A group of youths pose in front of the camera © Multikulturelles Forum e.V.

ပြောင်းရွှေ့အခြေချခြင်းအဖွဲ့အစည်းတစ်ခုဆိုသည်မှာအဘယ်နည်း။ ၎င်းသည်မည်သို့လုပ်ဆောင်သနည်း။

ဂျာမနီနိုင်ငံတွင် အမျိုးမျိုးသောကွဲပြားခြားနားသည့် ပြောင်းရွှေ့အခြေချခြင်းအဖွဲ့အစည်းများရှိသည်။ ဤအဖွဲ့အစည်းများသည် အများအားဖြင့် ပြောင်းရွှေ့အခြေချနောက်ခံရှိသောသူများက ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်ပြီး အဖွဲ့ဝင်အများစုမှာ ပြောင်းရွှေ့အခြေချလာကြသူများဖြစ်ကြသည်။ ပြောင်းရွှေ့အခြေချခြင်းအဖွဲ့အစည်းများသည် အမျိုးမျိုးသောကွဲပြားသည့် စိတ်ဝင်စားမှုများ၊ ကမ်းလှမ်းမှုများနှင့်ရည်ရွယ်ချက်များရှိကြသည်။ အချို့က ဂျာမနီသို့အသစ်ရောက်လာသူများကိုအကြံပေးဆွေးနွေးကာ အားပေးကူညီပေးသည်။ အခြားသောအဖွဲ့များက ဇာတိဘာသာစကားနှင့်ယဉ်ကျေးမှုကိုထိန်းသိမ်းစောင့်ရှောက်ရန် လုပ်ဆောင်ကြသည်။ အချို့အချို့သောအဖွဲ့စည်းများကမူ လူငယ်နှင့်အရွယ်ရောက်ပြီးသူများပညာရေးကို စိတ်ဝင်စားအောင်လှုံဆော်ပေးသည်။ အချို့သောပြောင်းရွှေ့အခြေချခြင်းအဖွဲ့အစည်းများသည် အလွန်စနစ်တကျဖွဲ့စည်းထားပြီး အချို့မှာ ပိုမိုလျော့ရဲသောပဏာမခြေလှမ်းနှင့်စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများဖြစ်ကြသည်။ အဖွဲ့အတွင်း ပြောင်းရွှေ့အခြေချသူအချင်းချင်း အမျိုးမျိုးသောအကြောင်းအရာများကို အွန်လိုင်းတွင်ဆွေးနွေးဖလှယ်နိုင်သည့် အွန်လိုင်းမိတ်ဆွေအသိုင်းအဝိုင်းများလည်းရှိပါသည်။ ပြောင်းရွှေ့အခြေချခြင်းအဖွဲ့အစည်းတစ်ခုတွင် အဖွဲ့ဝင်ဖြစ်လာနိုင်သော်လည်း အဖွဲ့အစည်းအများစုတွင် အကူအညီရယူရန်အတွက် အဖွဲ့ဝင်တစ်ဦးဖြစ်ရန် မဖြစ်မနေမလိုအပ်ပါ။

ပြောင်းရွှေ့အခြေချခြင်းအဖွဲ့အစည်းတစ်ခုကို မည်သည့်အခါတွင်ကျွန်ုပ်မေးခွန်းမေးမြန်းနိုင်သနည်း။

သင်၏လိုအပ်ချက်နှင့်စိတ်ဝင်စားမှုအပေါ်မူတည်၍ အမျိုးမျိုးသောကွဲပြားခြားနားသည့် ပြောင်းရွှေ့အခြေချခြင်းအဖွဲ့အစည်းများကို မေးမြန်းနိုင်ပါသည်။

ဥပမာအားဖြင့်
  • ဂျာမနီနိုင်ငံသို့ရောက်ခါစဖြစ်ပြီး အစိုးရရုံးလုပ်ငန်းဆောင်တာများ၊ ဘာသာပြန်ဆိုမှု အစရှိသည့် ကနဦးအဆင့်များတွင် အကြံပေးဆွေးနွေးခြင်းနှင့်ထောက်ပံ့ကူညီမှုလိုအပ်ပါက တစ်ခါတစ်ရံ ပြောင်းရွှေ့အခြေချခြင်းအဖွဲ့အစည်းများမှလူများသည် သင်၏ဘာသာစကားကိုပြောပြီးသင့်ကိုကူညီနိုင်ပါသည်။
  • သင်၏ဇာတိမြေမှသူများနှင့်အဆက်အသွယ်ရှိလိုပါက ဥပမာအားဖြင့် သင်၏ဇာတိမြေမှ အထူးတလည်အားကစား သို့ အစားအစာ၊ ဂီတ သို့ ယဉ်ကျေးမှု၊ ဘာသာစကားတို့အတွက် ပြောင်းရွှေ့အခြေချခြင်းအဖွဲ့အစည်းများကို ရှာဖွေနိုင်ပါသည်။
  • ဂျာမန်များ၊ အခြားနိုင်ငံမှသူများနှင့် ဆွေးနွေးဖလှယ်လိုပြီး ဂျာမန်လူမှုအသိုင်းအဝိုင်းတွင် ပိုမိုပါဝင်လိုပါက။
  • ခွဲခြားနှိမ့်ချခြင်းနှင့်လူမျိုးရေးအရခွဲခြားမှုများနှင့်ကြုံတွေ့နေရပြီး အကူအညီလိုအပ်ပါက။
  • လူမှုရေးအရမညီမျှမှုနှင့် လိင်ကွဲပြားမှုအရခွဲခြားဆက်ဆံခြင်း၊ လူမျိုးရေးအရခွဲခြားဆက်ဆံခြင်းတို့ကို ဆန့်ကျင်ခြင်းကဲ့သို့သော နိုင်ငံရေးနှင့်လူမှုရေးအကြောင်းအရာများကို သင်စိတ်ဝင်စားပါက။

ပြောင်းရွှေ့အခြေချခြင်းအဖွဲ့အစည်းတစ်ခုကိုကျွန်ုပ်မည်သို့ရှာဖွေနိုင်ပါသနည်း။

ဒေသတွင်းလှုပ်ရှားနေသောပြောင်းရွှေ့အခြေချခြင်းအဖွဲ့အစည်းအကြီး၊ အငယ် အများအပြားရှိပါသည်။ သင်၏မြို့/ဒေသရှိ ပြောင်းရွှေ့အခြေချခြင်းအဖွဲ့အစည်းများ ရှိ/မရှိကိုစုံစမ်းပါ။ အင်တာနက်ပေါ်တွင်လည်း အထူးသဖြင့်လူမှုကွန်ယက်ပေါ်တွင် အွန်လိုင်းအသိုင်းအဝိုင်းကို မေးမြန်းရှာဖွေနိုင်ပါသည်။ အတူတကွပေါင်းစည်းလုပ်ဆောင်နေသောပြောင်းရွှေ့အခြေချခြင်းအဖွဲ့အစည်းများလည်းရှိပါသည်။

ဤတွင် အချို့သောပြောင်းရွှေ့အခြေချခြင်းအဖွဲ့အစည်းများနှင့်အဖွဲ့ငယ်များကို ဖော်ပြထားပါသည်။ ဤစာရင်းသည် အပြည့်အစုံမဟုတ်ပါ။

ယဉ်ကျေးမှုပေါင်းစုံဖိုရမ်(တရားဝင်စာရင်းသွင်းထားသောအဖွဲ့အစည်း)

ယဉ်ကျေးမှုပေါင်းစုံဖိုရမ်(တရားဝင်စာရင်းသွင်းထားသောအဖွဲ့အစည်း)သည် ကွဲပြားစုံလင်မှု၊ အားလုံးပါဝင်မှုနှင့်အခွင့်အရေးတန်းတူညီမျှမှုတို့ကို မြှင့်တင်ပေးသည်။ ထိုအဖွဲ့အစည်းသည် Lünen ၊ Düsseldorf ၊ Dortmund ၊ Hamm နှင့် Bergkamen တို့တွင်ရုံးခွဲများရှိသည်။ ၎င်းတို့အလုပ်၏အဓိကအလေးထားချက်များမှာ လုပ်သားများပေါင်းစည်းဝင်ဆံ့ရေး၊ ဆက်လက်ပညာသင်ကြားရေးနှင့် နိုင်ငံရေးအသိပညာပေးခြင်းနှင့်ကာကွယ်ရေးစီမံကိန်းများကဲ့သို့သော အကြံပေးဆွေးနွေးခြင်းတို့ဖြစ်ကြသည်။ ဤအဖွဲ့အစည်းသည် အလုပ်ရှာဖွေခြင်းနှင့်အလုပ်လျှောက်ခြင်းတို့တွင်ကူညီပြီး မည်သည့်အလုပ်ကသူတို့အတွက်သင့်တော်သည်ကို ရှာဖွေရာတွင်အထောက်အကူပေးသည်။ ၎င်းတွင်အကြံပေးဆွေးနွေးမှုစင်တာများစွာရှိပြီး အစိုးရရုံးများနှင့်သက်ဆိုင်သောအခက်အခဲပြဿနာများတွင်ကူညီပေးသည်။ နေ့ကလေးထိန်းကျောင်းမူကြို သို့မဟုတ် ကျောင်းနေရာကိုရှာဖွေရာတွင်အထောက်အကူပေးသည်။ သို့မဟုတ် အခြားသောပြဿနာများကိုကူညီဖြေရှင်းပေးသည်။ ထို့အပြင် ယဉ်ကျေးမှုပေါင်းစုံဖိုရမ်တရားဝင်စာရင်းသွင်းထားသောအဖွဲ့အစည်းတွင် လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှုကိုမြှင့်တင်နိုင်သော (သို့) သူတို့၏ကျန်းမာရေးကိုပိုမိုကောင်းမွန်စေသော၊ တီထွင်ဖန်တီးမှုအလုပ်ရုံဆွေးနွေးပွဲများကိုတက်ရောက်နိုင်သော၊ ဂျာမန် (သို့) အခြားသောဘာသာစကားများကိုသင်ယူနိုင်သော သင်တန်းများစွာရှိပါသည်။ နောက်ဆုံးအရေးအကြီးဆုံးမှာ ဖိုရမ်တွင် ကွဲပြားစုံလင်သောလူနေမှု၊ လူမျိုးရေးခွဲခြားမှုကိုဆန့်ကျင်ခြင်း၊ နိုင်ငံရေးအရပါဝင်မှု (သို့) အစွန်းရောက်မှုကိုဆန့်ကျင်သောလှုပ်ရှားမှုများပါဝင်သော စီမံကိန်းများစွာရှိပါသည်။

www.multikulti-forum.de

A counsellor speaks in front of a group of people who can be seen sitting on chairs from behind. © Isabella Thiel / Multikulturelles Forum e.V.
 

ဂျာမနီရှိတူရကီဇာတိမြေအဖွဲ့အစည်းအဖွဲ့ချုပ်

ဂျာမနီရှိတူရကီဇာတိမြေအဖွဲ့အစည်းအဖွဲ့ချုပ် (FÖTED) သည် ဂျာမနီရှိတူရကီဇာတိမြေအဖွဲ့ငယ်လေးများပေါင်းစုဖွဲ့စည်းထားခြင်းဖြစ်သည်။ FÖTED သည်စတင်တည်ထောင်စဉ်ကတည်းကပင် တူရကီဇာတိမိဘများ၏စကားပြောခွက်ဖြစ်ခဲ့ပြီး နိုင်ငံတစ်ဝှမ်းအဖွဲ့ဝင်အဖွဲ့ငယ်ပေါင်း (၁၂၀) ကျော်ဖြင့် ပညာရေး၊ သင်ကြားရေးနှင့်အလုပ်အကိုင်ဖွံ့ဖြိုးရေးနယ်ပယ်များတွင် တူရကီမှလာသောကလေးများ၏အခွင့်အလမ်းကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ပေးသည်။
FÖTED သည် ပြောင်းရွှေ့အချေခြသူမိဘများအသင်းအဖွဲ့များနှင့်ကနဦးအဖွဲ့အစည်းများ၏နိုင်ငံတစ်ဝှမ်းကွန်ယက်အတွက် ပညာရေးနှင့်ပါဝင်မှုတို့၏ပြောင်းရွှေ့အချေခြသူများအဖွဲ့အစည်းနိုင်ငံတစ်ဝှမ်းမိဘများကွန်ယက်ကိုတည်ထောင်ခြင်းဖြင့်အစပြုခဲ့ခြင်းဖြစ်သည်။ ရည်ရွယ်ချက်မှာ ၎င်းတို့၏အရည်အချင်းနှင့်ဖြစ်နိုင်ချေအလားအလာတို့ကို ပညာရေးနှင့်ပေါင်းစည်းဝင်ဆံ့ရေးထောက်ပံ့မှု၏အရေးကြီးသောလုပ်ဆောင်သူအဖြစ်စနစ်တကျပေါင်းစည်းရန်နှင့်စုပေါင်းညှိနှိုင်းဆောင်ရွက်မှုအကျိုးရလဒ်ကိုထုတ်ဖော်နိုင်ရန်ဖြစ်သည်။ ပညာရေးနှင့်အသိပညာပေးရေးဖြစ်ပေါ်လာသောအမျိုးမျိုးသောစီမံကိန်းများတွင်မိဘများနှင့်လှုပ်ရှားဆောင်ရွက်သူများကို FÖTED ကထောက်ပံ့ပေးသည်။
 
www.tuerkische-elternfoederation.de

ကမ်မရွန်အင်ဂျင်နီယာနှင့်ကွန်ပြူတာသိပ္ပံပညာရှင်များအစည်းအရုံး

ကမ်မရွန်အင်ဂျင်နီယာနှင့်ကွန်ပြူတာသိပ္ပံပညာရှင်များအစည်းအရုံးသည် အင်ဂျင်နီယာနှင့်ကွန်ပြူတာသိပ္ပံနယ်ပယ်တွင်လေ့လာသင်ကြားသူများပြားလာခြင်းကြောင့် အင်ဂျင်နီယာနှင့်ကွန်ပြူတာသိပ္ပံနယ်ပယ်တွင် ပြန့်ကျဲနေသော အာဖရိကန် ကမ်မရွန်များကိုစုစည်းရန်တည်ထောင်ခဲ့ခြင်းဖြစ်သည်။
အဖွဲ့ဝင်ပေါင်း (၇၀၀) ဝန်းကျင်ဖြင့်ထိုအဖွဲ့အစည်းသည် ကျောင်းသားကူညီထောက်ပံ့မှုကဲ့သို့သော အလုပ်အကိုင်နှင့်အရွယ်ရောက်ပြီးသူများပညာရေး၊ ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုတို့ကိုထောက်ပံ့ဆောင်ရွက်သည်။ ၎င်းတို့၏အဓိကရည်မှန်းချက်တစ်ခုမှာ အာဖရိကန် ကမ်မရွန်အသိုင်းအဝိုင်း၏အခက်အခဲပြဿနာများကို အတွင်းရောအပြင်ပါ ခွဲခြားရွေးထုတ်ပြီး ၎င်းတို့၏ ကျောင်းသားနှင့်ပညာရှင်အဖွဲ့ဝင်များ၏အသိပညာအကူအညီဖြင့်ဖြေရှင်းရန်ဖြစ်သည်။ အဖွဲ့ဝင်များက ၎င်းတို့၏ကိုယ်ပိုင်အတွေ့အကြုံများဖြင့် ထောက်ပံ့ကူညီကြပြီး အင်ဂျင်နီယာပညာလာရောက်သင်ကြားကြသော အာဖရိကန်ကျောင်းသား/သူများကို ဂျာမနီသို့စရောက်သည့်ပထမနေ့ကတည်းကပင် အတူလိုက်ပါကူညီပေးသည်။ ဤကမ်းလှမ်းမှုသည် လမ်းညွှန်မှုအစီအစဉ်မှဖြစ်ပြီး VKII (ကမ်မရွန်အင်ဂျင်နီယာနှင့်ကွန်ပြူတာသိပ္ပံပညာရှင်များအစည်းအရုံး) ၏အကောင်းဆုံးကျောင်းသားဆုဖြစ်သည်။
 
www.vkii.org

Gruppenfoto Mitglieder des Verein Kamerunischer Ingenieure und Informatiker © Armel Djine ဖက်ဒရယ်နှင့်အကာအကွယ်အဖွဲ့များ DaMigra

ပြောင်းရွှေ့အချေခြသူများအဖွဲ့အစည်းများ၏အကာအကွယ်အဖွဲ့ DaMigra သည် (၂၀၁၄) ကတည်းကပင် ပြောင်းရွှေ့အချေခြသူများအဖွဲ့အစည်းများ၏ နိုင်ငံတစ်ဝှမ်း ဇာတိမြေကိုမမှီခိုသော အမျိုးသမီးများကိုအဓိကထားသော အကာအကွယ်အဖွဲ့အဖြစ်ရပ်တည်ခဲ့သည်။
www.damigra.de/dachverband/ueber-uns/

BV NeMO

ပြောင်းရွှေ့အချေခြသူများအဖွဲ့အစည်းများ၏ဒေသဆိုင်ရာအစုအဖွဲ့သည် ပြောင်းရွှေ့အချေခြသူများအဖွဲ့အစည်းများ၏နိုင်ငံတစ်ဝှမ်းအသင်းအဖွဲ့ကွန်ယက်(BV NeMO)နှင့်အတူပေါင်းစည်းခဲ့သည်။
www.bv-nemo.de

DaMOst

အရှေ့ဂျာမနီရှိပြောင်းရွှေ့အချေခြသူများအဖွဲ့အစည်းများ၏အကာအကွယ်အဖွဲ့ ​​​​​​​
www.damost.de