Logo:Goethe-Institut Claim:Sprache. Kultur. Deutschland.

၂၀၂၆ခုနှစ်၊ သြဂုတ်လ သတင်းလွှာ

Goethe-Institut Myanmar

Deutsch | English | မြန်မာ

Connect with Us on LinkedIn

© Goethe-Institut Myanmar

LinkedIn တွင်ကျွန်ုပ်တို့နှင့် ချိတ်ဆက်လိုက်ပါ။

Goethe-Institut Myanmar သည် LinkedIn တွင် တရားဝင် စတင်ရောက်ရှိလာပြီဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်များ၊ ပညာရေးဆိုင်ရာ အရင်းအမြစ်များနှင့် မြန်မာ-ဂျာမနီ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ပြပေးမည့် ကျွန်ုပ်တို့၏ စာမျက်နှာသစ်ကို follow လုပ်ရန် ဖိတ်ခေါ်အပ်ပါသည်။ ကျွန်ုပ်တို့၏ နောက်ဆုံးပေါ် အစီအစဉ်များ၊ ကျောင်းဝင်းအတွင်းရှိ သတင်းများနှင့် ယဉ်ကျေးမှုဖလှယ်ရေး အခွင့်အလမ်းများကို အစဉ်မပြတ် သိရှိနိုင်ရန် ကျွန်ုပ်တို့၏ professional ကွန်ရက်တွင် ပါဝင်ချိတ်ဆက်နိုင်ပါပြီ။

ယဉ်ကျေးမှု

A New Chapter for the Academy of Care

© Goethe-Institut Myanmar

A New Chapter for the Academy of Care

ဖန်တီးဆင့်ပွား မျှဝေမည် ဂရုစိုက်မှု အကယ်ဒမီ Academy of Care (AoC) ဟာ စီမံကိန်းအဆင့်သစ်ကို တရားဝင် စတင်လိုက်ပြီဖြစ်ပြီး AoC ရန်ကုန်အဖွဲ့ ကလည်း ယခုအခါ အပြည့်အဝ ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်ုပ်တို့၏ မိတ်ဖက်အဖွဲ့အစည်းများ နှင့် ရပ်ရွာလူထုတို့ နှင့်အတူ သင်ယူမှု၊ ပူးပေါင်းဆောင်ရွက်မှု နှင့် အတွေ့အကြုံဖလှယ်မှုဆိုင်ရာ အခွင့်အလမ်းသစ်များကို ဖန်တီးနိုင်ရန် မျှော်လင့်လျက်ရှိပါတယ်။ AoC ၏ သီးသန့် Facebook နှင့် Instagram စာမျက်နှာများကိုလည်း မကြာမီ မိတ်ဆက်သွားမှာဖြစ်ပြီး ထိုစာမျက်နှာများမှတစ်ဆင့် သတင်းအချက်အလက်များ၊ အစီအစဉ်များ၊ အခွင့်အလမ်းများ နှင့် ကွန်ရက်အတွင်းရှိ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

ရှေ့မှာ စောင့်မျှော်ရမယ့် အစီအစဉ်ကောင်းများစွာ ရှိနေပါတယ်။ စောင့်ကြည့်အားပေးကြပါဦး။
A Tapestry of Personal Stories

© A Tapestry of Personal Stories

စာမူဖိတ်ခေါ်ခြင်း

A Tapestry of Personal Stories - ကိုယ်ပိုင်ဇာတ်လမ်းများ” အတွက် စာမူများတောင်းခံလွှာ

ကဗျာ၊ ဝတ္ထုတို၊ အက်ဆေး၊ ရိုးရာပုံပြင်
နောက်ဆုံးပေးပို့ရမည့်ရက် - ၃၁၊ သြဂုတ်လ၊ ၂၀၂၆ ခုနှစ်

Towards Empathy Project ၏ အစီအစဉ်တစ်ရပ်အဖြစ် မြန်မာဘာသာဖြင့် ရေးသားသူ မည်သူမဆို ပါဝင်တင်သွင်းနိုင်သည့် ကဗျာ၊ ဝတ္ထုတို၊ အက်ဆေးနှင့် ရိုးရာပုံပြင် စာမူများကို ယခုလက်ခံလျက်ရှိပါသည်။
ရွှေ့ပြောင်းနေထိုင်မှု၊ ကိုယ်ပိုင်အမှတ်သညာ၊ ကျား/မ ကွဲပြားစုံလင်မှု၊ မျိုးဆက်များ၏ အတွေ့အကြုံများ၊ ပညာရေး၊ လူမှုအသိုက်အဝန်း၊ စာနာနားလည်မှုနှင့် အပြန်အလှန် နားလည်မှုတို့ကဲ့သို့သော အကြောင်းအရာများကို စူးစမ်းဖော်ပြထားသည့် စာမူများကို ကြိုဆိုပါသည်။

တင်သွင်းမည့် စာမူများသည် ကိုယ်ပိုင်အတွေ့အကြုံအပေါ် အခြေခံ၍ဖြစ်စေ၊ စိတ်ကူးယဉ်ဖန်တီးထားသည်ဖြစ်စေ မူရင်းလက်ရာများ ဖြစ်ရမည်။

နေ့စဉ်ဘဝအတွင်းမှ အဓိပ္ပာယ်ပြည့်ဝသော အတွေးအမြင်များနှင့် လူအချင်းချင်းကြား ဆက်နွယ်မှုများကို ထင်ဟပ်ဖော်ပြသည့် ဇာတ်လမ်းများ၊ စာပေလက်ရာများကို မျှဝေပေးရန် ဖိတ်ခေါ်အပ်ပါသည်။

ဘာသာစကား

German Courses Starting in Term 5

© Goethe-Institut Myanmar

Term 5 ကာလ : 10.08.2026 – 15.09.2026

Term 5 အတွက် ဂျာမန်ဘာသာ သင်တန်းများ

သြဂုတ်လမှာ Goethe-Institut Myanmar မှ Term 5 အတွက် ဂျာမန်ဘာသာ သင်တန်းများကို ပြန်လည်ဖွင့်လှစ်သွားပါမည်။

Goethe-Institut Myanmar တွင် ဂျာမန်ဘာသာစကားကို စနစ်တကျစတင်သင်ယူပါ။ကျွန်ုပ်တို့၏ ဂျာမန်ဘာသာစကား သင်တန်းများကို ဥ‌ရောပဘာသာစကားဆိုင်ရာစံချိန်စံနှုန်းမူဘောင် (GER) နှင့် အညီ အဆင့် (၆) ဆင့် အပေါ်တွင် အခြေခံထားပါသည်။ထို့ကြောင့် ကျွန်ုပ်တို့၏သင်တန်းများသည် နိုင်ငံတကာစံချိန်စံနှုန်းနှင့် တိုင်းတာ နှိုင်းယှဥ် နိုင်ပါသည်။ သင်တန်းများကို အချိန်မရွေး နေရာမရွေး အွန်လိုင်းမှ စာရင်းသွင်းခြင်း ပြုလုပ်နိုင်ပါပြီ။  စုံစမ်းမေးမြန်းလိုသည်များ ရှိပါက info.language.mmr@goethe.de မှ တဆင့် အီးမေးလ် ပေးပို့ဆက်သွယ်နိုင်ပါသည်။

စာရင်းသွင်းရန် : A1.2 – B2.2 (31.07.2026 – 02.08.2026)

ဂျာမန်ဘာသာကို စတင်လေ့လာပြီး သင်၏ ရည်မှန်းချက်များသို့ ခြေလှမ်းတစ်လှမ်း ပိုမိုနီးကပ်အောင်သွားလိုက်ပါ။  

စာကြည့်တိုက်

SDG 13: Climate Actions

©Goethe-Institut Myanmar

Sustainable Entrepreneurship Series:

SDG 13: Climate Actions

Sustainable Entrepreneurship Series Program ပြန်လည်ရောက်ရှိလို့လာပါပြီ။

Goethe-Institut Myanmar နဲ့ Planet Impacts တို့မှ ပူးပေါင်းပြုလုပ်ထားတဲ့ Sustainable Entrepreneurship Series Program ကို မေလ မှ ဩဂုတ်လအတွင်း တစ်လလျှင် တစ်ကြိမ် ကျင်းပသွားမှာဖြစ်ပါတယ်။ အစီအစဉ်တိုင်းတွင် မတူညီသော ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင် (SDGs - Sustainable Development Goals) တွေအပေါ် အခြေခံတဲ့ စွန့်ဦးတီထွင်ခြင်းပညာရပ်ဆိုင်ရာသဘောတရားများကို သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ပညာရှင်တွေရဲ့ အတွေ့အကြုံများနဲ့အတူ သင်ယူလေ့လာနိုင်မှာပါ။
Glimmers you can hold

© Goethe-Institut Myanmar

Youth in Motion Within:

Glimmers you can hold

နေ့စဉ်ဘဝရဲ့ ရုန်းကန်လှုပ်ရှားမှုတွေ၊ အပြောင်းအလဲတွေကြားမှာ စိတ်ဖိစီးမှုတွေ များနေပြီလား? ခဏလောက် Break ယူပြီး စိတ်ကို ပြန်လည်လန်းဆန်းစေမယ့် Safe Space တစ်ခု ရှာနေတဲ့ လူငယ်တွေ၊ မိတ်ဆွေသစ်ဖွဲ့ပြီး တက်ကြွတဲ့ Community တစ်ခုမှာ ပါဝင်ချင်တဲ့ လူငယ်တွေအတွက်၊ Youth in Motion Within Program ရဲ့ ဒုတိယ workshop လေး လာပါပြီနော်။
Personal Symbol Painting

© Goethe-Institut Myanmar

ကလေးများနဲ့ လူငယ်များအတွက် အစီအစဉ်

Personal Symbol Painting for kids: Know Yourself

ဆေးရောင်ခြယ်ရတာကြိုက်တဲ့ အသက် ၇နှစ်မှ ၁၂နှစ်အရွယ် သြဂုတ်လ ၂၂ ရက်နေ့ တွင် ပြုလုပ်မယ့်  ကျွန်ုပ်တို့စာကြည့်တိုက်၏ “Personal Symbol Painting Workshop – Know Yourself”  အစီအစဥ်မှာ ပါ၀င်ဖို့ ဖိတ်ခေါ် လိုက်ပါတယ်နော်။
Board game Aug

© Goethe-Institut Myanmar

Discover German, One Word at a Time!

Wort für Wort

ယခုလ Board Game Day မှာ A1–A2 အဆင့် ဂျာမန်ဘာသာစကားသင်ယူသူများအတွက် အထူးရည်ရွယ်ထားတဲ့ Wort für Wort ဂိမ်းလေး ဆော့ကစားကြမှာကို သိပြီးပြီလား?
Health Communities Start With Us

© Goethe-Institut Myanmar

Youth Dialogue Lab

Health Communities Start With Us

AIESEC in Myanmar နှင့် Goethe-Institut Myanmar တို့ ပူးပေါင်း၍ လစဉ်ကျင်းပပြုလုပ်သော Youth Dialogue Lab စကားဝိုင်း အစီအစဉ်မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

ဒီလရဲ့ ဆွေးနွေးပွဲမှာတော့ SDG 3 Good Health and Well-Being ကို အဓိကထားပြီး “Health Communities Start With Us” ဆိုတဲ့ ခေါင်းစဉ်နဲ့အညီ မိုးရာသီကာလအတွင်း ကျန်းမာကြံ့ခိုင်သော လူ့အသိုင်းအဝိုင်းများ တည်ဆောက်ရာတွင် လူငယ်များ၏ ပါဝင်ဆောင်ရွက်နိုင်မှု အခန်းကဏ္ဍကို အလေးပေး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဆက်သွယ်ရန်

Goethe-Institut မြန်မာ
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း +95 1 9376160
info-yangon@goethe.de

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက

Impressum | Datenschutz | Newsletter abbestellen