အရေးပေါ်အခြေအနေမှာ ဘာလုပ်ရမလဲ။

Audio-Player: Artikel anhören

Artikel anhören

MWND Notfall

အရေးပေါ်အခြေအနေများအတွက်အရေးကြီးသည့်ဖုန်းနံပါတ်များ အရေးပေါ်နံပါတ်များအားလုံးကိုအခမဲ့ခေါ်ဆိုနိုင်ပါသည်။ မည်သည့်ဖုန်းမှမဆိုဖုန်းငွေမရှိဘဲလည်းခေါ်ဆိုနိုင်ပါသည်။
 

Man sieht den oberen Teil eines grauen Gebäudes mit einem Schild, das ein rotes Kreuz auf weißem Grund zeigt. © Goethe-Institut

ရဲ။   ။ 110

ရဲများသည် ပြစ်မှုခင်းများ၊ ပြင်းထန်သောယာဉ်မတော်တဆမှုများ၊ ဆေးပညာဆိုင်ရာမဟုတ်သောအရေးပေါ်အခြေအနေများအတွက် တာဝန်ရှိသည်။

  • ခေါ်ဆိုပြီးနောက်သင်၏နာမည်ကိုပြောပြီး
  • ဘယ်မှာဖြစ်တာလဲပြောပါ။
  • ဘာဖြစ်တာလဲပြောပါ။
  • ဘယ်နှစ်ယောက်ပါဝင်လဲပြောပါ။
  • ထိခိုက်ဒဏ်ရာရမှုများကိုပြောပါ။
  • တစ်ဖက်မှပြန်လည်မေးမြန်းသည်များကိုစောင့်ဆိုင်းပါ။

ကလေးများ

ကလေးများအတွက်လည်း လူကြီးများအတွက်ခေါ်ဆိုသောဖုန်းနံပါတ်များကို ခေါ်ဆိုနိုင်ပါသည်။ သို့သော် ကလေးများနှင့်ပတ်သက်လျှင် မည်သို့ဆောင်ရွက်ရမည်၊ မြန်မြန်ဆန်ဆန်မည်သို့တုံ့ပြန်ရမည်ကိုသိရန်အရေးကြီးပါသည်။ ပထမဦးစွာ ကလေးကိုသက်တောင့်သက်သာဖြစ်အောင်ထားပြီး နှစ်သိမ့်ချော့မော့ပါ။ မိမိကိုယ်တိုင်စိတ်ကိုငြိမ်စွာထားပြီး ကလေးကိုပိုမိုထိတ်လန့်မှုမဖြစ်စေဘဲ မှန်ကန်သောအရေးပေါ်နံပါတ်သို့  မြန်မြန်ဆက်သွယ်ရန်အရေးကြီးပါသည်။ ဒဏ်ရာအနာတရများရထားပါက ဆေးကြောသန့်စင်ပြီး ပိုးမွှားသန့်စင်သောပတ်တီးစီး၊ ပလာစတာကပ်စသည်တို့ပြုလုပ်နိုင်ရန် ကိရိယာအပြည့်အစုံပါဝင်သောရှေးဦးသူနာပြုသေတ္တာတစ်လုံး အိမ်တွင်အမြဲဆောင်ထားသင့်ပါသည်။

ကလေးများနှင့်လူငယ်များအတွက်ဖုန်းလိုင်း။     ။ 0800/1110333

ကလေးသူငယ်များနှင့်ဆယ်ကျော်သက်များ၏ပြဿနာများ၊ အင်တာနက်လုံခြုံရေးနှင့်လိင်ပိုင်ဆိုင်းရာအကြမ်းဖက်မှုများအတွက်

မိဘများအတွက် ဖုန်းလိုင်း။    ။ 0800/1110550

ကလေးအုပ်ထိန်းမှုဆိုင်ရာမေးခွန်းများ၊ အင်တာနက်လုံခြုံရေး၊ လိင်အကြမ်းဖက်မှုများစသည်ဖြင့် ကလေးများနှင့်အုပ်ထိန်းသူများ၏ပြဿနာများအတွက်ခေါ်ဆိုနိုင်ပါသည်။

အမျိုးသမီးများအကြမ်းဖက်ခံရခြင်းအတွက်အကူအညီတောင်းဆိုခြင်း။   ။ 08000/116016

နိုင်ငံတစ်ဝှမ်းရှိ အကြမ်းဖက်ခံရသောအမျိုးသမီးများနှင့်၎င်းတို့၏လူမှုပတ်ဝန်းကျင်အတွက် အခမဲ့အကြံပေးဝန်ဆောင်မှုဖြစ်ပါသည်။ သင့်နာမည်ကိုပြောစရာမလိုဘဲ တစ်နှစ်လုံးအချိန်မရွေးခေါ်ဆိုနိုင်ပါသည်။

ကိုယ်ဝန်ဆောင်မိခင်များအတွက်အရေးပေါ်  (နာမည်ပြောစရာမလိုဘဲလုံခြုံစိတ်ချရသည်)။    ။ 0800/4040020

စိတ်ပိုင်းဆိုင်ရာအကူအညီပေးခြင်း။    ။ 0800/1110111

မိမိဘဝလက်တွဲဖော်နှင့်ပြဿနာများ၊ ကျောင်းနှင့်လုပ်ငန်းခွင်တွင်အနိုင်ကျင့်ခံရမှုများ၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ အလုပ်ရှာခြင်း၊ အထီးကျန်မှု၊ စိတ်ပိုင်းဆိုင်ရာအကျပ်အတည်းနှင့်စိတ်ပိုင်းဆိုင်ရာမေးခွန်းများစသည့် ပြဿနာများနှင့်အခက်အခဲများအတွက် ဤနံပါတ်သို့ခေါ်ဆိုနိုင်ပါသည်။

ငွေစုကတ်အရေးပေါ်။   ။ 116116

သင်၏ EC ကတ်၊ အကြွေးဝယ်ခရက်ဒစ်ကတ်၊ မှတ်ပုံတင်ကတ်စသည်တို့ ပျောက်ဆုံး (သို့) အခိုးခံရပါက ဤနံပါတ်ကိုခေါ်ဆို၍ကတ်ကိုပိတ်ပင်နိုင်ပါသည်။

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက