KinoFest 2023

အောက်တိုဘာ ၁-၁၅

KinoFest ဂျာမန်ရုပ်ရှင်ပွဲတော်ကို ဒုတိယအကြိမ်မြောက် Goethe-Institut ကစီစဉ်တင်ဆက်လိုက်ပါပြီ။ ဤရုပ်ရှင်ပွဲတော်ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ နိုဝင်ဘာလအတွင်း ပြသသွားမည်ဖြစ်သည်။ အရှေ့တောင်အာရှရှိ Goethe-Institut (၈) ခုတို့ကအတူပူးပေါင်းပြီး ၂၀၂၁ မှ ၂၀၂၃ ခုနှစ်အတွင်း ရုပ်ရှင်များကို စုစည်းတင်ဆက်သွားမည်ဖြစ်သည်။ 

KinoFest 2023, Goethe-Institut Myanmar ©Goethe-Institut

KinoFest Myanmar Screening Schedule

KinoFest Myanmar Screening Schedule | ©Goethe-Institut

ဖွင့်ပွဲရုပ်ရှင်

Liebe, D-Mark Und Tod - မှတ်တမ်းရုပ်ရှင်

ဖိတ်ကြားမှုဖြင့်သာ

၁၊၁၀၊၂၀၂၃
 I တနင်္ဂနွေ I ၄း၃၀

ဒါရိုက်တာ: Cem Kaya
ပြသရန်ကြာချိန်: ၁၀၂ မိနစ်
ထုတ်လုပ်သည့်နှစ် - ၂၀၂၂
စာတမ်းထိုး - အင်္ဂလိပ်ဘာသာ

ဇာတ်လမ်းအကျဉ်း - တူရကီနွယ်ဖွား ဂျာမန်ဒါရိုက်တာ Cem Kaya က သူ့ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ ဒီဇာတ်လမ်းမှာ ဂျာမနီနိုင်ငံကို တူရကီနိုင်ငံသားများ ရွှေ့ပြောင်းနေထိုင်ခြင်းလှိုင်းတွေက နှစ်နိုင်ငံလုံးမှာ အထင်ကရဖြစ်တဲ့ တူရကီ ပေါ့ပ်ဂီတလုပ်ငန်းကို တိုးတက်စေဖို့ ဘယ်လိုအထောက်အပံ့ဖြစ်စေခဲ့သလဲဆိုတာကို တင်ဆက်ပြသထားပါတယ်။ 

Liebe, D-Mark Und Tod ©Liebe, D-Mark Und Tod

ကျွန်ုပ်တို့၏ပြသမည့်ရုပ်ရှင်များ

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက