Logo Goethe-Institut

မြန်မာ

Within & Beyond: Reimagining Art across Distances

Open Call for Curatorial Assistant  © Goethe-Institut Myanmar

Open Call: Curatorial Assistant (M/F/D)
(September 2025 – January 2026)

Goethe-Institut Myanmar တွင် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလအတွင်းပြုလုပ်မည့် multi-disciplinary visual arts လက်ရာပြပွဲ အနုပညာစီမံကိန်းအတွက် Curatorial Assistant များကိုဖိတ်ခေါ်လိုက်ပါသည်။

မြန်မာ၊ အရှေ့တောင်အာရှ၊ ဂျာမနီနှင့် အခြားနိုင်ငံတကာတွင်နေထိုင်ပြီး ခေတ်ပြိုင်အမြင်ဆိုင်ရာ အနုပညာလက်ရာများကို စိတ်ဝင်စားသော မည်သူမဆို ဝင်ရောက်လျှောက်ထားနိုင်ပြီး စီမံကိန်းတွင် မြန်မာနှင့် နိုင်ငံတကာမှ အနုပညာရှင်များ၊ ကျူရေတာများနှင့်အတူ လက်တွေ့ပူးပေါင်းလုပ်ဆောင်ခွင့်ရမည်ဖြစ်ပါသည်။

စီမံကိန်းအကြောင်းအရာ 

ယခုအနုပညာစီမံကိန်းသည် ‘‘အကွာအဝေး နှင့် အဆက်အသွယ်ပြတ်(တောက်)ခြင်း‘‘ ဟူသည့်စကားရပ်၊ သူ၏သက်ရောက်မှု၊ ဝေးကွာမှုနှင့် အဆက်အသွယ်ပြတ်တောက်မှုများကြောင့် အသွင်သဏ္ဍာန်ပြောင်းလဲမှုအပြင်၊ အကွာအ၀ေးကြားက ချိတ်ဆက်မှု၊ ထိစပ်မှု၊ နားလည်နိုင်မှု၊ ခံစားနိုင်မှုများ၊ အကွာအဝေးကြောင့် ဖြစ်ပေါ်လာသော ထပ်တူညီမှုနှင့် ခြားနားမှုများ အစရှိသည်တို့ကို ထင်ဟပ်သည့် အနုပညာလက်ရာများကို တင်ဆက်ပြသရန်ရည်ရွယ်ပါသည်။ 
၂၀၂၅ခုနှစ် စက်တင်ဘာမှ ၂၀၂၆ခုနှစ် ဇန်နဝါရီထိကြာမည့် ယခုစီမံကိန်းကို Goethe-Institut Myanmar မှဦးဆောင်ပြုလုပ်သွားမှာဖြစ်ပြီး စီမံကိန်းအတွင်း အွန်လိုင်းဆွေးနွေးဖလှယ်မှုများ၊ လက်ရာများဖန်တီးခြင်းမျာနှင့် မြန်မာအနုပညာရှင်များ၏ အမျိုးစုံသောအနုပညာလက်ရာများကို ခင်းကျင်းပြခြင်းများလည်းပါဝင်မည်ဖြစ်သည်။  

စီမံကိန်းကာလ အစီအစဥ် အကျဥ်းချုပ် 

၂၀၂၅ခုနှစ် စက်တင်ဘာ။ မြန်မာပြည်နှင့် အခြားတိုင်းပြည်မှ အနုပညာရှင်များမှ ပြပွဲအကြောင်းအရာပေါ်အခြေခံ၍ အွန်လိုင်းဆွေးနွေးဖလှယ်ခြင်းများ။  
၂၀၂၅ ခုနှစ် အောက်တိုဘာ - နိုဝင်ဘာ။ အနုပညာလက်ရာဖန်တီးခြင်းအဆင့်။ curatorial အဖွဲ့နှင့် အတူ လျှောက်ထားသူ curatorial assistant မှ စီမံကိန်းကို အကောင်အထည်ဖော်ခြင်း။ 
၂၀၂၅ခုနှစ် နိုဝင်ဘာ - ဒီဇင်ဘာ။ ပြပွဲပြင်ဆင်ခြင်းမှလွဲ၍ အခြား curatorial အစီအစဥ်များ အဆုံးသတ်ခြင်း။ 
၂၀၂၅ခုနှစ် ဇန်နဝါရီ။ Goethe-Institut Myanmar နှင့် အခြားပူးပေါင်းဆောင်ရွက်မည့် အဖွဲ့အစည်းများနှင့် အတူ ပြပွဲကို ကျင်းပခြင်း။ 

