Expanded Curatorial Practice & Exhibition Making Training

Expanded Curatorial Practice & Exhibition Making Training ©Goethe-Institut Myanmar

Open Call

Goethe-Institut မြန်မာမှအနုပညာပြပွဲစီမံခန့်ခွဲမှုဆိုင်ရာအလေ့အကျင့်ကိုချဲ့ထွင်နိုင်ရန် သင်တန်းတစ်ရပ်ကို စီစဉ်ပို့ချသွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏အနုပညာအခင်းအကျင်းတွင် ပြပွဲစီမံခန့်ခွဲမှုဆိုင်ရာပညာရှင်များ တိုးပွားလာစေရန်ရည်ရွယ်၍ ယခုသင်တန်းအစီအစဉ်ကိုစတင်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင်းသာမက အမြို့မြို့ အနယ်နယ်မှ​စိတ်ပါ၀င်စားသူ မည်သူမဆိုလျှောက်ထားနိုင်ပါသည်။ အဓိကပို့ချမှုများကို documenta Institut မှ Prof. Dr. Mi You မှဦးဆောင်သွားမည်ဖြစ်ပြီး ထပ်ထိုးသင်တန်းတိုများ၊ စကား၀ိုင်းဆွေးနွေးခြင်းများလည်းပါရှိပါသည်။  

Training Schedule

Expanded Curatorial Practice & Exhibition Making training program အတွက်သင်တန်းသားခေါ်ယူခြင်းကို ဇူလိုင်လ (၂၄) ရက်နေ့မှာစာရင်းပိတ်ခဲ့ပြီး စိတ်ပါ၀င်စားသူများစွာလျှောက်ထားခဲ့ကြပါတယ်။ များပြားလှတဲ့လျှောက်လွှာများထဲမှ (၁၆) ဦးကိုရွေးချယ်ပြီး သင်တန်းတက်ရောက်ခွင့်နဲ့ အဖွဲ့လိုက်ပြပွဲစီမံကိန်းများဖော်ဆောင်ရန်အတွက် ဆုငွေပေးအပ်ခြင်းတို့ကိုပြုလုပ်သွားမှာဖြစ်ပါတယ်။
သင်တန်းများကို အဓိကပို့ချသူအဖြစ် documenta Institut မှ  Prof. Dr. Mi You ကအောက်ဖော်ပြအချိန်များအတိုင်း ပို့ချသွားမှာဖြစ်ပါတယ်။
Main training section:
- August 11, 18, 25, 2023 (2:00 PM-4:30 PM)
- September 1 (2:00 PM-4:30 PM)
Location: Goethe-Institut Myanmar Auditorium

စင်္ကာပူအမျိုးသားအနုပညာပြခန်းမှ Senior Curator and Deputy Director (Curatorial and Research) Mr. Seng Yu Jin မှထပ်ဆောင်းအလုပ်ရုံဆွေးနွေးပွဲတစ်ခုကိုလည်း ဖော်ပြပါအစီအစဉ်အတိုင်းလုပ်ဆောင်သွားမည်ဖြစ်ပါသည်။
Additional training section:
- September 16, 2023 (2:00 PM - 4:30 PM)

သင်တန်းများအားလုံးအပြီးမှာတော့ အဖွဲ့လိုက်ပြပွဲစီမံကိန်းများအတွက် ဆုငွေပေးအပ်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့အသီးသီးရဲ့ ပြပွဲစီမံကိန်းများကို ရန်ကုန်မြို့မှာရှိတဲ့ပြခန်း (၄) ခုနဲ့ပူးပေါင်းပြီး နို၀င်ဘာလအတွင်းမှာပြသသွားမှာဖြစ်ပါတယ်။
 

Mi You

Mi You
©Mi You
Mi You သည် Kassel တက္ကသိုလ်/ documenta Institut မှ အနုပညာနှင့်စီးပွါးရေးပါမောက္ခတစ်ဦးဖြစ်ပါသည်။ သူမသည် Academy of Media Arts Cologne တွင် ၂၀၁၄ မှ ၂၀၂၁ ထိ အနုပညာနှင့်မီဒီယာဘာသာရပ်ဌာနတွင် သုတေသနတွဲဖက်အဖြစ်လုပ်ဆောင်ခဲ့သည်။ Arts Bremen တက္ကသိုလ် အနုပညာ ပရိုဂရမ်တွင် ၂၀၁၆ မှ ၂၀၁၇ ထိ၊ Dutch Art Institute ၏ Roaming Academy ပရိုဂရမ်တွင် ၂၀၁၈ မှ ၂၀၁၉ ထိ၊ School of Art, Design and Architecture, Aalto တက္ကသိုလ်၏ Visual Cultures, Curating နှင့် ခေတ်ပေါ် အနုပညာပရိုဂရမ်များတွင် ၂၀၁၉ မှ ၂၀၂၀ ထိ သင်ကြားပို့ချခဲ့သည်။ Dr. Mi You သည် မီဒီယာသီအိုရီ၊ သိပ္ပံနှင့်နည်းပညာတို့ကို လေ့လာဆည်းပူးခဲ့ပါသည်။

Nikolay Smirnov

Nikolay Smirnov
Nikolay Smirnov | ©Nikolay Smirnov
Nikolay Smirnov သည် ၁၉၈၂ ခုနှစ်ဖွား ပထဝီပညာရှင်၊ အနုပညာရှင်၊ ကျူရေတာနှင့် သုတေသနပညာရှင်တစ်ဦးဖြစ်ပြီး geographical imagination နှင့် geo-capital အနုပညာရပ်များအား လုပ်ဆောင်လျှက်ရှိသည်။ လေ့လာတွေ့ရှိချက်များကို စာ၊ ပြပွဲများနှင့် ဖလင်များဖြင့် အစိတ်အပိုင်းများစွာ ဆက်စပ်ပါဝင်သော ဇာတ်ကြောင်းပြန်ပြောခြင်းဖြင့် ဖန်တီးလုပ်ဆောင်လေ့ရှိသည်။

၂၀၂၃ မှစတင်၍ Kassel တက္ကသိုလ် documenta Institut တွင် သုတေသနလက်ထောက်အဖြစ်လုပ်ကိုင်လျက်ရှိပြီး တက္ကသိုလ်၏ဘွဲ့လွန်ကျောင်းသားတစ်ဦးလည်းဖြစ်ပါသည်။

Seng Yu Jin

Seng Yu Jin
Seng Yu Jin | ©Seng Yu Jin
Seng Yu Jin သည် National Gallery Singapore ၏ Curatorial နှင့် Exhibitions ပိုင်းတွင် လက်ထောက် ညွန်ကြားရေးမူးဖြစ်ပြီး၊ စီနီယာကျူရေတာတစ်ယောက်လည်းဖြစ်ပါသည်။ LASALLE အနုပညာကောလိပ်တွင် အာရှအနုပညာသမိုင်းမဟာဝိဇ္ဇာတန်းနှင့် Fine Art ဝိဇ္ဇာတန်းများ ကိုသင်ကြားပို့ချခဲ့ပြီး ယခုအခါ National University of Singapore အနုပညာသမိုင်းပရိုဂရမ်၏သာမန်ဘာသာရပ်တွင် သင်ကြားပို့ချလျှက်ရှိသည်။

ပါရဂူဘွဲ့ကို Melbourne တက္ကသိုလ်မှရရှိခဲ့ပြီး သူ၏သုတေသနစိတ်ဝင်စားမှုများသည် အခြားနိုင်ငံများသို့ထွက်ခွါအခြေချနေထိုင်ကြသူများ၊ ပြောင်းရွေ့နေထိုင်ခြင်း၊ ယဉ်ကျေးမှုကူးပြောင်းခြင်းများနှင့်စပ်ဆက်သော အရှေ့တောင်အာရှအနုပညာပေါ်တွင်အဓိကထားသည့် ဒေသတွင်းအနုပညာသမိုင်းကြောင်းများကို လွှမ်းခြုံနိုင်ပါသည်။ လက်ရှိတွင် အရှေ့တောင်အာရှရှိ ပြပွဲများနှင့်အနုပညာရှင်များစုစည်းမှုများ၏သမိုင်းကြောင်းကိုအဓိကထား၍ အနုပညာလှုပ်ရှားမှုများနှင့် ၎င်းတို့၏သမိုင်းကြောင်းများကို သုတေသနပြုလျှက်ရှိသည်။

Rose Wei

Rose Wei
Rose Wei | ©Rose Wei
Rose Wei သည် National Gallery Singapore ၏ Curatorial ပရိုဂရမ်အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။ Nanyang နည်းပညာတက္ကသိုလ်မှ ပြတိုက်လေ့လာမှုနှင့် Curatorial လေ့ကျင့်လုပ်ဆောင်မှုတွင် မဟာဝိဇ္ဇာဘွဲ့ရရှိခဲ့ပြီး Nanyang နည်းပညာတက္ကသိုလ် ခေတ်ပေါ် အနုပညာစင်တာမှ ကြီးကြပ်ကွပ်ကဲသည့် 2023 Platform Projects Curatorial Award ဆုလက်ခံရရှိခဲ့သူလည်းဖြစ်သည်။ အနုပညာ၏ performativity နှင့် interactivity ကိုစိတ်ဝင်စားသည်။

Curatorial Project: Veranstaltungsort-Partner ©Goethe-Institut Myanmar

ကြေညာချက်
မိတ်ဖက်ပြခန်းများ

Goethe-Institut မြန်မာက ပြုလုပ်နေတဲ့ Expanded Curatorial Practice and Exhibition Making စီမံကိန်းဟာဆိုရင် သင်တန်းကာလအားလုံးပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ Module ငါးခုပါ၀င်ခဲ့ပြီး အဓိကဦးဆောင်ပို့ချသူ Prof. Dr. Mi You (documenta Institut)၊ ပူးတွဲ သင်တန်းပို့ချသူ Nikolay Smirnov နဲ့ National Gallery Singapore က Seng Yu Jin တို့က ပြပွဲစီမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်ကို ချဉ်းကပ်မှုရှုထောင့်ပေါင်းစုံမှ ပို့ချခဲ့ကြပါတယ်။
သင်တန်းကာလ ပြီးဆုံးတဲ့အချိန်မှာ တက်ရောက်ခဲ့သူ (၁၆) ယောက်ကို curatorial team အဖွဲ့လေးခုအဖြစ် ပြန်လည်ဖွဲ့စည်းပြီး သက်ဆိုင်ရာ curatorial project များကို co-curate ပြုလုပ်နိုင်ရန်အတွက် ရံပုံငွေအသီးသီး ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။
ရန်ကုန်မြို့ရှိ ပြခန်းလေးခု ဖြစ်တဲ့ Neutral Art Gallery၊ Art Corner Gallery၊ Anandha Art Gallery နဲ့ IVY Art Gallery တို့ကို မိတ်ဖက်များအဖြစ်ဖိတ်ခေါ်ထားပြီး curatorial team အသီးသီးကနေထွက်လာတဲ့ အနုပညာပြပွဲတွေ၊ အစီအစဉ်တွေကို အဆိုပါ မိတ်ဖက်ပြခန်း လေးနေရာမှာ အသီးသီးကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
Curatorial team အသီးသီးက သက်ဆိုင်ရာစီမံကိန်းတွေကို လုပ်ဆောင်နေချိန်မှာ သင်တန်းပို့ချခဲ့သူများမှလည်း အနီးလည်း အကြံပေးဆွေးနွေးမှုများကို လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ ပြပွဲအစီအစဉ်များကို နို၀င်ဘာလအတွင်းမှာ ပြုလုပ်သွားမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို Goethe-Institut မြန်မာရဲ့ အင်တာနက်စာမျက်နှာများမှာ ဆက်လက်ဖော်ပြသွားမှာဖြစ်ပါတယ်။


Exhibitions schedule ©Goethe-Institut Myanmar

ကြေငြာချက်
ပြပွဲပြုလုပ်ကျင်းပမည့်ရက်များ

‚Expanded Curatorial Practice and Exhibition Making’ သင်တန်းအစီအစဉ်မှာ တက်ရောက်ခဲ့ကြတဲ့ သင်တန်းသားများဟာ အဖွဲ့လေးဖွဲ့အဖြစ်နဲ့ အသီးသီးထွက်ပေါ်လာပြီး သက်ဆိုင်ရာ အနုပညာပြပွဲစီမံကိန်းတွေကို စတင်အကောင်အထည်ဖော်နေကြပြီဖြစ်ပါတယ်။ သက်ဆိုင်ရာ အဖွဲ့တစ်ဖွဲ့စီရဲ့ ပြပွဲတွေကို ရန်ကုန်မြို့က ပြခန်း ၄ နေရာမှာ အစီအစဉ်လိုက် ပြသသွားမှာ ဖြစ်ပါတယ်။ အဖွဲ့တိုင်းဟာ မတူညီတဲ့ ချဉ်းကပ်မှုပုံစံတွေနဲ့ သူတို့ရဲ့ အနုပညာပြပွဲစီမံကိန်းတွေကို ပုံဖော်သွားမှာဖြစ်ပါတယ်။ အသစ်ဖြစ်ပြီးမတူညီတဲ့ အနုပညာပြပွဲတွေကို မကြာခင်မှာ ကြည့်ရှုခံစားခွင့်ရတော့မှာပါ။

သင်တန်းအစီအစဉ်မှာ ပါ၀င်ခဲ့သူတွေ စီစဉ်ပြုလုပ်သွားမယ့် ပြပွဲအစီအစဉ်တွေကို နို၀င်ဘာလနဲ့ ဒီဇင်ဘာလအတွင်းမှာ ပြုလုပ်ကျင်းပသွားမှာ ဖြစ်လို့ လာရောက်ကြည့်ရှုဖို့ အားလုံးကို ဒီနေရာမှ ဖိတ်ခေါ်လိုက်ရပါတယ်။ ပွဲတစ်ခုချင်းစီရဲ့ အစီအစဉ်နဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း Goethe-Institut မြန်မာရဲ့ ၀က်ဘ်ဆိုက်နဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ အချိန်နဲ့ တစ်ပြေးညီ ထပ်မံဖော်ပြသွားမှာ ဖြစ်ပါတယ်။ လာမယ့် နို၀င်ဘာနဲ့ ဒီဇင်ဘာလတွေမှာ ပြပွဲတွေသွားကြည့်ဖို့ ပြင်ဆင်ထားရင်း ကျွန်ုပ်တို့နဲ့အတူ အနုပညာဖန်တီးမှုတွေကိုခံစားမျှ၀ေနိုင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

Ivy Gallery: နို၀င်ဘာလ ၂၄ ရက်မှ ၂၆ ရက်နေ့ အထိ
Neutral Art Gallery: ဒီဇင်ဘာလ ၁ ရက်မှ ၃ ရက်နေ့ အထိ
Art Corner Gallery: ဒီဇင်ဘာလ ၉ ရက်မှ ၁၁ ရက်နေ့ အထိ
Ahnanda Art Gallery: ဒီဇင်ဘာလ ၁၅ ရက်မှ ၁၇ ရက်နေ့ အထိ
 


Curatorial Project: Exhibitions ©Goethe-Institut Myanmar

ပြပွဲများ

Goethe-Institut Myanmar ကစီစဥ်ပြုလုပ်ခဲ့တဲ့ Expanded Curatorial practice and Exhibition Making သင်တန်းမှ curatorial team များက ရန်ကုန်မြို့ရှိ အနုပညာပြခန်းအသီးသီးတွင် ပြပွဲများဆက်လက်လုပ်ဆောင်လျှက်ရှိပါသည်။ ပြပွဲအကြာင်းအသေးစိတ်ကို အောက်တွင်ဖတ်ရှုနိုင်ပါသည်။

အနုပညာပြပွဲ ၂ | Brush Beats & Bones
ပြပွဲရက် - ဒီဇင်ဘာ ၁ မှ ၃ ရက်
ပြပွဲချိန် - မနက် ၁၀ နာရီမှ ညနေ ၄ နာရီ
ပြပွဲနေရာ - Neutral Art Gallery (ခိုင်ရွှေဝါလမ်း၊ လှည်းတန်း)

သင်တန်းဆင်း Curatorial team မှာ Kyaw Thu Tun, Myint Thiri Khine, Pyae Phyo Paing နှင့် Nyan Yel Yint Win တို့ပါဝင်ပြီး “Brushes, Beats and Bones” ဆိုသော ခေါင်းစဥ်အောက်တွင် Artis-Hood, Kaung Min Wai, Thonenari Creation, Pyae Pyae (Dream), Ko Sid နှင့် Hoky တို့ရဲ့ အနုပညာလက်ရာတွေကို တင်ဆက်ပြသသွားမှာဖြစ်ပါတယ်။

အနုပညာပြပွဲ ၃ | SAFE & SOUND-ခလုတ်မထိ ဆူးမငြှိ
ပြပွဲရက် - ဒီဇင်ဘာလ ၉ ရက်မှ  ဒီဇင်ဘာလ ၁၁ ရက်
ပြပွဲချိန် - မနက် ၁၀ နာရီမှ ညနေ ၅ နာရီ
ပြပွဲနေရာ - Art Corner Gallery (တော်ဝင်စင်တာအနီး)

Curator team တွင် Khant Sithu Aung, May Tharaphi Kyaw, Thae Darli, Ashlay တို့ပါဝင်ပြီး “SAFE & SOUND-ခလုတ်မထိ ဆူးမငြှိ” ဆိုသော ခေါင်းစဥ်အောက်တွင် GON YEE, PSA နှင့် PYAE PHYO KYAW တို့ရဲ့ အနုပညာလက်ရာတွေကို တင်ဆက်ပြသသွားမှာဖြစ်ပါတယ်။

အနုပညာပြပွဲ ၄ | KALEIDOSCOPES (Children Art Exhibition)
ပြပွဲရက် - ဒီဇင်ဘာလ ၁၅ ရက်မှ ဒီဇင်ဘာလ ၁၇ ရက်
ပြပွဲချိန် - မနက် ၁၀ နာရီမှ ညနေ ၅ နာရီ
ပြပွဲနေရာ - Ahnanda Art Space (၄၉ လမ်း)

Curator team တွင် Austin, Eddie, Hennie (nine-eight) နှင့် Salah Oo တို့ပါဝင်ပြီး “KALEIDOSCOPES” ဆိုသော ခေါင်းစဥ်ဖြင့် Children Art Exhibition ကိုတင်ဆက်ပြသသွားမှာဖြစ်ပါတယ်။ ပြပွဲမတိုင်မီ ဇန်နဝါရီလ ၂ ရက်နှင့် ၃ ရက်တွင် အသက် ၈ နှစ်မှ ၁၂ ကလေးများအတွက် Art and Crafts workshop ကို ၂ ရက်ကြာပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါ workshop မှ ကလေးများရဲ့အနုပညာလက်ရာများကို ပြပွဲပြုလုပ်သွားမှာဖြစ်ပါတယ်။