန်ဘာသာကို နိုင်ငံခြားဘာသာအဖြစ် သင်ကြားပေးနိုင်ရန် စိတ်ဝင်စားသော မြန်မာနိုင်ငံမှ တက္ကသိုလ်ဘွဲ့ရသူများကို ရှာဖွေနေပါသည်။ ဂျာမန်ဘာသာစကားသင်ကြားမှုနှင့် စာမေးပွဲစစ်ဆေးမှုများအတွက် ရန်ကုန်နှင့် မန္တလေးမြို့များတွင် တာဝန်ထမ်းဆောင်ရမည့်အလုပ်အကိုင်အတွက်ဖြစ်ပါသည်။
Language Course

©Goethe-Institut Myanmar

စက်တင်ဘာလ

ဂျာမန်ဘာသာစကားသင်တန်းများ

Goethe-Institut မြန်မာတွင် ဂျာမန်စကားကိုစနစ်တကျစတင်သင်ယူပါ။ ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများကို  ဥရောပဘာသာစကားဆိုင်ရာစံချိန်စံနှုန်းမူဘောင် (GER) နှင့်အညီ အဆင့် (၆)ဆင့်အပေါ်တွင်အခြေခံထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏သင်တန်းများသည် နိုင်ငံတကာစံချိန်စံနှုန်းနှင့်တိုင်းတာနှိုင်းယှဥ်နိုင်ပါသည်။ Goethe-Institut မြန်မာက စက်တင်ဘာလ အတွက် (Online , In-person, Hybrid) ဂျာမန်ဘာသာစကားသင်တန်းများဖွင့်လှစ်လျက်ရှိပါသည်။သင်တန်းများကို အချိန်မရွေး နေရာမရွေး အွန်လိုင်းမှ စာရင်းသွင်းခြင်း ပြုလုပ်နိုင်ပါပြီ။ စုံစမ်းမေးမြန်းလိုသည်များရှိပါက   info.language.mmr@goethe.de မှတဆင့် အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။
Goethe-Zertifikat Exams

©Goethe-Institut Myanmar

သြဂုတ်လ

Goethe-Zertifikat စာမေးပွဲများ

သင့်ရဲ့ဂျာမန်ဘာသာစကားအရည်အသွေးကိုသက်သေပြရန် ကမ္ဘာတဝှမ်းကအသိအမှတ်ပြုသောအောင်လက်မှတ်တစ်ခုလိုအပ်နေပါသလား။?

Goethe-Institut ၏ဘာသာစကားအောင်လက်မှတ်သည် ဂျာမန်ဘာသာစကားစွမ်းရည်ကိုမှတ်ကျောက်တင်ရန် ကမ္ဘာတဝှမ်းကအသိမှတ်ပြုသည့်အောင်လက်မှတ်ဖြစ်ပါသည်။ Goethe-Institut မြန်မာက သြဂုတ်လ အတွက် Goethe-Zertifikat စာမေးပွဲများကို ကျင်းပမည်ဖြစ်ပါသည်။ စာမေးပွဲများကို အချိန်မရွေး၊ နေရာမရွေး အွန်လိုင်းမှ စာရင်းသွင်းခြင်း ပြုလုပ်နိုင်ပါပြီ။  စုံစမ်းမေးမြန်းလိုသည်များရှိပါက info.exam.mmr@goethe.de မှတဆင့် အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။

စာကြည့်တိုက်

3D Modelling and Design Trial Workshop

©Goethe-Institut Myanmar

Tech Try-Out Program

3D Modelling and Design Trial Workshop

သင့်ကလေးကို နည်းပညာခေတ်နှင့်အညီ ရင်ဘောင်တန်းစေနိုင်ဖို့ သင့်အနေနဲ့  ဒီဂျစ်တယ်ပိုင်းဆိုင်ရာကို သင်ကြားပေးဖို့ စိတ်ကူးရှိပါသလား? ဒါမှမဟုတ် သင့်ကလေးရဲ့ နည်းပညာစိတ်၀င်စားမှု နယ်ပယ်ကို စူးစမ်းရှာဖွေချင်ပါသလား? ဒါဆိုရင်တော့ အသက် ၁၃ နှစ်မှ ၁၇ နှစ်အရွယ် လူငယ်များအတွက် နည်းပညာပိုင်းဆိုင်ရာ အခြေခံသဘောတရားများကို လက်တွေ့သင်ကြားပေးမယ့် ကျွန်ုပ်တို့ စာကြည့်တိုက်ရှိ ကလေးနှင့်လူငယ်အစီအစဥ်မှ “Tech Try-Out Program” ကို ပါ၀င်တက်ရောက်ဖို့ ဖိတ်‌ခေါ်ချင်ပါတယ်။
C&Y Program

© Goethe-Institut Myanmar

ကလေးများနဲ့ လူငယ်များအတွက် အစီအစဉ်

The Art of the Twist (Pipe Cleaner Artistry for Kids)

အသက် ၅ မှ ၈ နှစ်အရွယ်ကလေးများအတွက်  သြဂုတ်လတွင် ကျွန်ုပ်တို့စာကြည့်တိုက်ရှိ ကလေးနှင့်လူငယ်အစီအစဥ်မှ ကျင်းပမည့် ပျော်ရွှင်ဖွယ်ရာ  Pipe cleaner လက်မှုအတန်းလေးကို ဖိတ်ခေါ်ချင်ပါတယ်။  
Board Game

©Goethe-Institut Myanmar

“BOARD GAME DAY!”

“Welches Tier lebt hier?” ဖြင့် ဂျာမန်ဘာသာစကားကို ပျော်ရွှင်စွာ သင်ယူလိုက်ပါ။

သြဂုတ်လရဲ့ Boardgame Day လေးမှာတော့ “Welches Tier lebt hier?” လို့ခေါ်တဲ့ ပုံကဒ်လေးတွေကိုတွဲ‌ပေးရတဲ့ ဂျာမန်ဂိမ်းလေးနဲ့ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ “Welches Tier lebt hier?” က တိရစ္ဆာန်များနှင့် သူတို့နေထိုင်ကျက်စားရာနေရာများကို ကိုက်ညီစွာ တွဲဖက်ရမည့် ဂျာမန်ဝေါဟာရပိုင်းဆိုင်ရာ  ပျော်စရာမှတ်ဉာဏ်ကဒ်ဂိမ်းလေးပါ။
Reading Club

©Goethe-Institut Myanmar

“READING CLUB” Program

ဂျာမန်ဘာသာစကား သင်ယူနေတဲ့သူတွေ စာဖတ်စွမ်းရည် တိုးတက်လာစေရန်နှင့် စကားလုံးဝေါဟာရများ ပိုကြွယ်၀လာစေရန် လစဥ်ကျင်းပပြုလုပ်တဲ့ “Reading Club/Leseclub’’ လေး ရောက်ရှိလို့လာပါပြီ။

စိတ်၀င်စားလို့ ပါ၀င်ချင်တယ်ဆိုရင်တော့ biblio-yangon@goethe.de သို့ အမည်၊ ဖုန်းနံပါတ်၊ မိမိရဲ့ ဂျာမန် level ကို အီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။
ONLEIHE: DIE DEUTSCHE ONLINE-BIBLIOTHEK

©Goethe-Institut

Onleihe တွင် အသစ်ရောက်ရှိလာသော မီဒီယာများ

ONLEIHE: ဂျာမန်အွန်လိုင်းစာကြည့်တိုက်

Bernd Cailloux, Ulrike Draesner, Annett Gröschner, Hasnain Kazim, Daniel Kehlmann, Ursula Krechel und Ralf Rothmann တို့ရဲ့ လက်ရာများအပါအ၀င် အခြားသောမီဒီယာအသစ်များ ကျွန်ုပ်တို့ရဲ့ ဂျာမန်အွန်လိုင်းစာကြည့်တိုက် “ONLEIHE” တွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သတင်းကောင်းလေး ပေးချင်ပါတယ်။ အခုပဲ ကျွန်ုပ်တို့ရဲ့ “ONLEIHE” မှာ အခမဲ့ငှားရမ်းဖတ်ရှုလိုက်ပါ။

ဆက်သွယ်ရန်

Goethe-Institut မြန်မာ
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း +95 1 9376160
info-yangon@goethe.de

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက

Impressum | Datenschutz | Newsletter abbestellen