ဥရောပသမဂ္ဂ (EU)

ဥရောပသမဂ္ဂ (European Union) သည် ဥရောပတိုက်မှ နိုင်ငံများစွာ ပါဝင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ စတုရန်းကီလိုမီတာ လေးသန်းကျော်ရှိသည့် ဥရောပတွင် လူဦးရေ သန်း (၄၅၀) နီးပါး နေထိုင်ကြသည်။ အီးယူတွင် လက်ရှိ အဖွဲ့ဝင် (၂၇) နိုင်ငံရှိသည်။ ဥရောပတွင်နေထိုင်သူ အားလုံးအတွက် ငြိမ်းချမ်းရေး၊ ပူးပေါင်းဆောင်ရွက်မှု နှင့် သာယာဝပြောရေး ကို ဥရောပသမဂ္ဂ မှ လိုလားသည်။ ဥရောပသားအားလုံး ကောင်းမွန်စွာနေထိုင်နိုင်ရမည်။ အီးယူ အဖွဲ့အစည်းကြောင့် ဥရောပသားများ၏ လူနေမှုဘဝ ပိုကောင်း၊ ပိုလုံခြုံပြီး၊ ပိုမိုလွယ်ကူစေရမည်။ နိုင်ငံများအား ပြဿနာများ အတူတကွ ဖြေရှင်းရန်၊ ကုန်သွယ်မှု ပြုလုပ်ရန် နှင့် ဘုံစည်းမျဉ်းများနှင့်အညီနေထိုင်ရန် အီးယူ မှ ကူညီပေးသည်။

Audio-Player: Artikel anhören

Artikel anhören

Die Europäische Union

Europäische Flagge © Goethe-Institut/ Gina Bolle

စီမံအုပ်ချုပ်ရေး

အီးယူတွင် ရုံးသုံးဘာသာစကား (၂၄) မျိုးရှိသည်။ အီးယူ၏ စာရွက်စာတမ်းများ နှင့် သတင်းအချက်အလက်အားလုံးကို ဤဘာသာစကားများဖြင့် ရေးသားထားသည်။ အီးယူ ကို လည်ပတ်ရန် အရေးကြီးသော အဖွဲ့များ ရှိသည်။ ၎င်းတို့မှာ ဥရောပပါလီမန်၊ ဥရောပကော်မရှင်၊ ဥရောပသမဂ္ဂကောင်စီ နှင့် အခြားဌာနများ ဖြစ်သည်။

အီးယူသမိုင်း

ဥရောပသမဂ္ဂကို ဒုတိယကမ္ဘာစစ်အပြီးတွင် တည်ထောင်ခဲ့သည်။ ဂျာမနီ နှင့် အခြားငါးနိုင်ငံတို့မှ (၁၉၅၁) ခုနှစ်တွင် ပထမဆုံးဥရောပအသင်း ကို တည်ထောင်ခဲ့သည်။ ဥရောပတွင် ခိုင်မာသောစီးပွားရေး ကို လိုချင်ကြသောကြောင့် ဖြစ်သည်။ ထိုအချိန်မှစ၍ အီးယူအဖြစ် ဆက်လက်ပြောင်းလဲ လာသည်။ (၂၀၀၂) ခုနှစ်မှ စတင်၍ အီးယူဘုံငွေကြေးမှာ ယူရို ဖြစ်သည်။ အီးယူ နိုင်ငံပေါင်း (၂၀) တွင် ယူရိုငွေ သုံးစွဲပါသည်။

ပန်းတိုင်များ နှင့် စံနှုန်းတန်ဖိုးများ

အီးယူသည် စံနှုန်းများရှိသော အသင်းအဖွဲ့တစ်ခုဖြစ်သည်။ ၎င်းတို့တွင် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ၊ လွတ်လပ်မှု နှင့် တန်းတူညီမျှမှုတို့ ပါဝင်သည်။ စံနှုန်းများဖြင့် မည်သည့်အရာက မှန်သည်၊ မှားသည်ကို ပြသပြီး မှန်မှန်ကန်ကန် ဆောင်ရွက်ရန် လမ်းပြပေးပါသည်။

ဥပမာအားဖြင့် အီးယူ၏ ရည်မှန်းချက်များမှာ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရန် နှင့် စီးပွားရေးကို အားကောင်းစေရန် ဖြစ်သည်။ ဥရောပသားအားလုံး ကောင်းမွန်စွာနေထိုင်နိုင်ရမည်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ မည်သည့်နေရာမှ လာသည်ဖြစ်စေ၊ မည်သည့် ဘာသာတရား ကိုးကွယ်သည်ဖြစ်စေ အားလုံးကို တန်းတူညီမျှစွာ ဆက်ဆံရမည်။

အီးယူ တွင် တန်းတူညီမျှရေးအတွက် အလုပ်လုပ်သည့် ဌာနရှိသည်။ ၎င်းအဖွဲ့မှ လူတိုင်း တန်းတူညီမျှဆက်ဆံခံရခွင့် ရှိစေရန် ကြိုးပမ်းသည်။ မည်သူတဦးတယောက်မှ ၎င်းတို့၏ ဇာတိ၊ ဘာသာရေး၊ လိင် သို့မဟုတ် မသန်စွမ်းမှုကြောင့် ခွဲခြားဆက်ဆံခံရမှု မရှိစေရပါ။ တန်းတူညီမျှရှိရေး ဆောင်ရွက်သည့်အဖွဲ့ မှ အားလုံးကို ကူညီပေးသည်။ သတင်းအချက်အလက်များ နှင့် ဆွေးနွေးအကြံပေးခြင်း ကို ဘာသာစကားအမျိုးမျိုးဖြင့် ရရှိနိုင်သည်။

အီးယူ အတွင်း ရွှေ့ပြောင်းသွားလာခြင်း

ဥရောပသမဂ္ဂနိုင်ငံများအတွင်း နေထိုင်သူများသည် နိုင်ငံတစ်ခုမှတစ်ခုသို့ အလွယ်တကူ သွားလာနိုင်သည်။ အီးယူ နိုင်ငံတစ်ခုမှ လာပါက၊ အခြားအီးယူနိုင်ငံအတွင်းသို့ လွတ်လပ်စွာ ရွှေ့ပြောင်းနိုင်၊ နေထိုင်နိုင်၊ အလုပ်လုပ်နိုင် သို့မဟုတ် ကျောင်းတက်နိုင်သည်။

သင်သည် အီးယူအဖွဲ့ဝင်မဟုတ်သော နိုင်ငံမှ လာပါသလား။ ထိုသို့ဆိုပါက တတိယနိုင်ငံမှလာသူဖြစ်ပါသည်။ အီးယူ အတွင်း ခရီးသွားနိုင်၊ နေထိုင်နိုင်၊ အလုပ်လုပ်နိုင်သည်။ သို့သော် ၎င်းအတွက် အထူးစည်းမျဉ်းများရှိပါသည်။ ဥပမာအားဖြင့်၊ အီးယူနိုင်ငံတစ်ခုတွင် နေထိုင်ခွင့် လိုအပ်ပါသည်။ ထိုနိုင်ငံတွင် နှစ်အတော်ကြာနေခဲ့ပြီး မိမိဘာသာ နေထိုင်စရိတ်များ ကျခံနိုင်ရမည်။ ၎င်းအချက်များပြည့်စုံပါက နေထိုင်ခွင့်ပါမစ် လျှောက်နိုင်သည်။ ဤခွင့်ပြုချက်ဖြင့် အခြားအီးယူနိုင်ငံများ သို့ ပြောင်းရွှေ့နိုင်သည်။

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက