Pop-up Art & Cultural Space
SPACE O‘3
အနုပညာနဲ့ယဉ်ကျေးမှုရပ်၀န်းကသူတွေအတွက် တွေ့ဆုံစည်း၀ေးစရာအခန်းငယ်တစ်ခုကို Goethe-Institut Myanmar မှစီစဉ်ထားရှိပေးထားပါတယ်။ တွေ့ဆုံဖို့၊ ဖန်တီးဖို့၊ ဆွေးနွေးဖို့၊ ထုတ်လုပ်ဖို့၊ တစ်ဦးနဲ့တစ်ဦးနားထောင်ကြဖို့နဲ့သူတို့ရဲ့အနုပညာတွေကိုလုပ်ဆောင်ကြဖို့ အသုံးပြုနိုင်ပါတယ်။ နေရာလေးတစ်ခုလိုအပ်နေတဲ့အနုပညာရှင်တွေနဲ့ယဉ်ကျေးမှုပညာရှင်တွေအနေနဲ့ ဤအခန်းကိုအခမဲ့စာရင်းသွင်းပြီးအသုံးပြုနိုင်ပါတယ်။ ဒီလိုနေရာတစ်ခုကိုဖြည့်ဆည်းခြင်းအားဖြင့် မြန်မာ့ယဉ်ကျေးမှုအသိုင်းအဝိုင်းမှာ ယနေ့ကြုံတွေ့နေရတဲ့ သူတို့ရဲ့အခက်အခဲတွေကိုကျော်ဖြတ်နိုင်ဖို့ အကူအညီအထောက်အပံ့ဖြစ်စေကြောင်းရည်ရွယ်ပါတယ်။
|