|
၁၃:၀၀-၁၅:၀၀
Personal Symbol Painting for kids
Know Yourself|Children and Youth Program
-
စာကြည့်တိုက် , ရန်ကုန်၊
- စျေးနှုန်း ဝင်ကြေးအခမဲ့
ဆေးရောင်ခြယ်ရတာကြိုက်တဲ့ အသက် ၇နှစ်မှ ၁၂နှစ်အရွယ် သားသားမီးမီးတို့အတွက် သြဂုတ်လ ၂၂ ရက်နေ့ တွင် ပြုလုပ်မယ့် ကျွန်ုပ်တို့စာကြည့်တိုက်၏ “Personal Symbol Painting Workshop – Know Yourself” အစီအစဥ်မှာ ပါ၀င်ဖို့ ဖိတ်ခေါ် လိုက်ပါတယ်နော်။
ဒီပွဲလေးမှာ ကလေးများအနေဖြင့် မိမိတို့ရဲ့ ကိုယ်ပိုင်အမှတ်အသားနှင့် မိမိကိုယ်ကို ပိုမိုသိရှိနားလည်မှုတို့ကို အနုပညာမှတစ်ဆင့် လေ့လာစူးစမ်းနိုင်မှာဖြစ်ပါတယ်။ ပုံလေးတွေကို အလှဆုံးဖြစ်အောင် ဆေးရောင်ခြယ်ခြင်းကို အဓိက ထားမယ့်အစား သားသားမီးမီးတို့ သဘောကျရဆုံးဖြစ်တဲ့ အမှတ်တရလေးတွေ၊ စိတ်ခံစားချက်လေးတွေနဲ့ အတွေ့အကြုံလေးတွေကို ကိုယ်စားပြုတဲ့ သင်္ကတ (Symbols) လေးတွေကိုသာ အသုံးပြုပြီး မိမိကိုယ်ကို ပုံဖော်ပြသွားရမှာဖြစ်ပါတယ်။
ကိုယ်နှစ်သက်တဲ့ အရောင်တွေကို ရွေးချယ်အသုံးပြုရင်း မိမိ၏ ထူးခြားသော ကိုယ်ရည်ကိုယ်သွေးကို ထင်ဟပ်ဖော်ပြသည့် အနုပညာဖန်တီးမှုကို ပုံပြင်ပြောဟန်ဖြင့် တင်ဆက်ခွင့်လည်းရရှိမှာဖြစ်ပါတယ်။ ဒီတော့ ဒီအစီအစဥ်လေးက ကလေးတွေရဲ့ စိတ်ခံစားချက်ဖော်ထုတ်နိုင်စွမ်းကို မြှင့်တင်ပေးပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးတက်လာစေဖို့ အထောက်အကူဖြစ်စေမှာပါ။ ဒါ့အပြင် အနုပညာမှာ အမှား၊အမှန်ဆိုတာ မရှိဘူးဆိုတာကိုလည်း လေ့လာသင်ယူနိုင်ပါတယ်။ ဒါကြောင့် သားသားမီးမီးတို့ရဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ကိုယ်ပိုင်ဇာတ်လမ်းလေးတွေကို သင်္ကေတလေးများမှတစ်ဆင့် လွတ်လပ်စွာ ဖော်ထုတ်ဖန်တီးရင်း “ကိုယ့်ကိုယ်ကို ပိုမိုသိရှိနားလည်ခြင်း” ဆိုတဲ့ ခရီးလမ်းလေးကို အတူတူ စတင်ကြည့်လိုက်ပါနော်။
ဝင်ကြေးအခမဲ့ဖြစ်ပြီး၊ လူဦးရေကန့်သတ်ထားတာမို့ ကြိုတင်စာရင်းသွင်းရန်လိုအပ်ပါတယ်။ စာရင်းသွင်းခြင်းကို သြဂုတ်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ ပြုလုပ်နိုင်ပါတယ်။ ရွေးချယ်ခံရသူများအား သြဂုတ်လ ၁၄ ရက်နေ့တွင် အတည်ပြုအီးမေးလ် ပို့ပေးမည်ဖြစ်ပါတယ်။ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ - ♦အမည် ♦ အသက် ♦ဖုန်းနံပါတ် တို့ကို biblio-yangon@goethe.de မှတစ်ဆင့် အီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။

တည်နေရာ
စာကြည့်တိုက်
Goethe-Institut Myanmar
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊
ရန်ကုန်၊,
Myanmar