တာဝန်များ 

လျှောက်ထားသူသည်  
  • ပြပွဲကျင်းပရန်နှင့် ပြင်ဆင်သည့် အပိုင်းများတွင် curator များနှင့် အတူ လက်တွဲလုပ်ဆောင်ခြင်း။    
  • ပါဝင်သော အနုပညာရှင်များအတွက်လိုအပ်သည်များကို ပူးပေါင်း၍ ပြင်ဆင်ပေးခြင်း။ 
  • အွန်လိုင်းဆွေးနွေးပွဲများနှင့် ပြပွဲပြင်ဆင်သည့်အချိန်များတွင်ပါဝင်ကူညီပေးခြင်း။  
  • ပြပွဲနှင့်သက်ဆိုင်သည့် ပြင်ဆင်ခြင်း၊ လက်ရာများဖန်တီးခြင်း၊ စာရွက်စာတမ်းကိစ္စများတွင် ကူညီဆောင်ရွက်ပေးခြင်း။ 
  • စီမံကိန်းပြီးမြောက်ရေးအတွက် အနုပညာရှင်များ၊ curatorများ၊ စီမံကိန်းတွင်ပါဝင်သူများနှင့် လက်တွဲဆောင်ရွက်ခြင်း။ 

လျှောက်ထားရန် အကျုံးဝင်သူများ  

မြန်မာ၊ အရှေ့တောင်အာရှ၊ ဂျာမနီနှင့် အခြားနေရာအသီးသီးမှ တက်သစ်စ မြန်မာ curator များလျှောက်ထားရန် သင့်လျော်သည်။ မြန်မာနိုင်ငံပြင်ပတွင်နေထိုင်သူများအနေဖြင့် remote work လုပ်နိုင်ပြီး၊ အတူတကွလုပ်ကိုင်ဆောင်ရွက်နိုင်ရန် လိုအပ်သည်များကို ပူးပေါင်းဆွေးနွေးလုပ်ဆောင်ပေးမည်ဖြစ်ပါသည်။
မှတ်ချက်။ သွားစရိတ်နှင့် နေစရိတ်ကိုထောက်ပံ့မည်မဟုတ်ပါ။  

ခေတ်ပြိုင်အမြင်ဆိုင်ရာ အနုပညာနှင့် curatorial ပိုင်းကို စိတ်ဝင်စားသည့် တက်သစ်စ curator များမည်သူမဆိုလျှောက်ထားနိုင်သည်။ 
ယခင်က ပြပွဲနှင့် အနုပညာစီမံကိန်းများနှင့်ပတ်သက်သည့် အတွေ့အကြုံရှိရန်မလိုအပ်သော်လည်း ရှိထားလျှင်အားသာချက်ဖြစ်သည်။ 
အောက်ဖော်ပြပါ အစီအစဥ်များတွင် တက်ကြွစွာပါဝင်ရန်လိုအပ်ပါသည်။ 
  • အွန်လိုင်း အစီအစဥ်များ (၂၀၂၅ ခုနှစ် စက်တင်ဘာ)  
  • လက်ရာများဖန်တီးသည့် အချိန် (၂၀၂၅ခုနှစ် သြဂုတ် – အောက်တိုဘာ)  
  • ပြပွဲပြင်ဆင်ခြင်းနှင့် ကျင်းပခြင်း (၂၀၂၅ ခုနှစ် အောက်တိုဘာ – နိုဝင်ဘာ, ၂၀၂၆ခုနှစ် ဇန်နဝါရီ)  
  • ပြေပြစ်သော ပြောဆိုဆက်ဆံနိုင်စွမ်းရည်နှင့် လူအများနှင့် လက်တွဲလုပ်ဆောင်နိုင်ခြင်း  
  • အင်္ဂလိပ်ဘာသာစကား အသုံးပြုနိုင်မှု  

