|
၁၃:၀၀-၁၆:၃၀
Glimmers you can hold
Youth in Motion Within |Creative Spaces for Self-Expression & Mindfulness
-
စာကြည့်တိုက် , ရန်ကုန်၊
- စျေးနှုန်း ဝင်ကြေးအခမဲ့
နေ့စဉ်ဘဝရဲ့ ရုန်းကန်လှုပ်ရှားမှုတွေ၊ အပြောင်းအလဲတွေကြားမှာ စိတ်ဖိစီးမှုတွေ များနေပြီလား? ခဏလောက် Break ယူပြီး စိတ်ကို ပြန်လည်လန်းဆန်းစေမယ့် Safe Space တစ်ခု ရှာနေတဲ့ လူငယ်တွေ၊ မိတ်ဆွေသစ်ဖွဲ့ပြီး တက်ကြွတဲ့ Community တစ်ခုမှာ ပါဝင်ချင်တဲ့ လူငယ်တွေအတွက်၊ Youth in Motion Within Program ရဲ့ ဒုတိယ workshop လေး လာပါပြီနော်။
လူတွေဟာ နေ့စဉ်ဘဝရဲ့ မောပန်းမှုတွေ၊ စိတ်ဖိစီးမှုတွေကြားမှာ စိတ်အနှောင့် အယှက်ဖြစ်စရာ (Triggers) တွေကိုပဲ အာရုံရောက်နေတတ်ပြီး စိတ်ကို အနားရစေမယ့်၊ ကြည်နူးစေမယ့်၊ ပျော်ရွှင်စေမယ့်၊ လုံခြုံမှုပေးမယ့် သေးငယ်တဲ့အလင်းတန်းလေးတွေ (Glimmers) ကို ရှာဖွေဖို့ မေ့လျော့နေတတ်ကြပါတယ်။ "Glimmers you can hold" ဆိုတဲ့ အဓိပ္ပာယ်က စိတ်ကို နွေးထွေးအေးချမ်းစေတဲ့ အလင်းတန်း/ အခိုက်အတန့်လေးတွေကို လက်ထဲမှာ ဆုပ်ကိုင်ထားနိုင်တယ်ဆိုတဲ့ ခံစားချက်၊ အဓိပ္ပာယ် လေးပဲဖြစ်ပါတယ်။ ဒီ workshop မှာတော့ မိမိကိုယ်ကို ပြန်လည်သုံးသပ်ပြီး၊ စိတ်ဖိစီးမှုတွေကို လျှော့ချကာ၊ ပစ္စုပ္ပန်မှာ သတိထားနေထိုင်တတ်ဖို့ creativity နဲ့ mindfulness ကို ပေါင်းစပ်ပြီး ကိုယ့်ရဲ့ ‘Glimmers’ လေးတွေကို ရှာဖွေဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဒါဆိုရင် နွေးထွေးပြီး ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ အတူတူ ဆုံစည်းပြီး ကိုယ်ရဲ့ 'Glimmers လေးတွေကို ဖန်ပုလင်းလေးတွေပေါ်မှာ ဆေးရောင်စုံတွေနဲ့ ကိုယ်တိုင်ပုံဖော်ဖန်တီးပြီး အိမ်အပြန်မှာ လက်ထဲဆုပ်ကိုင် ယူဆောင်သွားနိုင်ဖို့ ဒီအလုပ်ရုံဆွေးနွေးပွဲလေးကို လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
အသက် ၁၈ နှစ်နှင့် အထက် မည်သူမဆို အခမဲ့ပါဝင်နိုင်ပြီး၊ လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ - ♦အမည် ♦ အသက် ♦ဖုန်းနံပါတ် တို့ကို biblio-yangon@goethe.de မှတစ်ဆင့် အီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။

တည်နေရာ
စာကြည့်တိုက်
Goethe-Institut Myanmar
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊
ရန်ကုန်၊,
Myanmar