Logo Goethe-Institut

မြန်မာ

|

၁၆:၀၀-၁၇:၃၀

3D Modelling and Design Trial Workshop

Tech-Try Out Program | 14.08.2025

  • စာကြည့်တိုက် , ရန်ကုန်၊

3D Modelling and Design Trial Workshop ©Goethe-Institut Myanmar

သင့်ကလေးကို နည်းပညာခေတ်နှင့်အညီ ရင်ဘောင်တန်းစေနိုင်ဖို့ သင့်အနေနဲ့  ဒီဂျစ်တယ်ပိုင်းဆိုင်ရာကို သင်ကြားပေးဖို့ စိတ်ကူးရှိပါသလား? ဒါမှမဟုတ် သင့်ကလေးရဲ့ နည်းပညာစိတ်၀င်စားမှု နယ်ပယ်ကို စူးစမ်းရှာဖွေချင်ပါသလား? ဒါဆိုရင်တော့ အသက် ၁၃ နှစ်မှ ၁၇ နှစ်အရွယ် လူငယ်များအတွက် နည်းပညာပိုင်းဆိုင်ရာ အခြေခံသဘောတရားများကို လက်တွေ့သင်ကြားပေးမယ့် ကျွန်ုပ်တို့ စာကြည့်တိုက်ရှိ ကလေးနှင့်လူငယ်အစီအစဥ်မှ “Tech Try-Out Program” ကို ပါ၀င်တက်ရောက်ဖို့ ဖိတ်‌ခေါ်ချင်ပါတယ်။

ဒီအစီစဥ်လေးမှာတော့ ကလေးများအနေဖြင့်  နည်းပညာခေတ်မှာ အခြေခံအကျဆုံးနှင့် အရေးပါဆုံးဖြစ်သော 3D design နှင့် Coding အကြောင်းကို စိတ်၀င်စားဖွယ် ပျော်စရာနည်းလမ်းလေးတွေနဲ့ လက်တွေ့ မြည်းစမ်းလေ့လာခွင့်ရမှာဖြစ်ပါတယ်။   ဒီအစီအစဥ်လေးမှတဆင့် ကလေးများက နည်းပညာ အသစ်အဆန်းတွေကို သင်ယူလို့ ရနိုင်ရုံသာမက စဥ်းစားနိုင်စွမ်း၊ ဖန်တီးနိုင်စွမ်း နဲ့ ပြသနာဖြေရှင်းနိုင်စွမ်း တို့ကို တိုးတက်စေဖို့ ရည်ရွယ်ထားပါတယ်။ ၀ါသနာတူ သူငယ်ချင်းအသစ်လေးတွေနဲ့လည်း ခင်မင်ခွင့်ရနိုင်ပြီး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

ပထမဆုံး ပြုလုပ်မယ့် 3D Modelling and Design Trial Workshop ကို CIY.Club Myanmar မှ နိုင်ငံတကာ အသိအမှတ်ပြု နည်းပြများမှ ဦးဆောင်သွားမှာဖြစ်ပြီး သြဂုတ်လ (၁၄)၊ ၂၀၂၅ တွင် ကျင်းပမှာဖြစ်ပါတယ်။ CIY.Club Myanmar ဆိုတာကတော့ သြစတြေးလျနိုင်ငံ အခြေစိုက် ကလေးတွေကို နည်းပညာဖန်တီးသူတွေ ဖြစ်အောင် ပြုစုပျိုးထောင် ပေးတဲ့နေရာပဲ ဖြစ်ပါတယ်။ 

3D Design ဆိုတာဘာလဲ?
3D modeling လို့လည်း ခေါ်ပါတယ်။ ကွန်ပြူတာ ဆော့ဖ်ဝဲလ်ကို အသုံးပြုပြီး နဲ့ ကိုယ့်ရဲ့ စိတ်ကူးထဲက အရာဝတ္ထုတွေ ၊ ဇာတ်ကောင်တွေကို ၃ ဖက်မြင် ရုပ်ပုံတွေ ၊ မော်ဒယ် တွေဖြစ်အောင် ဖန်တီးတဲ့ လုပ်ငန်းစဥ်ကို ဆိုလိုတာပါ။ 3D model က ဗီဒီယိုဂိမ်း ၊ ရုပ်ရှင် ၊ ဗိသုကာလက်ရာ ၊ အင်ဂျင်နီယာ  ၊ ကြောငြာ နဲ့ ကုန်ပစ္စည်း ထုတ်လုပ် ခြင်း စတဲ့ နယ်ပယ်အသီးသီးမှာ အသုံးပြုနေတဲ့ ကြီးမားတဲ့ နည်းပညာရပ်တစ်ခုဖြစ်ပါတယ်။ အသုံးပြုတဲ့ နယ်ပယ်အလိုက် application တွေလည်း အမျိုးမျိုးရှိပါတယ်။ Engineering မှာ အသုံးပြုတဲ့ AutoCAD ဆိုတာ 3D design ပါပဲ။

ဘယ်လို သင်ပေးမှာလဲ?
နည်းပညာဆိုတာက ကိုယ်တိုင်တီထွင်ဖန်တီးမှသာ တစ်ကယ် တတ်မြောက်တာ ဖြစ်တဲ့အတွက် စာတွေ့အစားကလေးတွေကို ကိုယ်တိုင် ပရောဂျက်လေးတွေ၊ ဂိမ်းလေးတွေ ဘယ်လိုတီထွင် ဖန်တီးလို့ရမလဲဆိုတာ
ထိတွေ့လမ်းပြပေးမှာပဲ ဖြစ်ပါတယ်။

အချိန်နဲ့အမျှတိုးတက်ပြောင်းလဲနေတဲ့ နည်းပညာခေတ်ရဲ့ အနာဂတ်စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ သင့်ကလေးကို ငယ်စဥ်ထဲက နည်းပညာနဲ့မစိမ်းအောင် ကျွန်ုပ်တို့စာကြည့်တိုက်မှ အခြေခံအုတ်မြစ်အဖြစ် ပံ့ပိုးပေးပါရစေ။

ဝင်ကြေးအခမဲ့ဖြစ်ပြီး၊ လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ -   
♦အမည်   ♦အသက်  ♦ဖုန်းနံပါတ် တို့ကို စာကြည့်တိုက်ဖွင့်ချိန်အတွင်း  biblio-yangon@goethe.de မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။