Honorarium 

ရွေးချယ်ခံရသောသူသည် USD 200 နှင့်ညီမျှသော monthly honorarium ကို ရရှိမည်ဖြစ်သည်။ 

လျှောက်လွှာတင်သွင်းရန် လိုအပ်ချက်များ

လျှောက်လိုသည့်အကြောင်းအရင်း (အများဆုံး ၁ မျက်နှာ)။ “အကွာအဝေးနှင့် ပြတ်တောက်ခြင်း” အပေါ်မိမိ၏ စိတ်ဝင်စားသည့် အကြောင်းအရာနှင့် လက်ရှိလုပ်‌ဆောင်နေသော curatorial စီမံကိန်းတစ်ခုခုကို (ရှိပါက) ပြသပေးရန်။ 
ကိုယ်ရေးအကျဥ်း (အများဆုံး ၂ မျက်နှာ)။ ယခုစီမံကိန်းလျှောက်ထားရန် သင့်တော်သော အတွေ့အကြုံများ။ 
ယခင်လုပ်ခဲ့ဖူးသော အရာများ (မဖြစ်မနေထည့်ရန်မလိုပါ)။ ယခင်လုပ်ခဲ့ဖူးသောအနုပညာစီမံကိန်းများ 
ဆက်သွယ်ရန် ကိုယ်‌‌ရေးအချက်အလက်။ နာမည်အပြည့်အစုံ၊ email၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်။   

အွန်လိုင်း အမေးအဖြေကဏ္ဍ 

လျှောက်လွှာနှင့်ပတ်သက်သည်များကို ရှင်းပြမည့် အစီအစဥ် 
လျှောက်လွှာအဆင့်ဆင့်ကို ပိုမိုရှင်းလင်းစေရန်အတွက် အောက်ဖော်ပြပါ ရက်တစ်ခုခုတွင် ဝင်‌ရောက်၍ လေ့လာနိုင်ပါသည်။ 

Date: 04.08.2025 (Monday)
Time: 5:00 PM to 6:00 PM (Myanmar Time)
https://goethe-institut.zoom.us/j/81844397900

Date: 11.08.2025 (Monday)
Time: 4:00 PM to 5:00 PM (Myanmar Time)
https://goethe-institut.zoom.us/j/81232808317

လျှောက်လွှာတင်သွင်းရမည့်ပုံစံ 

ပြီးပြည့်စုံသော လျှောက်လွှာများကို ၂၀၂၅ ခုနှစ် သြဂုတ် ၁၇ရက်နေ့၊ မြန်မာစံတော်ချိန် ည ၁၁ နာရီ ၅၉မိနစ်ထက်နောက်မကျဘဲ info.kultur.mmr@goethe.de သို့ email မှတဆင့်ပေးပို့ရမည်ဖြစ်သည်။ နောက်ကျဝင်လာသော လျှောက်လွှာများကို လက်ခံမည်မဟုတ်ပေ။  

လျှောက်လွှာလက်ခံခြင်းနှင့် ရွေးချယ်ခြင်း

ပေးပို့လာသောလျှောက်လွှာရှင်များအားလုံး လက်ခံရရှိကြောင်းကို email မှတဆင့်ရရှိမည်ဖြစ်သည်။ နောက်ဆုံးအဆင့်ထိရွေးချယ်ခံရဖို့အတွက် အောက်ပါအဆင့် ၂ခု ကိုဖြတ်ကျော်ရမည်ဖြစ်သည်။  
ပထမအဆင့်။ ၂၀၂၅ခုနှစ် သြဂုတ် ၂၀  
ဒုတိယအဆင့်။ ၂၀၂၅ခုနှစ် သြဂုတ် ၂၇  

လျှောက်လွှာများကို လက်ခံရန်နှင့် လျှောက်ထားသူများ၏ curatorial နှင့်ပတ်သက်သော လုပ်ငန်းများကို တူတူလုပ်ဆောင်ရန် မျှော်လင့်လျက်ရှိပါမည်။

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက