
ခွဲခြားဆက်ဆံမှုဆန့်ကျင်ရေး အေဂျင်စီ (ADS) သည် ဂျာမန် အာဏာပိုင် အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ ၎င်းသည် ခွဲခြားဆက်ဆံခံရသူများအား ၎င်းတို့၏ အခွင့်အရေးများရရှိရန်နှင့် ခွဲခြားဆက်ဆံမှုကို ကာကွယ်နိုင်ရန်အတွက် ကူညီပေးပါသည်။ ခွဲခြားဆက်ဆံမှုများသည် လူမျိုးရေးခွဲခြားမှု ကြောင့် (သို့) မိမိလာရာနိုင်ငံကြောင့်၊ ကျား (သို့) မ ကွာခြားမှုကြောင့်၊ ယုံကြည်ကိုးကွယ်ရာ သာသာကြောင့်၊ မသန်စွမ်းမှုတစ်ခုခုကြောင့်၊ အသက်ကြောင့်၊ လိင်ခံယူမှု စသည်တို့ကြောင့် ဖြစ်နိုင်ပါသည်။
ADS (ခွဲခြားဆက်ဆံမှုဆန့်ကျင်ရေး အေဂျင်စီ) သည် ခွဲခြားဆက်ဆံမှုများကို ဥပဒေဘောင် အတွင်းမှနေ၍ မည်သို့ ကာကွယ်နိုင်ကြောင်း လမ်းညွှန်ပြသပေးပြီး အကြံပေးမှုများ ပြုလုပ်ပါသည်။
လူမျိုးရေးခွဲခြားမှုများနှင့် မိမိလာရာနိုင်ငံကြောင့် ခွဲခြားဆက်ဆံမှုများမှာ မကြာခဏအားဖြင့် အရေးပါသော အခန်းတစ်ခုမှပါဝင်သည်။ လူသားအားလုံး တန်းတူညီမျှ ဖြစ်ရမည်ဟူသော ဥပဒေသည် နိုင်ငံထွက်ပြေးခိုလှုံသူများနှင့် အသစ်ရွှေ့ပြောင်း ဝင်ရောက်လာသူများ အတွက်လည်း အကြုံးဝင်ပြီး အထူးသဖြင့် အလုပ်၊ နေထိုင်ရေးနှင့် ဝန်ဆောင်မှုပေးခြင်း စသည့် နယ်ပယ်များအားလုံးအတွက် ဖြစ်ပါသည်။
VisaWie? သည် ဗီဇာနှင့်ပတ်သက်ပြီး သတင်းအချက်အလက်များပေးသည့် အဖွဲ့အစည်းများကို တစ်ပေါင်းတစ်စည်းတည်း စုထားရာ လင့်ခ်ဖြစ်ပါသည်။ ဗီဇာပေးရာတွင် တရားမျှတမှုရှိရန်နှင့် ပွင့်လင်းမြင်သာမှုရှိရန် ဆောင်ရွက်လျက်ရှိပြီး အသုံးဝင်သော သတင်းအချက်အလက်များ၊ ဘလော့ခ်များနှင့် အကူအညီများကို ရရှိနိုင်ပါသည်။
ADS (ခွဲခြားဆက်ဆံမှုဆန့်ကျင်ရေး အေဂျင်စီ) သည် ခွဲခြားဆက်ဆံမှုများကို ဥပဒေဘောင် အတွင်းမှနေ၍ မည်သို့ ကာကွယ်နိုင်ကြောင်း လမ်းညွှန်ပြသပေးပြီး အကြံပေးမှုများ ပြုလုပ်ပါသည်။
လူမျိုးရေးခွဲခြားမှုများနှင့် မိမိလာရာနိုင်ငံကြောင့် ခွဲခြားဆက်ဆံမှုများမှာ မကြာခဏအားဖြင့် အရေးပါသော အခန်းတစ်ခုမှပါဝင်သည်။ လူသားအားလုံး တန်းတူညီမျှ ဖြစ်ရမည်ဟူသော ဥပဒေသည် နိုင်ငံထွက်ပြေးခိုလှုံသူများနှင့် အသစ်ရွှေ့ပြောင်း ဝင်ရောက်လာသူများ အတွက်လည်း အကြုံးဝင်ပြီး အထူးသဖြင့် အလုပ်၊ နေထိုင်ရေးနှင့် ဝန်ဆောင်မှုပေးခြင်း စသည့် နယ်ပယ်များအားလုံးအတွက် ဖြစ်ပါသည်။
ဗီဇာလျှောက်ထားရာတွင် ကြုံတွေ့ရသော ခွဲခြားဆက်ဆံမှုများ
VisaWie? သည် ဗီဇာနှင့်ပတ်သက်ပြီး သတင်းအချက်အလက်များပေးသည့် အဖွဲ့အစည်းများကို တစ်ပေါင်းတစ်စည်းတည်း စုထားရာ လင့်ခ်ဖြစ်ပါသည်။ ဗီဇာပေးရာတွင် တရားမျှတမှုရှိရန်နှင့် ပွင့်လင်းမြင်သာမှုရှိရန် ဆောင်ရွက်လျက်ရှိပြီး အသုံးဝင်သော သတင်းအချက်အလက်များ၊ ဘလော့ခ်များနှင့် အကူအညီများကို ရရှိနိုင်ပါသည်။သက္ဆိုင္ရာလင့္ခ္မ်ား
- Federal Anti-Discrimination Agency (ADS): Information for refugees and newcomers in 10 languages
- Federal Anti-Discrimination Agency (ADS)
- Federal Anti-Discrimination Agency (ADS): Grounds for discrimination
- Federal Anti-Discrimination Agency (ADS): Advice for victims of discrimination
- VisaWie?