အားလပ်ချိန်
ဂျာမနီတွင် အားလပ်ရက်အပန်းဖြေစရာ များစွာရှိပါသည်။ မြို့ကြီးများတွင် ထို့အတွက် အခွင့်အလမ်းပိုများသည်။ ယဉ်ကျေးမှုဆိုင်ရာ ကြည့်ရှုဖွယ်ရာများ မြို့ကြီးများတွင် အများအပြားရှိသည်။ ဥပမာ ပြဇာတ်ရုံများ၊ ပြတိုက်များ နှင့် ဖျော်ဖြေပွဲများ ဖြစ်သည်။ စားသောက်ဆိုင်များ နှင့် အရောင်းဆိုင်များလည်း ပိုများသည်။ ထို့ပြင် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်လည်း ရှိပါသည်။ တစ်ဖက်မှကြည့်လျှင်မူ မြို့ပြဘဝမှာ ပို၍စျေးကြီးသည်။ ဆူညံ၍ သဘာဝရှုခင်း သိပ်မရှိတတ်ပါ။